ပြောင်းဖူးစားရင် သွေးပေါင်ကျသလား

ေျပာင္းဖူးစားရင္ ေသြးေပါင္က်သလား

ေျပာင္းဖူးအမ်ိဳးအစားမ်ားစြာရွိသည္႔အနက္ ေရႊ၀ါေရာင္ေျပာင္းဖူးဟာ ကမာၻေပၚရွိ လူအမ်ိဳးအေတာ္မ်ားမ်ား ၾကိဳက္နွစ္သက္စြာစားသံုးေသာ ေျပာင္းဖူးမ်ိဳးျဖစ္ပါတယ္။

ေျပာင္းဖူးကို အဂၤလိပ္လို Corn သို႔မဟုတ္ Maize လို႔ေခၚပါတယ္။ရုကၡဗဒနာမည္ကေတာ႔ Zea mays ျဖစ္ပါတယ္။

ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံမွာေရႊ၀ါေရာင္ေျပာင္းဖူး ကို

ထိုင္၀မ္ေျပာင္းဖူး သို႔မဟုတ္ သၾကားေျပာင္းဖူးလို႔ေခၚေလ႔ရွိပါတယ္။

စားသံုးတဲ႔ပံုစံအေနနဲ႔ကေတာ႔ ေျပာင္းဖူးကို ျပဳတ္စားတာ မီးဖုတ္စားတာ ေၾကာ္စားတာ ဟင္းခ်က္စားတာ လက္ဖက္သုပ္ထဲေရာထည္႔စားတာ စသျဖင္႔ အမ်ိဳးမ်ိဳးျပဳလုပ္၍ စားသံုးေလ့ရွိပါသည္။

ေျပာင္းဖူးထဲမွာ ကစီဓါတ္၊ပရိုတင္း၊အမွ်င္ဓါတ္၊ဗီတာမင္ေအ၊ဘီ၊စီ၊အီး၊ကယ္လ္ဆီယမ္၊မဂၢနီဆီယမ္၊သံဓါတ္၊မီးစုန္းဓါတ္၊ခယ္လီယမ္၊လက္ဆီသင္၊ဂလူတမစ္အက္စစ္၊အိုမီဂါဆစ္၊အိုမီဂါနိုင္း စတဲ႔အာဟာရဓာတ္ မ်ားစြာပါဝင္တာေၾကာင့္ ေျပာင္းဖူးစားျခင္းျဖင္႔ က်န္းမာေရးအက်ိဳး ေက်းဇူးေတြမ်ားစြာရရွိႏိုင္ပါတယ္။

ေျပာင္းဖူးမွာၾကြယ္၀စြာပါတဲ႔ အမွ်င္ဓါတ္ကအစာအိမ္နဲ႔အူလမ္းေၾကာင္းကို မ်ာစြာအေထာက္အကူျပဳပါတယ္။အစာေၾကေစျပီး၀မ္းမွန္ေစကာ ၀မ္းခ်ဳပ္ျခင္းကို ကင္းေ၀းေစေသာေၾကာင္႔ အူမၾကီးကင္ဆာျဖစ္ပြားနိုင္ေျခကိုပါေလ်ာ႔နည္းေစပါတယ္။

ဗီတာမင္ဘီၾကြယ္၀စြာပါျခင္းေၾကာင္႔ ဦးေနွာက္နဲ႔အာရံုေၾကာဆဲလ္မ်ားကိုအ ားေကာင္းေစျပီး မွတ္ဥာဏ္နဲ႔ ေတြးေခၚနိုင္စြမ္းကို ပိုေကာင္းမြန္ေစနိုင္ကာ အယ္လ္ဇိုင္းမားေရာဂါျဖစ္နို္င္ေျခကို ေလ်ာ႔နည္းေစပါတယ္။

ဗီတာမင္ေအ(ဘီတာကယ္ရိုတင္း)မ်က္စိအျမင္အာရံုကိုေထာက္ပံ႔ေပးျပီး ၾကက္မ်က္သင္႔ေရာဂါမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။

