(Zawgyi)
ၫြန႔္ေမတစ္ေယာက္သမီးငယ္ေလးေနမေကာင္းသျဖင့္႐ုံးကိုခြင့္တိုင္လိုက္ရသည္။လင္မယား ႏွစ္ေယာက္စလုံးဝန္ထမ္းဆိုေပမယ့္လည္းကေလးေနမေကာင္းလွ်င္ေတာ့အေမျဖစ္တဲ့သူကပဲခြင့္တိုင္ၿပီးကေလးနားမွာေနရတာကအၿမဲ။
ေႏြရာသီေက်ာင္းပိတ္တုန္းကသမီးငယ္ေလးကို ေရကူးသင္တန္းပို႔ခဲ့တယ္။ ေရကူးသင္တန္းၿပီးေတာ့ကေလးကနားထဲေရဝင္ၿပီးနားျပည္ယိုေရာဂါ ျဖစ္လာေရာ။ ေဆးခန္းေတာ့သြားျပပါရဲ႕။ကေလးက
သက္သာသြားသလို ျဖစ္သြားၿပီးမွအခုတစ္ရက္ ႏွစ္ရက္အတြင္းနားျပန္နာေနတယ္၊ညဖက္နားကေတာင့္ေတာင့္ႀကီးျဖစ္ေနတယ္ လို႔ အေမကို ေျပာေျပာေနတယ္။ နားထဲကျပည္ထြက္တာမ်ိဳးေတာ့ မရွိဘူး။ ဒီေန႔လည္း အဖ်ားတက္တာလည္းမဟုတ္ပဲကေလးကမွိန္းေနၿပီးစကားလည္းတစ္ခြန္းမွမေျပာလို႔အကိုက္အခဲေပ်ာက္ေဆးေလး တိုက္ထားရတယ္။ အခါတိုင္း တီတီတာတာနဲ႔စကားေတြ အမွ်င္မျပတ္ေျပာေနတတ္တဲ့သမီးေလး ဒီေန႔မွပဲ စကားမေျပာဘူး။ ေဆးတိုက္ေတာ့လည္း ေရေတြသီးေနၿပီး အစာလည္း ေကြၽးမရပဲ ေခါင္းခါေနလို႔ ညေန ကေလးအေဖ ျပန္လာမွပဲ ေဆးခန္းသြားျပေတာ့မယ္လို႔ပဲ ေတြးလိုက္ေတာ့တယ္။
ကိုယ္ေတာ္ေခ်ာကကေလးေဆးခန္းသြားျပတဲ့ေန႔က်မွပဲ ေနာက္က်ေနလိုက္တာညေနကို ေတာ္ေတာ္ ေစာင္းမွပဲျပန္ေရာက္လာတယ္။ကေလးကို ႏြားႏို႔ေလးတိုက္ၿပီးသုံးေယာက္သားကေလးအထူးကုဆရာဝန္ဆီထြက္လာ၊ ေဆးခန္းရာက္ေတာ့ လူနာေတြကလဲအမ်ားႀကီး။ ဆရာဝန္ေရွ႕ေရာက္ေတာ့ ညကိုးနာရီထိုးေနၿပီ။ ဆရာဝန္ကို”ကြၽန္မသမီးေလးနားကိုက္ေနလို႔ပါဒီေန႔ဆိုတေနကုန္မွိန္းေနတယ္လြန္ခဲ့တဲ့တစ္လေလာက္တုန္းကေတာ့နားျပည္ယိုလို႔ လမ္းထဲက ဆရာဝန္နဲ႔ ျပၿပီး ေဆးေသာက္ လိုက္ပါေသးတယ္ ” လို႔ရွင္းျပလိုက္ေတာ့ ဆရာဝန္က ေမးခိုင္ေရာဂါကာကြယ္ေဆးေကာထိုးလိုက္ ေသးရဲ႕လားလို႔ျပန္ေမးတယ္။ကေလးကေဆးထိုးရမွာအရမ္းေၾကာက္တာ၊လမ္းထဲကဆရာဝန္နဲ႔ ျပတုန္းကကေလးကငိုေနလို႔မထိုးခဲ့တဲ့အေၾကာင္းေျပာလိုက္ေတာ့ဆရာဝန္ကကေလးဘက္လွည့္ျ့ပီး”သမီးနာမည္ဘယ္လိုေခၚလဲ”လို႔ေမးတယ္။ ၿပီးေတာ့ဘယ္ႏွစ္တန္းေရာက္ၿပီလဲတဲ့။ကေလးက