ကင်ဆာ ရောဂါကို  ဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့ အစားအသောက်များ

ကင္ဆာ ေရာဂါကို  ျဖစ္ေစႏိုင္တဲ့ ပတ္ဝန္းက်င္က အႏၲရာယ္ရွိတဲ့ အစားအေသာက္မ်ား

ကမာၻေပၚမွာ ကင္ဆာေရာဂါ ျဖစ္ႏႈန္းဟာ တစ္ေန႔ထက္ တစ္ေန႔ ပိုမ်ားလာပါတယ္။

ဖြံ႕ၿဖိဳးတိုးတက္ၿပီးသား ႏိုင္ငံေတြမွာ ေသဆုံးသူ ရာခိုင္ႏႈန္း အမ်ားဆုံးျဖစ္ေစတဲ့ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါေတြ ၿပီးေနာက္ ဒုတိယ အမ်ားဆုံး ေတ့ြရတာဟာ ကင္ဆာေရာဂါ ျဖစ္ပါတယ္။

ကြၽန္မတို႔ ႏိုင္ငံမွာ လူတစ္ဦးကေန တစ္ဦးကို ကူးစက္တတ္တဲ့ ကူးစက္ေရာဂါပိုး ေတြေၾကာင့္ ေသဆုံးရတာဟာ အရင္ကေတာ့ အမ်ားဆုံး ျဖစ္ပါသည္။ အခုအခ်ိန္မွာေတာ့ ကူးစက္ေရာဂါေတြေၾကာင့္ ေသဆုံးရတာ အျပင္ ႏွလုံး ေသြးတိုး ေသြးခ်ိဳေရာဂါ နဲ႔ ကင္ဆာေရာဂါေတြေၾကာင့္ ေသဆုံးသူ မ်ားလာတာကိုပါ ေတြ႕လာရပါတယ္။

ကင္ဆာေရာဂါဟာ နာတာရွည္ေရာဂါ ျဖစ္တဲ့အေလ်ာက္ ျဖစ္လာခဲ့လို႔ ကုသတဲ့ အခါမွာ ေငြကုန္ေၾကးက် မ်ားတဲ့ အျပင္ ျဖစ္တဲ့သူေရာ မိသားစုဝင္ေတြပါ စိတ္ေရာ ကိုယ္ပါ ပင္ပန္းရပါတယ္။ ဒီေတာ့ မျဖစ္ခင္ မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ထားႏိုင္ရင္ေတာ့ အေကာင္းဆုံးပါပဲ။

ကင္ဆာ ေရာဂါေတြ ဘာေၾကာင့္ ျဖစ္ရသလဲ

ကင္ဆာဟာ ကိုယ္တြင္းက ဆဲလ္ေတြ ကင္ဆာဆဲလ္ အျဖစ္ မ်ိဳး႐ိုးဗီဇ ေျပာင္းသြားတဲ့အခ်ိန္မွာ စတင္ပါတယ္။ ဓာတုပစၥည္းေတြ ၊ ဓာတ္ေရာင္ျခည္ေတြ ၊ မလိုလားအပ္တဲ့ ေဟာ္မုန္းေတြ နဲ႔ ပတ္ဝန္းက်င္ မွာ ရွိေနတဲ့ ေလထုထဲက မသန႔္ရွင္းတဲ့ အညစ္အေၾကးေတြ ၊ virus ေတြဟာ ကိုယ္တြင္းက ပုံမွန္ဆဲလ္ေတြကို ကင္ဆာဆဲလ္ အျဖစ္ မ်ိဳး႐ိုးဗီဇ ေျပာင္းသြားေစႏိုင္ပါတယ္။

ကင္ဆာေရာဂါ ျဖစ္ေစႏိုင္တဲ့ ဓာတုပစၥည္းေတြဟာ ေန႔စဥ္ ထိေတြ႕ေနရတဲ့ လူ႔အသုံးအေဆာင္ပစၥည္းေတြ နဲ႔ စားေသာက္ေနတဲ့ အစာေတြမွာ ပါဝင္ႏိုင္ပါတယ္။

