(Zawgyi)
“ကိုယ္ဝန္ေဆာင္ေနစဥ္ ဆံပင္ ညႇပ္လို႔ ရလား”
“ကိုယ္ဝန္ေဆာင္ေနစဥ္ ဆံပင္ ေကာက္လို႔ ၊ေျဖာင့္လို႔ ရလား”
“ကိုယ္ဝန္ေဆာင္ေနစဥ္ ဆံပင္ ေဆးဆိုးလို႔ ရလား”
“ကိုယ္ဝန္ေဆာင္ေနစဥ္ ေျခသည္း လက္သည္း အလွျပဳျပင္လို႔ ရလား”
ထိုထိုေသာ ကိုယ္ဝန္ေဆာင္မ်ားရဲ႕ အလွအပနဲ႔ ပတ္သက္တဲ့ အေမးမ်ားကို ဒီကေနပဲ ေဒါက္တာ ျဗဴတီကို႔ အေနနဲ႔ ေျဖေပးလိုက္ပါတယ္ ။
“ကိုယ္ဝန္ေဆာင္ေနစဥ္ ဆံပင္ ညႇပ္လို႔ ရလား”
ညႇပ္လို႔ ရပါတယ္ ။ ဆံပင္မရွည္ေတာ့ ဆံပင္ျပဳျပင္ ထိန္းသိမ္းဖို႔ အခ်ိန္ကုန္ သက္သာတာေပါ့။
ကေလးေမြးရာမွာေရာ ၊ ကေလးႏို႔တိုက္ရမွာပါ အလုပ္မရႈပ္ေတာ့ဘူးေပါ့ ။
“ကိုယ္ဝန္ေဆာင္ေနစဥ္ ေခါင္းေလွ်ာ္လို႔ ရလား”
ရပါတယ္ ။တစ္ပတ္ ၂ႀကိမ္ေတာ့ အနည္းဆုံး ေလွ်ာ္ေပးႏိုင္ပါတယ္ ။ ေလွ်ာ္ၿပီးရင္ ေသခ်ာ ေျခာက္ေအာင္ေတာ့ ျပန္သုတ္ေပါ့ ။
“ကိုယ္ဝန္ေဆာင္ေနစဥ္ ဆံပင္ ေကာက္လို႔ ၊ေျဖာင့္လို႔ ရလား”
ရပါတယ္ ။မိမိတို႔ စိတ္ႀကိဳက္ ေကာက္ႏိုင္ ၊ ေျဖာင့္ႏိုင္ပါတယ္ ။
“ကိုယ္ဝန္ေဆာင္ေနစဥ္ ဆံပင္ ေဆးဆိုးလို႔ ရလား”
ရပါတယ္ ။ ဆိုးပါ ။ မိမိတို႔ ႏွစ္သက္ရာ ဆိုးႏိုင္ပါတယ္ ။
“ကိုယ္ဝန္ေဆာင္ေနစဥ္ ေျခသည္း လက္သည္း အလွျပဳျပင္လို႔ ရလား”
ေျခသည္း ၊လက္သည္း အလွျပဳျပင္တာလည္း ရပါတယ္ ။
ႏိုင္ငံတကာ သုေတသီမ်ားရဲ႕ ေလ့လာထားခ်က္မ်ားအရ ကိုယ္ဝန္ေဆာင္ေနစဥ္ အလွအပေရးရာ ျပဳျပင္ျခင္းမ်ားသည္ ကေလးအေပၚ ဆိုးက်ိဳးသက္ေရာက္မႈ တိုက္႐ိုက္မရွိတာကို ေလ့လာေတြ႕ရွိရပါတယ္ ။ ဒါေပမယ့္ သတိထားရမွာေတြေတာ့ ရွိပါတယ္ ။ အလွအပဆိုင္ရာ အလွကုန္ပစၥည္းအမ်ားစုမွာ ဓာတုပစၥည္းမ်ား ပါတဲ့အတြက္ သေႏၶသား စတင္ ဖြံ႕ၿဖိဳးတဲ့ ပထမ ၃လအတြင္းေတာ့ အလွျပင္ဆင္ျခင္းမ်ား တတ္ႏိုင္သမွ် ေရွာင္ေစခ်င္တယ္ ။ ဒါမွမဟုတ္ အႀကိမ္အေရအတြက္ ေလ်ာ့ေစခ်င္တယ္ ။ အခ်ိန္ၾကာျမင့္စြာ ဓာတုပစၥည္းမ်ားနဲ႔ ထိေတြ႕မႈ မရွိပါေစနဲ႔ ။
