အသက်ရှင်နိုင်ချေနည်းတဲ့ အဆုပ်ကင်ဆာမဖြစ်စေဖို့

အသက္ရွင္ႏိုင္ေခ်နည္းတဲ့ အဆုပ္ကင္ဆာမျဖစ္ေစဖို႔

အဆုတ္ကင္ဆာက ကုရခက္ေနတဲ့ ကင္ဆာေရာဂါေတြထဲကတစ္ခုပါ အမ်ိဳးသားေတြမွာ အျဖစ္မ်ားဆုံးကင္ဆာလည္းဟုတ္ပါတယ္။ အမ်ိဳးသမီးတစ္ခ်ိဳ႕မွာလည္းျဖစ္ႏိုင္ပါတယ္ အသက္အပိုင္းအျခားအရေတာ့ အသက္ ေလးဆယ့္ငါးေနာက္ပိုင္းေတြမွာ ပိုျဖစ္ႏိုင္ပါတယ္။
အဆုတ္ကင္ဆာကို အဓိက ျဖစ္ေစတဲ့အေၾကာင္းကေတာ့ ေဆးလိပ္ေသာက္ျခင္းပါပဲ လူတစ္ေယာက္ တစ္ေန႔ကို စီးကရက္ ၁၀လိပ္ကေန ၂၀ေလာက္အထိ ႏွစ္ေပါင္းမ်ားစြာေသာက္ေနၿပီဆိုရင္တစ္ခ်ိန္မွာ အဆုတ္ကင္ဆာျဖစ္မွာ ေၾကာက္ရပါတယ္။ ေဆးလိပ္ေငြ႕ကိုတစ္ဆင့္ခံေနရတဲ့သူေတြလည္း ေဆးလိပ္ေသာက္တဲ့သူေတြလိုပဲ ကင္ဆာျဖစ္ႏိုင္ေခ်ရွိပါတယ္။

အဆုတ္ကင္ဆာျဖစ္ေစႏိုင္တဲ့ တစ္ျခားအေၾကာင္းေတြကေတာ့ အာဆင္းနစ္ဓာတ္ေတြ ခ႐ိုမီယမ္ဓာတ္ေတြ မ်ားတဲ့ေနရာေတြမွာ အလုပ္လုပ္ေနရတဲ့သူေတြ ဥပမာအားျဖင့္ မိုင္းတြင္း သတၱဳတြင္းေတြ ဆားကစ္ျပားေတြနဲ႔ အလုပ္လုပ္ရတဲ့သူေတြ မွာျဖစ္ႏိုင္ပါတယ္ ဓာတ္ေရာင္ျခည္နဲ႔ ထိေတြ႕မႈမ်ားတယ္ဆိုလည္း ျဖစ္ႏိုင္ပါတယ္။ အဆုတ္ကင္ဆာမွာ အမ်ိဳးအစားခြဲေတြရွိပါတယ္ အမ်ိဳးအစားေပၚမူတည္ၿပီး ေဆးကုပုံကြာတတ္ပါတယ္ အမ်ိဳးအစားခြဲဖို႔ကေတာ့ ကင္ဆာျဖစ္ေနတဲ့ အစိတ္အပိုင္းကိုအသားစယူမွ ခြဲျခားေပးလို႔ရတာပါ။အဆုတ္ကင္ဆာျဖစ္ၿပီဆိုရင္ အမ်ားစုမွာ ေခ်ာင္းဆိုးၾကာရွည္တတ္ပါတယ္ ေခ်ာင္းဆိုးတိုင္းေသြးပါမယ္ေတာ့မဟုတ္ဘူး ေသြးပါတာရွိသလို မပါတာလည္းျဖစ္ႏိုင္တယ္ ေမာလာတတ္တယ္ ရင္ဘတ္ေအာင့္လာတတ္ပါတယ္ ကင္ဆာတို႔ရဲ႕ ထုံးစံအတိုင္း တစ္ျဖည္းျဖည္းခ်င္း အစားအေသာက္ပ်က္လာတယ္ အစားစားခ်င္စိတ္ေပ်ာက္လာပါတယ္ ကိုယ္အေလးခ်ိန္လည္း တစ္ျဖည္းျဖည္းသိသိသာသာ က်လာတတ္ပါတယ္။

