သင့်ကလေးကို ဘာအားဆေးတိုက်သင့်လဲ ?
ကျွန်မနာမည်က မသီတာပါ။ အသက် (၃၅) နှစ်မှာ အိမ်ထောင်ကျပြီး ၃၆ နှစ်မှာ သားလေးဇွဲသုတကို မွေးပါတယ်။ ခုဆို သားလေးအသက် ၂ နှစ်ပြည့်ခါနီးပါပြီ။
အသက်ကြီးမှရတဲ့ သားဦးလေးဖြစ်တဲ့အပြင် ယောက်ျားလေးလည်းဖြစ်လို့ သူ့အဖေရော နှစ်ဖက်အဘိုးအဘွားတွေကပါ သဲသဲလှုပ်ချစ်ကြပါတယ်။
သူစားချင်တာမှန်သမျှ လိုချင်တာမှန်သမျှရတာချည်းပါပဲ။
ဒါပေမယ့် ဟိုတလောက သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံတက်လိုက်ရပါတယ်။
နေကောင်းသွားလို့ ဆေးရုံကနေဆင်းရပေမယ့် အဲ့နောက်ပိုင်းမှာ သားလေးက အရင်ကလိုအစားသိပ်မစားတော့ပါဘူး။
ဒါ့အပြင် ညဘက်တွေလည်း သိပ်မအိပ်ဘူး။
ဒါကြောင့် ကျွန်မလည်းစိုးရိမ်တာနဲ့ ကျွန်မရဲ့ အစ်မဝမ်းကွဲတော်စပ်တဲ့ ကလေးအထူးကုဖြစ်နေတဲ့ ဒေါက်တာစုမွန် ဆီသွားပြပါတယ်။
ဒေါက်တာစုမွန်အိမ်ရောက်တော့ ဒေါက်တာစုမွန်ကို ကျွန်မရဲ့သား သူ့ရဲ့တူ ဇွဲသုတ လေး ဆေးရုံကဆင်းပြီးကတည်းက အစာသိပ်မစား၊ ညလည်း သိပ်မအိပ်ကြောင်းပြောပြလိုက်ပါတယ်။
ဒီတော့ မစုမွန်က
“ဖျားရင်ပဲဖြစ်ဖြစ်၊ ရာသီဥတုပူရင်ပဲဖြစ်ဖြစ် အစားသောက်ပျက်တတ်တယ်။ လူငယ်လူရွယ်တွေက သိပ်မသိသာပေမယ့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေက သိသာတယ်။ ဇွဲသုတကို ဘာအားဆေးတွေများ တိုက်နေတာရှိလဲ” လို့ မေးပါတယ်။
“ကလေးက အရင်တုန်းက အစားကောင်းကောင်းလည်းစား ကျန်းလည်းကျန်းမာတော့ ဘာအားဆေးမှမတိုက်ဖြစ်ဘူး အစ်မစုမွန်”
“ဒီလိုလည်း မဟုတ်သေးဘူးလေ ညီမရဲ့။ ကလေးတွေ အစားကောင်းကောင်းစားတယ်ဆိုပေမယ့်လည်း အားဆေးတော့ တိုက်ဖို့လိုနိုင်တယ်။ ဘာလို့လဲဆိုတော့ ညီမရော အမေတော်တော်များများရော ကျွေးတဲ့အစားစာတွေထဲမှာ ကလေးအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်တွေ စုံလင်မျှတအောင်ပါဖို့ဆိုတာ မလွယ်ဘူးလေ။ တချို့ကလေးက အသားမစားတာ၊ ငါးမစားတာရှိသလို တချို့ကလေးကျ နို့နဲ့နို့ထွက်ပစ္စည်းတွေ မစားတာရှိတယ်။ ကလေးတွေအနေနဲ့ကျ သူတို့ကြိုက်တာပဲ ကောင်းကောင်းစားပါတယ်။ ဒီတော့ သူတို့မကြိုက်လို့ မစားတဲ့အစာတွေထဲမှာပါတဲ့ အာဟာရဓါတ်၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေမရနိုင်တာဖြစ်နိုင်တယ် ညီမရေ”
“ဟုတ်ကဲ့အစ်မ ဒါဆိုကလေးတွေအတွက် ဘယ်ဓါတ်တွေကအရေးကြီးဆုံးလဲ အစ်မ”