ဆီလိီနီယမ္ နဲ႔ မဂၢနီဆီယမ္ဓါတ္ၾကြယ္၀စြာပါျခင္းေၾကာင္႔ ေသြးေၾကာမ်ားကိုေပ်ာ႔ေပ်ာင္းေစျပီး ေသြးပ်စ္မႈနႈန္းကိုလည္းေလ်ာ႔နည္းေစပါတယ္။ေသြးတြင္းအဆီဓါတ္ နဲ႔ ေသြးဖိအားတို႔ကိုလည္း ေလွ်ာ႔ခ်ေပးတာေၾကာင္႔ ေသြးတိုးေရာဂါ၊နွလံုးေရာဂါေတြ ျဖစ္ပြားနို္င္ေျခကို ေလ်ာ႔နည္းေစပါတယ္။

ဒါ႔အျပင္ ေျပာင္းဖူးမွာ Ferulic acid,Anthocyanins,Zeaxanthin စတဲ႔ Antioxidants ေခၚ ဓါတ္တိုးဆန္႔က်င္႔ပစၥည္းေတြမ်ားစြာပါတာေၾကာင္႔ ခႏၶာကိုယ္ကိုနုပ်ိဳေစကာ ခႏၶာကိုယ္တြင္း ေရာင္ရမ္းမႈ၊ အရြယ္မတိုင္မွီအိုမင္းမႈနဲ႔ ကင္ဆာ ေရာဂါတခ်ိဳ႕အမ်ိဳးအစားေတြကို မျဖစ္ ေအာင္ ကာကြယ္ေပးပါတယ္။

အဆံုးသတ္အေနနဲ႔အၾကံေပးခ်င္တာကေတာ႔ ေျပာင္းဖူးဟာက်န္းမာေရးေကာင္းက်ိဳးမ်ားျပီး ေစ်းလည္းမၾကီးတာေၾကာင္႔ ေျပာင္းဖူးကို မၾကာမၾကာစားေပးသင္႔ပါတယ္။

ေျပာင္းဖူး၀ယ္ရာတြင္ ညိဳးေျခာက္ေနေသာေျပာင္းဖူးမ်ား၊မႈိတက္ေနေသာေျပာင္းဖူးမ်ားကိုေရွာင္ပါ။ လတ္ဆတ္ေသာ၊ေျပာင္းဖူးေစ႔အတန္းမ်ားညီညာျပီးျပည္႔ျဖိဳးေသာ၊ေရႊ၀ါေရာင္ေတာက္ေသာ ေျပာင္းဖူးကိုေရြး၀ယ္စားပါ လို႔အၾကံေပးခ်င္ပါတယ္။

သီတာႏြယ္(အမရပူရ)

Unicode  Version

ပြောင်းဖူးစားရင် သွေးပေါင်ကျသလား

ပြောင်းဖူးအမျိုးအစားများစွာရှိသည့်အနက် ရွှေဝါရောင်ပြောင်းဖူးဟာ ကမ္ဘာပေါ်ရှိ လူအမျိုးအတော်များများ ကြိုက်နှစ်သက်စွာစားသုံးသော ပြောင်းဖူးမျိုးဖြစ်ပါတယ်။

ပြောင်းဖူးကို အင်္ဂလိပ်လို Corn သို့မဟုတ် Maize လို့ခေါ်ပါတယ်။ရုက္ခဗဒနာမည်ကတော့ Zea mays ဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာရွှေဝါရောင်ပြောင်းဖူး ကို

ထိုင်ဝမ်ပြောင်းဖူး သို့မဟုတ် သကြားပြောင်းဖူးလို့ခေါ်လေ့ရှိပါတယ်။

စားသုံးတဲ့ပုံစံအနေနဲ့ကတော့ ပြောင်းဖူးကို ပြုတ်စားတာ မီးဖုတ်စားတာ ကြော်စားတာ ဟင်းချက်စားတာ လက်ဖက်သုပ်ထဲရောထည့်စားတာ စသဖြင့် အမျိုးမျိုးပြုလုပ်၍ စားသုံးလေ့ရှိပါသည်။