ေမာတာကလည္း တစ္ျဖည္းျဖည္းပိုၿပီးသိသာလာပါတယ္။ ေမာတာကိုၾကည့္ၿပီး ေရာဂါကိုလည္း အတိမ္အနက္ ေျပာလို႔ရပါတယ္။ စစပိုင္းမွာေတာ့ ခပ္ၾကာၾကာလႈပ္ရွားမွေမာတာကေန ေနာက္ပိုင္း နည္းနည္းေလးလႈပ္႐ုံေမာလာတတ္တယ္ နားလိုက္ရင္သက္သာေနရာကေန နားတာေတာင္မသက္သာတာအထိ ျဖစ္လာတတ္ပါတယ္။ တစ္ခ်ိဳ႕ေတြက်ေတာ့ ေျခလက္ေတြနာက်င္တတ္တာကေနစျဖစ္တယ္ တစ္ခ်ိဳ႕က်ေတာ့လည္း ႂကြက္သားေတြလႈပ္ရွားမေကာင္းဘဲ အားနည္းေနတာမ်ိဳးကေန စစ္ၾကည့္ရင္းမွ ေတြ႕တတ္တယ္ ။ အဆုတ္ကင္ဆာေၾကာင့္ အဆုတ္မွာ အက်ိတ္ေတြလည္းျဖစ္တတ္တယ္ တစ္ခ်ိဳ႕ေတြက်ေတာ့ အဆုတ္မွာခဲေနတတ္တယ္။ တစ္ခ်ိဳ႕က်ေတာ့ အဆုတ္ကိုေရဝိုင္းေနတတ္တယ္ တစ္ခ်ိဳ႕က်ေတာ့ အဆုတ္ေတြ တစ္ျဖည္းျဖည္းက်ဳံ႔လာတတ္တယ္။

အဆုတ္ကင္ဆာက စျဖစ္ျဖစ္ခ်င္းမွာ ေရာဂါလကၡဏာ သိပ္မျပတတ္တာေတြျဖစ္တတ္ေတာ့ အဆုတ္ကင္ဆာလို႔ သိလိုက္တဲ့ အခ်ိန္မွာ အဆင့္မ်ားေနတတ္တယ္။ တစ္ျခားေနရာေတြကိုလည္း ကင္ဆာဆဲလ္ေတြ ျပန႔္ေနတတ္တယ္။ အဆုတ္ကင္ဆာကေန အ႐ိုးအဆစ္ေတြကိုျပန႔္တတ္တယ္။ အသည္းကို ျပန႔္တတ္တယ္ ဦးေႏွာက္ကိုလည္းျပန႔္တတ္ပါတယ္။ ကင္ဆာဆဲလ္ျပန႔္တာေၾကာင့္မဟုတ္ဘဲ ကင္ဆာကိုယ္တိုင္ေၾကာင့္လည္း တစ္ျခားေသာေရာဂါလကၡဏာေတြ ခံစားရတတ္ပါတယ္။ ကင္ဆာအက်ိတ္ကဖိထားတာေတြေၾကာင့္ အာ႐ုံေၾကာျပႆနာေတြျဖစ္တတ္တယ္။ အသံေျပာင္းလာႏိုင္တယ္ ထုံက်င္တာေတြျဖစ္တတ္တယ္ ကိုယ္ခႏၶာတစ္ျခမ္း ေခြၽးမထြက္တာေတြ ျဖစ္တတ္တယ္။

