ကလေးတွေ  နားပြည်ယိုတဲ့အခါ

ကေလးေတြ  နားျပည္ယိုုတဲ့အခါ

နားပိုး၀င္ျခင္း(Ear infections)ဟာ အသက္အရြယ္မေရြးျဖစ္နိုင္ေပမယ္႔ အသက္၅နွစ္ေအာက္ကေလးေတြမွာ အမ်ားဆံုးျဖစ္ေလ႔ရွိပါတယ္။

အမ်ားအားျဖင္႔ အေအးမိတာ၊အသက္ရႈလမ္းေၾကာင္းပိုး၀င္တာေတြကေနတဆင္႔ ျဖစ္တတ္ပါတယ္။

ဘာလို႔လဲဆိုေတာ႔

အသက္၅နွစ္ေအာက္ကေလးေတြမွာ နားအလယ္ပိုင္း နွင္႔ နွာေခါင္း၊လည္ေခ်ာင္းေနာက္ကို ဆက္ထားေပးေသာ ျပြန္ေလး(Eustachian tube)ဟာ ကေလးၾကီးေတြ၊လူၾကီးေတြထက္စာရင္ အရမ္းတိုျပီး ေသးလို႔ပါ။

အေအးမိနွာေစးတာ၊အသက္ရႈလမ္းေၾကာင္းပိုး၀င္တာ စတဲ႔အေျခအေနတခုခုျဖစ္ရင္ အဲ႔ျပြန္ေလးဟာေရာင္ရမ္းလာျပီး ျပြန္အတြင္းထဲမွာ သားငံရည္ေတြထြက္လာပါတယ္။

ကေလးငယ္ေလးေတြမွာ ျပြန္ဟာအရမ္းတိုေသး တဲ႔အတြက္ လူၾကီးေတြ၊ကေလးၾကီးေတြမွာလို ျပြန္ထဲအရည္ေတြဟာ အျပင္ကိုမထြက္နိုင္ဘဲ ျပြန္အထဲမွာပဲ စုမိျပီးပိတ္မိေနကာ ၾကာလာတဲ႔အခါမွာ ဘက္တီးရီးယားပိုး၊မႈိပိုး စတာေတြေပါက္လာပါတယ္။

အဲ႔တာကို နားပိုး၀င္တယ္လို႔ေခၚပါတယ္။ဒီလိုပိုးေတြေပါက္လာတဲ႔အခါမွာ ေရာင္ရမး္တာပိုဆိုးလာျပီး အရည္ေတြလည္းပိုမ်ားလာပါတယ္။

နားပိုး၀င္တဲ႔အခါမွာ ျဖစ္နိုင္တဲ႔လကၡဏာေတြကေတာ႔

ဖ်ားတာ၊ညေကာင္းေကာင္းမအိပ္တာ၊နားထဲကေန အရည္ သို႔မဟုတ္ ျပည္ထြက္က်တာ

လမ္းေလွ်ာက္တဲ႔အခါ ယိုင္တိုင္တုိင္ျဖစ္တာ

အစားေကာင္းေကာင္းမစားတာ

စကားမေျပာတတ္ေသးတဲ႔အရြယ္ေတြဆိုရင္ အေၾကာင္းရင္းမယ္မယ္ရရမရွိဘဲ နားကိုဆြဲကာ ငိုတာ၊ဂ်ီက်တာ၊ကိုယ္႔ေခါင္းကိုကိုယ္႔လက္နဲ႔ ျပန္ရိုက္ေနတာ

ကေလးကမိမိအသံကိုေကာင္းစြာမတံုျပန္တာ(သူ႔နာမည္ကိုေခၚရင္ ခါတိုင္း လွည္႔ၾကည္႔ေနက်က မၾကည္႔ေတာ႔တာ)

စကားေျပာတတ္တဲ႔အရြယ္ဆိုရင္ နားေနရာကိုလက္နဲ႔ညြန္ျပျပီး နာတယ္၊ကိုက္တယ္၊နားထဲမွာတမ်ိဳးၾကီးျဖစ္ေနတယ္ေျပာတာ စသျဖင္႔ပါ။

