ဝိတ်ကျစေမဲ့ ရွှေဖရုံသီး

ဝိတ္က်ေစမဲ့ ေရႊဖရံုုသီး

တစ္ေန႔တာအတြက္ အစာအာဟာရကို ျပည့္စံုလံုေလာက္ေအာင္ စားသံုးဖို႔ အတြက္ သစ္သီးဝလံ ႏွင့္ သစ္ဥသစ္ဖု တို႔ကိုပါ လိုအပ္သေလာက္ စားသံုးဖို႔ လိုပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ တစ္ခ်ိဳ႔ေသာ ဗီတာမင္ဓာတ္ေတြဟာ သစ္သီးဝလံ သစ္ဥသစ္ဖု နဲ႔ ဟင္းသီးဟင္းရြက္ေတြကို စားမွ ရႏိုင္တဲ့ အတြက္ေၾကာင့္ပါပဲ။

ခႏၶာကိုယ္တြင္းကို ေရာဂါပိုးမႊားေတြ ဝင္ေရာက္လာတဲ့ အခါ ျပန္လည္တိုက္ထုတ္ဖို႔ အတြက္ ကိုယ္ရဲ႔ ခုခံအားစနစ္က အေကာင္းဆံုး ျဖစ္ေနဖို႔လိုပါတယ္။ ခုခံအားစနစ္ကို ပံ႔ပိုးဖို႔ လိုအပ္တဲ့ ဓာတ္တစ္ခ်ိဳ႔ကို အစိမ္းေရာင္ အဝါေရာင္ ရွိတဲ့ ဟင္းသီးဟင္းရြက္ နဲ႔ သစ္သီးဝလံေတြကို စားသံုးျခင္းမွ ရရွိႏိုင္ပါတယ္။

 

အဝါေရာင္ ရွိတဲ့ သစ္သီးသစ္ဥ ေတြထဲမွာ မုန္လာဥနီ ၊ ကန္စြန္းဥ နဲ႔ ေရႊဖရုံသီးေတြ ပါဝင္ပါတယ္။ ဒီေန႔ေတာ့ ဒီလို သစ္သီးသစ္ဥ ေတြထဲက ေရႊဖရုံသီး ရဲ႔ က်န္းမာေရး အတြက္ အက်ိဳးရွိတဲ့ အာနိသင္ တစ္ခ်ိဳ႔ကို ေျပာျပေပးသြားခ်င္ပါတယ္။

 

၁) မ်က္လံုးအားေကာင္းဖို႔ အေထာက္အကူျပဳေပးတယ္။

အစိမ္းေရာင္ ရွိတဲ့ ဟင္းသီးဟင္းရြက္ေတြကို မ်က္လံုးက်န္းမာေရးအတြက္ စားသင့္တယ္လို႔ ေျပာတတ္ၾကပါတယ္။ ထုိနည္းတူစြာပဲ အဝါေရာင္ရွိတဲ့ သစ္သီးသစ္ဥ ေတြဟာလည္း မ်က္လံုးက်န္းမာေရးကို အေထာက္အကူျပဳပါတယ္။

ေရႊဖရုံသီး မွာ မ်က္လံုး က်န္းမာေရးအတြက္ အက်ိဳးျပဳတဲ့ Beta-carotene ေတြ ၾကြယ္ဝစြာ ပါဝင္ပါတယ္။ ဒီ Beta-carotene ေတြဟာ ကိုယ္ထဲမွာ မ်က္လံုးက်န္းမာေရး အတြက္ လိုအပ္တဲ့ ဗီတာမင္ တစ္မ်ိဳးျဖစ္တဲ့ ဗီတာမင္ ေအ ကို ေျပာင္းသြားပါတယ္။

ဗီတာမင္ ေအ ဟာ အျမင္အာရုံေကာင္းဖို႔ကို အားေပးပါတယ္။

ညဘက္ ရုတ္တရက္ ေမွာင္သြားတဲ့ အခါ ခ်က္ခ်င္းမျမင္ရေပမဲ့ ခဏတာၾကာတဲ့ အခါ ပတ္ဝန္းက်င္ကို ျပန္ျမင္သလို ျဖစ္တာမ်ိဳးကို ၾကံဳဖူးၾကပါလိမ့္မယ္။ ဒီလို အေမွာင္ထဲမွာ ျပန္ျမင္လာတဲ့ အျမင္အာရုံ အေျခအေနကို ကိုယ္တြင္းမွာ ဖန္တီးႏိုင္ဖို႔ အတြက္ ဗီတာမင္ ေအ ကို လိုအပ္ပါတယ္။