ကင္ဆာအမ်ိဳးအစားခြဲအလိုက္ ေဟာ္မုန္းျပႆနာေတြျဖစ္တာလည္း ရွိပါတယ္။ တစ္ခ်ိဳ႕အမ်ိဳးအစားက ကယ္လ္စီယမ္ေတြ ပိုမ်ားလာတာေၾကာင့္ ေသြးေပါင္တက္တယ္ ဗိုက္ေအာင့္တာေတြျဖစ္ႏိုင္တယ္။ တစ္ခ်ိဳ႕အမ်ိဳးအစားက steroid ေတြ အထြက္မ်ားတယ္ တစ္ခ်ိဳ႕အမ်ိဳးအစားက်ေတာ့ ဆိုဒီယမ္ဓာတ္နည္းေစတယ္။ အဆုတ္မွာ ျပႆနာတစ္ခုခုျဖစ္တယ္ဆိုရင္ အရင္ဆုံးလုပ္လို႔လြယ္တာကေတာ့ ရင္ဘတ္ဓာတ္မွန္ပါပဲ ရင္ဘတ္ဓာတ္မွန္မွာ အလုံးအက်ိတ္ေတြ အဆုတ္ခဲတာေတြ အဆုတ္ေရဝိုင္းတာေတြ အဆုတ္က်ဳံ႔ေနတာေတြ အားလုံးျမင္ႏိုင္ပါတယ္။ ရလာတဲ့ အေျဖေပၚမူတည္ၿပီး ဆက္စစ္ေဆးဖို႔လိုပါတယ္။ အဆုတ္ေရဝိုင္းတယ္ဆို အရည္ကို ဓာတ္ခြဲခန္းပို႔စစ္ရပါတယ္။ အက်ိတ္ေတြ ေတြ႕တယ္ဆိုရင္ အဆုတ္ေလႁပြန္ထဲကိုမွန္ေျပာင္းၾကည့္ၿပီး အသားစယူရပါတယ္။ ကင္ဆာအဆင့္ကို သိဖို႔အတြက္လည္း CT scan တို႔ PET scan, Bone scan တို႔႐ိုက္ဖို႔လိုတတ္ပါတယ္။ ကင္ဆာကိုခြဲစိတ္ကုသဖို႔ျဖစ္ႏိုင္မျဖစ္ႏိုင္စဥ္းစားတဲ့အခါမွာ အဆုတ္ရဲ႕ လုပ္ႏိုင္စြမ္းအား Lung function test ကိုလည္းစစ္ရပါတယ္။

ေဆးကုသမႈကေတာ့ ကင္ဆာေတြရဲ႕ ထုံးစံအတိုင္းပါပဲ ေစာေစာသိေလ အဆင့္နည္းေလ ပ်ံ႕ႏွံ႔တာနည္းေလပါ ေရာဂါႏုတာတစ္ခုတည္းနဲ႔ ကုဖို႔လြယ္တယ္မလြယ္ဘူး ေျပာမရပါဘူး။ ကင္ဆာကအဆုတ္ရဲ႕ ဘယ္ေနရာမွာ ရွိေနတာလဲကိုလည္း ၾကည့္ပါတယ္။ ကင္ဆာရဲ႕အမ်ိဳးအစားခြဲကိုလည္း ၾကည့္ပါတယ္
ကင္ဆာအက်ိတ္က အဆင့္လည္းငယ္ေသးတယ္ ခြဲစိတ္ဖို႔လြယ္တဲ့ အဆုတ္ရဲ႕ ေဘးဘက္ေတြမွာလည္းရွိတယ္။ အမ်ိဳးအစားကလည္းမျပင္းထန္ဘူးဆိုရင္ ခြဲစိတ္ကုသပါတယ္ လူနာကခြဲစိတ္ဖို႔မခံႏိုင္ရင္ေတာင္ ဓာတ္ကင္တာနဲ႔ ေသခ်ာကုလို႔ရပါတယ္။ အဆင့္မ်ားလာတဲ့ကင္ဆာေတြကေတာ့ ေပ်ာက္ဖို႔မလြယ္ပါဘူး ခြဲစိတ္ဖို႔လည္းမျဖစ္ႏိုင္ေတာ့ပါဘူး ေဆးသြင္းတာနဲ႔ ဓာတ္ကင္တာေပါင္းၿပီး ကင္ဆာကို ထိန္း႐ုံပဲရပါမယ္။ Small cell cancer အမ်ိဳးအစားက ကင္ဆာမွန္းစသိတည္းက အဆင့္မ်ားေနတတ္ပါတယ္ ေဆးသြင္းကုသျခင္းနဲ႔ ထိန္းတတ္ၾကေပမယ့္ မေပ်ာက္ႏိုင္ေတာ့ပါဘူး။

