ကင်ဆာဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ      

ကင္ဆာျဖစ္ေနမွန္း ဘယ္လိုုသိနိုုင္မလဲ      

လူအမ်ားစုသည္ မိမိခံစားေနရေသာေရာဂါ ရက္အတန္ျကာသည္အထိ မေပ်ာက္ခဲ႔ေသာ္ ကင္ဆာ လား?ဆိုေသာ စိုးရိမ္စိတ္ကဝင္လာတတ္ပါတယ္။ထို့အတူ ကင္ဆာ ဟုတ္မဟုတ္ ဘယ္လိုသိနိုင္မလဲဆိုေသာ ေမးခြန္းကိုေမးကာ အေျဖကိုအတိအက်လိုခ်င္ေနျကပါတယ္။ဒါေျကာင့္

-ကင္ဆာဆိုတာ ဘယ္လိုရွာေဖြစမ္းသပ္မူ ျပုလုပ္ရင္သိမလဲ?
ကင္ဆာလို့ အတိအက်ေျပာဖို့က စမ္းသပ္စစ္ေဆးမူတစ္ခုတည္းလုပ္ရုံနဲ႔မရပါ။လူနာတစ္ေယာက္အတြက္ေရာဂါရာဇဝင္။လက္ေတြ႔စမ္းသပ္မူနွင့္ ရွာေဖြစမ္းသပ္မူမ်ားလိုအပ္ပါတယ္။ကင္ဆာလား?ကင္ဆာနွင့္တူေသာအျခားေရာဂါလား ကြဲျပားဖို့ စမ္းသပ္စစ္ေဆးမူမ်ားစြာျပုလုပ္ရန္လိုအပ္ပါတယ္။ဆရာဝန္အေနျဖင့္ ေရာဂါသည္ကင္ဆာလို့ ထင္သည္နွင့္ ရွာေဖြစစ္ေဆးမူကို အျကိမ္ျကိမ္ျပုလုပ္ရသည္လည္းရွိတတ္ပါတယ္။တတ္က်ြမ္းနားလည္သည့္ ပညာရပ္ပိုင္းဆိုင္ရာပညာရွင္မ်ားႏွင့္ပူးေပါင္းအေျဖထုတ္ရသည့္အေျခအေနလည္းရွိပါတယ္။

ရွာေဖြမူအပိုင္းမ်ားမွာ

-ဓာတ္ခြဲစစ္ေဆးမူမ်ား
-ပံုရိပ္ဖမ္းစမ္းသပ္မူမ်ား
-မွန္ေျပာင္းျဖင့္ေရာဂါရွာေဖြျခင္း
-မ်ဳိးရုိးဗီဇစစ္ေဆးျခင္း
-အသားစယူျခင္းစသည့္တို့ျဖစ္ပါတယ္။

(1)ဓာတ္ခြဲစစ္ေဆးျခင္း
ဓာတ္ခြဲစစ္ေဆးျခင္းဆိုသည္မွာ ေသြး။ဆီး။ဝမ္းစစ္ျခင္းအျပင္ အျခားေသာ ရုိးတြင္းခ်ဥ္ဆီ။ကိုယ္မွထြက္ေသာအရည္ စသည့္တို့စစ္ေဆးျခင္းျဖစ္ပါတယ္။ေရာဂါအေျခအေနႏွင့္လူနာအေျခအေနေပါ္မူတည္ရ်္ လိုအပ္ေသာစစ္ေဆးမူမ်ားအားလံုးျပုလုပ္ပါတယ္။ေရာဂါေပါ္မူတည္ရ်္ Tumor markersလို့ေခါ္တဲ႔ကင္ဆာအတြက္လိုအပ္ေသာစစ္ေဆးမူမ်ားလည္း ျပုလုပ္ပါတယ္။

(2)ပံုရိပ္ဖမ္းစမ္းသပ္မူမ်ား
ကင္ဆာတည္ေနရာ။အေျခအေန။အရြယ္အစားနွင့္ျပန့္နွံ႔မူရွိမရွိ သိရွိနိုင္ေစရန္နွင့္ ကုသမူထိေရာက္ပံုကိုလည္းသိရွိရန္ျပုလုပ္ပါတယ္။အတ္ထရာေဆာင္းရုိက္ျခင္း။ဓာတ္မွန္ရုိက္ျခင္း။ကြန္ျပူတာဓာတ္မွန္ရုိက္ျခင္း။သံလိုကိဓာတ္မွန္ရုိက္ျခင္းစသည့္တို့ျဖစ္ပါတယ္။