ဗီတာမင္ ေအ ခ်ိဳ႔တဲ့ခဲ႔ရင္ အေမွာင္မ်ားျပီး အလင္းေရာင္ နည္းတဲ့ အခါမ်ိဳးမွာ မျမင္ရတာမ်ိဳးေတြကို ၾကံဳရပါလိမ့္မယ္။

ဒါ့အျပင္ ဗီတာမင္ ေအ ဟာ ကိုယ္မွာရွိတဲ့  ႏွလံုး အဆုတ္ ေက်ာက္ကပ္ နဲ႔ တစ္ျခားေသာ အဂၤါေတြ က်န္းမာဖို႔ အတြက္လည္း အေထာက္အကူျပဳပါတယ္။

ေရႊဖရုံသီး ကို ဟင္းတစ္ခြက္စာ စားသံုးေပးမယ္ ဆိုရင္ေတာ့ တစ္ေန႔တာ အတြက္ လိုအပ္တဲ့ ဗီတာမင္ ေအ ကို လံုလံုေလာက္ေလာက္ ရႏိုင္မွာပဲ ျဖစ္ပါတယ္။

 

၂)  ကင္ဆာေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလ်ာ့ခ်ေပးႏိုင္တယ္။

ေရႊဖရုံသီးမွာ ကင္ဆာေရာဂါကို ကာကြယ္ေပးႏိုင္တဲ့ antioxidant ေတြ ပါဝင္ပါတယ္။ ေရႊဖရုံသီး စားျခင္းျဖင့္ အဆုတ္ကင္ဆာ ၊ ဆီးက်ိတ္ကင္ဆာ ေတြ ျဖစ္ႏိုင္ေခ်ကို အသင့္အတင့္ ေလ်ာ့ခ်ေပးတဲ့ သဘာဝ ဗီတာမင္ ေအ ကို ရႏိုင္ပါတယ္။

 

၃) ကိုယ္ခံအားစနစ္ ကို အေထာက္အကူျပဳတယ္။

ေရႊဖရုံသီးမွာ ဗီတာမင္ေအ အျပင္ အျခားေသာ ဗီတာမင္ေတြ ျဖစ္တဲ့ ဗီတာမင္ စီ ၊ အီး ၊ သံဓာတ္ နဲ႔ folic acid ေတြလည္း ပါဝင္ပါတယ္။ ဒီဓာတ္ေတြဟာ ကိုယ္ရဲ႔ ခုခံအားစနစ္ကို ျမွင့္တင္ေပးပါတယ္။

ကိုယ္တြင္းကို ပိုးမႊားေတြ ဝင္ေရာက္တဲ့ အခါ ဒါမွမဟုတ္ ဒဏ္ရာ အနာတစ္ရ ျဖစ္တဲ့ အခါ ျမန္ျမန္ျပန္ေကာင္းဖို႔ အတြက္ ဒီဓာတ္ေတြဟာ ကူညီေပးမွာပဲ ျဖစ္ပါတယ္။

 

၄) ကိုယ္အေလးခ်ိန္ ေလ်ာ့ဖို႔ အတြက္ ကူညီေပးနိုင္ပါတယ္။

အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ေတြလိုပဲ ေရႊဖရုံသီးဟာလည္း အမွ်င္ဓာတ္ ေတြ ၾကြယ္ၾကြယ္ဝဝ ပါဝင္ပါတယ္။ ဒါ့အျပင္ ကယ္လိုရီ ပါဝင္မႈနည္းတဲ့ အတြက္ ခႏၶာကိုယ္ အေလးခ်ိန္ တက္တာကို ထိန္းသိမ္းေပးႏိုင္ပါတယ္။

ဗိုက္လည္းျပည့္ က်န္းမာေရး နဲ႔ ညီညြတ္ဖို႔ အတြက္ စားဖို႔ သင့္ေတာ္တဲ့ အစားအသာက္တစ္ခု ျဖစ္ပါတယ္။

တစ္ခုသတိထားရမွာကေတာ့ ေရႊဖရုံသီးစားတာ ေကာင္းတယ္ဆိုေပမဲ့ ဒါကို ဆီေတြ အမ်ားၾကီးသံုးျပီး ခ်က္မစားမိဖို႔ေတာ့ လိုပါလိမ့္မယ္။ Hot pot စားသလုိ ျပဳတ္ျပီးစားမယ္ဆိုရင္ေတာ့ ကိုယ္အေလးခ်ိန္ ထိန္းသိမ္းတဲ့ ေနရာမွာ ပို အက်ိဳးရွိပါလိမ့္မယ္။