သတိထားရမယ့္ အလွကုန္ပစၥည္းပါ ဓာတုပစၥည္းမ်ား
-ဝက္ၿခံကုရာမွာသုံးတဲ့ Retinoid နဲ႔ Tetracycline ပါဝင္ပစၥည္းမ်ား
-Hydroquinone ပါဝင္တဲ့ အသားအေရ အေရာင္ေဖ်ာ့ေစေသာ ပစၥည္းမ်ား
-Phathalates ပါ Hair spray မ်ား (အသည္း ၊ ေက်ာက္ကပ္ ၊ အဆုတ္ စတာေတြထိတတ္ )
-Formaldehyde ပါ လက္သည္းအလွပစၥည္းမ်ား ၊Hair gel မ်ား ၊Shampoo မ်ား (ကင္ဆာ ျဖစ္ႏိုင္ေခ် ပိုမ်ားေစ)
-Toluene ပါ Nail polishes မ်ား (ဦးေႏွာက္နဲ႔ အာ႐ုံေၾကာ ထိတတ္)
-Ammonia ပါ ဆံပင္ အေရာင္ဆိုးေဆး ၊ဆံပင္ခြၽတ္ေဆးမ်ား (ကင္ဆာျဖစ္ႏိုင္ေခ်ပိုမ်ားေစ)
-Dihydroxyacetone ပါ အသားညိဳေဆးမ်ား
သတိတစ္ခု ဆင္ျခင္ျပဳကာ ေဘးဘယာေဝးကြာကာ အလွတိုးၾကပါေစ…………………
Author : ေဒါက္တာ ျဗဴတီကို
(Unicode)
“ကိုယ်ဝန်ဆောင်နေစဉ် ဆံပင် ညှပ်လို့ ရလား”
“ကိုယ်ဝန်ဆောင်နေစဉ် ဆံပင် ကောက်လို့ ၊ဖြောင့်လို့ ရလား”
“ကိုယ်ဝန်ဆောင်နေစဉ် ဆံပင် ဆေးဆိုးလို့ ရလား”
“ကိုယ်ဝန်ဆောင်နေစဉ် ခြေသည်း လက်သည်း အလှပြုပြင်လို့ ရလား”
ထိုထိုသော ကိုယ်ဝန်ဆောင်များရဲ့ အလှအပနဲ့ ပတ်သက်တဲ့ အမေးများကို ဒီကနေပဲ ဒေါက်တာ ဗြူတီကို့ အနေနဲ့ ဖြေပေးလိုက်ပါတယ် ။
“ကိုယ်ဝန်ဆောင်နေစဉ် ဆံပင် ညှပ်လို့ ရလား”
ညှပ်လို့ ရပါတယ် ။ ဆံပင်မရှည်တော့ ဆံပင်ပြုပြင် ထိန်းသိမ်းဖို့ အချိန်ကုန် သက်သာတာပေါ့။
ကလေးမွေးရာမှာရော ၊ ကလေးနို့တိုက်ရမှာပါ အလုပ်မရှုပ်တော့ဘူးပေါ့ ။
“ကိုယ်ဝန်ဆောင်နေစဉ် ခေါင်းလျှော်လို့ ရလား”
ရပါတယ် ။တစ်ပတ် ၂ကြိမ်တော့ အနည်းဆုံး လျှော်ပေးနိုင်ပါတယ် ။ လျှော်ပြီးရင် သေချာ ခြောက်အောင်တော့ ပြန်သုတ်ပေါ့ ။
“ကိုယ်ဝန်ဆောင်နေစဉ် ဆံပင် ကောက်လို့ ၊ဖြောင့်လို့ ရလား”
