အအေးမိချောင်းဆိုးသက်သာစေတဲ့ ကြောင်လှ ျာသီး

အေအးမိေခ်ာင္းဆိုုးသက္သာေစတဲ့ ေၾကာင္လွ ်ာသီး

ေၾကာင္လွ်ာပင္ကို အဂၤလိပ္လို Broken Bones Tree,Indian trumpet flower,Kampong စသျဖင္႔ေခၚပါတယ္။

ရုကၡေဗဒနာမည္ကေတာ႔ Oroxylum Indicum Vent ျဖစ္ပါတယ္။

ေၾကာင္လွ်ာပင္ဟာ အပင္လတ္အမ်ိဳးအစားျဖစ္ျပီး ၾကီးထြားနႈန္းျမန္ပါတယ္။

အပင္အျမင္႔အေနနဲ႔ကေတာ႔ ၈မီတာကေန ၁၅ မီတာအထိျမင္႔တတ္ပါတယ္။အေခါက္ထူကာ မီးခိုးစိမ္းေရာင္ရွိျပီး အတြင္းသားအေနနဲ႔ေတာ႔ အ၀ါေရာင္ရွိပါတယ္။

အရြက္ပံုစံကေတာ႔ ရြက္ရင္းအနည္းငယ္၀ိုင္းျပီး ရြက္ဖ်ားခြ်န္ပါတယ္။ရြက္ေပါင္းျဖစ္ျပီး ရြက္ဆိုင္ထြက္ပါတယ္။

နယုန္ နဲ႔ ၀ါဆိုလေတြမွာ ေခါင္းေလာင္းပံုစံရွိေသာ ခရမ္းေရာင္အပြင္႔မ်ားပြင္႔တတ္ပါတယ္။

အသီးအေနနဲ႔ေတာ႔ တြဲလ်ားက်ျပီးသီးေသာ သီးေတာင္႔ရွည္အမ်ိဳးအသားျဖစ္ပါတယ္။အသီးပံုစံကျပားျပီး လက္တေတာင္ေက်ာ္ ေလာက္ရွည္ကာ အေမႊးနုကေလးေတြရွိပါတယ္။အသီးအတြင္းသားကထူပါတယ္။တန္ေဆာင္မုန္းလေလာက္မွာအသီးသီးေလ႔ရွိပါတယ္။

ေၾကာင္လွ်ာပင္ရဲ႕အသီး၊အရြက္၊အပြင္႔ ၃ခုလံုးဟာ အစားအစာျဖစ္လည္းစားလို႔ရသလို ေဆးဖက္လည္း၀င္ျပီး က်န္းမာေရးကိုအေထာက္အကူူျပဳပါတယ္။

သို႔ေသာ္ အရသာက ခါးတဲ႔အတြက္ လူအမ်ားစုအေနနဲ႔ကေတာ႔ သိပ္စားေလ႔မရွိပါ။

ေၾကာင္လွ်ာပြင္႔နဲ႕ေၾကာင္လွ်ာရြက္နုကို ေရေႏြးနဲ႔ေဖ်ာျပီးသုတ္စားေလ႔ရွိသလို ငါးပိရည္နဲ႔လည္းတို႔စားၾကပါတယ္။

ေၾကာင္လွ်ာပြင္႔နဲ႔ေၾကာင္လွ်ာရြက္နု စားျခင္းျဖင္႔ ေလအားေကာင္းေစျပီး နားေလထြက္တာ၊နားပင္းတာ၊အသက္ၾကီးလို႔နားေလးတာေတြကိုသက္သာေစနိုင္ပါတယ္။

ေၾကာင္လွ်ာသီးကိုေတာ႔ မီးဖုတ္ျပီးေသာ္လည္းေကာင္း ျပဳတ္ျပီးေသာ္လည္းေကာင္း ငါးပိရည္နဲ႔တို႔စား၊သုပ္စားၾကသလို ေၾက္ာစားတာ၊အသားတမ်ိဳးမ်ိဳးနဲ႔ေရာခ်က္စားတာ လည္းရွိပါတယ္။