ေဖာ္ျပပါလကၡဏာေတြထဲက တခုထက္ပိုျပီး သင္႔ကေလးမွာရွိေနတယ္ဆိုရင္ နားပိုး၀င္တာဟုတ္မဟုတ္ေသခ်ာေအာင္ ကေလးအထူးကုဆရာ၀န္နဲ႔ ျပသျပီး နားထဲၾကည္႔တဲ႔ကိရိယာနဲ႔ စမ္းသပ္စစ္ေဆးၾကည္႔သင္႔ပါတယ္။

ကေလးငယ္မ်ားမ်ာ နားပိုး၀င္ျခင္းဟာ

အထက္မွာတခါေျပာခဲ႔သလို အေအးမိနွာေစးတာ၊အသက္ရႈလမ္းေၾကာင္းပိုး၀င္တာေတြေၾကာင္႔အျပင္ ကေလးမ်ားရဲ႕နားထဲကို နားၾကပ္တံ၊ဂြမ္းတံ စတဲ႔အရာေတြထည္႔တာ၊ ကေလးငယ္ကို အိပ္ရက္အေနထားနဲ႔နို႔ဘူးတိုက္ရာကတဆင္႔ ကေလးနားထဲကို နို႔ဘူးထဲကနို႔မႈန္႔ေဖ်ာ္ရည္ေတြ၀င္တာ၊

ကေလးက မသန္႔ရွင္းတဲ႔ေရမွာေရကူးမိျပီးနားထဲေရ၀င္တာ၊ကေလးအနားမွာ ေဆးလိပ္ေသာက္တာ၊ျခင္ေဆးထြန္းတာ၊မီးခိုးမႈိင္းတိုက္တာ စတာေတြေၾကာင္႔လည္း ျဖစ္နိုင္ပါတယ္။

ဒါ႔အျပင္တခါတရံ ဘာအေၾကာင္းမယ္မယ္ရရမွမရွိဘဲ မ်ိဳးရိုးလိုက္တာေၾကာင္႔လည္း နားပိုး၀င္ျခင္းျဖစ္နိုင္ပါတယ္။

နားပိုး၀င္ျခင္းျဖစ္နိုင္ေျခနည္းေအာင္ ကာကြယ္တဲ႔နည္းလမ္းေတြအေနနဲ႔ကေတာ႔ ကေလးကိုယ္ခံအားေကာင္းေအာင္၊ဖ်ားတာနာတာေတြမျဖစ္ေအာင္ဂရုစိုက္ပါ။ထိုးရမည္႔ကာကြယ္ေဆးေတြကို အခ်ိန္မွန္္မွန္ ျပည္႔ေအာင္ထိုးပါ။ေမြးစကေနေျခာက္လထိမိခင္နို႔တမ်ိဳးပဲတိုက္ပါ။

ကေလးကိုနို႔မႈန္႔ေဖ်ာ္ျပီးနို႔ဘူးနဲ႔တိုက္ပါက လဲလ်က္အေနထားနဲ႔မတိုက္ပါနဲ႔။

ကေလးကိုအေငြ႔အမႈန္ေတြနဲ႔မထိေတြ႔ပါေစနဲ႔။ကေလးအနားမွာေဆးလိပ္ေသာက္တာ၊ျခင္ေဆးထြန္းတာ၊မီးခိုးမႈိင္းတိုက္တာေတြကိုေရွာင္ပါ။ကေလးငယ္ေလးေတြကို လူတအားမ်ားျပီး တအားစည္တဲ႔ေနရာေတြကိုမေခၚသြားပါနဲ႔။

