(unicode)
ကိုယ်ဝန်ဆောင်သွေးတိုးရောဂါဟာ သားဦးမိခင် ၁၀၀ မှာ ၁၀ယောက်မှ ၁၅ယောက်ထိ ဖြစ်တတ်သလို သားနှောင်းမိခင်တွေမှာ ၁၀၀ မှာ ၂ယောက်ကနေ ၅ယောက်ထိ ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါဟာ ပုံမှန်လူနာထက် ကိုင်တွယ်ရ၊ မှန်းဆရ၊ ကုသရ မတူတာလေးတွေရှိပါတယ်။ ပုံမှန်လူတစ်ယောက်အနေနဲ့ အပေါ်သွေး ၁၄၀ အောက်သွေး ၉၀ ဖြစ်စေ၊ တစ်ခုခုဖြစ်နေတက်နေပြီဆိုရင် သွေးတိုးရောဂါဖြစ်နေတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာလည်း သည်သဘောပါပဲ။ ကိုယ်ဝန်မဆောင်စဉ်၊ လနုစဉ်မှာ ဆရာဝန်တစ်ဦးဦးထံမှာ ဒေသန္တရမှာ ကျေးလက်ဆေးခန်းမှာ ဗိုက်အပ်ဖို့ပြင်ရင် သွေးပေါင်ချိန်၊ ကလေးနှလုံးခုန်သံ၊ ကိုယ်အလေးချိန်မှန်ဖို့ လိုအပ်လှပါတယ်။
နှလုံးတစ်ချက်ခုန်လိုက်တိုင်း နှလုံးကထုတ်လွှတ်ပေးတဲ့ ထုထည်အားနဲ့ သွေးဖိအားအမြင့်ဆုံးရောက်ရှိ (အပေါ်) ပြီး နှလုံးကြွက်သားလျော့နေချိန်မှာ အနိမ့်ဆုံး (အောက်) ရောက်ရှိသွားတယ်။ သွေးပေါင်ချိန် ၁၄၀/၉၀ မီလီမီတာပြဒါး ထက်ပိုတဲ့ ဘယ်အခြေအနေကိုမဆို သွေးတိုးလို့ သတ်မှတ်နိုင်တယ်။ နေထိုင်စားသောက်မှုနဲ့ဆိုင်ပြီး ၁၀ရာခိုင်နှုန်းက မျိုးရိုး (သို့)ကိုယ်ဝန်ရှိလို့ ဖြစ်နိုင်ပါတယ်။
စားသင့်အစာ – သွေးကြောကျဉ်းတာ ကာကွယ်ဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစာဖြစ်တဲ့ လတ်ဆတ်တဲ့သစ်သီး၊ ဟင်းသီးဟင်းရွက်စားသုံးသင့်သလို ဂျုံစေ့အဆန်၊ အခွံမာသီးနှံစေ့တွေ၊ ဗီတာမင်အီးကြွယ်ဝတယ်။ ယင်းအစားအစာတွေထဲက ငါးမျိုးစားသုံးသင့်တယ်။ အဆီများတဲ့ငါး (ပင်လယ်ငါး) စားပေးရမယ်။ ဆယ်လမွန်၊ တူနာ၊ မက်ကာရယ်၊ ဆာဒင်းနဲ့ ပင်လယ်ငါးတွေမှာ အိုမီဂါ(၃)၊ ဖက်တီးအက်ဆစ်ပါဝင်လို့ သွေးတိုးရောဂါသက်သာစေတယ်။ သွေးဖိအားလျော့နည်းစေပြီး ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောကို သန့်စင်ပေးတယ်။ သွေးခဲစေမယ့် အလားအလာကိုလည်း လျော့ချပေးပါတယ်။