ကင္ဆာအက်ိတ္ေၾကာင့္ျဖစ္လာတဲ့ ေလႁပြန္ပိတ္တာေတြ SVC ေသြးေၾကာပိတ္တာေတြ နဲ႔ ကင္ဆာဆဲလ္ေတြ ဦးေႏွာက္နဲ႔ အ႐ိုးေတြျပန႔္တာေတြကေတာ့ သက္သာေအာင္ ဓာတ္ကင္တာနဲ႔ Steroid ေဆးေတြ ေပးတာနဲ႔ ပဲ ထိန္းၾကရပါတယ္။ အဆုတ္ကင္ဆာက အသက္ဆုံးရႈံးမႈမ်ားေနေသးတဲ့ ကင္ဆာတစ္ခုပါ ေရာဂါစသိတဲ့ အခ်ိန္က တစ္ခါတစ္ေလမွာ အေတာ္ႀကီး ေနာက္က်ေနတာလည္း ျဖစ္ႏိုင္တယ္။ အသက္ရွင္ႏိုင္ေခ် အလြန္နည္းပါတယ္။
အသက္ဆုံးရႈံးလြယ္တဲ့ အဆုတ္ကင္ဆာကို မျဖစ္ေအာင္ေရွာင္ရွားႏိုင္တဲ့ နည္းလမ္းကေတာ့ အဆုတ္ကင္ဆာျဖစ္ေစႏိုင္တဲ့ အခ်က္ေတြကို ေရွာင္ၾကဥ္ၾကဖို႔ပါပဲ ေဆးလိပ္မေသာက္ဘဲေနလိုက္႐ုံေလးနဲ႔ မိမိတို႔ဘဝေရာ အတူေနမိသားစုဝင္ေတြရဲ႕ ဘဝေတြကိုေရာ ကယ္တင္ရာ ေရာက္တာကို နားလည္ေစခ်င္ပါတယ္။

Dr. CST

(Unicode)

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာက ကုရခက်နေတဲ့ ကင်ဆာရောဂါတွေထဲကတစ်ခုပါ အမျိုးသားတွေမှာ အဖြစ်များဆုံးကင်ဆာလည်းဟုတ်ပါတယ်။ အမျိုးသမီးတစ်ချို့မှာလည်းဖြစ်နိုင်ပါတယ် အသက်အပိုင်းအခြားအရတော့ အသက် လေးဆယ့်ငါးနောက်ပိုင်းတွေမှာ ပိုဖြစ်နိုင်ပါတယ်။
အဆုတ်ကင်ဆာကို အဓိက ဖြစ်စေတဲ့အကြောင်းကတော့ ဆေးလိပ်သောက်ခြင်းပါပဲ လူတစ်ယောက် တစ်နေ့ကို စီးကရက် ၁၀လိပ်ကနေ ၂၀လောက်အထိ နှစ်ပေါင်းများစွာသောက်နေပြီဆိုရင်တစ်ချိန်မှာ အဆုတ်ကင်ဆာဖြစ်မှာ ကြောက်ရပါတယ်။ ဆေးလိပ်ငွေ့ကိုတစ်ဆင့်ခံနေရတဲ့သူတွေလည်း ဆေးလိပ်သောက်တဲ့သူတွေလိုပဲ ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။

အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့ တစ်ခြားအကြောင်းတွေကတော့ အာဆင်းနစ်ဓာတ်တွေ ခရိုမီယမ်ဓာတ်တွေ များတဲ့နေရာတွေမှာ အလုပ်လုပ်နေရတဲ့သူတွေ ဥပမာအားဖြင့် မိုင်းတွင်း သတ္တုတွင်းတွေ ဆားကစ်ပြားတွေနဲ့ အလုပ်လုပ်ရတဲ့သူတွေ မှာဖြစ်နိုင်ပါတယ် ဓာတ်ရောင်ခြည်နဲ့ ထိတွေ့မှုများတယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ အဆုတ်ကင်ဆာမှာ အမျိုးအစားခွဲတွေရှိပါတယ် အမျိုးအစားပေါ်မူတည်ပြီး ဆေးကုပုံကွာတတ်ပါတယ် အမျိုးအစားခွဲဖို့ကတော့ ကင်ဆာဖြစ်နေတဲ့ အစိတ်အပိုင်းကိုအသားစယူမှ ခွဲခြားပေးလို့ရတာပါ။အဆုတ်ကင်ဆာဖြစ်ပြီဆိုရင် အများစုမှာ ချောင်းဆိုးကြာရှည်တတ်ပါတယ် ချောင်းဆိုးတိုင်းသွေးပါမယ်တော့မဟုတ်ဘူး သွေးပါတာရှိသလို မပါတာလည်းဖြစ်နိုင်တယ် မောလာတတ်တယ် ရင်ဘတ်အောင့်လာတတ်ပါတယ် ကင်ဆာတို့ရဲ့ ထုံးစံအတိုင်း တစ်ဖြည်းဖြည်းချင်း အစားအသောက်ပျက်လာတယ် အစားစားချင်စိတ်ပျောက်လာပါတယ် ကိုယ်အလေးချိန်လည်း တစ်ဖြည်းဖြည်းသိသိသာသာ ကျလာတတ်ပါတယ်။

