အမူးအမော်ပြေတဲ့ ချင်း ( ဂျင်း )

အမူးအေမာ္ေျပတဲ့ ခ်င္း ( ဂ်င္း )

ဂ်င္းကို အဂၤလိပ္လို Ginger လို႔ေခၚပါတယ္။သူ႔ရဲ႕ ရုကၡေဗဒနာမည္ကေတာ႔ Zingiber officinale Rosc. ျဖစ္ျပီး မ်ိဳးရင္းကေတာ႔ Zingiberaceae ျဖစ္ပါတယ္။

ဂ်င္းပင္ဟာ နွစ္ရွည္ခံပင္ေပ်ာ႔ပင္အမ်ိဳးအစားျဖစ္ျပီး ေျမေအာက္ပင္စည္မ်ိဳးျဖစ္ပါတယ္။ဂ်င္းပင္ရဲ႕ အရြက္ပံုစံက ရွည္ေမ်ာေမ်ာ လွံစြပ္ပံုစံရွိကာ ထိပ္ခ်ြန္ပါတယ္။အျဖဴေရာင္ သို႔မဟုတ္ စိမ္း၀ါေရာင္ပန္းပြင္႔မ်ားပြင္႔ပါတယ္။

အသံုး၀င္အစိတ္အပိုင္းကေတာ႔ ေျမေအာက္ပင္စည္အစိတ္အပိုင္းျဖစ္တဲ႔ ဂ်င္းတက္ျဖစ္ပါတယ္။

ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံက မီးဖိုေခ်ာင္အေတာ္မ်ားမ်ားမွာ ဂ်င္း၊ၾကက္သြန္ဟာ အျမဲတမ္းနီးပါးမျပတ္တမ္း ရွိေနေလ႔ရွိတဲ႔ အရာေတြပါ။

ဂ်င္းတက္ကို အခြံခြာ၊သင္႔ေတာ္သေလာက္လွီးျဖတ္ျပီး အိႏၵိယ နဲ႔ အာရွ ဟင္းလ်ာအေတာ္မ်ားမ်ားမွာ ဟင္းခတ္ပစၥည္းအေနနဲ႔ထည္႔သံုးေလ႔ရွိပါတယ္။

ဂ်င္းကိုပါးပါးမွ်င္မွ်င္ေလးေတြျဖစ္ေအာင္လုပ္ျပီး အခ်ဥ္ရည္ထဲထည္႔စားတာ အေၾကာ္စံု၊ခရမ္းခ်င္း၊ေဂၚဖီတို႔နဲ႔ေရာကာ ဂ်င္းသုပ္အေနနဲ႔သုပ္စားတာမ်ိဳးေတြလည္းရွိပါတယ္။

ဂ်င္းမွာ Gingerol,Volatile Oil,Zingiberene,Oleoresin စတဲ႔ေဆးဖက္၀င္ဓါတ္ေတြမ်ားစြာပါျပီး က်န္းမာေရးကိုအက်ိဳးျပဳနိုင္တဲ႔အတြက္ ဂ်င္းကိုဟင္းခတ္အေမႊးအၾကိဳင္အျဖစ္၊စားစရာအျဖစ္သံုးရံုမက ေဆး၀ါးေဖာ္စပ္ရာမွာလည္းထည္႔သံုးေလ႔ရွိပါတယ္။

အထူးသျဖင္႔ ၀မ္းမီးေတာက္ေဆး၊ေလနိုင္ေဆး၊အေအးမိေခ်ာင္းဆိုးေပ်ာက္ေဆးစတဲ႔ တိုင္းရင္းေဆးေတြေဖာ္စပ္ရာမွာထည္႔သြင္းသံုးေလ႔ရွိပါတယ္။

ဂ်င္းစားျခင္းျဖင္႔ရနိုင္တဲ႔အက်ိဳးေက်းဇူးေတြကေတာ႔ေအာက္ပါအတုိငး္ျဖစ္ပါတယ္။

၁။မူးေမာ္ပ်ိဳ႕အန္ျခင္းမ်ားကိုသက္သာေစျခင္း

ေန႔စဥ္ဂ်င္း ၁ ဂရမ္စားေပးပါက မူးေမာ္ပ်ိဳ႕အန္ျခင္းမ်ားမျဖစ္ေအာင္ကာကြယ္နိုင္ပါတယ္။

ကားမူးတတ္၊လႈိင္းမူးတတ္၊ေလယာဥ္မူးတတ္သူမ်ားအေနနဲ႔ဆိုရင္ လည္းကား၊သေဘာၤ၊ေလယာဥ္မစီးမီ ဂ်င္းစားထားေပးပါက မူးေမာ္ပ်ိဳ႕အန္ျခင္းျဖစ္နိုင္ေျခကိုေလ်ာ႔နည္းေစပါတယ္။