အကောင်းဆုံး – အမျှင်ဓာတ်ကြွယ်ဝတဲ့ကွေကာ၊ ခေါက်ဆွဲခြောက်၊ ထမင်းနဲ့ ပေါင်မုန့် ပုံမှန်စားပေးရမယ်။
လျှော့စား – အဆီများတဲ့အသား၊ မလိုင်ပါတဲ့နွားနို့၊ နို့ထွက်ပစ္စည်း၊ ကိတ်မုန့်၊ ဘီစကစ်နဲ့ မာဂျရင်းလျှော့ရမယ်။
အကြံပြုချက် – ချက်ပြုတ်ရာမှာဖြစ်ဖြစ်၊ စားသောက်ရာမှာဖြစ်ဖြစ်၊ အစားအစာထဲကို ဆား၊ ငံပြာရည် ထပ်မထည့်သင့်ပါဘူး။ ဆားပါတဲ့ အငန်ကဲတဲ့ အစားအသောက်နဲ့ မုန့်တွေကို အတတ်နိုင်ဆုံး လျှော့စားရမယ်။
ကြက်အူချောင်း၊ ဝက်အူချောင်း၊ အမဲအူချောင်း၊ ဝက်ပေါင်ခြောက်၊ ဝက်ဆားနယ်ခြောက်၊ အာလူးချောင်းကြော်၊ ဆားထည့်ထားတဲ့ အခွံမာသီးတွေ လျှော့စားရမယ်။ ပြုပြင်စီမံထားတဲ့ စွပ်ပြုတ်၊ ဆားစိမ်သနပ်၊ ငါးပိ၊ ငါးခြောက်တွေမှာ ဆားပါဝင်မှုများတဲ့အတွက် ဆင်ခြင်သင့်ပါတယ်။
ပိုတက်ဆီယမ်သတ္ထုဓာတ် ကြွယ်ဝတဲ့ ငှက်ပျောသီးဖီးကြမ်း တစ်နေ့သုံးလုံး စားပေးသင့်ပါတယ်။ အမျှင်ဓာတ်လည်းပိုများလို့ ဝမ်းမှန်စေတဲ့အပြင် ပိုတက်ဆီယမ်ပါလို့ သွေးဖိအားကို ထိန်းညှိပေးတယ်။
ယင်းအစားအစာတွေဟာ ခန္ဓာကိုယ်ထဲက ဆားဓာတ်ကို ဖယ်ရှားပေးနိုင်ပါတယ်။
သောက်ဆေး – ဆီးရွှင်ဆေးပေးနိုင်ပြီး၊ ကျောက်ကပ်ထဲကပိုလျှံနေတဲ့ အရည်တွေဖယ်ထုတ်ပေးနိုင်တာ၊ သွေးကြောတွေရဲ့ ခုခံအားကို လျှော့ချပေးနိုင်ပါတယ်။
ဘီတာဘလော့ကာ – (β–Blocker) နှလုံးအခုန်မြန်ခြင်းကို နှေးစေပြီး နှလုံးကြွက်သားကျုံ့အားကို လျှော့ချပေးတယ်။ ဗေဆိုဒိုင်လေဟာ သွေးလွှတ်ကြောတွေချဲ့ပေးပြီး သွေးတိုးကျစေ၏။
အေစီအီးဆန့်ကျင်ဆေး (ACE inhigitors) – သွေးကြောကျယ်စေတဲ့ ဆေးအနေနဲ့ရော၊ ဆီးရွှင်ဆေးအနေနဲ့ပါ အကျိုးအာနိသင်ထိရောက်မှုရှိတယ်။ သွေးဖိအားဟာ ရံဖန်ရံခါ ပုံမှန်ဖြစ်သွားပေမယ့် ဆေးဝါးပုံမှန်သောက်ဖို့ အစာရှောင်ဖို့တော့ လိုအပ်နေမှာပဲဖြစ်တယ်။ အိပ်ချိန်မှန်ဖို့ နေ့လည်တစ်ရေးအိပ်ဖို့ လိုပါတယ်။
Author: ဒေါက်တာလွင်သန့် ; Healthcare Journal (vol 8,no 4)