“ဗီတာမင်နဲ့ သတ္ထုဓါတ်အားလုံးကတော့ သူ့ဟာနဲ့သူအရေးပါတာပါပဲ။ အဓိကအနေနဲ့ပြောရမယ်ဆိုရင်တော့ သံဓါတ်နဲ့ လိုင်စင်းဓါတ်ပေါ့။
သံဓါတ်က ကလေးတင်မက လူငယ်လူရွယ် လူကြီးတွေမှာပါ မရှိမဖြစ်လိုအပ်တယ်။ သံဓါတ်က ဦးနှောက်ဖွံဖြိုးမှုအတွက် အထောက်ပံ့ပေးတယ်။ ဒါ့အပြင် လှုံ့ဆော်မှုတခုကို တုံပြန်ဖို့အတွက် ဦးနှောက်ကနေ ထွက်တဲ့ Brain chemicals (neurotransmitter) တွေအတွက်လည်း သံဓါတ်က အရေးကြီးပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်စီဂျင်ကိုသယ်ပေးတဲ့ သွေးနီဥတွေဖွဲ့စည်းတည်ဆောက်ဖို့အတွက်နဲ့ သွေးအားကောင်းဖို့အတွက်လည်း သံဓါတ်လိုတယ်။”
“သြော်ဟုတ်ကဲ့အစ်မ ဒါဆိုသံဓါတ်ချို့တဲ့ရင်ဘာတွေဖြစ်နိုင်လဲ။ သံဓါတ်က ဘယ်လိုအစားစာတွေမှာပါလဲ။
သံဓါတ်ချို့တဲ့ရင် သွေးနီးဥထဲက အောက်စီဂျင်ကိုသယ်ပေးတဲ့ ဟေမိုဂလိုဘင်ပါ နည်းလာတာကြောင့် ခန္ဓာကိုယ်မှာ အောက်စီဂျင်နည်းလာတဲ့အတွက် ဦးနှောက်မကြည်မလင်ဖြစ်တာ၊ အားအင်နည်းတာ၊ ပင်ပန်းနွမ်းလျနေတာ၊ စိတ်မကြည်လင်တာတွေ ဖြစ်နိုင်တယ်။ နောက်ပြီး သံဓါတ်က ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးဖို့အတွက်ပါ အရေးပါလို့ သံဓါတ်ချို့တဲ့ရင် အာရုံကြောတွေဖွံ့ဖြိုးမှု အားနည်းပြီး မှတ်ဉာဏ်သိပ်မကောင်းတာမျိုး၊ ဉာဏ်ရည်ဖွံ့ဖြိူးမှုနည်းတာမျိုးလည်းဖြစ်နိုင်တယ်။
ကလေးတွေမှာဆိုရင် သံဓါတ်ချို့တဲ့လို့ အိပ်မပျော်တာလည်းဖြစ်နိုင်တယ်။
သံဓါတ်က အသည်းတို့ အနီရောင် အသားတို့မှာပါတာ များတယ်။ ဟင်းသီးဟင်းရွက်အနေနဲ့ဆိုရင်တော့ ဟင်းနုနွယ်ရွက်နဲ့ ကျောက်ဖရုံသီးမှာ များများပါတယ်။ တခြားအသီးအရွက်တွေကတော့ပါတာ နည်းတယ်။”
“ဟုတ်အစ်မစုမွန်။ ဒါဆိုနောက်တခုဖြစ်တဲ့ လိုင်စင်းဓါတ်အကြောင်းလေးလည် းပြောပြပါအုံးနော်။”
“လိုင်စင်းဓါတ်ဆိုတာကတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (Essential Amion Acid) တမျိုးပါ။ ကလေးတွေ အစာကောင်းကောင်းစားဖို့နဲ့ သန်မာကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အကူပေးပါတယ်။ ဒါ့အပြင် စုမွန်တို့ နေ့စဉ်စားနေတဲ့အစားစာတွေထဲကနေ သံဓါတ် (Iron)၊ ကယ်လ်ဆီယံဓါတ် (Calcium) နဲ့ သွပ်ဓါတ် (Zinc) တွေကို အူလမ်းကြောင်းကတဆင့် သွေးထဲစုပ်ယူဖို့အတွက်လည်း လိုင်စင်းဓါတ်က ကူညီပေးပါတယ်။