မောတာကလည်း တစ်ဖြည်းဖြည်းပိုပြီးသိသာလာပါတယ်။ မောတာကိုကြည့်ပြီး ရောဂါကိုလည်း အတိမ်အနက် ပြောလို့ရပါတယ်။ စစပိုင်းမှာတော့ ခပ်ကြာကြာလှုပ်ရှားမှမောတာကနေ နောက်ပိုင်း နည်းနည်းလေးလှုပ်ရုံမောလာတတ်တယ် နားလိုက်ရင်သက်သာနေရာကနေ နားတာတောင်မသက်သာတာအထိ ဖြစ်လာတတ်ပါတယ်။ တစ်ချို့တွေကျတော့ ခြေလက်တွေနာကျင်တတ်တာကနေစဖြစ်တယ် တစ်ချို့ကျတော့လည်း ကြွက်သားတွေလှုပ်ရှားမကောင်းဘဲ အားနည်းနေတာမျိုးကနေ စစ်ကြည့်ရင်းမှ တွေ့တတ်တယ် ။ အဆုတ်ကင်ဆာကြောင့် အဆုတ်မှာ အကျိတ်တွေလည်းဖြစ်တတ်တယ် တစ်ချို့တွေကျတော့ အဆုတ်မှာခဲနေတတ်တယ်။ တစ်ချို့ကျတော့ အဆုတ်ကိုရေဝိုင်းနေတတ်တယ် တစ်ချို့ကျတော့ အဆုတ်တွေ တစ်ဖြည်းဖြည်းကျုံ့လာတတ်တယ်။

အဆုတ်ကင်ဆာက စဖြစ်ဖြစ်ချင်းမှာ ရောဂါလက္ခဏာ သိပ်မပြတတ်တာတွေဖြစ်တတ်တော့ အဆုတ်ကင်ဆာလို့ သိလိုက်တဲ့ အချိန်မှာ အဆင့်များနေတတ်တယ်။ တစ်ခြားနေရာတွေကိုလည်း ကင်ဆာဆဲလ်တွေ ပြန့်နေတတ်တယ်။ အဆုတ်ကင်ဆာကနေ အရိုးအဆစ်တွေကိုပြန့်တတ်တယ်။ အသည်းကို ပြန့်တတ်တယ် ဦးနှောက်ကိုလည်းပြန့်တတ်ပါတယ်။ ကင်ဆာဆဲလ်ပြန့်တာကြောင့်မဟုတ်ဘဲ ကင်ဆာကိုယ်တိုင်ကြောင့်လည်း တစ်ခြားသောရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။ ကင်ဆာအကျိတ်ကဖိထားတာတွေကြောင့် အာရုံကြောပြဿနာတွေဖြစ်တတ်တယ်။ အသံပြောင်းလာနိုင်တယ် ထုံကျင်တာတွေဖြစ်တတ်တယ် ကိုယ်ခန္ဓာတစ်ခြမ်း ချွေးမထွက်တာတွေ ဖြစ်တတ်တယ်။

ကင်ဆာအမျိုးအစားခွဲအလိုက် ဟော်မုန်းပြဿနာတွေဖြစ်တာလည်း ရှိပါတယ်။ တစ်ချို့အမျိုးအစားက ကယ်လ်စီယမ်တွေ ပိုများလာတာကြောင့် သွေးပေါင်တက်တယ် ဗိုက်အောင့်တာတွေဖြစ်နိုင်တယ်။ တစ်ချို့အမျိုးအစားက steroid တွေ အထွက်များတယ် တစ်ချို့အမျိုးအစားကျတော့ ဆိုဒီယမ်ဓာတ်နည်းစေတယ်။ အဆုတ်မှာ ပြဿနာတစ်ခုခုဖြစ်တယ်ဆိုရင် အရင်ဆုံးလုပ်လို့လွယ်တာကတော့ ရင်ဘတ်ဓာတ်မှန်ပါပဲ ရင်ဘတ်ဓာတ်မှန်မှာ အလုံးအကျိတ်တွေ အဆုတ်ခဲတာတွေ အဆုတ်ရေဝိုင်းတာတွေ အဆုတ်ကျုံ့နေတာတွေ အားလုံးမြင်နိုင်ပါတယ်။ ရလာတဲ့ အဖြေပေါ်မူတည်ပြီး ဆက်စစ်ဆေးဖို့လိုပါတယ်။ အဆုတ်ရေဝိုင်းတယ်ဆို အရည်ကို ဓာတ်ခွဲခန်းပို့စစ်ရပါတယ်။ အကျိတ်တွေ တွေ့တယ်ဆိုရင် အဆုတ်လေပြွန်ထဲကိုမှန်ပြောင်းကြည့်ပြီး အသားစယူရပါတယ်။ ကင်ဆာအဆင့်ကို သိဖို့အတွက်လည်း CT scan တို့ PET scan, Bone scan တို့ရိုက်ဖို့လိုတတ်ပါတယ်။ ကင်ဆာကိုခွဲစိတ်ကုသဖို့ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားတဲ့အခါမှာ အဆုတ်ရဲ့ လုပ်နိုင်စွမ်းအား Lung function test ကိုလည်းစစ်ရပါတယ်။

