မုန့်ချိုအိတ်ကင်ဆာ (သို့မဟုတ်) ပန်ကရိယကင်ဆာ

မုုန္႔ခ်ိဳအိတ္ကင္ဆာ (သိုု႔မဟုုတ္) ပန္ကရိယကင္ဆာ

မုန္႔ခ်ိဳအိတ္ကို ေဆးပညာအရ Pancreas(ပန္ကရိယ)လို႔ေခၚပါတယ္။

မုန္႔ခ်ိဳအိတ္(Pancreas)ဟာ အစာအိမ္ေနာက္မွာရွိတဲ႔ ၀မ္းဗိုက္ပိုင္းအတြင္းအဂၤါတခုျဖစ္ပါတယ္။

သူ႔ရဲ႕လုပ္ငန္းတာ၀န္ေတြကေတာ႔ ကြ်န္ေတာ္တို႔ေန႔စဥ္စားလိုက္တဲ႔ အဆီနဲ႔ပရိုတင္းဓါတ္ေတြကိုေခ်ဖ်က္ဖို႔ အစာေခ်အင္ဇိုင္းေတြထုတ္ေပးျခင္း ႏွင္႔ ေသြးတြင္းသၾကားဓါတ္ကို ထိန္းညိွရန္အတြက္ အင္ဆူလင္ေဟာ္မုန္းထုတ္ေပးျခင္းေတြျဖစ္ပါတယ္။

မုန္႔ခ်ိဳအိတ္ကင္ဆာဟာ  အမ်ားအားျဖင္႔ အသက္၄၀ေက်ာ္အရြယ္ေတြမွာ ျဖစ္ေလ႔ရွိပါတယ္။

မုန္႔ခ်ိဳအိတ္ကင္ဆာဟာ မုန္႔ခ်ိဳအိတ္အတြင္းထဲကဆဲလ္မ်ား ပံုမွန္မဟုတ္ဘဲ အထိန္းအကြပ္မရွိ မူမမွန္ပြားလာျခင္းေၾကာင္႔ျဖစ္ပါတယ္။

ဘာလို႔ဒီလိုမူမမွန္ပြားလာရလည္းဆိုတဲ႔အေၾကာင္းအရင္းအတိအက်ကိုေတာ႔ ေသခ်ာေျပာမရပါ။

သို႔ေသာ္ မုန္႔ခ်ိဳအိတ္ကင္ဆာဟာ ေအာက္ပါအေျခအေနရွိတဲ႔သူေတြမွာဆိုရင္ ပိုျဖစ္နိုင္ေျခမ်ားတယ္လို႔ သုေတသနရလဒ္ေတြ၊ေလ႔လာခ်က္ေတြအရ ေဆးပညာရွင္မ်ားက ေျပာၾကားထားပါတယ္။

ကိုယ္႔မ်ိဳးရိုးထဲမွာ မုန္႔ခ်ိဳအိတ္ကင္ဆာျဖစ္ဖူးတဲ႔ရာဇ၀င္ရွိတဲ႔သူေတြ

အ၀လြန္တဲ႔သူေတြ

ခဏခဏမုန္႔ခ်ိဳအိတ္ေရာင္ရမ္းတဲ႔သူေတြ

ေဆးလိပ္ေသာက္တဲ႔သူေတြ

အသည္းေရာင္အသား၀ါပိုး၀င္ဖူးတဲ႔သူေတြ

ဆီးခ်ိဳေရာဂါရွိသူေတြ

အစာအိမ္အနာရွိသူေတြ မွာဆိုရင္ မုန္႔ခ်ိဳအိတ္ကင္ဆာ ျဖစ္နိုင္ေျခဟာ တျခားသာမန္လူေတြနဲ႔ယွဥ္ရင္ ပိုမ်ားေနတတ္ပါတယ္။

