တချို့လူတွေ ဦးခေါင်းပုံသဏ္ဍန် မညီတာ၊ တချို့ကလေးတွေ ဦးခေါင်းပြားနေတာ ဇီဝကတို့တတွေ တွေ့ဖူးကြမှာပါ။ ဒါကြောင့် ကလေးငယ်တို့ ဦးခေါင်းမပြားစေဖို့ ဒီဆောင်းပါးလေးမှာ ဆွေးနွေးပေးပါ့မယ်။
ဘာတွေက ကလေးငယ်တို့ ဦးခေါင်းကိုပြားစေတာလဲ၊ ဦးခေါင်းပုံသဏ္ဍန် မညီစေတာလဲအကြမ်းဖျင်း ပြောရရင် ဇီဝကတို့ ဦးခေါင်းခွံသည် မွေးစက အခုလို မမာသေးပါ။ မိခင် မွေးလမ်းကြောင်းကို တိုးထွက်ရတဲ့အခါ ဇီဝကတို့ ဦးခေါင်းခွံသည် မိခင်ရဲ့ မွေးလမ်းကြောင်းက ညှစ်အားကြောင့် အနည်းငယ် ပုံသဏ္ဍန် မမှန်တတ်ပါ။
မွေးစကလေးငယ်တွေမှာ ငယ်ထိပ် မပိတ်သေးပါ။ ကလေးငယ်တို့ ဦးနှောက်ကြီးထွား ဖွံ့ဖြိုးပြီးမှ ပိတ်ပါတယ်။ ဒါကြောင့် ထိုအချိန်ကာလအတွင်းမှာ ကလေးရဲ့ အိပ်တဲ့အနေအထား မမှန်ရင် ဦးခေါင်းပုံသဏ္ဍန် မညီတတ်တာပါ။
ဘယ်အခြေအနေတွေက ပုံမှန်လဲ၊ ဘယ်အခြေအနေတွေက ပုံမမှန်တာလဲကလေး အိပ်တဲ့အနေအထားမမှန်လို့ ဦးခေါင်းပြားနေရင် ပုံမှန်ပါ။ ထိုကလေးတွေကို သူတို့ရဲ့ ဦးခေါင်းကို အပေါ်ကနေ စီးကြည့်တဲ့အခါ တစ်ဖက်က ပြားနေမယ်၊ ပြားနေတဲ့ဖက်က နားရွက်သည် တခြား တစ်ဖက်ထက်စာရင် အနည်း
ငယ် ရှေ့ရောက်နေသယောင် ဖြစ်မယ်။
ဒါပေမယ့် အိပ်တဲ့အနေအထားကို ကလေးအသက် ၄လအထိ ပြင်ပေးရဲ့သားနဲ့ ဦးခေါင်းပြားနေသေးတာတို့၊ ငယ်ထိပ် စောပိတ်လို့ ဦးခေါင်းပုံမမှန်တာတို့သည် ပုံမမှန် ဦးခေါင်းပြားခြင်းတွေပဲ ဖြစ်ပါတယ်။
ကလေးငယ်တို့ ဦးခေါင်း မပြားအောင် ဘယ်လို လုပ်ပေးနိုင်သလဲ
-ကလေးငယ်တို့ အိပ်တဲ့အခါ ပက်လက်သိပ်ပါ။
-ခေါင်းအုံးနဲ့ မသိပ်နဲ့။
-ကလေးငယ်တို့ အိပ်နေစဉ် ဘယ် ညာကို နာရီဝက်တစ်ခါ စောင်းပေးပါ။
-ကလေးငယ်တို့သည် သူတို့အိပ်တဲ့ ပုခက်ဖြစ်စေ၊ သိပ်တဲ့နေရာမှာ ဖြစ်စေ သူတို့နိုးနေတဲ့အခါ သူတို့ စိတ်ဝင်စားရာ တစ်နေရာကို စူးစိုက်ကြည့်နေတတ်တယ်။ ထိုအခါ ဦးခေါင်းရဲ့ တစ်နေရာတည်းက ဖိအားဒဏ်ခံရကာ ဦးခေါင်းပုံမမှန်တတ်။
ထိုသို့ မဖြစ်ရအောင် ကလေးငယ်တို့ရဲ့ ပုခက်ကို နေရာပြောင်းတာ၊ ဒါမှမဟုတ် သူတို့အိပ်ရာထက် ကလေးတွေ စိတ်ဝင်စားတဲ့ အရုပ်လေးတွေ လည်နေအောင် လုပ်ထားပေးတာမျိုး (ရုပ်ရှင်များတွင်ကြည့်ပါ) မိမိတို့ ဉာဏ်ရှိသလို လုပ်ပေးနိုင်တယ် ။
-ကလေးတွေကို မှောက်လျက် သွားစေ ၊ ဆော့စေပါ။
-ဒါမှမဟုတ် ကလေးကို မိမိတို့လက်နဲ့ထိန်းပြီး မတ်တပ် ဆော့စေပါ။
-မိခင်နို့ ၊ ဒါမှမဟုတ် နို့ဘူးတိုက်လို့ ချီတဲ့အခါ ဘယ် ၊ ညာ ပြောင်းချီပြီး တိုက်ပါ။
-ဦးခေါင်း ပုံမမှန်ခြင်း ရှိက ၄လ- ၆လခြား တစ်ကြိမ် ကလေး ဆရာဝန်နဲ့ ပြသပါ။
ဘယ်အချိန်တွေမှာ ဆရာဝန်တွေနဲ့ တိုင်ပင်မလဲ
-အထက်ပါအတိုင်း ကလေးအသက် ၄လလောက်အထိ လုပ်လို့ ဦးခေါင်းပြားနေဆဲဆိုရင်
-ကလေး ဦးခေါင်းပြားခြင်းသည် ပုံမှန်အားဖြင့် ကလေးရဲ့ ဉာဏ်ရည် ထိခိုက်စေမှု မရှိပါ။ ဒါပေမယ့် ငယ်ထိပ်စောပိတ်လို့ ဦးခေါင်းပုံမမှန်ရင်တော့ ဦးနှောက်စွမ်းရည် ထိခိုက်နိုင်တယ်။ ထိုအခြေအနေမျိုးတွေဆို ကလေး အထူးကုများနဲ့ စောစီးစွာ တိုင်ပင်ပါ။
Author : ခေတ်သစ် ဇီဝက