ဆေးကုသမှုကတော့ ကင်ဆာတွေရဲ့ ထုံးစံအတိုင်းပါပဲ စောစောသိလေ အဆင့်နည်းလေ ပျံ့နှံ့တာနည်းလေပါ ရောဂါနုတာတစ်ခုတည်းနဲ့ ကုဖို့လွယ်တယ်မလွယ်ဘူး ပြောမရပါဘူး။ ကင်ဆာကအဆုတ်ရဲ့ ဘယ်နေရာမှာ ရှိနေတာလဲကိုလည်း ကြည့်ပါတယ်။ ကင်ဆာရဲ့အမျိုးအစားခွဲကိုလည်း ကြည့်ပါတယ်
ကင်ဆာအကျိတ်က အဆင့်လည်းငယ်သေးတယ် ခွဲစိတ်ဖို့လွယ်တဲ့ အဆုတ်ရဲ့ ဘေးဘက်တွေမှာလည်းရှိတယ်။ အမျိုးအစားကလည်းမပြင်းထန်ဘူးဆိုရင် ခွဲစိတ်ကုသပါတယ် လူနာကခွဲစိတ်ဖို့မခံနိုင်ရင်တောင် ဓာတ်ကင်တာနဲ့ သေချာကုလို့ရပါတယ်။ အဆင့်များလာတဲ့ကင်ဆာတွေကတော့ ပျောက်ဖို့မလွယ်ပါဘူး ခွဲစိတ်ဖို့လည်းမဖြစ်နိုင်တော့ပါဘူး ဆေးသွင်းတာနဲ့ ဓာတ်ကင်တာပေါင်းပြီး ကင်ဆာကို ထိန်းရုံပဲရပါမယ်။ Small cell cancer အမျိုးအစားက ကင်ဆာမှန်းစသိတည်းက အဆင့်များနေတတ်ပါတယ် ဆေးသွင်းကုသခြင်းနဲ့ ထိန်းတတ်ကြပေမယ့် မပျောက်နိုင်တော့ပါဘူး။

ကင်ဆာအကျိတ်ကြောင့်ဖြစ်လာတဲ့ လေပြွန်ပိတ်တာတွေ SVC သွေးကြောပိတ်တာတွေ နဲ့ ကင်ဆာဆဲလ်တွေ ဦးနှောက်နဲ့ အရိုးတွေပြန့်တာတွေကတော့ သက်သာအောင် ဓာတ်ကင်တာနဲ့ Steroid ဆေးတွေ ပေးတာနဲ့ ပဲ ထိန်းကြရပါတယ်။ အဆုတ်ကင်ဆာက အသက်ဆုံးရှုံးမှုများနေသေးတဲ့ ကင်ဆာတစ်ခုပါ ရောဂါစသိတဲ့ အချိန်က တစ်ခါတစ်လေမှာ အတော်ကြီး နောက်ကျနေတာလည်း ဖြစ်နိုင်တယ်။ အသက်ရှင်နိုင်ချေ အလွန်နည်းပါတယ်။
အသက်ဆုံးရှုံးလွယ်တဲ့ အဆုတ်ကင်ဆာကို မဖြစ်အောင်ရှောင်ရှားနိုင်တဲ့ နည်းလမ်းကတော့ အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့ အချက်တွေကို ရှောင်ကြဉ်ကြဖို့ပါပဲ ဆေးလိပ်မသောက်ဘဲနေလိုက်ရုံလေးနဲ့ မိမိတို့ဘဝရော အတူနေမိသားစုဝင်တွေရဲ့ ဘဝတွေကိုရော ကယ်တင်ရာ ရောက်တာကို နားလည်စေချင်ပါတယ်။

Dr. CST

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image