 

ေရႊဖရုံသီးကို စားျခင္းျဖင့္ အေပၚက ေဖာ္ျပသြားခဲ့တဲ့ က်န္းမာေရးအက်ိဳးအာနိသင္ေတြ အျပင္ တစ္ျခား အက်ိဳးမ်ားစြာလည္း ရႏိုင္ပါတယ္။

ဒါေၾကာင့္ ေရႊဖရုံသီး ဟင္းတစ္မည္ကို တစ္ေန႔တာ စားသံုးသင့္သေလာက္ စားေပးမယ္ဆိုရင္ေတာ့ က်န္းမာေရးကို အေထာက္အကူျပဳမွာ ပဲ ျဖစ္ပါတယ္။

Dr.ေမႊး

Unicode Version

ဝိတ်ကျစေမဲ့ ရွှေဖရုံသီး
တစ်နေ့တာအတွက် အစာအာဟာရကို ပြည့်စုံလုံလောက်အောင် စားသုံးဖို့ အတွက် သစ်သီးဝလံ နှင့် သစ်ဥသစ်ဖု တို့ကိုပါ လိုအပ်သလောက် စားသုံးဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ချို့သော ဗီတာမင်ဓာတ်တွေဟာ သစ်သီးဝလံ သစ်ဥသစ်ဖု နဲ့ ဟင်းသီးဟင်းရွက်တွေကို စားမှ ရနိုင်တဲ့ အတွက်ကြောင့်ပါပဲ။

ခန္ဓာကိုယ်တွင်းကို ရောဂါပိုးမွှားတွေ ဝင်ရောက်လာတဲ့ အခါ ပြန်လည်တိုက်ထုတ်ဖို့ အတွက် ကိုယ်ရဲ့ ခုခံအားစနစ်က အကောင်းဆုံး ဖြစ်နေဖို့လိုပါတယ်။ ခုခံအားစနစ်ကို ပံ့ပိုးဖို့ လိုအပ်တဲ့ ဓာတ်တစ်ချို့ကို အစိမ်းရောင် အဝါရောင် ရှိတဲ့ ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံတွေကို စားသုံးခြင်းမှ ရရှိနိုင်ပါတယ်။

အဝါရောင် ရှိတဲ့ သစ်သီးသစ်ဥ တွေထဲမှာ မုန်လာဥနီ ၊ ကန်စွန်းဥ နဲ့ ရွှေဖရုံသီးတွေ ပါဝင်ပါတယ်။ ဒီနေ့တော့ ဒီလို သစ်သီးသစ်ဥ တွေထဲက ရွှေဖရုံသီး ရဲ့ ကျန်းမာရေး အတွက် အကျိုးရှိတဲ့ အာနိသင် တစ်ချို့ကို ပြောပြပေးသွားချင်ပါတယ်။

၁) မျက်လုံးအားကောင်းဖို့ အထောက်အကူပြုပေးတယ်။

အစိမ်းရောင် ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို မျက်လုံးကျန်းမာရေးအတွက် စားသင့်တယ်လို့ ပြောတတ်ကြပါတယ်။ ထိုနည်းတူစွာပဲ အဝါရောင်ရှိတဲ့ သစ်သီးသစ်ဥ တွေဟာလည်း မျက်လုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ရွှေဖရုံသီး မှာ မျက်လုံး ကျန်းမာရေးအတွက် အကျိုးပြုတဲ့ Beta-carotene တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီ Beta-carotene တွေဟာ ကိုယ်ထဲမှာ မျက်လုံးကျန်းမာရေး အတွက် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် အေ ကို ပြောင်းသွားပါတယ်။

ဗီတာမင် အေ ဟာ အမြင်အာရုံကောင်းဖို့ကို အားပေးပါတယ်။

ညဘက် ရုတ်တရက် မှောင်သွားတဲ့ အခါ ချက်ချင်းမမြင်ရပေမဲ့ ခဏတာကြာတဲ့ အခါ ပတ်ဝန်းကျင်ကို ပြန်မြင်သလို ဖြစ်တာမျိုးကို ကြုံဖူးကြပါလိမ့်မယ်။ ဒီလို အမှောင်ထဲမှာ ပြန်မြင်လာတဲ့ အမြင်အာရုံ အခြေအနေကို ကိုယ်တွင်းမှာ ဖန်တီးနိုင်ဖို့ အတွက် ဗီတာမင် အေ ကို လိုအပ်ပါတယ်။