ရပါတယ် ။မိမိတို့ စိတ်ကြိုက် ကောက်နိုင် ၊ ဖြောင့်နိုင်ပါတယ် ။
“ကိုယ်ဝန်ဆောင်နေစဉ် ဆံပင် ဆေးဆိုးလို့ ရလား”
ရပါတယ် ။ ဆိုးပါ ။ မိမိတို့ နှစ်သက်ရာ ဆိုးနိုင်ပါတယ် ။
“ကိုယ်ဝန်ဆောင်နေစဉ် ခြေသည်း လက်သည်း အလှပြုပြင်လို့ ရလား”
ခြေသည်း ၊လက်သည်း အလှပြုပြင်တာလည်း ရပါတယ် ။
နိုင်ငံတကာ သုတေသီများရဲ့ လေ့လာထားချက်များအရ ကိုယ်ဝန်ဆောင်နေစဉ် အလှအပရေးရာ ပြုပြင်ခြင်းများသည် ကလေးအပေါ် ဆိုးကျိုးသက်ရောက်မှု တိုက်ရိုက်မရှိတာကို လေ့လာတွေ့ရှိရပါတယ် ။ ဒါပေမယ့် သတိထားရမှာတွေတော့ ရှိပါတယ် ။ အလှအပဆိုင်ရာ အလှကုန်ပစ္စည်းအများစုမှာ ဓာတုပစ္စည်းများ ပါတဲ့အတွက် သန္ဓေသား စတင် ဖွံ့ဖြိုးတဲ့ ပထမ ၃လအတွင်းတော့ အလှပြင်ဆင်ခြင်းများ တတ်နိုင်သမျှ ရှောင်စေချင်တယ် ။ ဒါမှမဟုတ် အကြိမ်အရေအတွက် လျော့စေချင်တယ် ။ အချိန်ကြာမြင့်စွာ ဓာတုပစ္စည်းများနဲ့ ထိတွေ့မှု မရှိပါစေနဲ့ ။
သတိထားရမယ့် အလှကုန်ပစ္စည်းပါ ဓာတုပစ္စည်းများ
-ဝက်ခြံကုရာမှာသုံးတဲ့ Retinoid နဲ့ Tetracycline ပါဝင်ပစ္စည်းများ
-Hydroquinone ပါဝင်တဲ့ အသားအရေ အရောင်ဖျော့စေသော ပစ္စည်းများ
-Phathalates ပါ Hair spray များ (အသည်း ၊ ကျောက်ကပ် ၊ အဆုတ် စတာတွေထိတတ် )
-Formaldehyde ပါ လက်သည်းအလှပစ္စည်းများ ၊Hair gel များ ၊Shampoo များ (ကင်ဆာ ဖြစ်နိုင်ချေ ပိုများစေ)
-Toluene ပါ Nail polishes များ (ဦးနှောက်နဲ့ အာရုံကြော ထိတတ်)
-Ammonia ပါ ဆံပင် အရောင်ဆိုးဆေး ၊ဆံပင်ချွတ်ဆေးများ (ကင်ဆာဖြစ်နိုင်ချေပိုများစေ)
-Dihydroxyacetone ပါ အသားညိုဆေးများ
သတိတစ်ခု ဆင်ခြင်ပြုကာ ဘေးဘယာဝေးကွာကာ အလှတိုးကြပါစေ……………………………………………………………
Author : ဒေါက်တာ ဗြူတီကို