ဒီလို အရာေတြကို ထိေတြ႕ စားေသာက္ေနရတာေတြကို ေရွာင္ရွားႏိုင္မယ္ဆိုရင္ေတာ့ ကင္ဆာေရာဂါ ျဖစ္ပြားႏိုင္ေခ် ကို အနည္းနဲ႔ အမ်ား ေလ်ာ့ခ်ႏိုင္မွာပါပဲ။

ဒီေန႔ေတာ့ ကင္ဆာေရာဂါ ျဖစ္ေစႏိုင္လို႔ ေလ်ာ့စားသင့္တဲ့ အစားအစာတစ္ခ်ိဳ႕ကို ေျပာျပေပးလိုက္ပါမယ္။

၁) ၾကာရွည္ခံေအာင္ ျပဳလုပ္ထားတဲ့ အစားအေသာက္မ်ား

ၾကာရွည္ခံေအာင္ ျပဳလုပ္ထားတဲ့ အစားအေသာက္ေတြမွာ Nitrates ေတြ ပါေနႏိုင္ပါတယ္။ ဒီလို အစားအေသာက္ေတြ ထဲမွာ ဝက္အူေခ်ာင္းေတြ၊ အသားေခ်ာင္း Sausage ေတြ ပါဝင္ပါတယ္။ ေန႔စဥ္ အလြယ္တကူ ဝယ္ယူစားေသာက္ေနတဲ့ ထမင္းေၾကာ္၊ Hotdog နဲ႔ Burger ေတြမွာေတာင္ ဒါေတြက ပါေနတတ္ေတာ့ ေရွာင္စားဖို႔ေတာ့ ခက္ႏိုင္ပါတယ္။ ဒါေပမဲ့ ကင္ဆာ ျဖစ္မွာကို ကာကြယ္ခ်င္တယ္ ဆိုရင္ေတာ့ ေလ်ာ့စားရမွာ အမွန္ပါပဲ။

၂) သဘာဝအတိုင္း မဟုတ္ဘဲ ျပဳျပင္ထားတဲ့ အစားအေသာက္မ်ား

ႏိုင္ငံတကာမွာ သဘာဝအတိုင္း စိုက္ပ်ိဳးထားတဲ့ ဟင္းသီးဟင္း႐ြက္ နဲ႔ သစ္သီးဝလံေတြဟာ ပိုၿပီးေတာ့ ေဈးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သူတို႔ဟာ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ သဘာဝအတိုင္း မဟုတ္ဘဲ အေရာင္လွေအာင္ ခ်ိဳၿမိန္ေအာင္ ျပဳျပင္ထားတဲ့ အရာေတြဟာ ကင္ဆာေရာဂါကို ျဖစ္ေစႏိုင္တယ္ ဆိုတဲ့ အယူအဆေတြဟာ ရွိေနပါတယ္။

၃) ထုတ္ပိုးထားတဲ့ အစားအေသာက္မ်ား

ပလပ္စတစ္ အစရွိတဲ့ ထုတ္ပိုးပစၥည္း တစ္ခ်ိဳ႕မွာ ကင္ဆာေရာဂါကို ျဖစ္ေစႏိုင္တဲ့ အရာေတြ ပါဝင္ေနႏိုင္လို႔ ကိုယ္သုံးေဆာင္မဲ့ အစားအစာေတြကို ထုတ္ပိုးတဲ့ အခါ အထူးဂ႐ုစိုက္သင့္ပါတယ္။

၄)မီးခိုးကြၽမ္းတဲ့ အစားအေသာက္မ်ား

မီးေသြး နဲ႔ ကင္ထားတဲ့ အသားေတြ အသီးအ႐ြက္ေတြဟာ အလြန္ အရသာေကာင္းတယ္ ဆိုတာကို ဘယ္သူမွ ျငင္းၾကမယ္လို႔ေတာ့ မထင္ပါဘူး ။ ဒါေပမဲ့ ဒီလိုအစားအေသာက္ေတြကို ကင္ဆာကို ျဖစ္ေစႏိုင္တဲ့ အစားအစာေတြဆိုတာကိုေတာ့ သိထားသင့္ပါတယ္။ ဒါေၾကာင့္ စားေကာင္းတယ္ဆိုတိုင္း ဒီလို အစာေတြကို မၾကာခဏစားေနမယ္ဆိုရင္ေတာ့ ကင္ဆာျဖစ္လာႏိုင္ပါတယ္။