ကေလးငယ္ကို ေခ်ာင္းဆိုး၊နွာေစးျဖစ္ေနတဲ႔သူေတြနဲ႔အတူမထားပါနဲ႔။

အဆံုးသတ္အေနနဲ႔အၾကံေပးခ်င္တာကေတာ႔ ကေလးနားပိုး၀င္ျပီး နားျပည္ယိုတာျဖစ္ရင္ ေဆးျမီးတိုေတြမသံုးဘဲ ေဆးခန္းမွာဆရာ၀န္နဲ႔ျပသပါ။အေညာ္ေရွာင္ပါ။ကေလးအိပ္တဲ႔အခါ ေခါင္းပိုင္း(ေခါင္းအံုး)ကို နည္းနည္းျမွင္႔ထားပါ။ေရနည္းနည္းနဲ႔မၾကာခဏတိုက္ေပးပါ။

Dr 528

Unicode Version

ကလေးတွေ  နားပြည်ယိုတဲ့အခါ

နားပိုးဝင်ခြင်း(Ear infections)ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်၅နှစ်အောက်ကလေးတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။

အများအားဖြင့် အအေးမိတာ၊အသက်ရှုလမ်းကြောင်းပိုးဝင်တာတွေကနေတဆင့် ဖြစ်တတ်ပါတယ်။

ဘာလို့လဲဆိုတော့

အသက်၅နှစ်အောက်ကလေးတွေမှာ နားအလယ်ပိုင်း နှင့် နှာခေါင်း၊လည်ချောင်းနောက်ကို ဆက်ထားပေးသော ပြွန်လေး(Eustachian tube)ဟာ ကလေးကြီးတွေ၊လူကြီးတွေထက်စာရင် အရမ်းတိုပြီး သေးလို့ပါ။

အအေးမိနှာစေးတာ၊အသက်ရှုလမ်းကြောင်းပိုးဝင်တာ စတဲ့အခြေအနေတခုခုဖြစ်ရင် အဲ့ပြွန်လေးဟာရောင်ရမ်းလာပြီး ပြွန်အတွင်းထဲမှာ သားငံရည်တွေထွက်လာပါတယ်။

ကလေးငယ်လေးတွေမှာ ပြွန်ဟာအရမ်းတိုသေး တဲ့အတွက် လူကြီးတွေ၊ကလေးကြီးတွေမှာလို ပြွန်ထဲအရည်တွေဟာ အပြင်ကိုမထွက်နိုင်ဘဲ ပြွန်အထဲမှာပဲ စုမိပြီးပိတ်မိနေကာ ကြာလာတဲ့အခါမှာ ဘက်တီးရီးယားပိုး၊မှိုပိုး စတာတွေပေါက်လာပါတယ်။

အဲ့တာကို နားပိုးဝင်တယ်လို့ခေါ်ပါတယ်။ဒီလိုပိုးတွေပေါက်လာတဲ့အခါမှာ ရောင်ရမ်းတာပိုဆိုးလာပြီး အရည်တွေလည်းပိုများလာပါတယ်။

နားပိုးဝင်တဲ့အခါမှာ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့

ဖျားတာ၊ညကောင်းကောင်းမအိပ်တာ၊နားထဲကနေ အရည် သို့မဟုတ် ပြည်ထွက်ကျတာ

လမ်းလျှောက်တဲ့အခါ ယိုင်တိုင်တိုင်ဖြစ်တာ

အစားကောင်းကောင်းမစားတာ

စကားမပြောတတ်သေးတဲ့အရွယ်တွေဆိုရင် အကြောင်းရင်းမယ်မယ်ရရမရှိဘဲ နားကိုဆွဲကာ ငိုတာ၊ဂျီကျတာ၊ကိုယ့်ခေါင်းကိုကိုယ့်လက်နဲ့ ပြန်ရိုက်နေတာ

ကလေးကမိမိအသံကိုကောင်းစွာမတုံပြန်တာ(သူ့နာမည်ကိုခေါ်ရင် ခါတိုင်း လှည့်ကြည့်နေကျက မကြည့်တော့တာ)

