သွေးတိုးရောဂါဟာ လူကို မကူးစက်နိူင်တဲ့နာတာရှည်ရောဂါတစ်ခု ဖြစ်တယ်။ ကိုယ်ဝန်ဆောင်မိခင်သွေးတိုးရင် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးစောစောမွေးခြင်း၊ ပေါင်မပြည့်လမစေ့မွေးခြင်းတို့ ဖြစ်စေတယ်။ မိခင်ရော၊ ကလေးပါ ကျန်းမာရေး ဒုက္ခရောက်နိူင်တယ်။ သိပ်ဆိုးရင် အချင်းကနေ ကလေးဆီ အာဟာရပို့တဲ့အခါ ချို့ယွင်းမှုရှိကာ ရသင့်တဲ့ အာဟာရမရလို့ ကလေးကြီးထွားမှု နှေးစေတယ်။ ကိုယ်ဝန်ရှိမရှိ စစ်ဆေးဖို့လိုသလို သွေးတိုးရောဂါစွဲကပ်ရင် မိမိဗိုက်အပ်တဲ့ ဆေးရုံ၊ ဆေးခန်း ပြန်ပြဖို့လိုတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးသွေးတက်ရင် သွေးဆိပ်တက်ခြင်း ဖြစ်တတ်ရာ –
(၁) ဦးနှောက်ရောင်နိူင်တယ်။ ဦးနှောက်သွေးကြောပြတ်၊ ဦးနှောက်ရုတ်တရက် တိုက်ခံရပြီး အသက်ဆုံးနိူင်တယ်။
(၂) သွေးတိုးများလွန်းတဲ့အတွက် အဆုတ်မှာ ရေများလာတယ်။ သွေးတိုးကြောင့် နှလုံးရုတ်တရက် အလုပ်မလုပ်ဘဲ ဖြစ်ကာ အဆုတ်မှာ ရေများလာတယ်။ သေဆုံးနိူင်ပါတယ်။
(၃) ကလေးတွေမှာ အာဒီအက်ရှိသလို၊ သွေးတိုးပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်း လူကြီးအသက်ရှူကြပ်၊ အသက်ရှူမဝ၊ ရှူရခက်တဲ့ရောဂါ ဖြစ်နိူင်ပါတယ်။
(၄) သွေးတိုးလွန်းရင် – အသည်းအလုပ်မလုပ်ဘဲ အသည်းပျက်စီးခြင်း ဖြစ်ကာ၊ အသည်းကလပ်စည်းတွေ ပျက်စီးသွားနိူင်ပါတယ်။
(၅) ကျောက်ကပ်မှာ ကျောက်ကပ်သွေးလှည့်ပတ်စီးဆင်းကာ ချို့ယွင်းသွားလို့ ကျောက်ကပ်အလုပ်မလုပ်နိူင်သလို ကျောက်ကပ်ရောဂါနဲ့ ဒုက္ခရောက်နိူင်၊ သေဆုံးနိူင်ပါတယ်။
(၆) ပြင်းထန်တဲ့ သွေးတိုးဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ အားလုံးအလုပ်လုပ်နေတဲ့ စနစ်တွေ အားလုံးပျက်ယွင်းသွားတယ်။ ရင်သွေးသေဆုံးနိူင်တယ်။
သွေးမှာပါတဲ့ ဝတ္ထုပစ္စည်းတွေ၊ သွေးခဲစစ်ထုတ်တဲ့ ဓာတ်ပစ္စည်းတွေ၊ သွေးမှာပါတဲ့ ရောဂါဖြစ်စေတယ်။ တစ်ကိုယ်လုံးအရေပြားအောက်မှာ သွေးခြေဥနေမယ်။ သွေးကြောငယ်လေးတွေကနေ၊ သွေးတွေစိမ့်ထွက်မယ်။ နှာခေါင်းသွေးယိုမယ်။ သွားဖုံးသွေးထွက်မယ်။ အစာအိမ် အူလမ်းကနေ သွေးထွက်မယ်။
ယင်းကို ဒီအိုင်စီ (DIC) Dis-seminated Intravascular Clotting တစ်ကိုယ်လုံးက သွေးခဲတဲ့စနစ် ပျက်စီးသွားပြီး သွေးယိုစိမ့်ရောဂါဖြစ်နိူင်ပါတယ်။
(၇) သွေးတိုးကြောင့် ကျောက်ကပ်ပျက်စီးခြင်း ဆိုးဝါးလာနိူင်တဲ့ အန္တရာယ်တွေ သိထားရမယ်။ ကိုယ်ဝန်ဆောင်မှာ သွေးတိုးဒုက္ခပေးနိူင်သလို ကိုယ်ဝန်ဆောင်က သွေးတိုးအပေါ် ပိုဆိုးလာတယ်။