(Zawgyi)
ကိုယ္ဝန္ေဆာင္ေသြးတိုးေရာဂါဟာ သားဦးမိခင္ ၁၀၀ မွာ ၁၀ေယာက္မွ ၁၅ေယာက္ထိ ျဖစ္တတ္သလို သားေႏွာင္းမိခင္ေတြမွာ ၁၀၀ မွာ ၂ေယာက္ကေန ၅ေယာက္ထိ ျဖစ္တတ္တယ္။ ကိုယ္ဝန္ေဆာင္ေသြးတိုးေရာဂါဟာ ပုံမွန္လူနာထက္ ကိုင္တြယ္ရ၊ မွန္းဆရ၊ ကုသရ မတူတာေလးေတြရွိပါတယ္။ ပုံမွန္လူတစ္ေယာက္အေနနဲ႔ အေပၚေသြး ၁၄၀ ေအာက္ေသြး ၉၀ ျဖစ္ေစ၊ တစ္ခုခုျဖစ္ေနတက္ေနၿပီဆိုရင္ ေသြးတိုးေရာဂါျဖစ္ေနတယ္။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြမွာလည္း သည္သေဘာပါပဲ။ ကိုယ္ဝန္မေဆာင္စဥ္၊ လႏုစဥ္မွာ ဆရာဝန္တစ္ဦးဦးထံမွာ ေဒသႏၲရမွာ ေက်းလက္ေဆးခန္းမွာ ဗိုက္အပ္ဖို႔ျပင္ရင္ ေသြးေပါင္ခ်ိန္၊ ကေလးႏွလုံးခုန္သံ၊ ကိုယ္အေလးခ်ိန္မွန္ဖို႔ လိုအပ္လွပါတယ္။
ႏွလုံးတစ္ခ်က္ခုန္လိုက္တိုင္း ႏွလုံးကထုတ္လႊတ္ေပးတဲ့ ထုထည္အားနဲ႔ ေသြးဖိအားအျမင့္ဆုံးေရာက္ရွိ (အေပၚ) ၿပီး ႏွလုံးႂကြက္သားေလ်ာ့ေနခ်ိန္မွာ အနိမ့္ဆုံး (ေအာက္) ေရာက္ရွိသြားတယ္။ ေသြးေပါင္ခ်ိန္ ၁၄၀/၉၀ မီလီမီတာျပဒါး ထက္ပိုတဲ့ ဘယ္အေျခအေနကိုမဆို ေသြးတိုးလို႔ သတ္မွတ္ႏိုင္တယ္။ ေနထိုင္စားေသာက္မႈနဲ႔ဆိုင္ၿပီး ၁၀ရာခိုင္ႏႈန္းက မ်ိဳး႐ိုး (သို႔)ကိုယ္ဝန္ရွိလို႔ ျဖစ္ႏိုင္ပါတယ္။
စားသင့္အစာ – ေသြးေၾကာက်ဥ္းတာ ကာကြယ္ဖို႔ ဓာတ္တိုးဆန႔္က်င္ပစၥည္း ႂကြယ္ဝတဲ့ အစာျဖစ္တဲ့ လတ္ဆတ္တဲ့သစ္သီး၊ ဟင္းသီးဟင္း႐ြက္စားသုံးသင့္သလို ဂ်ဳံေစ့အဆန္၊ အခြံမာသီးႏွံေစ့ေတြ၊ ဗီတာမင္အီးႂကြယ္ဝတယ္။ ယင္းအစားအစာေတြထဲက ငါးမ်ိဳးစားသုံးသင့္တယ္။ အဆီမ်ားတဲ့ငါး (ပင္လယ္ငါး) စားေပးရမယ္။ ဆယ္လမြန္၊ တူနာ၊ မက္ကာရယ္၊ ဆာဒင္းနဲ႔ ပင္လယ္ငါးေတြမွာ အိုမီဂါ(၃)၊ ဖက္တီးအက္ဆစ္ပါဝင္လို႔ ေသြးတိုးေရာဂါသက္သာေစတယ္။ ေသြးဖိအားေလ်ာ့နည္းေစၿပီး ခႏၶာကိုယ္ထဲက မေကာင္းတဲ့ ကိုလက္စထေရာကို သန႔္စင္ေပးတယ္။ ေသြးခဲေစမယ့္ အလားအလာကိုလည္း ေလ်ာ့ခ်ေပးပါတယ္။