ၿပဳံးျပတယ္။ခဏၾကာတဲ့အထိကေလးဆီကစကားထြက္မလာေတာ့မွ ဆရာက ဒါ ေမးခိုင္ေရာဂါပါလို႔ ၫြန႔္ေမဘက္ လွည့္ၿပီးေျပာပါေရာ။ ကေလးေဆး႐ုံျမန္ျမန္သြားပါတဲ့။ ဘုရားေရ။ စိတ္ပူတဲ့စိတ္ကငယ္ထိပ္ေရာက္သြားတာပါပဲ။စိတ္ပူတဲ့အျပင္ထူးလည္းထူးဆန္းေနတယ္။ဘာျဖစ္လို႔လဲဆိုေတာ့ ၫႊန႔္ေမသိသေလာက္သံစူးမွ ေမးခိုင္ေရာဂါျဖစ္တတ္တယ္ ထင္ေနတာကိုး။ ဒါနဲ႔ ဆရာ့ကိုေမးေတာ့ ဆရာက ” ေမးခိုင္ေရာဂါဆိုတာ သံစူးတာ တစ္ခုထဲနဲ႔ျဖစ္တတ္တာ မဟုတ္ပါဘူး။ Clostridium tetanus ဆိုတဲ့ပိုးကေမးခိုင္ေရာဂါ ကိုျဖစ္ေစတာ။ အဲ့ဒီေရာဂါပိုးက ေျမမႈန႔္ ဖုန္မႈန႔္ေတြထဲမွာ ရွိေနတတ္တယ္။ အကယ္၍ကေလးရဲ႕ျပည္ယိုေနတဲ့နားထဲကိုဖုန္မႈန႔္ေတြ ေရာက္သြားႏိုင္ခဲ့မယ္ဒါမွမဟုတ္နားထဲကျပည္ေျခာက္ေတြကိုထုတ္ခဲ့တုန္းကမသန႔္ရွင္းတဲ့ပစၥည္းေတြကိုသုံးခဲ့မိမယ္ဆိုရင္ေမးခိုင္ေရာဂါျဖစ္ၿပီေပါ့”လို႔ရွင္းျပပါတယ္။ထပ္ၿပီးေတာ့”ကေလးကကံေတာ္ေတာ္ေကာင္းတယ္လို႔ေျပာရမွာပါပဲ။ ေစာေစာသိၿပီး ေစာေစာေရာက္လာလို႔။ ေမးခိုင္ေရာဂါလို႔ ေခၚတဲ့အတိုင္းလူနာရဲ႕ေမးကခိုင္သြားၿပီးလႈပ္ရွားလို႔မရေတာ့လို႔ ေမးခိုင္ေရာဂါလို
့ေခၚတာ။ပါးစပ္ကႂကြက္သားေတြေတာင့္တင္းလာၿပီး ေမးခိုင္လာတယ္။ဒီထက္ပိုဆိုးရင္အစာေရႁပႊန္တစ္ေလွ်ာက္ကႂကြက္သားေတြ ေတာင့္တင္းလာရင္အစာမ်ိဳရခက္ၿပီးအစာေတြသီးမယ္။ ေနာက္ဆုံးဝမ္းဗိုက္ကႂကြက္သားေတြ ေနာက္ေက်ာကႂကြက္သားေတြ၊ ေျခေတြလက္ေတြကႂကြက္သားေတြပါမာမာေတာင့္ေတာင့္ႀကီးျဖစ္လာၿပီး ေကာေကာ့ႀကီးျဖစ္လာေရာေလ။” လို႔ရွင္းျပပါတယ္။
ဒီလိုနဲ႔ကေလးေဆး႐ုံႀကီးေရာက္ေတာ့ညသန္းေခါင္နီးနီး။တာဝန္က်ဆရာဝန္ေတြသူနာျပဳဆရာမေတြကဂ႐ုတစိုက္ရွိၾကပါသည္။ ေက်းဇူးတင္ရသည္။ ေဆး႐ုံတြင္ ႏွစ္ပတ္ေလာက္တက္လိုက္ရသည္။ၫႊန႔္ေမတစ္ေယာက္ ေတြးေနမိတာကေတာ့ရပ္ကြက္ထဲျပန္ေရာက္လွ်င္ ေမးခိုင္ေရာဂါပိုးအေၾကာင္း၊ႀကိဳတင္ကာကြယ္လို႔ရတဲ့
အေၾကာင္း၊ အနာေသးေသးေလး ဆိုေပမယ့္ လည္း အမွတ္တမဲ့မေနသင့္တဲ့အေၾကာင္း၊ အရပ္တကာ လွည့္ေျပာလိုက္ဦးမည္ ဆိုသည္ပင္။
AUTHOR – ေဒါက္တာေအးခ်မ္းမိုး
(Unicode)