(3)မွန္ေျပာင္းျဖင့္ေရာဂါရွာေဖြျခင္း
အခ်ဳိ့ကင္ဆာမ်ားသည္ မွန္ေျပာင္းျဖင့္ ေရာဂါရွာေဖြမူျပုလုပ္ပါတယ္။
-ဆီးလမ္းေျကာင္းမွန္ေျပာင္း
-အူလမ္းေျကာင္းမွန္ေျပာင္း
-သည္းေျခလမ္းေျကာင္းမွန္ေျပာင္း
-အစာအိမ္လမ္းေျကာင္းမွန္ေျပာင္းစသည့္ျဖင့္ေရာဂါကိုရွာေဖြမူျပုလုပ္ပါတယ္။

(4)မ်ဳိးရုိးဗီဇစစ္ေဆးျခင္း

(5)အသားစစစ္ေဆးျခင္း
ကင္ဆာျဖစ္နိုင္ရွိေသာ အက်ိတ္။ေနရာမွ အသားစကိုယူရ်္ microscopeျဖင့္ကင္ဆာဆဲလ္မ်ားရွာေဖြျခင္းျဖစ္ပါတယ္။အခ်ဳိ့သည္ ခြဲစိတ္ခန္းအတြင္းျပုလုပ္ရေသာ္လည္း အခ်ဳိ့မူ အလြယ္တကူအသားစစစ္နိုင္ပါတယ္။အသားစစစ္ျခင္းျဖင့္ကင္ဆာလား အျခားေရာဂါလား ခြဲျခားနိုင္ပါတယ္။
-မွန္ေျပာင္းျဖင့္အသားစယူျခင္း
-ရုိးတြင္းခ်ဥ္ဆီအသားစယူျခင္း
-အက်ိတ္တခုလံုးျဖတ္ထုတ္ယူစစ္ျခင္း
-အပ္ျဖင့္အရည္စုပ္ယူစစ္ျခင္း
-လိုအပ္ေသာပမာဏသာယူစစ္ျခင္း
-ရိတ္ယူစစ္ျခင္း
-အေရျပားအသားစယူစစ္ျခင္းစသည့္တို့ကို ေရာဂါအေျခအေနေပါ္မူတည္ရ်္ ရွာေဖြစစ္ေဆးမူျပုလုပ္ပါတယ္။ထို့ေျကာင့္ကင္ဆာဟုတ္မဟုတ္သိနိင္ရန္အထက္ပါစမ္းသပ္မူမ်ားျပုလုပ္မွသာ အေျဖထြက္လာနိုင္မည္ျဖစ္ပါတယ္။ဒါေျကာင့္ မိမိေရာဂါအေျခအေန ေသခ်ာစစ္ေဆးခ်က္မ်ားမျပုလုပ္ရေသးမွီ ကင္ဆာလားဆိုေသာစိတ္ေဝဒနာကို မျဖစ္လာေအာင္သတိျပုသင့္ပါတယ္။

Dr.ျပည့္ရွင္း

Unicode Version

ကင်ဆာဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ

လူအများစုသည် မိမိခံစားနေရသောရောဂါ ရက်အတန်ကြာသည်အထိ မပျောက်ခဲ့သော် ကင်ဆာ လား?ဆိုသော စိုးရိမ်စိတ်ကဝင်လာတတ်ပါတယ်။ထို့အတူ ကင်ဆာ ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲဆိုသော မေးခွန်းကိုမေးကာ အဖြေကိုအတိအကျလိုချင်နေကြပါတယ်။ဒါကြောင့်

-ကင်ဆာဆိုတာ ဘယ်လိုရှာဖွေစမ်းသပ်မူ ပြုလုပ်ရင်သိမလဲ?
ကင်ဆာလို့ အတိအကျပြောဖို့က စမ်းသပ်စစ်ဆေးမူတစ်ခုတည်းလုပ်ရုံနဲ့မရပါ။လူနာတစ်ယောက်အတွက်ရောဂါရာဇဝင်။လက်တွေ့စမ်းသပ်မူနှင့် ရှာဖွေစမ်းသပ်မူများလိုအပ်ပါတယ်။ကင်ဆာလား?ကင်ဆာနှင့်တူသောအခြားရောဂါလား ကွဲပြားဖို့ စမ်းသပ်စစ်ဆေးမူများစွာပြုလုပ်ရန်လိုအပ်ပါတယ်။ဆရာဝန်အနေဖြင့် ရောဂါသည်ကင်ဆာလို့ ထင်သည်နှင့် ရှာဖွေစစ်ဆေးမူကို အကြိမ်ကြိမ်ပြုလုပ်ရသည်လည်းရှိတတ်ပါတယ်။တတ်ကျွမ်းနားလည်သည့် ပညာရပ်ပိုင်းဆိုင်ရာပညာရှင်များနှင့်ပူးပေါင်းအဖြေထုတ်ရသည့်အခြေအနေလည်းရှိပါတယ်။