ေၾကာင္လွ်ာသီးရဲ႕အရသာက ခါးျပီးဖန္ခ်ိဳအရသာရွိပါတယ္။

ေၾကာင္လွ်ာသီးစားျခင္းျဖင္႔ ၀မ္းမီးကိုေကာင္းေစျပီး အစာေၾကလြယ္ေစကာ စားခ်င္ေသာက္ခ်င္စိတ္မရိွဘဲ အစားေသာက္ပ်က္တာကိုသက္သာေစနိုင္ပါတယ္။

နားအူတာကိုလည္းသက္သာေပ်ာက္ကင္းေစနိုင္ျပီး ဆံပင္ကိုလည္းနက္ေမွာင္ေစနိုင္ပါတယ္။

အစာမေၾကတာ၊ေလသလိပ္ထတာ၊ေခ်ာင္းဆိုးတာ၊အေအးမိတာ စတဲ႔ေ၀ဒနာေတြကို သက္သာေစနိုင္ပါတယ္။

ေၾကာင္လွ်ာသီးကို ၾကက္သားနဲ႔ခ်က္စားပါက ပန္းနာရင္က်ပ္ေရာဂါသက္သာ၏။

ပုဇြန္ျဖင္႔ခ်က္စားပါက နွလံုးတုန္၊ရင္တုန္သက္သာ၏။

ငါးသေလာက္ျဖင္႔ခ်က္စားပါက အေဖာေရာဂါကိုသက္သာေစ၏။

ငါးရံျဖင္႔ခ်က္စားပါက အားကိုျဖစ္ေစျပီး အစာမေၾက၀မ္းပ်က္ျခင္းကိုသက္သာေစ၏။

ငါးေျမြထိုးျဖင္႔ခ်က္စားပါက ဒူလာေသြး၀မ္း၊မီးယပ္ေသြး၀မ္း၊လိပ္ေခါင္းေရာဂါေတြကိုသက္သာေစ၏။

ဆိုျပီး ျမန္မာ႔ေဆးက်မ္းေတြမွာ ဓါတ္စာသေဘာအေနနဲ႔ ေရးသားေဖာ္ျပထားတာကို ေတြ႔ရပါတယ္။

Dr သီတာႏြယ္(အမရပူရ)

Unicode Version

အအေးမိချောင်းဆိုးသက်သာစေတဲ့ ကြောင်လှ ျာသီး

ကြောင်လျှာပင်ကို အင်္ဂလိပ်လို Broken Bones Tree,Indian trumpet flower,Kampong စသဖြင့်ခေါ်ပါတယ်။

ရုက္ခဗေဒနာမည်ကတော့ Oroxylum Indicum Vent ဖြစ်ပါတယ်။

ကြောင်လျှာပင်ဟာ အပင်လတ်အမျိုးအစားဖြစ်ပြီး ကြီးထွားနှုန်းမြန်ပါတယ်။

အပင်အမြင့်အနေနဲ့ကတော့ ၈မီတာကနေ ၁၅ မီတာအထိမြင့်တတ်ပါတယ်။အခေါက်ထူကာ မီးခိုးစိမ်းရောင်ရှိပြီး အတွင်းသားအနေနဲ့တော့ အဝါရောင်ရှိပါတယ်။

အရွက်ပုံစံကတော့ ရွက်ရင်းအနည်းငယ်ဝိုင်းပြီး ရွက်ဖျားချွန်ပါတယ်။ရွက်ပေါင်းဖြစ်ပြီး ရွက်ဆိုင်ထွက်ပါတယ်။

နယုန် နဲ့ ဝါဆိုလတွေမှာ ခေါင်းလောင်းပုံစံရှိသော ခရမ်းရောင်အပွင့်များပွင့်တတ်ပါတယ်။