မုန္႔ခ်ိဳအိတ္ကင္ဆာဟာ အစပုိင္းမွာေတာ႔ ေထြေထြထူးထူး ေရာဂါလကၡဏာေတြမျပတတ္ပါဘူး။

သို႔ေသာ္ ေရာဂါျပင္းထန္လာတဲ႔အခါမွာေတာ႔ ၀မ္းဗိုက္ေအာင္႔တာ၊ေက်ာေအာင္႔တာ၊အသား၀ါတာ၊၀မ္းအေရာင္ေဖ်ာ႔ျပီးဆီးအေရာင္ရင္႔လာတာ၊ကိုယ္အေလးခ်ိန္က်ဆင္းလာတာ၊အစားအေသာက္ပ်က္တာ စသျဖင္႔ခံစားရနိုင္ပါတယ္။

မုန္႔ခ်ိဳအိတ္ကင္ဆာဟုတ္မဟုတ္ေသခ်ာေအာင္စမ္းသပ္စစ္ေဆးမႈေတြအေနနဲ႔ကေတာ႔ ေသြးစစ္တာ၊ကြန္ပ်ဴတာဓါတ္မွန္ရိုက္တာ(CT scan)၊သံလိုက္ဓါတ္မွန္ရိုက္တာ(MRI scan)၊မုန္႔ခ်ိဳအိတ္ျပြန္အတြင္း မွန္ေျပာင္းနဲ႔စစ္ေဆးတာ(Endoscopic retrograde cholangiopancreatography)၊အသားစယူစစ္ေဆးတာ ေတြလုပ္နိုင္ပါတယ္။

စမ္းသပ္စစ္ေဆးလို႔ မုန္႔ခ်ိဳအိတ္ကင္ဆာဆိုပါက ေရာဂါအေျခအေနသိဖို႔နဲ႔တျခားေနရာအစိတ္အပိုင္းေတြကိုပါပ်ံ႕မပ်ံ႕သိဖို႔အတြက္ ရင္ဘတ္ဓါတ္မွန္ရိုက္တာ၊အာထရာေဆာင္းရိုက္တာ၊အရိုးဓါတ္မွန္ရိုက္တာ စတဲ႔စစ္ေဆးမႈေတြပါ လုပ္ရနိုင္ပါတယ္။

ကုသမႈအေနနဲ႔ကေတာ႔ ေရာဂါအေျခအေနေပၚမူတည္ျပီး ခြဲစိတ္ျပီးကုသတာ(Surgery)၊ကင္ဆာေဆးသြင္းျပီးကုသတာ(Chemotherapy)၊ဓါတ္ေရာင္ျခည္နဲ႔ကုသတာစသျဖင္႔ကုသနည္းေတြရွိပါတယ္။ႏွစ္နည္း၊သံုးနည္းေပါင္းကုတာမ်ိဳးလည္းရွိပါတယ္။

မုန္႔ခ်ိဳအိတ္ကင္ဆာဟာ ျဖစ္စမွာေထြေထြထူးထူးေရာဂါလကၡဏာမျပတတ္တဲ႔အတြက္ ပံုမွန္က်န္းမာေရးစစ္ေဆးေနတဲ႔သူေတြမဟုတ္ပါက ကင္ဆာမွန္းေစာစီးစြာသိျပီး ေစာေစာကုသမႈခံယူနိုင္ဖို႔မလြယ္ပါ။

ဒါ႔အျပင္ တျခားေနရာအစိတ္အပိုင္းေတြကိုလည္းပ်ံ႕နွံ႕နႈန္းက ျမန္ပါတယ္။

ေရာဂါလကၡဏာျပတဲ႔အခ်ိန္မွာဆိုရင္ ေရာဂါအဆင္႔ဟာ ဆိုးတဲ႔အေျခအေနေရာက္ေနတာမ်ားျပီး တျခားအစိတ္အပိုင္းေတြကိုလည္းပ်ံ႕ေနေလ႔ရွိပါတယ္။