စကားပြောတတ်တဲ့အရွယ်ဆိုရင် နားနေရာကိုလက်နဲ့ညွန်ပြပြီး နာတယ်၊ကိုက်တယ်၊နားထဲမှာတမျိုးကြီးဖြစ်နေတယ်ပြောတာ စသဖြင့်ပါ။

ဖော်ပြပါလက္ခဏာတွေထဲက တခုထက်ပိုပြီး သင့်ကလေးမှာရှိနေတယ်ဆိုရင် နားပိုးဝင်တာဟုတ်မဟုတ်သေချာအောင် ကလေးအထူးကုဆရာဝန်နဲ့ ပြသပြီး နားထဲကြည့်တဲ့ကိရိယာနဲ့ စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။

ကလေးငယ်များမျာ နားပိုးဝင်ခြင်းဟာ

အထက်မှာတခါပြောခဲ့သလို အအေးမိနှာစေးတာ၊အသက်ရှုလမ်းကြောင်းပိုးဝင်တာတွေကြောင့်အပြင် ကလေးများရဲ့နားထဲကို နားကြပ်တံ၊ဂွမ်းတံ စတဲ့အရာတွေထည့်တာ၊ ကလေးငယ်ကို အိပ်ရက်အနေထားနဲ့နို့ဘူးတိုက်ရာကတဆင့် ကလေးနားထဲကို နို့ဘူးထဲကနို့မှုန့်ဖျော်ရည်တွေဝင်တာ၊

ကလေးက မသန့်ရှင်းတဲ့ရေမှာရေကူးမိပြီးနားထဲရေဝင်တာ၊ကလေးအနားမှာ ဆေးလိပ်သောက်တာ၊ခြင်ဆေးထွန်းတာ၊မီးခိုးမှိုင်းတိုက်တာ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင်တခါတရံ ဘာအကြောင်းမယ်မယ်ရရမှမရှိဘဲ မျိုးရိုးလိုက်တာကြောင့်လည်း နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။

နားပိုးဝင်ခြင်းဖြစ်နိုင်ခြေနည်းအောင် ကာကွယ်တဲ့နည်းလမ်းတွေအနေနဲ့ကတော့ ကလေးကိုယ်ခံအားကောင်းအောင်၊ဖျားတာနာတာတွေမဖြစ်အောင်ဂရုစိုက်ပါ။ထိုးရမည့်ကာကွယ်ဆေးတွေကို အချိန်မှန်မှန် ပြည့်အောင်ထိုးပါ။မွေးစကနေခြောက်လထိမိခင်နို့တမျိုးပဲတိုက်ပါ။

ကလေးကိုနို့မှုန့်ဖျော်ပြီးနို့ဘူးနဲ့တိုက်ပါက လဲလျက်အနေထားနဲ့မတိုက်ပါနဲ့။

ကလေးကိုအငွေ့အမှုန်တွေနဲ့မထိတွေ့ပါစေနဲ့။ကလေးအနားမှာဆေးလိပ်သောက်တာ၊ခြင်ဆေးထွန်းတာ၊မီးခိုးမှိုင်းတိုက်တာတွေကိုရှောင်ပါ။ကလေးငယ်လေးတွေကို လူတအားများပြီး တအားစည်တဲ့နေရာတွေကိုမခေါ်သွားပါနဲ့။

ကလေးငယ်ကို ချောင်းဆိုး၊နှာစေးဖြစ်နေတဲ့သူတွေနဲ့အတူမထားပါနဲ့။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကလေးနားပိုးဝင်ပြီး နားပြည်ယိုတာဖြစ်ရင် ဆေးမြီးတိုတွေမသုံးဘဲ ဆေးခန်းမှာဆရာဝန်နဲ့ပြသပါ။အညော်ရှောင်ပါ။ကလေးအိပ်တဲ့အခါ ခေါင်းပိုင်း(ခေါင်းအုံး)ကို နည်းနည်းမြှင့်ထားပါ။ရေနည်းနည်းနဲ့မကြာခဏတိုက်ပေးပါ။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image