ပြောင်းဖူးထဲမှာ ကစီဓါတ်၊ပရိုတင်း၊အမျှင်ဓါတ်၊ဗီတာမင်အေ၊ဘီ၊စီ၊အီး၊ကယ်လ်ဆီယမ်၊မဂ္ဂနီဆီယမ်၊သံဓါတ်၊မီးစုန်းဓါတ်၊ခယ်လီယမ်၊လက်ဆီသင်၊ဂလူတမစ်အက်စစ်၊အိုမီဂါဆစ်၊အိုမီဂါနိုင်း စတဲ့အာဟာရဓာတ် များစွာပါဝင်တာကြောင့် ပြောင်းဖူးစားခြင်းဖြင့် ကျန်းမာရေးအကျိုး ကျေးဇူးတွေများစွာရရှိနိုင်ပါတယ်။

ပြောင်းဖူးမှာကြွယ်ဝစွာပါတဲ့ အမျှင်ဓါတ်ကအစာအိမ်နဲ့အူလမ်းကြောင်းကို မျာစွာအထောက်အကူပြုပါတယ်။အစာကြေစေပြီးဝမ်းမှန်စေကာ ဝမ်းချုပ်ခြင်းကို ကင်းဝေးစေသောကြောင့် အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုပါလျော့နည်းစေပါတယ်။

ဗီတာမင်ဘီကြွယ်ဝစွာပါခြင်းကြောင့် ဦးနှောက်နဲ့အာရုံကြောဆဲလ်များကိုအ ားကောင်းစေပြီး မှတ်ဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်းကို ပိုကောင်းမွန်စေနိုင်ကာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

ဗီတာမင်အေ(ဘီတာကယ်ရိုတင်း)မျက်စိအမြင်အာရုံကိုထောက်ပံ့ပေးပြီး ကြက်မျက်သင့်ရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ဆီလီနီယမ် နဲ့ မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝစွာပါခြင်းကြောင့် သွေးကြောများကိုပျော့ပျောင်းစေပြီး သွေးပျစ်မှုနှုန်းကိုလည်းလျော့နည်းစေပါတယ်။သွေးတွင်းအဆီဓါတ် နဲ့ သွေးဖိအားတို့ကိုလည်း လျှော့ချပေးတာကြောင့် သွေးတိုးရောဂါ၊နှလုံးရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

ဒါ့အပြင် ပြောင်းဖူးမှာ Ferulic acid,Anthocyanins,Zeaxanthin စတဲ့ Antioxidants ခေါ် ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေများစွာပါတာကြောင့် ခန္ဓာကိုယ်ကိုနုပျိုစေကာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု၊ အရွယ်မတိုင်မှီအိုမင်းမှုနဲ့ ကင်ဆာ ရောဂါတချို့အမျိုးအစားတွေကို မဖြစ် အောင် ကာကွယ်ပေးပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ပြောင်းဖူးဟာကျန်းမာရေးကောင်းကျိုးများပြီး ဈေးလည်းမကြီးတာကြောင့် ပြောင်းဖူးကို မကြာမကြာစားပေးသင့်ပါတယ်။

ပြောင်းဖူးဝယ်ရာတွင် ညိုးခြောက်နေသောပြောင်းဖူးများ၊မှိုတက်နေသောပြောင်းဖူးများကိုရှောင်ပါ။ လတ်ဆတ်သော၊ပြောင်းဖူးစေ့အတန်းများညီညာပြီးပြည့်ဖြိုးသော၊ရွှေဝါရောင်တောက်သော ပြောင်းဖူးကိုရွေးဝယ်စားပါ လို့အကြံပေးချင်ပါတယ်။

သီတာနွယ်(အမရပူရ)

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image