၅) အရက္

Healthy drinking မွာ အရက္ ဘယ္ေလာက္အထိ ေသာက္သုံးလို႔ရတယ္ ဆိုတာကို အမ်ိဳးသား အမ်ိဳးသမီးခြဲၿပီး ႏိုင္ငံတကာမွာ သတ္မွတ္ေပးထားပါတယ္။ ဒါကို ေက်ာ္လြန္ၿပီး ေသာက္သုံးမယ္ဆိုရင္ေတာ့ အရက္ယမကာ ဘယ္အမ်ိဳးအစားကမဆို အသည္းကင္ဆာကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ alcohol ကိုေသာက္တဲ့ အခါမွာ ခ်ိန္ဆ ေသာက္သုံးဖို႔ေတာ့ လိုအပ္ပါလိမ့္မယ္။

Dr. ေမႊး

ကင်ဆာ ရောဂါကို  ဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့ အစားအသောက်များ

ကမ္ဘာပေါ်မှာ ကင်ဆာရောဂါ ဖြစ်နှုန်းဟာ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။

ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံတွေမှာ သေဆုံးသူ ရာခိုင်နှုန်း အများဆုံးဖြစ်စေတဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ ပြီးနောက် ဒုတိယ အများဆုံး တေ့ွရတာဟာ ကင်ဆာရောဂါ ဖြစ်ပါတယ်။

ကျွန်မတို့ နိုင်ငံမှာ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်တတ်တဲ့ ကူးစက်ရောဂါပိုး တွေကြောင့် သေဆုံးရတာဟာ အရင်ကတော့ အများဆုံး ဖြစ်ပါသည်။ အခုအချိန်မှာတော့ ကူးစက်ရောဂါတွေကြောင့် သေဆုံးရတာ အပြင် နှလုံး သွေးတိုး သွေးချိုရောဂါ နဲ့ ကင်ဆာရောဂါတွေကြောင့် သေဆုံးသူ များလာတာကိုပါ တွေ့လာရပါတယ်။

ကင်ဆာရောဂါဟာ နာတာရှည်ရောဂါ ဖြစ်တဲ့အလျောက် ဖြစ်လာခဲ့လို့ ကုသတဲ့ အခါမှာ ငွေကုန်ကြေးကျ များတဲ့ အပြင် ဖြစ်တဲ့သူရော မိသားစုဝင်တွေပါ စိတ်ရော ကိုယ်ပါ ပင်ပန်းရပါတယ်။ ဒီတော့ မဖြစ်ခင် မဖြစ်အောင် ကြိုတင်ကာကွယ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ကင်ဆာ ရောဂါတွေ ဘာကြောင့် ဖြစ်ရသလဲ

ကင်ဆာဟာ ကိုယ်တွင်းက ဆဲလ်တွေ ကင်ဆာဆဲလ် အဖြစ် မျိုးရိုးဗီဇ ပြောင်းသွားတဲ့အချိန်မှာ စတင်ပါတယ်။ ဓာတုပစ္စည်းတွေ ၊ ဓာတ်ရောင်ခြည်တွေ ၊ မလိုလားအပ်တဲ့ ဟော်မုန်းတွေ နဲ့ ပတ်ဝန်းကျင် မှာ ရှိနေတဲ့ လေထုထဲက မသန့်ရှင်းတဲ့ အညစ်အကြေးတွေ ၊ virus တွေဟာ ကိုယ်တွင်းက ပုံမှန်ဆဲလ်တွေကို ကင်ဆာဆဲလ် အဖြစ် မျိုးရိုးဗီဇ ပြောင်းသွားစေနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေဟာ နေ့စဉ် ထိတွေ့နေရတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ နဲ့ စားသောက်နေတဲ့ အစာတွေမှာ ပါဝင်နိုင်ပါတယ်။

