ကျန်ရှိနေသေးတဲ့ ကိုယ်ဝန်ဆောင်နေစဉ် ခံစားရတတ်သော ဝေဒနာ
များဖြစ်တဲ့ ဆီးမကြာခဏသွားခြင်း ၊ ဝမ်းချုပ်ခြင်း ၊လိပ်ခေါင်း ၊ခါးနဲ့ ဆီးခုံရိုး ဝေဒနာ
တွေအကြောင်း ဒီဆောင်းပါးလေးမှာ ဆက်လက်ဖော်ပြပါ့မယ် ။
ဆီးမကြာခဏ သွားခြင်း
ကိုယ်ဝန်ဆောင်စဉ်တွင် ကျောက်ကပ်သည် နဂိုထက် ဆီးပိုမိုထုတ်
လုပ်ရပါတယ် ။ဒါဟာ ကိုယ်ဝန်ရှိပြီး ပထမ ၃လအတွင်းမှာ အဖြစ်များတယ် ။မွေးခါ
နီး ကိုယ်ဝန် ၈လ ၊၉လတွင်လည်း ဖြစ်တတ်တယ် ။ဘာလို့လဲဆိုရင် မွေးဖွားချိန်
နီးကပ်လာတာမို့ ရင်သွေးငယ်ရဲ့ ဦးခေါင်းဟာ ဝမ်းဗိုက်အောက် ဆီးစပ်သို့ဆင်းလာ
တဲ့အခါ သားအိမ်ရှေ့မှာ ရှိတဲ့ ဆီးအိမ်ကို ဖိအားပေးသလို ဖြစ်စေတာမို့ ဖြစ်ပါတယ်။
သတိထားရမယ့် အချက်တွေက ဆီးမကြာခဏသွားတာအပြင် ဆီးအရောင်
မကောင်း ၊ဆီးအဖြူအနည်ကျခြင်း ၊ခြေလက်ဖောရောင်ခြင်း ၊သွေးတိုးခြင်းများ ရှိက
မိမိဆရာဝန်နဲ့ တိုင်ပင်သင့်တယ် ။
ဝမ်းချုပ်ခြင်း
ကိုယ်ဝန်ဆောင်စဉ်ထွက်လာတဲ့ ပရိုဂျပ်စထရုန်းဆိုတဲ့ ဟိုမုန်းလ်
ကြောင့် အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကို နှေးကွေးစေတယ် ။ဒါကြောင့် ဝမ်းချုပ်
တတ်တယ် ။နဂို ဝမ်းချုပ်တတ်တဲ့သူတွေမှာ ပိုဆိုးတတ်တယ် ။အထိုင်ကိုလျော့ပြီး
အားလပ်ချိန် လမ်းလျှောက်ပါ ၊အသီးအရွက်ကိုများများစားပါ ၊ရေကို များများ
သောက်ပေးသင့်တယ် ။မိမိသဘောနဲ့ မိမိဝမ်းနှုတ်ဆေးများ စားခြင်းကို ရှောင်ပါ ။
အခန့်မသင့်လျှင် သားပျက်သားလျှောဖြစ်တတ်တယ် ။ဝမ်းချုပ်တာ မသက်သာက
မိမိရဲ့ မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်တယ် ။
လိပ်ခေါင်း
ကိုယ်ဝန်ဆောင်စဉ် လိပ်ခေါင်းထွက်တတ်သလို လိပ်ခေါင်းရောဂါ
အခံရှိလျှင်လည်း ပိုဆိုးတတ်တယ် ။ကိုယ်ဝန်ဆောင်နေစဉ် ခွဲစိတ်ရန် မလိုသော်
လည်း ၊စအိုကို သန့်ရှင်းစွာဆေးကြောရန် ၊ခြောက်သွေ့စွာထားရန် လိုအပ်ပါတယ်။
ဝမ်းမှန်အောင်လည်း ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အနေအထိုင်ကို အထက်ပါ
အတိုင်း လိုက်နာသင့်တယ် ။
ခါးနဲ့ ဆီးခုံရိုးနာကျင်ခြင်း
ကိုယ်ဝန်ဆောင်နေစဉ် သားမပျက်စေရန်နဲ့ အဆင်ပြေချောမွေ့စွာ
မွေးနိုင်ရန် ပရိုဂျပ်စထရုန်း Progesterone လို့ခေါ်တဲ့ ဟိုမုန်းလ်တွေ အများအပြား
ထွက်လာပါတယ် ။ထိုဟိုမုန်းလ်တွေကြောင့် ခါးဆစ်ရိုးနဲ့ သားဖွားလမ်းကြောင်းရှိ
အရိုးကွင်းကလေးများ ပျော့ပျောင်းလာပြီး တဖြည်းဖြည်း ပိုကျယ်လာကာ မိခင်
လောင်းတို့ မနားမနေလှုပ်ရှားတဲ့အခါ ခါးနာခြင်း ၊ဆီးစပ်ကိုက်ခြင်း ဝေဒနာတွေ
ခံစားရပါတော့တယ် ။ထို့အပြင် လမ်းလျှောက်တဲ့အခါ ကိုယ်ဝန်ဆောင်မိခင်များ
က ကျောကော့ပြီး လျှောက်တတ်သဖြင့် ခါးနဲ့ ကျောရိုးတို့မှာ ဝန်ပိုပိကာ ပို၍
ခါးနာတတ်ပါတယ် ။အထူးသဖြင့် အနေအထိုင်မမှန်သူတွေ ၊နဂို အဝလွန်သူတွေ
၊ ကိုယ်ဝန်လရင့်သူတွေ ၊ဗိုက်ထဲမှာ အလွန်ထွားတဲ့ ရင်သွေးကို ကိုယ်ဝန်ဆောင်ရ
သူတွေမှာ ခါးနာခြင်း ၊ဆီးစပ်ကိုက်ခြင်း ဝေဒနာကို ပိုမို ခံစားရတတ်ပါတယ် ။
ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအနေဖြင့် အလေးအပင် မ မသင့် ၊
နားနားနေနေ နေသင့် ၊နေ့လည် တရေးတမော အိပ်ခြင်းဖြင့် အနားယူသင့် ၊ကုတင်
မွေ့ရာတို့တွင် ခါးအလယ်ချိုင့်သည့် နေရာတွင် မအိပ်သင့် ၊မွေ့ရာမာမာနဲ့ မအိပ်
သင့် ။ကယ်လ်စီယမ် ဂလူကိုနိတ် Calcium Gluconate ဆိုတဲ့ အားဆေးကို ၁နေ့
၁လုံး သောက်ပေးသင့်တယ် ။အကိုက်အခဲ သက်သာစေမယ့် လိမ်းဆေးများ ၊
သာမန် အကိုက်အခဲ ပျောက်ဆေးများ သောက်နိုင်တယ် ။မသက်သာရင် မိမိ
ဆရာဝန်နဲ့ တိုင်ပင်သင့်တယ် ။
ဆက်ပါဦးမည်…………
Author; ခေတ်သစ် ဇီဝက