လုံးဝမပေါ့ဆသင့်တဲ့ သည်းခြေအိတ် ရောင်ရမ်းခြင်း

လံုးဝမေပါ့ဆသင့္တဲ့ သည္းေျခအိတ္ ေရာင္ရမ္းျခင္း

သည္းေျခအိတ္ဆိုတာက အသည္းရဲ႕ေအာက္ဘက္နားမွာကပ္ျပီးရွိေနေသာ မမႈတ္ရေသးတဲ႔ ပူစီေဖာင္းနဲ႔တူတဲ႔ ရွည္ေမ်ာမ်ာလံုး၀န္း၀န္းပံုသ႑ာန္အိတ္ေလးတခုပါ။

ေဆးပညာအရ Gall Bladder လို႔ေခၚပါတယ္။

သည္းေျခအိတ္ (Gall Bladder) ထဲမွာ အသည္း (Liver) ကေနထုတ္ေပးတဲ႔ သည္းေျခရည္ (Bile) ေတြကို သိုေလွာင္ထားပါတယ္။

ထိုသည္းေျခရည္ (Bile) ေတြက ကြ်န္ေတာ္တို႔ ေန႔စဥ္စားေသာက္တဲ႔အစားအေသာက္ေတြထဲမွာပါတဲ႔ အဆီေတြကိုေျခဖ်က္ရာမွာ အေရးပါပါတယ္။

ကြ်န္ေတာ္တို႔ေတြ အဆီမ်ားတဲ႔အစားအေသာက္ေတြကို စားေသာက္မိတဲ႔အခါမွာ သည္းေျခရည္ေတြက သည္းေျခအိတ္ထဲကေန Common bile duct လို႔ေခၚတဲ႔ျပြန္ကိုျဖတ္သန္းျပီး အူသိမ္ထဲေရာက္လာကာ အဆီေတြကိုေျခဖ်က္ေပးပါတယ္။ဒီလိုျဖစ္ေအာင္သည္းေျခအိတ္ကညွစ္ထုတ္ေပးပါတယ္။

၁။ အေၾကာင္းတခုခုေၾကာင္႔ သည္းေျချပြန္ပိတ္ျပီး သည္းေျခရည္ေတြဟာ အူသိမ္ဆီမေရာက္နိုင္ဘဲ သည္းေျခအိတ္ထဲမွာပဲစုပံုလာျခင္း

(အမ်ားအားျဖင္႔ေတာ႔ သည္းေျခေက်ာက္နဲ႔ပိတ္ေနတာေၾကာင္႔ျဖစ္တတ္ပါတယ္။သည္းေျခေက်ာက္အျပင္ သည္းေျချပြန္ပိတ္ေစတဲ႔တျခားအေၾကာင္းေတြလည္းရွိပါတယ္။အဲ႔ဒါေတြကေတာ႔ သည္းေျချပြန္နားတ၀ိုက္မွာအလံုးအက်ိတ္ျဖစ္တာ၊သည္းေျချပြန္ထဲသန္ေကာင္ေရာက္ေနတာ၊သည္းေျချပြန္ေခါက္တာ စသျဖင္႔ပါ)

၂။ အိတ္အိုင္ဗြီပိုး၊အသည္းေရာင္အသား၀ါပိုး ေတြလို ဗိုင္းရပ္စ္ပိုးတမ်ိဳးမ်ိဳး၀င္ေရာက္ကူးစက္ခံရျခင္း

၃။ အေၾကာင္းတခုခုေၾကာင္႔(ဥပမာ အဖ်ားၾကီးတာေၾကာင္႔)ကိုယ္တြင္းရွိေသြးေၾကာေတြပ်က္စီးျပီး သည္းေျခအိတ္ဆီေသြးေထာက္ပံ႔မႈနည္းသြားျခင္း

၄။ ကင္ဆာေဆးသြင္းကုသမႈရဲ႕ေဘးထြက္ဆိုးက်ိဳးေၾကာင္႔

၅။ ၾကိီးၾကီးမားမားထိခိုက္ဒဏ္ရာရျခင္း၊ၾကီးၾကီးမားမားမီးေလာင္ဒဏ္ရာရျခင္းေတြရဲ႕ေနာက္ဆက္တြဲဆိုးက်ိဳးေၾကာင္႔