ကိုယ္၀န္ေဆာင္မိခင္မ်ားအေနနဲ႔ ကိုယ္၀န္ေဆာင္ပထမသံုးလအတြင္းျဖစ္တတ္ေသာပ်ိဳ႕အန္ျခင္းမ်ားကို ဂ်င္းစားေပးျခင္းျဖင္႔ သက္သာေလ်ာ႔ပါးေစနိုင္ပါတယ္။

ကင္ဆာေရာဂါသည္မ်ားအေနနဲ႔လည္းကင္ဆာေဆးသြင္းကုသမႈ၊ဓါတ္ေရာင္ျခည္ကုသမႈခံယူတဲ႔အခါျဖစ္တတ္တဲ႔ ပ်ိဳ႔အန္ျခင္းမ်ားကိုသက္သာေအာင္ ဂ်င္းကိုစားေပးတာ၊ပါးပါးလွီးျပီး ေရေႏြးနဲ႔ေရာကာ ဂ်င္းေရေႏြးၾကမ္းအျဖစ္လုပ္ေသာက္တာမ်ိဳးေတြလုပ္နိုင္ပါတယ္။

၂။ကိုယ္ခံစြမ္းအားကိုျမွင္႔တင္ေပးနိုင္ျခင္း

ဂ်င္းဟာ ကိုယ္တြင္းအပူဓါတ္ကိုအားေကာင္းေစျပီး ကိုယ္ခံစြမ္းအားကိုျမင္႔တက္ေစတဲ႔အာနိသင္ရွိပါတယ္။

ဂ်င္းျပဳတ္ရည္ေသာက္ျခင္း သို႔မဟုတ္ ဂ်င္းကို အျပားေလးေတြအျဖစ္ပါးပါးလွီးျပီးေရေႏြးနဲ႔ေရာေသာက္ျခင္းျဖင္႔ ရာသီအကူးအေျပာင္း စပ္ကူးမတ္ကူးကာလေတြမွာ ေခ်ာင္းဆိုးနွာေစးအေအးမိတာေတြမျဖစ္ေအာင္ၾကိဳတင္ကာကြယ္နိုင္သလို ေခ်ာင္းဆိုးနွာေစးအေအးမိတာေတြျဖစ္ခဲ႔ရင္လည္း ဂ်င္းျပဳတ္ရည္ေသာက္ျခင္း သို႔မဟုတ္ ဂ်င္းကို အျပားေလးေတြအျဖစ္ပါးပါးလွီးျပီးေရေႏြးနဲ႔ေရာေသာက္ျခင္းျဖင္႔ သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။

၃။အစာေခ်စနစ္ကိုေကာင္းမြန္ေစျခင္း

အစာမေၾက၊ရင္ျပည္႔ရင္ကယ္ျဖစ္တယ္ဆိုတာဟာ အစာအိမ္ထဲကအစာေတြအူထဲေရာက္သြားဖို႔ၾကာခ်ိန္(Gastric emptying time)က လိုအပ္တာထက္ပိုၾကာေနလို႔ျဖစ္နိုင္ပါတယ္။

ဂ်င္းဟာ တံေတြးနဲ႔သည္းေျခရည္ကိုပိုမ်ားမ်ားထြက္ေစျပီး အစာေျခလမ္းေၾကာင္းလႈပ္ရွားမႈကိုလည္းျမန္ေစကာ အစာအိမ္ထဲကအစာေတြအူထဲျမန္ျမန္ေရာက္ေစပါတယ္။

ဒါေၾကာင္႔ ဂ်င္းစားျခင္းျဖင္႔ အစာမေၾကတာ၊ရင္ျပည္႔ရင္ကယ္မအီမသာေတြမျဖစ္ေအာင္ကာကြယ္ေပးနိုင္ပါတယ္။