ဒါ့အပြင် အရိုးနဲ့တွယ်ဆက်တစ်သျှူးတွေအတွက် အရေးကြီးတဲ့ ကော်လာဂျင်တည်ဆောက်ရာမှာလည်း လိုင်စင်းဓါတ်က အရေးပါတဲ့ ကဏ္ဍကနေပါဝင်တယ်။
လိုင်စင်းဓါတ်ချို့တဲ့ရင် အစားစာချင်စိတ်မရှိတာ၊ ဘာစားစားအရသာမရှိတာ၊ ခန္ဓာကိုယ်ကြီးထွားဖွံဖြိူးမှုနှေးကွေးတာတွေ ဖြစ်နိုင်တယ်။ အရိုးတွေလည်းကြံခိုင်သန်မာမှု နည်းသွားနိုင်တယ်။ ဒါ့အပြင်သူချိူ့တဲ့ရင် ခန္ဓာကိုယ်က သံဓါတ်စုပ်ယူတာပါ နည်းလာတဲ့အတွက် သံဓါတ်ချို့တဲ့ရင်ဖြစ်တဲ့ လက္ခဏာတွေပါ ဖြစ်နိုင်တယ်။
လိုင်စင်းဓါတ်ပါတဲ့ အစားအစာတွေကတော့ အများကြီးပါ။
အသားအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ငါး၊ စပီရူလိုင်းနား၊ ချိစ်၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ အားလုံးနီးပါး လိုင်စင်းဓါတ်ပါပါတယ်။”
“ဟုတ်ကဲ့။ အစ်မစုမွန် ခုလိုစုံစုံလင်လင်ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါဆိုဇွဲသုတကိုလည်း အားဆေးတိုက်အုံးမှပါ။ ဒါနဲ့ ဘယ်လိုအားဆေးကိုတိုက်သင့်လဲအစ်မ။ ခုနတုန်းက သံဓါတ်နဲ့ လိုင်စင်းဓါတ် နှစ်မျိုးလုံးပါတဲ့ အားဆေးကောရှိလား။”
“ကလေးအားဆေးနဲ့ ပတ်သက်ပြီးတော့ ဆေးတွေက အများကြီးရှိပါတယ်။ သို့ပေမယ့် တချို့ကျ သံဓါတ်နဲ့ ဗီတာမင်လောက်ပဲ ပါပြီး၊ တချို့ကျ လိုင်စင်းနဲ့ ဗီတာမင်ပဲပါတာများတယ်။ အဲ့လိုဆေးတွေထဲမှာမှ ဒီဆေးကတော့ သံဓါတ်ရော၊ လိုင်စင်းဓါတ်ရော လုံလောက်စွာပါတဲ့အပြင် တခြားဗီတာမင်နဲ့ သတ္ထုဓါတ်တွေရော ကုံလုံအောင်ထည့်ထားတဲ့အတွက် ကလေးတွေကို အစားစားချင်စိတ်ဖြစ်စေပြီး ဉာဏ်ရည်ထက်မြက်တီထွင်ကြံဆမှု ကောင်းလာစေကာ အားအင်ပြည့်ဝပြီး ခန္ဓာကိုယ်ကိုလည်းသန်စွမ်းဖွံ့ဖြိုးစေပါတယ်။ ကဲဒီတော့ တခြားဘာလိုအုံးမှာလည်း” ဆိုပြီး အစ်မစုမွန်က ပြောလည်းပြော သူ့အိမ်ကဆေးဗီရိုလေးထဲက ဆေးရည်ဗူးကိုလည်း ကျွန်မကိုထုတ်ပေးပါတယ်။
“ဒါကဘယ်လိုသောက်ရမှာလဲအစ်မ”
“မနက် ၁ ကြိမ် ည ၁ ကြိမ် တခါတိုက် လက်ဖက်စားဇွန်းနဲ့ တဇွန်းတိုက်ပေးပါ။”
“ဟုတ်ကဲ့ အစ်မစုမွန်ရေ။ ဒါဆိုညီမ ပြန်လိုက်အုံးမယ်နော် ကျေးဇူးပါ”
“အေးအေး။ ငါ့ညီမ ဂရုစိုက်ပြန်နော်။ ကားကိုဖြေးဖြေးမောင်း။ အကူအညီလိုရင်လည်း နောက်လာခဲ့နော်” လို့ မစုမွန်က ကျွန်မ မပြန်ခင် လှမ်းမှာလိုက်ပါသေးတယ်။
သီတာနွယ်(အမရပူရ)