ညွန့်မေတစ်ယောက်သမီးငယ်လေးနေမကောင်းသဖြင့်ရုံးကိုခွင့်တိုင်လိုက်ရသည်။လင်မယား နှစ်ယောက်စလုံးဝန်ထမ်းဆိုပေမယ့်လည်းကလေးနေမကောင်းလျှင်တော့အမေဖြစ်တဲ့သူကပဲခွင့်တိုင်ပြီးကလေးနားမှာနေရတာကအမြဲ။
နွေရာသီကျောင်းပိတ်တုန်းကသမီးငယ်လေးကို ရေကူးသင်တန်းပို့ခဲ့တယ်။ ရေကူးသင်တန်းပြီးတော့ကလေးကနားထဲရေဝင်ပြီးနားပြည်ယိုရောဂါ ဖြစ်လာရော။ ဆေးခန်းတော့သွားပြပါရဲ့။ကလေးက
သက်သာသွားသလို ဖြစ်သွားပြီးမှအခုတစ်ရက် နှစ်ရက်အတွင်းနားပြန်နာနေတယ်၊ညဖက်နားကတောင့်တောင့်ကြီးဖြစ်နေတယ် လို့ အမေကို ပြောပြောနေတယ်။ နားထဲကပြည်ထွက်တာမျိုးတော့ မရှိဘူး။ ဒီနေ့လည်း အဖျားတက်တာလည်းမဟုတ်ပဲကလေးကမှိန်းနေပြီးစကားလည်းတစ်ခွန်းမှမပြောလို့အကိုက်အခဲပျောက်ဆေးလေး တိုက်ထားရတယ်။ အခါတိုင်း တီတီတာတာနဲ့စကားတွေ အမျှင်မပြတ်ပြောနေတတ်တဲ့သမီးလေး ဒီနေ့မှပဲ စကားမပြောဘူး။ ဆေးတိုက်တော့လည်း ရေတွေသီးနေပြီး အစာလည်း ကျွေးမရပဲ ခေါင်းခါနေလို့ ညနေ ကလေးအဖေ ပြန်လာမှပဲ ဆေးခန်းသွားပြတော့မယ်လို့ပဲ တွေးလိုက်တော့တယ်။
ကိုယ်တော်ချောကကလေးဆေးခန်းသွားပြတဲ့နေ့ကျမှပဲ နောက်ကျနေလိုက်တာညနေကို တော်တော် စောင်းမှပဲပြန်ရောက်လာတယ်။ကလေးကို နွားနို့လေးတိုက်ပြီးသုံးယောက်သားကလေးအထူးကုဆရာဝန်ဆီထွက်လာ၊ ဆေးခန်းရာက်တော့ လူနာတွေကလဲအများကြီး။ ဆရာဝန်ရှေ့ရောက်တော့ ညကိုးနာရီထိုးနေပြီ။ ဆရာဝန်ကို”ကျွန်မသမီးလေးနားကိုက်နေလို့ပါဒီနေ့ဆိုတနေကုန်မှိန်းနေတယ်လွန်ခဲ့တဲ့တစ်လလောက်တုန်းကတော့နားပြည်ယိုလို့ လမ်းထဲက ဆရာဝန်နဲ့ ပြပြီး ဆေးသောက် လိုက်ပါသေးတယ် ” လို့ရှင်းပြလိုက်တော့ ဆရာဝန်က မေးခိုင်ရောဂါကာကွယ်ဆေးကောထိုးလိုက် သေးရဲ့လားလို့ပြန်မေးတယ်။ကလေးကဆေးထိုးရမှာအရမ်းကြောက်တာ၊လမ်းထဲကဆရာဝန်နဲ့ ပြတုန်းကကလေးကငိုနေလို့မထိုးခဲ့တဲ့အကြောင်းပြောလိုက်တော့ဆရာဝန်ကကလေးဘက်
လှည့်ပြီး “သမီးနာမည်ဘယ်လိုခေါ်လဲ”လို့မေးတယ်။