ဒါ႔အျပင္ ဂ်င္းမွာပါတဲ႔အမွ်င္ဓါတ္ကလည္း ၀မ္းခ်ဳပ္ျခင္းမျဖစ္ဘဲ၀မ္းမွန္ေစကာ အူမၾကီးကင္ဆာျဖစ္ပြားနိုင္ေျခကိုေလ်ာ႔နည္းေစပါတယ္။

၄။အရိုးအဆစ္ေရာင္ရမ္းကိုက္ခဲမႈေတြကိုသက္သာေစနိုင္ျခင္း

ဒူးဆစ္ေရာင္ရမ္းနာက်င္တဲ႔လူအေယာက္နွစ္ရာေက်ာ္ကိုေလ႔လာထားတဲ႔သုေတသနတခုအရ ဂ်င္းစားေပးျခင္းျဖင္႔ ဒူးဆစ္ေရာင္ရမ္းနာက်င္တာသက္သာျပီး အကိုက္အခဲေပ်ာက္ေဆးေတြေသာက္ရတာလည္းေလ်ာ႔က်လာေၾကာင္းေတြ႕ရွိရပါတယ္။

ဒါ႔အျပင္ ဂ်င္းကို နွမ္းဆီ၊သစ္ဂ်ပိုးေခါက္တို႔ကိုေရာစပ္ျပီး အရိုးအဆစ္ေရာင္ရမ္းတဲ႔ေနရာေပၚကိုလိမ္းေဆးအေနနဲ႔လိမ္းေပးပါကလည္းကိုက္ခဲနာက်င္မႈကိုေလ်ာ႔ပါးေစနိုင္ေၾကာင္းသိရပါတယ္။

၅။ရာသီလာခါနီး နဲ႔ လာေနစဥ္မွာျဖစ္တတ္တဲ႔ကိုက္ခဲနာက်င္မႈကိုသက္သာေစျခင္း

ရာသီစလာတဲ႔ရက္ကေနသံုးရက္ေျမွာက္တဲ႔ေန႕ထိ တေန႔ကို ဂ်င္း ၁ ဂရမ္ စားေပးပါက ရာသီလာေနစဥ္မွာျဖစ္တတ္တဲ႔ကိုက္ခဲနာက်င္မႈေတြကိုေလ်ာ႔ပါးသက္သာေစနိုင္ေၾကာင္း သုေတသနေတြအရသိရပါတယ္။

၆။နွလံုးေရာဂါ၊ဆီးခ်ိဳေရာဂါျဖစ္ပြားနိုင္ေျခကိုေလ်ာ႔နည္းေစျခင္း

ဂ်င္းပံုမွန္စားသံုးျခင္းျဖင္႔ ေသြးတြင္းအဆီဓါတ္(ကိုလက္စေထေရာဓါတ္)ကို ေလ်ာ႔နည္းေစျပီး၊ေသြးခဲျဖစ္ျခင္းကိုလည္း ေလ်ာ႔နည္းေစနိုင္တာေၾကာင္႔ နွလံုးေသြးေၾကာက်ဥ္းေရာဂါျဖစ္ပြားနိုင္ေျခကိုေလ်ာ႔က်ေစပါတယ္။

ဒါ႔အျပင္ေသြးတြင္းသၾကားဓါတ္ကိုလည္း ထိန္းညိွေပးနိုင္တာေၾကာင္႔ ဆီးခ်ိဳေရာဂါျဖစ္ပြားနိုင္ေျခကိုလည္း ေလ်ာ႔နည္းေစနိုင္ပါတယ္။

Dr 528

Unicode Version

အမူးအမော်ပြေတဲ့ ချင်း ( ဂျင်း )

ဂျင်းကို အင်္ဂလိပ်လို Ginger လို့ခေါ်ပါတယ်။သူ့ရဲ့ ရုက္ခဗေဒနာမည်ကတော့ Zingiber officinale Rosc. ဖြစ်ပြီး မျိုးရင်းကတော့ Zingiberaceae ဖြစ်ပါတယ်။

ဂျင်းပင်ဟာ နှစ်ရှည်ခံပင်ပျော့ပင်အမျိုးအစားဖြစ်ပြီး မြေအောက်ပင်စည်မျိုးဖြစ်ပါတယ်။ဂျင်းပင်ရဲ့ အရွက်ပုံစံက ရှည်မျောမျော လှံစွပ်ပုံစံရှိကာ ထိပ်ချွန်ပါတယ်။အဖြူရောင် သို့မဟုတ် စိမ်းဝါရောင်ပန်းပွင့်များပွင့်ပါတယ်။