ဗီတာမင် အေ ချို့တဲ့ခဲ့ရင် အမှောင်များပြီး အလင်းရောင် နည်းတဲ့ အခါမျိုးမှာ မမြင်ရတာမျိုးတွေကို ကြုံရပါလိမ့်မယ်။

ဒါ့အပြင် ဗီတာမင် အေ ဟာ ကိုယ်မှာရှိတဲ့  နှလုံး အဆုတ် ကျောက်ကပ် နဲ့ တစ်ခြားသော အင်္ဂါတွေ ကျန်းမာဖို့ အတွက်လည်း အထောက်အကူပြုပါတယ်။

ရွှေဖရုံသီး ကို ဟင်းတစ်ခွက်စာ စားသုံးပေးမယ် ဆိုရင်တော့ တစ်နေ့တာ အတွက် လိုအပ်တဲ့ ဗီတာမင် အေ ကို လုံလုံလောက်လောက် ရနိုင်မှာပဲ ဖြစ်ပါတယ်။

၂)  ကင်ဆာရောဂါ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်တယ်။

ရွှေဖရုံသီးမှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ antioxidant တွေ ပါဝင်ပါတယ်။ ရွှေဖရုံသီး စားခြင်းဖြင့် အဆုတ်ကင်ဆာ ၊ ဆီးကျိတ်ကင်ဆာ တွေ ဖြစ်နိုင်ချေကို အသင့်အတင့် လျော့ချပေးတဲ့ သဘာဝ ဗီတာမင် အေ ကို ရနိုင်ပါတယ်။

၃) ကိုယ်ခံအားစနစ် ကို အထောက်အကူပြုတယ်။

ရွှေဖရုံသီးမှာ ဗီတာမင်အေ အပြင် အခြားသော ဗီတာမင်တွေ ဖြစ်တဲ့ ဗီတာမင် စီ ၊ အီး ၊ သံဓာတ် နဲ့ folic acid တွေလည်း ပါဝင်ပါတယ်။ ဒီဓာတ်တွေဟာ ကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

ကိုယ်တွင်းကို ပိုးမွှားတွေ ဝင်ရောက်တဲ့ အခါ ဒါမှမဟုတ် ဒဏ်ရာ အနာတစ်ရ ဖြစ်တဲ့ အခါ မြန်မြန်ပြန်ကောင်းဖို့ အတွက် ဒီဓာတ်တွေဟာ ကူညီပေးမှာပဲ ဖြစ်ပါတယ်။

၄) ကိုယ်အလေးချိန် လျော့ဖို့ အတွက် ကူညီပေးနိုင်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေလိုပဲ ရွှေဖရုံသီးဟာလည်း အမျှင်ဓာတ် တွေ ကြွယ်ကြွယ်ဝဝ ပါဝင်ပါတယ်။ ဒါ့အပြင် ကယ်လိုရီ ပါဝင်မှုနည်းတဲ့ အတွက် ခန္ဓာကိုယ် အလေးချိန် တက်တာကို ထိန်းသိမ်းပေးနိုင်ပါတယ်။

ဗိုက်လည်းပြည့် ကျန်းမာရေး နဲ့ ညီညွတ်ဖို့ အတွက် စားဖို့ သင့်တော်တဲ့ အစားအသာက်တစ်ခု ဖြစ်ပါတယ်။

တစ်ခုသတိထားရမှာကတော့ ရွှေဖရုံသီးစားတာ ကောင်းတယ်ဆိုပေမဲ့ ဒါကို ဆီတွေ အများကြီးသုံးပြီး ချက်မစားမိဖို့တော့ လိုပါလိမ့်မယ်။ Hot pot စားသလို ပြုတ်ပြီးစားမယ်ဆိုရင်တော့ ကိုယ်အလေးချိန် ထိန်းသိမ်းတဲ့ နေရာမှာ ပို အကျိုးရှိပါလိမ့်မယ်။

ရွှေဖရုံသီးကို စားခြင်းဖြင့် အပေါ်က ဖော်ပြသွားခဲ့တဲ့ ကျန်းမာရေးအကျိုးအာနိသင်တွေ အပြင် တစ်ခြား အကျိုးများစွာလည်း ရနိုင်ပါတယ်။

ဒါကြောင့် ရွှေဖရုံသီး ဟင်းတစ်မည်ကို တစ်နေ့တာ စားသုံးသင့်သလောက် စားပေးမယ်ဆိုရင်တော့ ကျန်းမာရေးကို အထောက်အကူပြုမှာ ပဲ ဖြစ်ပါတယ်။

Dr.မွှေး