ရှာဖွေမူအပိုင်းများမှာ

-ဓာတ်ခွဲစစ်ဆေးမူများ
-ပုံရိပ်ဖမ်းစမ်းသပ်မူများ
-မှန်ပြောင်းဖြင့်ရောဂါရှာဖွေခြင်း
-မျိုးရိုးဗီဇစစ်ဆေးခြင်း
-အသားစယူခြင်းစသည့်တို့ဖြစ်ပါတယ်။

(1)ဓာတ်ခွဲစစ်ဆေးခြင်း
ဓာတ်ခွဲစစ်ဆေးခြင်းဆိုသည်မှာ သွေး။ဆီး။ဝမ်းစစ်ခြင်းအပြင် အခြားသော ရိုးတွင်းချဉ်ဆီ။ကိုယ်မှထွက်သောအရည် စသည့်တို့စစ်ဆေးခြင်းဖြစ်ပါတယ်။ရောဂါအခြေအနေနှင့်လူနာအခြေအနေပေါ်မူတည်ရျ် လိုအပ်သောစစ်ဆေးမူများအားလုံးပြုလုပ်ပါတယ်။ရောဂါပေါ်မူတည်ရျ် Tumor markersလို့ခေါ်တဲ့ကင်ဆာအတွက်လိုအပ်သောစစ်ဆေးမူများလည်း ပြုလုပ်ပါတယ်။

(2)ပုံရိပ်ဖမ်းစမ်းသပ်မူများ
ကင်ဆာတည်နေရာ။အခြေအနေ။အရွယ်အစားနှင့်ပြန့်နှံ့မူရှိမရှိ သိရှိနိုင်စေရန်နှင့် ကုသမူထိရောက်ပုံကိုလည်းသိရှိရန်ပြုလုပ်ပါတယ်။အတ်ထရာဆောင်းရိုက်ခြင်း။ဓာတ်မှန်ရိုက်ခြင်း။ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း။သံလိုကိဓာတ်မှန်ရိုက်ခြင်းစသည့်တို့ဖြစ်ပါတယ်။

(3)မှန်ပြောင်းဖြင့်ရောဂါရှာဖွေခြင်း
အချို့ကင်ဆာများသည် မှန်ပြောင်းဖြင့် ရောဂါရှာဖွေမူပြုလုပ်ပါတယ်။
-ဆီးလမ်းကြောင်းမှန်ပြောင်း
-အူလမ်းကြောင်းမှန်ပြောင်း
-သည်းခြေလမ်းကြောင်းမှန်ပြောင်း
-အစာအိမ်လမ်းကြောင်းမှန်ပြောင်းစသည့်ဖြင့်ရောဂါကိုရှာဖွေမူပြုလုပ်ပါတယ်။

(4)မျိုးရိုးဗီဇစစ်ဆေးခြင်း

(5)အသားစစစ်ဆေးခြင်း
ကင်ဆာဖြစ်နိုင်ရှိသော အကျိတ်။နေရာမှ အသားစကိုယူရျ် microscopeဖြင့်ကင်ဆာဆဲလ်များရှာဖွေခြင်းဖြစ်ပါတယ်။အချို့သည် ခွဲစိတ်ခန်းအတွင်းပြုလုပ်ရသော်လည်း အချို့မူ အလွယ်တကူအသားစစစ်နိုင်ပါတယ်။အသားစစစ်ခြင်းဖြင့်ကင်ဆာလား အခြားရောဂါလား ခွဲခြားနိုင်ပါတယ်။
-မှန်ပြောင်းဖြင့်အသားစယူခြင်း
-ရိုးတွင်းချဉ်ဆီအသားစယူခြင်း
-အကျိတ်တခုလုံးဖြတ်ထုတ်ယူစစ်ခြင်း
-အပ်ဖြင့်အရည်စုပ်ယူစစ်ခြင်း
-လိုအပ်သောပမာဏသာယူစစ်ခြင်း
-ရိတ်ယူစစ်ခြင်း
-အရေပြားအသားစယူစစ်ခြင်းစသည့်တို့ကို ရောဂါအခြေအနေပေါ်မူတည်ရျ် ရှာဖွေစစ်ဆေးမူပြုလုပ်ပါတယ်။ထို့ကြောင့်ကင်ဆာဟုတ်မဟုတ်သိနိင်ရန်အထက်ပါစမ်းသပ်မူများပြုလုပ်မှသာ အဖြေထွက်လာနိုင်မည်ဖြစ်ပါတယ်။ဒါကြောင့် မိမိရောဂါအခြေအနေ သေချာစစ်ဆေးချက်များမပြုလုပ်ရသေးမှီ ကင်ဆာလားဆိုသောစိတ်ဝေဒနာကို မဖြစ်လာအောင်သတိပြုသင့်ပါတယ်။