အသုံးဝင်အစိတ်အပိုင်းကတော့ မြေအောက်ပင်စည်အစိတ်အပိုင်းဖြစ်တဲ့ ဂျင်းတက်ဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံက မီးဖိုချောင်အတော်များများမှာ ဂျင်း၊ကြက်သွန်ဟာ အမြဲတမ်းနီးပါးမပြတ်တမ်း ရှိနေလေ့ရှိတဲ့ အရာတွေပါ။

ဂျင်းတက်ကို အခွံခွာ၊သင့်တော်သလောက်လှီးဖြတ်ပြီး အိန္ဒိယ နဲ့ အာရှ ဟင်းလျာအတော်များများမှာ ဟင်းခတ်ပစ္စည်းအနေနဲ့ထည့်သုံးလေ့ရှိပါတယ်။

ဂျင်းကိုပါးပါးမျှင်မျှင်လေးတွေဖြစ်အောင်လုပ်ပြီး အချဉ်ရည်ထဲထည့်စားတာ အကြော်စုံ၊ခရမ်းချင်း၊ဂေါ်ဖီတို့နဲ့ရောကာ ဂျင်းသုပ်အနေနဲ့သုပ်စားတာမျိုးတွေလည်းရှိပါတယ်။

ဂျင်းမှာ Gingerol,Volatile Oil,Zingiberene,Oleoresin စတဲ့ဆေးဖက်ဝင်ဓါတ်တွေများစွာပါပြီး ကျန်းမာရေးကိုအကျိုးပြုနိုင်တဲ့အတွက် ဂျင်းကိုဟင်းခတ်အမွှေးအကြိုင်အဖြစ်၊စားစရာအဖြစ်သုံးရုံမက ဆေးဝါးဖော်စပ်ရာမှာလည်းထည့်သုံးလေ့ရှိပါတယ်။

အထူးသဖြင့် ဝမ်းမီးတောက်ဆေး၊လေနိုင်ဆေး၊အအေးမိချောင်းဆိုးပျောက်ဆေးစတဲ့ တိုင်းရင်းဆေးတွေဖော်စပ်ရာမှာထည့်သွင်းသုံးလေ့ရှိပါတယ်။

ဂျင်းစားခြင်းဖြင့်ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။မူးမော်ပျို့အန်ခြင်းများကိုသက်သာစေခြင်း

နေ့စဉ်ဂျင်း ၁ ဂရမ်စားပေးပါက မူးမော်ပျို့အန်ခြင်းများမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

ကားမူးတတ်၊လှိုင်းမူးတတ်၊လေယာဉ်မူးတတ်သူများအနေနဲ့ဆိုရင် လည်းကား၊သဘောၤ၊လေယာဉ်မစီးမီ ဂျင်းစားထားပေးပါက မူးမော်ပျို့အန်ခြင်းဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုယ်ဝန်ဆောင်ပထမသုံးလအတွင်းဖြစ်တတ်သောပျို့အန်ခြင်းများကို ဂျင်းစားပေးခြင်းဖြင့် သက်သာလျော့ပါးစေနိုင်ပါတယ်။

ကင်ဆာရောဂါသည်များအနေနဲ့လည်းကင်ဆာဆေးသွင်းကုသမှု၊ဓါတ်ရောင်ခြည်ကုသမှုခံယူတဲ့အခါဖြစ်တတ်တဲ့ ပျို့အန်ခြင်းများကိုသက်သာအောင် ဂျင်းကိုစားပေးတာ၊ပါးပါးလှီးပြီး ရေနွေးနဲ့ရောကာ ဂျင်းရေနွေးကြမ်းအဖြစ်လုပ်သောက်တာမျိုးတွေလုပ်နိုင်ပါတယ်။

၂။ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ခြင်း

ဂျင်းဟာ ကိုယ်တွင်းအပူဓါတ်ကိုအားကောင်းစေပြီး ကိုယ်ခံစွမ်းအားကိုမြင့်တက်စေတဲ့အာနိသင်ရှိပါတယ်။