ကျန်းမာရေးဝန်ထမ်းတွေကတစ်ဆင့် ကျန်းမာရေး အသိပညာပေးတဲ့အခါ မိသားစုတွေ သိထားရမယ်။ သွေးတိုးမိခင်ကို စောစောစီးစီး ကိုယ်ဝန်အပ်ရပါမယ်။ ကိုယ်ဝန်ဆောင်တက်နာဖြစ်ဖို့ အလားအလာများတယ်။
(၁) နဂိုကတည်းက ဗီဇအရ မိဘမျိုးရိုးအရ ကိုယ်ဝန်မရှိခင်ကတည်းက အပျိုအရွယ်ကတည်းက သွေးတိုးရှိသူတွေ။
(၂) အကြောင်းအမျိုးမျိုးကြောင့် သွေးတိုးရောဂါဖြစ်နေတဲ့ အမျိုးသမီးတွေ အထူးသဖြင့် ကျောက်ကပ်ရောဂါကြောင့် ဖြစ်ဖို့များတယ်။ ကျောက်ကပ်ရောဂါတို့၊ အခြားကိုယ်တွင်း အကျိတ်ဂလင်း၊ ချို့ယွင်းတာကြောင့် သွေးတိုးဖြစ်နေတဲ့ အမျိုးသမီးတွေ။
(၃) အရင်ကိုယ်ဝန်မှာတုန်းက သွေးတိုးရှိခဲ့တယ်။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆိပ်တက်ခဲ့တယ်။ ဒုတိယ ကိုယ်ဝန်မှာ သွေးတိုး ပိုတက်ဖို့ များပါတယ်။
(၄) သားဦးကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတွေ၊ အရင်သွေးတိုးရှိခဲ့ (သို့) မရှိခဲ့ရင်။
(၅) ကလေးငါးယောက်နဲ့အထက် ကိုယ်ဝန်ဆောင်မိခင်တွေ ယင်းအမျိုးသမီးတွေနဲ့ ကိုယ်ဝန်ရှိချိန်မှာ သွေးတိုးက တက်လာနိူင်တဲ့အတွက် အန္တာရာယ်များတဲ့ အုပ်စုအနေနဲ့ ပိုပြီး ဂရုစိုက်သင့်ပါတယ်။
မိခင်လောင်းဟာ အသက် (၁၈) နှစ်မပြည့်သေးဘူး။ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ ရှိနေတယ်ဆိုရင် အသက်အန္တရာယ်ကျရောက်နိူင်တဲ့ မိခင်စာရင်းမှာ ပါဝင်နေလို့ ရိုးရိုးဆေးရုံမှာ မတတ်သင့်ဘူး။ ဆေးရုံ၊ ဆေးခန်း ပြရမယ်။ ခွဲစိတ်မွေးဖွားဖို့ လိုကောင်းလိုတတ်ပါတယ်။
တန်ဖိုးမဖြတ်နိူင်တဲ့ လူအသက်နှစ်ချောင်း ကယ်တင်ပေးနိူင်ရေး ဆေးရုံမှာမွေးရမယ်။ ဆေးရုံရောက်ပြီဆိုရင် အစားအစာ၊ သောက်ရမယ့်ဆေး တို့ကို စနစ်တကျ မှန်မှန်ကန်ကန် ညွှန်ကြားပေးနိူင်သလို အထဲက ကလေးကို လနု၊ရင့် အလိုက် မွေးတဲ့အထိ တစ်ပတ်တခါ၊ နှစ်ပတ်တစ်ခါ၊ စစ်ဆေးတဲ့နည်းနဲ့ စစ်ဆေးရမယ်။
အာထရာဆောင်းရိုက်တာ၊ ဆီး၊ သွေးစစ်တာ သေသေချာချာ ကုသပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင် နောက်ဆက်တွဲပြဿနာဖြစ်ပေါ်လာဖို့ အခွင့်အရေးနည်းသွားမှာဖြစ်တယ်။
ကိုယ်ဝန်ရှိလာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီကို စောစောသွား ဗိုက်အပ်ပြီး မိသားစုဆရာဝန်ကနေ သားဖွားမီးယပ်အထူးကု ဆရာဝန်အထိ ညွှန်းရင်ညွှန်းပေးသလို သွားရောက်ပြသရမယ်။ ဆရာဝန်နဲ့ပုံမှန်ပြသ၊ လိုအပ်တဲ့ ကုသမှု ကာကွယ်ဆေး (အေတီတီ) ထိုးနံှမှုတွေ ပြုထားရင် စိတ်အေးရမယ်။
Author: Dr. လွင်သန့် ;Healthcare Journal (vol 8,no 4)