ပြီးတော့ဘယ်နှစ်တန်းရောက်ပြီလဲတဲ့။ကလေးက ပြုံးပြတယ်။ခဏကြာတဲ့အထိကလေးဆီကစကားထွက်မလာတော့မှ ဆရာက ဒါ မေးခိုင်ရောဂါပါလို့ ညွန့်မေဘက် လှည့်ပြီးပြောပါရော။ ကလေးဆေးရုံမြန်မြန်သွားပါတဲ့။ ဘုရားရေ။ စိတ်ပူတဲ့စိတ်ကငယ်ထိပ်ရောက်သွားတာပါပဲ။စိတ်ပူတဲ့အပြင်ထူးလည်းထူးဆန်းနေတယ်။ဘာဖြစ်လို့လဲဆိုတော့ ညွှန့်မေသိသလောက်သံစူးမှ မေးခိုင်ရောဂါဖြစ်တတ်တယ် ထင်နေတာကိုး။ ဒါနဲ့ ဆရာ့ကိုမေးတော့ ဆရာက ” မေးခိုင်ရောဂါဆိုတာ သံစူးတာ တစ်ခုထဲနဲ့ဖြစ်တတ်တာ မဟုတ်ပါဘူး။ Clostridium tetanus ဆိုတဲ့ပိုးကမေးခိုင်ရောဂါ ကိုဖြစ်စေတာ။ အဲ့ဒီရောဂါပိုးက မြေမှုန့် ဖုန်မှုန့်တွေထဲမှာ ရှိနေတတ်တယ်။ အကယ်၍ကလေးရဲ့ပြည်ယိုနေတဲ့နားထဲကိုဖုန်မှုန့်တွေ ရောက်သွားနိုင်ခဲ့မယ်ဒါမှမဟုတ်နားထဲကပြည်ခြောက်တွေကိုထုတ်ခဲ့တုန်းကမသန့်ရှင်းတဲ့ပစ္စည်းတွေကိုသုံးခဲ့မိမယ်ဆိုရင်မေးခိုင်ရောဂါဖြစ်ပြီပေါ့”လို့ရှင်းပြပါတယ်။ထပ်ပြီးတော့”ကလေးကကံတော်တော်ကောင်းတယ်လို့ပြောရမှာပါပဲ။ စောစောသိပြီး စောစောရောက်လာလို့။ မေးခိုင်ရောဂါလို့ ခေါ်တဲ့အတိုင်းလူနာရဲ့မေးကခိုင်သွားပြီးလှုပ်ရှားလို့မရတော့လို့ မေးခိုင်ရောဂါလို
့ခေါ်တာ။ပါးစပ်ကကြွက်သားတွေတောင့်တင်းလာပြီး မေးခိုင်လာတယ်။ဒီထက်ပိုဆိုးရင်အစာရေပြွှန်တစ်လျှောက်ကကြွက်သားတွေ တောင့်တင်းလာရင်အစာမျိုရခက်ပြီးအစာတွေသီးမယ်။ နောက်ဆုံးဝမ်းဗိုက်ကကြွက်သားတွေ နောက်ကျောကကြွက်သားတွေ၊ ခြေတွေလက်တွေကကြွက်သားတွေပါမာမာတောင့်တောင့်ကြီးဖြစ်လာပြီး ကောကော့ကြီးဖြစ်လာရောလေ။” လို့ရှင်းပြပါတယ်။
ဒီလိုနဲ့ကလေးဆေးရုံကြီးရောက်တော့ညသန်းခေါင်နီးနီး။တာဝန်ကျဆရာဝန်တွေသူနာပြုဆရာမတွေကဂရုတစိုက်ရှိကြပါသည်။ ကျေးဇူးတင်ရသည်။ ဆေးရုံတွင် နှစ်ပတ်လောက်တက်လိုက်ရသည်။ညွှန့်မေတစ်ယောက် တွေးနေမိတာကတော့ရပ်ကွက်ထဲပြန်ရောက်လျှင် မေးခိုင်ရောဂါပိုးအကြောင်း၊ကြိုတင်ကာကွယ်လို့ရတဲ့
အကြောင်း၊ အနာသေးသေးလေး ဆိုပေမယ့် လည်း အမှတ်တမဲ့မနေသင့်တဲ့အကြောင်း၊ အရပ်တကာ လှည့်ပြောလိုက်ဦးမည် ဆိုသည်ပင်။
AUTHOR – ဒေါက်တာအေးချမ်းမိုး