ဂျင်းပြုတ်ရည်သောက်ခြင်း သို့မဟုတ် ဂျင်းကို အပြားလေးတွေအဖြစ်ပါးပါးလှီးပြီးရေနွေးနဲ့ရောသောက်ခြင်းဖြင့် ရာသီအကူးအပြောင်း စပ်ကူးမတ်ကူးကာလတွေမှာ ချောင်းဆိုးနှာစေးအအေးမိတာတွေမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်သလို ချောင်းဆိုးနှာစေးအအေးမိတာတွေဖြစ်ခဲ့ရင်လည်း ဂျင်းပြုတ်ရည်သောက်ခြင်း သို့မဟုတ် ဂျင်းကို အပြားလေးတွေအဖြစ်ပါးပါးလှီးပြီးရေနွေးနဲ့ရောသောက်ခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၃။အစာချေစနစ်ကိုကောင်းမွန်စေခြင်း

အစာမကြေ၊ရင်ပြည့်ရင်ကယ်ဖြစ်တယ်ဆိုတာဟာ အစာအိမ်ထဲကအစာတွေအူထဲရောက်သွားဖို့ကြာချိန်(Gastric emptying time)က လိုအပ်တာထက်ပိုကြာနေလို့ဖြစ်နိုင်ပါတယ်။

ဂျင်းဟာ တံတွေးနဲ့သည်းခြေရည်ကိုပိုများများထွက်စေပြီး အစာခြေလမ်းကြောင်းလှုပ်ရှားမှုကိုလည်းမြန်စေကာ အစာအိမ်ထဲကအစာတွေအူထဲမြန်မြန်ရောက်စေပါတယ်။

ဒါကြောင့် ဂျင်းစားခြင်းဖြင့် အစာမကြေတာ၊ရင်ပြည့်ရင်ကယ်မအီမသာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ဂျင်းမှာပါတဲ့အမျှင်ဓါတ်ကလည်း ဝမ်းချုပ်ခြင်းမဖြစ်ဘဲဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေပါတယ်။

၄။အရိုးအဆစ်ရောင်ရမ်းကိုက်ခဲမှုတွေကိုသက်သာစေနိုင်ခြင်း

ဒူးဆစ်ရောင်ရမ်းနာကျင်တဲ့လူအယောက်နှစ်ရာကျော်ကိုလေ့လာထားတဲ့သုတေသနတခုအရ ဂျင်းစားပေးခြင်းဖြင့် ဒူးဆစ်ရောင်ရမ်းနာကျင်တာသက်သာပြီး အကိုက်အခဲပျောက်ဆေးတွေသောက်ရတာလည်းလျော့ကျလာကြောင်းတွေ့ရှိရပါတယ်။

ဒါ့အပြင် ဂျင်းကို နှမ်းဆီ၊သစ်ဂျပိုးခေါက်တို့ကိုရောစပ်ပြီး အရိုးအဆစ်ရောင်ရမ်းတဲ့နေရာပေါ်ကိုလိမ်းဆေးအနေနဲ့လိမ်းပေးပါကလည်းကိုက်ခဲနာကျင်မှုကိုလျော့ပါးစေနိုင်ကြောင်းသိရပါတယ်။

၅။ရာသီလာခါနီး နဲ့ လာနေစဉ်မှာဖြစ်တတ်တဲ့ကိုက်ခဲနာကျင်မှုကိုသက်သာစေခြင်း

ရာသီစလာတဲ့ရက်ကနေသုံးရက်မြှောက်တဲ့နေ့ထိ တနေ့ကို ဂျင်း ၁ ဂရမ် စားပေးပါက ရာသီလာနေစဉ်မှာဖြစ်တတ်တဲ့ကိုက်ခဲနာကျင်မှုတွေကိုလျော့ပါးသက်သာစေနိုင်ကြောင်း သုတေသနတွေအရသိရပါတယ်။

၆။နှလုံးရောဂါ၊ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေခြင်း

ဂျင်းပုံမှန်စားသုံးခြင်းဖြင့် သွေးတွင်းအဆီဓါတ်(ကိုလက်စထေရောဓါတ်)ကို လျော့နည်းစေပြီး၊သွေးခဲဖြစ်ခြင်းကိုလည်း လျော့နည်းစေနိုင်တာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်ခြေကိုလျော့ကျစေပါတယ်။

ဒါ့အပြင်သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေနိုင်ပါတယ်။

Dr 528