ဒီလို အရာတွေကို ထိတွေ့ စားသောက်နေရတာတွေကို ရှောင်ရှားနိုင်မယ်ဆိုရင်တော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေ ကို အနည်းနဲ့ အများ လျော့ချနိုင်မှာပါပဲ။

ဒီနေ့တော့ ကင်ဆာရောဂါ ဖြစ်စေနိုင်လို့ လျော့စားသင့်တဲ့ အစားအစာတစ်ချို့ကို ပြောပြပေးလိုက်ပါမယ်။

၁) ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအသောက်များ

ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအသောက်တွေမှာ Nitrates တွေ ပါနေနိုင်ပါတယ်။ ဒီလို အစားအသောက်တွေ ထဲမှာ ဝက်အူချောင်းတွေ၊ အသားချောင်း Sausage တွေ ပါဝင်ပါတယ်။ နေ့စဉ် အလွယ်တကူ ဝယ်ယူစားသောက်နေတဲ့ ထမင်းကြော်၊ Hotdog နဲ့ Burger တွေမှာတောင် ဒါတွေက ပါနေတတ်တော့ ရှောင်စားဖို့တော့ ခက်နိုင်ပါတယ်။ ဒါပေမဲ့ ကင်ဆာ ဖြစ်မှာကို ကာကွယ်ချင်တယ် ဆိုရင်တော့ လျော့စားရမှာ အမှန်ပါပဲ။

၂) သဘာဝအတိုင်း မဟုတ်ဘဲ ပြုပြင်ထားတဲ့ အစားအသောက်များ

နိုင်ငံတကာမှာ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံတွေဟာ ပိုပြီးတော့ ဈေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ သဘာဝအတိုင်း မဟုတ်ဘဲ အရောင်လှအောင် ချိုမြိန်အောင် ပြုပြင်ထားတဲ့ အရာတွေဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တယ် ဆိုတဲ့ အယူအဆတွေဟာ ရှိနေပါတယ်။

၃) ထုတ်ပိုးထားတဲ့ အစားအသောက်များ

ပလပ်စတစ် အစရှိတဲ့ ထုတ်ပိုးပစ္စည်း တစ်ချို့မှာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ အရာတွေ ပါဝင်နေနိုင်လို့ ကိုယ်သုံးဆောင်မဲ့ အစားအစာတွေကို ထုတ်ပိုးတဲ့ အခါ အထူးဂရုစိုက်သင့်ပါတယ်။

၄)မီးခိုးကျွမ်းတဲ့ အစားအသောက်များ

မီးသွေး နဲ့ ကင်ထားတဲ့ အသားတွေ အသီးအရွက်တွေဟာ အလွန် အရသာကောင်းတယ် ဆိုတာကို ဘယ်သူမှ ငြင်းကြမယ်လို့တော့ မထင်ပါဘူး ။ ဒါပေမဲ့ ဒီလိုအစားအသောက်တွေကို ကင်ဆာကို ဖြစ်စေနိုင်တဲ့ အစားအစာတွေဆိုတာကိုတော့ သိထားသင့်ပါတယ်။ ဒါကြောင့် စားကောင်းတယ်ဆိုတိုင်း ဒီလို အစာတွေကို မကြာခဏစားနေမယ်ဆိုရင်တော့ ကင်ဆာဖြစ်လာနိုင်ပါတယ်။

၅) အရက်

Healthy drinking မှာ အရက် ဘယ်လောက်အထိ သောက်သုံးလို့ရတယ် ဆိုတာကို အမျိုးသား အမျိုးသမီးခွဲပြီး နိုင်ငံတကာမှာ သတ်မှတ်ပေးထားပါတယ်။ ဒါကို ကျော်လွန်ပြီး သောက်သုံးမယ်ဆိုရင်တော့ အရက်ယမကာ ဘယ်အမျိုးအစားကမဆို အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် alcohol ကိုသောက်တဲ့ အခါမှာ ချိန်ဆ သောက်သုံးဖို့တော့ လိုအပ်ပါလိမ့်မယ်။

Dr. မွှေး

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image