ဒါေၾကာင္႔အဆံုးသတ္အေနနဲ႔အၾကံေပးခ်င္တာကေတာ႔ အနည္းဆံုး တနွစ္တခါေလာက္ပံုမွန္က်န္းမာေရးစစ္ေဆးမႈလုပ္ပါ။

မုန္႔ခ်ိဳအိတ္ကင္ဆာျဖစ္ပြားနိုင္ေျခနည္းေအာင္ ေဆးလိပ္ေသာက္ျခင္းကိုေရွာင္ပါ။ေဆးလိပ္ျဖတ္ပါ။အ၀မလြန္ေအာင္ ကိုယ္အေလးခ်ိန္ထိန္းပါ။လတ္ဆတ္တဲ႔ဟင္းသီးဟင္းရြက္နဲ႔သစ္သီးမ်ားမ်ားစားပါ။ကိုယ္လက္ေလ႔က်င္႔ခန္းလုပ္ပါ လို႔ အၾကံျပဳတိုက္တြန္းခ်င္ပါတယ္။

Dr 528

Unicode Version

မုန့်ချိုအိတ်ကင်ဆာ (သို့မဟုတ်) ပန်ကရိယကင်ဆာ

မုန့်ချိုအိတ်ကို ဆေးပညာအရ Pancreas(ပန်ကရိယ)လို့ခေါ်ပါတယ်။

မုန့်ချိုအိတ်(Pancreas)ဟာ အစာအိမ်နောက်မှာရှိတဲ့ ဝမ်းဗိုက်ပိုင်းအတွင်းအင်္ဂါတခုဖြစ်ပါတယ်။

သူ့ရဲ့လုပ်ငန်းတာဝန်တွေကတော့ ကျွန်တော်တို့နေ့စဉ်စားလိုက်တဲ့ အဆီနဲ့ပရိုတင်းဓါတ်တွေကိုချေဖျက်ဖို့ အစာချေအင်ဇိုင်းတွေထုတ်ပေးခြင်း နှင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိရန်အတွက် အင်ဆူလင်ဟော်မုန်းထုတ်ပေးခြင်းတွေဖြစ်ပါတယ်။

မုန့်ချိုအိတ်ကင်ဆာဟာ  အများအားဖြင့် အသက်၄၀ကျော်အရွယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။

မုန့်ချိုအိတ်ကင်ဆာဟာ မုန့်ချိုအိတ်အတွင်းထဲကဆဲလ်များ ပုံမှန်မဟုတ်ဘဲ အထိန်းအကွပ်မရှိ မူမမှန်ပွားလာခြင်းကြောင့်ဖြစ်ပါတယ်။

ဘာလို့ဒီလိုမူမမှန်ပွားလာရလည်းဆိုတဲ့အကြောင်းအရင်းအတိအကျကိုတော့ သေချာပြောမရပါ။

သို့သော် မုန့်ချိုအိတ်ကင်ဆာဟာ အောက်ပါအခြေအနေရှိတဲ့သူတွေမှာဆိုရင် ပိုဖြစ်နိုင်ခြေများတယ်လို့ သုတေသနရလဒ်တွေ၊လေ့လာချက်တွေအရ ဆေးပညာရှင်များက ပြောကြားထားပါတယ်။

ကိုယ့်မျိုးရိုးထဲမှာ မုန့်ချိုအိတ်ကင်ဆာဖြစ်ဖူးတဲ့ရာဇဝင်ရှိတဲ့သူတွေ

အဝလွန်တဲ့သူတွေ

ခဏခဏမုန့်ချိုအိတ်ရောင်ရမ်းတဲ့သူတွေ

ဆေးလိပ်သောက်တဲ့သူတွေ

အသည်းရောင်အသားဝါပိုးဝင်ဖူးတဲ့သူတွေ

ဆီးချိုရောဂါရှိသူတွေ

အစာအိမ်အနာရှိသူတွေ မှာဆိုရင် မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ခြေဟာ တခြားသာမန်လူတွေနဲ့ယှဉ်ရင် ပိုများနေတတ်ပါတယ်။

