ဇီဝကကို ကလေးငယ်ရှိတဲ့ မိခင်တွေ တိုင်ပင်ကြတာက
“ဆရာရယ် ၊အိမ်က အငယ်ကောင်ပေါ့ ။ငိုလိုက်တာမှ တအားပဲ ။ဘယ်လို လုပ်လုပ်
မတိတ်ဘူး ။ရပ်ကွက်ထဲက လူကြီးတွေက ပြောကြတယ် ၊ကလေး ကို သူများ
ပြုစားထားသလား မသိဘူးတဲ့ ။ဘယ်လိုလုပ်ရမလဲ ။အကြံလေး ပေးပါဦး ။”
ဆိုတဲ့ အမေးကို ဖြေရရင်
စကားမပြောတတ်သေးတဲ့အရွယ် ကလေးတွေ ငိုတယ်ဆိုတာ ။
ကလေးတွေ အနေနဲ့ စကား မပြောတတ်သေးတာမို့ သူတို့ဖြစ်ချင်
တာ ၊လိုချင်တာကို သူတို့ အုပ်ထိန်းသူ ပြုစုယုယသူတို့ကို အသိပေးဖို့က ငိုခြင်း
သာဖြစ်ပါတယ် ။ကလေးတွေဟာ တစ်နေ့တာ ငိုတဲ့အချိန်ပေါင်းကို မှတ်ထားမယ်
ဆိုရင် ၁နာရီ ကနေ ၃နာရီလောက်ထိ ရှိပါတယ် ။ဒါဟာ ပုံမှန်ပါပဲ ။ဒီထက် ပိုသွားရင်
တော့ ငိုလွန်းတဲ့ ကလေးဆိုပြီး ပြောနိုင်တယ် ။
ဘာကြောင့် ကလေးငယ်တွေ ငိုကြတယ် ။
ဆာလောင်ခြင်း ၊အနှီးသေးစိုခြင်း ၊လေဒဏ်ခံရခြင်း ၊ပူလောင်အိုက်စပ်
ခြင်း ၊အေးလွန်းခြင်း ၊တစ်ယောက်တည်း အပစ်ပယ်ခံရခြင်း ၊ကလေး ခြေကုန်လက်
ပန်းကျနေခြင်း ၊လေထိုးခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ် ။
မိမိဘာသာ ဘာလုပ်ထားနိုင်သလဲ ။
ကလေးဘာကြောင့် ငိုသလဲ ဆိုတာ အကြောင်းအရင်းရှာပါ ။
-နို့တိုက်ပြီး ၂နာရီကျော် ကြာမှ ငိုပါက ကလေးကို နို့ထပ်တိုက်ပါ ။
မွေးကင်းစ ကလေးတွေကို ၂-၃နာရီခြား တစ်ခါ နို့တိုက်ပေးရပါတယ် ။နို့တိုက်
ပြီးပါက ပေါင်ပေါ်တွေ မှောက်လျက်ထားကာ ဒါမှမဟုတ် ပခုံးပေါ်တင်ကာ အသာ
အယာ ကျောပုတ်ကာ လေထုတ်ပေးပါ ။
-ကလေးအနှီး သေးစိုနေသလား ကြည့်ပါ ။စိုနေလျှင် လဲပေးပါ ။
-ကလေးကိုယ် ပူနေ အေးနေ သလားစမ်းကြည့်ပါ ။ပူနေရင် အေးအောင်ထား ၊အေး
နေရင် နွေးအောင်ထားပါ ။သင့်တင့်လျောက်ပတ်သော အဝတ်အစား ၊ဒါမှမဟုတ်
အနှီးဖြင့် ထားပါ ။လေဝင်လေထွက်ကောင်းပါစေ ။
-ကလေးကို ပစ်ပယ်မထားပါနဲ့ ။ကလေး ပျင်းလာ ၊အထီးကျန်ဆန်သလို ခံစားရ
တတ်တယ် ။ဒါကြောင့် ပုခက်ထဲ ထည့်ပြီးချော့သိပ်တာ ။လက်တွန်းလှည်းထဲ
ထည့်ထားပြီး ဆော့စေတာတွေ လုပ်ပေးပါ ။အဓိကက သူ့ကို မိခင် ဒါမှမဟုတ်
အုပ်ထိန်းသူ ပြုစုသူ ဂရုတစိုက် ပြုစုနေမှန်း သိပါစေ ။
-ကလေး ပင်ပန်းနွမ်းနယ်နေပြီး မအိပ်သေးက ချော့သိပ်ပါ ။
-ချီထားစဉ် အငိုတိတ်ကာ ပြန်ချလိုက်တာနဲ့ ငိုက ကလေးကို ဆက်လက်ထွေးပွေ့
ထားပြီး သီချင်းဆို သိပ်ပါ ။
ကလေး မျက်လုံးမှေးစင်းလာသောအခါ ပုခက် ၊ကုတင်ပေါ် ညင်သာစွာ ထားပါ ။
သင့်လက်တစ်ဖက် ကလေးရင်ဘတ်ပေါ် ဆက်တင်ထားပြီး သီချင်းဆက်ဆိုကာ
ချော့သိပ်ပေးပါ ။ကလေး သက်သောင့်သက်သာ အိပ်သွားသည်အထိ အထက်ပါ
အတိုင်း ချော့သိပ်ပါ ။ပြန်နိုးလာက အထက်ပါအတိုင်း ပြန်လည် လုပ်ဆောင်ပါ ။
ဘယ်အချိန်မှာ မိသားစု ဆရာဝန်နဲ့ ပြသမလဲ ။
-အထက်ပါနည်းများ အတိုင်း လုပ်သော်လည်း ကလေး အငိုမတိတ်က
-ငိုသံသည် အရင် ငိုသံ ပုံမှန်အသံနဲ့ မတူရင်
-အဖျားကဲ့သို့သော ဝေဒနာ တစ်ခုခုနဲ့ တွဲဖြစ်ရင်
-ကလေး နို့မစို့ ၊မစားမသောက် ၊မလန်းရင်
မိမိရဲ့ မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် ။
Author; ခေတ်သစ် ဇီဝက