အသီးအနေနဲ့တော့ တွဲလျားကျပြီးသီးသော သီးတောင့်ရှည်အမျိုးအသားဖြစ်ပါတယ်။အသီးပုံစံကပြားပြီး လက်တတောင်ကျော် လောက်ရှည်ကာ အမွှေးနုကလေးတွေရှိပါတယ်။အသီးအတွင်းသားကထူပါတယ်။တန်ဆောင်မုန်းလလောက်မှာအသီးသီးလေ့ရှိပါတယ်။

ကြောင်လျှာပင်ရဲ့အသီး၊အရွက်၊အပွင့် ၃ခုလုံးဟာ အစားအစာဖြစ်လည်းစားလို့ရသလို ဆေးဖက်လည်းဝင်ပြီး ကျန်းမာရေးကိုအထောက်အကူူပြုပါတယ်။

သို့သော် အရသာက ခါးတဲ့အတွက် လူအများစုအနေနဲ့ကတော့ သိပ်စားလေ့မရှိပါ။

ကြောင်လျှာပွင့်နဲ့ကြောင်လျှာရွက်နုကို ရေနွေးနဲ့ဖျောပြီးသုတ်စားလေ့ရှိသလို ငါးပိရည်နဲ့လည်းတို့စားကြပါတယ်။

ကြောင်လျှာပွင့်နဲ့ကြောင်လျှာရွက်နု စားခြင်းဖြင့် လေအားကောင်းစေပြီး နားလေထွက်တာ၊နားပင်းတာ၊အသက်ကြီးလို့နားလေးတာတွေကိုသက်သာစေနိုင်ပါတယ်။

ကြောင်လျှာသီးကိုတော့ မီးဖုတ်ပြီးသော်လည်းကောင်း ပြုတ်ပြီးသော်လည်းကောင်း ငါးပိရည်နဲ့တို့စား၊သုပ်စားကြသလို ေြက်ာစားတာ၊အသားတမျိုးမျိုးနဲ့ရောချက်စားတာ လည်းရှိပါတယ်။

ကြောင်လျှာသီးရဲ့အရသာက ခါးပြီးဖန်ချိုအရသာရှိပါတယ်။

ကြောင်လျှာသီးစားခြင်းဖြင့် ဝမ်းမီးကိုကောင်းစေပြီး အစာကြေလွယ်စေကာ စားချင်သောက်ချင်စိတ်မရှိဘဲ အစားသောက်ပျက်တာကိုသက်သာစေနိုင်ပါတယ်။

နားအူတာကိုလည်းသက်သာပျောက်ကင်းစေနိုင်ပြီး ဆံပင်ကိုလည်းနက်မှောင်စေနိုင်ပါတယ်။

အစာမကြေတာ၊လေသလိပ်ထတာ၊ချောင်းဆိုးတာ၊အအေးမိတာ စတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

ကြောင်လျှာသီးကို ကြက်သားနဲ့ချက်စားပါက ပန်းနာရင်ကျပ်ရောဂါသက်သာ၏။

ပုဇွန်ဖြင့်ချက်စားပါက နှလုံးတုန်၊ရင်တုန်သက်သာ၏။

ငါးသလောက်ဖြင့်ချက်စားပါက အဖောရောဂါကိုသက်သာစေ၏။

ငါးရံဖြင့်ချက်စားပါက အားကိုဖြစ်စေပြီး အစာမကြေဝမ်းပျက်ခြင်းကိုသက်သာစေ၏။

ငါးမြွေထိုးဖြင့်ချက်စားပါက ဒူလာသွေးဝမ်း၊မီးယပ်သွေးဝမ်း၊လိပ်ခေါင်းရောဂါတွေကိုသက်သာစေ၏။

ဆိုပြီး မြန်မာ့ဆေးကျမ်းတွေမှာ ဓါတ်စာသဘောအနေနဲ့ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

Dr သီတာနွယ်(အမရပူရ)