မုန့်ချိုအိတ်ကင်ဆာဟာ အစပိုင်းမှာတော့ ထွေထွေထူးထူး ရောဂါလက္ခဏာတွေမပြတတ်ပါဘူး။

သို့သော် ရောဂါပြင်းထန်လာတဲ့အခါမှာတော့ ဝမ်းဗိုက်အောင့်တာ၊ကျောအောင့်တာ၊အသားဝါတာ၊ဝမ်းအရောင်ဖျော့ပြီးဆီးအရောင်ရင့်လာတာ၊ကိုယ်အလေးချိန်ကျဆင်းလာတာ၊အစားအသောက်ပျက်တာ စသဖြင့်ခံစားရနိုင်ပါတယ်။

မုန့်ချိုအိတ်ကင်ဆာဟုတ်မဟုတ်သေချာအောင်စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊ကွန်ပျူတာဓါတ်မှန်ရိုက်တာ(CT scan)၊သံလိုက်ဓါတ်မှန်ရိုက်တာ(MRI scan)၊မုန့်ချိုအိတ်ပြွန်အတွင်း မှန်ပြောင်းနဲ့စစ်ဆေးတာ(Endoscopic retrograde cholangiopancreatography)၊အသားစယူစစ်ဆေးတာ တွေလုပ်နိုင်ပါတယ်။

စမ်းသပ်စစ်ဆေးလို့ မုန့်ချိုအိတ်ကင်ဆာဆိုပါက ရောဂါအခြေအနေသိဖို့နဲ့တခြားနေရာအစိတ်အပိုင်းတွေကိုပါပျံ့မပျံ့သိဖို့အတွက် ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊အာထရာဆောင်းရိုက်တာ၊အရိုးဓါတ်မှန်ရိုက်တာ စတဲ့စစ်ဆေးမှုတွေပါ လုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ပြီးကုသတာ(Surgery)၊ကင်ဆာဆေးသွင်းပြီးကုသတာ(Chemotherapy)၊ဓါတ်ရောင်ခြည်နဲ့ကုသတာစသဖြင့်ကုသနည်းတွေရှိပါတယ်။နှစ်နည်း၊သုံးနည်းပေါင်းကုတာမျိုးလည်းရှိပါတယ်။

မုန့်ချိုအိတ်ကင်ဆာဟာ ဖြစ်စမှာထွေထွေထူးထူးရောဂါလက္ခဏာမပြတတ်တဲ့အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးနေတဲ့သူတွေမဟုတ်ပါက ကင်ဆာမှန်းစောစီးစွာသိပြီး စောစောကုသမှုခံယူနိုင်ဖို့မလွယ်ပါ။

ဒါ့အပြင် တခြားနေရာအစိတ်အပိုင်းတွေကိုလည်းပျံ့နှံ့နှုန်းက မြန်ပါတယ်။

ရောဂါလက္ခဏာပြတဲ့အချိန်မှာဆိုရင် ရောဂါအဆင့်ဟာ ဆိုးတဲ့အခြေအနေရောက်နေတာများပြီး တခြားအစိတ်အပိုင်းတွေကိုလည်းပျံ့နေလေ့ရှိပါတယ်။

ဒါကြောင့်အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ အနည်းဆုံး တနှစ်တခါလောက်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ပါ။

မုန့်ချိုအိတ်ကင်ဆာဖြစ်ပွားနိုင်ခြေနည်းအောင် ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။ဆေးလိပ်ဖြတ်ပါ။အဝမလွန်အောင် ကိုယ်အလေးချိန်ထိန်းပါ။လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့သစ်သီးများများစားပါ။ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ လို့ အကြံပြုတိုက်တွန်းချင်ပါတယ်။

Dr 528

 

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image