အေကာင္းဆုံး – အမွ်င္ဓာတ္ႂကြယ္ဝတဲ့ေကြကာ၊ ေခါက္ဆြဲေျခာက္၊ ထမင္းနဲ႔ ေပါင္မုန႔္ ပုံမွန္စားေပးရမယ္။
ေလွ်ာ့စား – အဆီမ်ားတဲ့အသား၊ မလိုင္ပါတဲ့ႏြားႏို႔၊ ႏို႔ထြက္ပစၥည္း၊ ကိတ္မုန႔္၊ ဘီစကစ္နဲ႔ မာဂ်ရင္းေလွ်ာ့ရမယ္။
အႀကံျပဳခ်က္ – ခ်က္ျပဳတ္ရာမွာျဖစ္ျဖစ္၊ စားေသာက္ရာမွာျဖစ္ျဖစ္၊ အစားအစာထဲကို ဆား၊ ငံျပာရည္ ထပ္မထည့္သင့္ပါဘူး။ ဆားပါတဲ့ အငန္ကဲတဲ့ အစားအေသာက္နဲ႔ မုန႔္ေတြကို အတတ္ႏိုင္ဆုံး ေလွ်ာ့စားရမယ္။
ၾကက္အူေခ်ာင္း၊ ဝက္အူေခ်ာင္း၊ အမဲအူေခ်ာင္း၊ ဝက္ေပါင္ေျခာက္၊ ဝက္ဆားနယ္ေျခာက္၊ အာလူးေခ်ာင္းေၾကာ္၊ ဆားထည့္ထားတဲ့ အခြံမာသီးေတြ ေလွ်ာ့စားရမယ္။ ျပဳျပင္စီမံထားတဲ့ စြပ္ျပဳတ္၊ ဆားစိမ္သနပ္၊ ငါးပိ၊ ငါးေျခာက္ေတြမွာ ဆားပါဝင္မႈမ်ားတဲ့အတြက္ ဆင္ျခင္သင့္ပါတယ္။
ပိုတက္ဆီယမ္သတၳဳဓာတ္ ႂကြယ္ဝတဲ့ ငွက္ေပ်ာသီးဖီးၾကမ္း တစ္ေန႔သုံးလုံး စားေပးသင့္ပါတယ္။ အမွ်င္ဓာတ္လည္းပိုမ်ားလို႔ ဝမ္းမွန္ေစတဲ့အျပင္ ပိုတက္ဆီယမ္ပါလို႔ ေသြးဖိအားကို ထိန္းညႇိေပးတယ္။
ယင္းအစားအစာေတြဟာ ခႏၶာကိုယ္ထဲက ဆားဓာတ္ကို ဖယ္ရွားေပးႏိုင္ပါတယ္။
ေသာက္ေဆး – ဆီး႐ႊင္ေဆးေပးႏိုင္ၿပီး၊ ေက်ာက္ကပ္ထဲကပိုလွ်ံေနတဲ့ အရည္ေတြဖယ္ထုတ္ေပးႏိုင္တာ၊ ေသြးေၾကာေတြရဲ႕ ခုခံအားကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
ဘီတာဘေလာ့ကာ – (β–Blocker) ႏွလုံးအခုန္ျမန္ျခင္းကို ေႏွးေစၿပီး ႏွလုံးႂကြက္သားက်ဳံ႔အားကို ေလွ်ာ့ခ်ေပးတယ္။ ေဗဆိုဒိုင္ေလဟာ ေသြးလႊတ္ေၾကာေတြခ်ဲ႕ေပးၿပီး ေသြးတိုးက်ေစ၏။
ေအစီအီးဆန႔္က်င္ေဆး (ACE inhigitors) – ေသြးေၾကာက်ယ္ေစတဲ့ ေဆးအေနနဲ႔ေရာ၊ ဆီး႐ႊင္ေဆးအေနနဲ႔ပါ အက်ိဳးအာနိသင္ထိေရာက္မႈရွိတယ္။ ေသြးဖိအားဟာ ရံဖန္ရံခါ ပုံမွန္ျဖစ္သြားေပမယ့္ ေဆးဝါးပုံမွန္ေသာက္ဖို႔ အစာေရွာင္ဖို႔ေတာ့ လိုအပ္ေနမွာပဲျဖစ္တယ္။ အိပ္ခ်ိန္မွန္ဖို႔ ေန႔လည္တစ္ေရးအိပ္ဖို႔ လိုပါတယ္။
Author: ေဒါက္တာလြင္သန႔္ ; Healthcare Journal (vol 8,no 4)