စတဲ႔အေၾကာင္းေတြေၾကာင္႔ သည္းေျခအိတ္ေရာင္ရမ္းျခင္း ျဖစ္နိုင္ပါတယ္။

သည္းေျခအိတ္ေရာင္ရမ္းပါက

၀မ္းဗိုက္ညာဘက္အေပၚျခမ္းေနရာမွာနာျခင္း

ညာဘက္လက္ေမာင္းနဲ႔ေက်ာတေလွ်ာက္ေနရာေတြပါနာက်င္ျခင္း

အစာမေၾကျခင္း

ပ်ိဳ႔အန္ျခင္း

ခ်မ္းတုန္ဖ်ားျခင္း ေတြခံစားရနိုင္ပါတယ္။

အထူးသျဖင္႔ အဆီမ်ားတဲ႔အစာေတြစားျပီးတဲ႔အခါမွာ ခံစားရေလ႔ရွိပါတယ္။

ဒါေတြအျပင္ အသားဝါ၊မ်က္လံုးဝါ၊ဝမ္းေရာင္ေဖ်ာ့သြားတာ ေတြပါျဖစ္နိုင္တယ္။

ေဖာ္ျပပါလကၡဏာေတြမၾကာခဏခံစားရတာ အထူးသျဖင္႔ အဆီမ်ားတဲ႔အစာေတြစားျပီးတဲ႔အခ်ိန္မွာ ခံစားရတာ ဆိုရင္ ဆရာ၀န္နဲ႔ျပသျပီး စမ္းသပ္စစ္ေဆးမႈေတြလုပ္သင္႔ပါတယ္။

သည္းေျခအိတ္ေရာင္မေရာင္စစ္ေဆးမႈေတြအေနနဲ႔ကေတာ႔ ေသြးစစ္တာ၊အာထရာေဆာင္းရိုက္တာေတြလုပ္နိုင္ပါတယ္။

စစ္ေဆးၾကည္႔လို႔ သည္းေျခအိတ္ေရာင္ေနတယ္ဆိုရင္ေတာ႔ ေစာစီးစြာ ကုသမႈခံယူဖို႔လိုပါတယ္။

ကုသမႈအေနနဲ႔ကေတာ႔ သမရိုးက် ဗိုက္ဖြင္႔ခြဲျပီး သည္းေျခအိတ္ကို ျဖတ္ထုတ္တာ သို႔မဟုတ္ မွန္ေျပာင္းနဲ႔အေပါက္ေဖာက္ခြဲစိတ္နည္းပညာသံုးျပီး ျဖတ္ထုတ္တာေတြလုပ္နိုင္ပါတယ္။

ကုသမႈမခံယူပါဘဲေနပါက ၾကာလာရင္

ေနာက္ဆက္တြဲဆိုးက်ိဴးအေနနဲ႔ အသည္း(liver)မွာ ပိုး၀င္တာ၊အနီးအနားမွာရွိတဲ့ မုန္႔ခ်ိဳအိတ္ေရာင္ရမ္းတာ(Pancreatitis)၊သည္းေျခအိတ္ထဲမွစုေနတဲ႔သည္းေျခရည္ေတြဟာပိုး၀င္ျပီးျပည္ျဖစ္လာကာ သည္းေျခအိတ္ေပါက္ထြက္ျပီး ၀မ္းဗိုက္အေျမွးပါးေရာင္ရမ္းတာေတြ(Peritonitis)ျဖစ္နိုင္ပါတယ္။

ဒီအေျခအေနေတြျဖစ္ပါက အသက္အႏၱရာယ္စိုးရိမ္ရနိုင္ပါတယ္။

ဒါေၾကာင္႔အဆံုးသတ္အေနနဲ႔အၾကံေပးခ်င္တာက သည္းေျခအိတ္ေရာင္ရမ္းတာျဖစ္ျပီဆိုရင္ အခ်ိန္မဆြဲဘဲ ေစာစီးစြာကုသမႈခံယူပါ။

သည္းေျခအိတ္ေရာင္ရမ္းျခင္းျဖစ္ပြားနိုင္မႈ ေလ်ာ႔နည္းေအာင္

ကိုယ္အေလးခ်ိန္မတက္ေအာင္ေရွာင္ပါ။အကယ္၍ ကိုယ္အေလးခ်ိန္က တက္ေနပါက ကိုယ္အေလးခ်ိန္ကို အခ်ိန္တိုအတြင္းမွာက်ေအာင္တရားလြန္ေလွ်ာ႔တာမ်ိဴးကို ေရွာင္ပါ။

ေဟာ္မုန္းေဆးမ်ားကို ဆရာ၀န္နဲ႔မျပသဘဲ ဆရာ၀န္ညြန္ၾကားမႈမရွိဘဲ ေရရွည္ေသာက္တာကိုေရွာင္ပါ။

အဆီအဆိမ္႔အငန္ေရွာင္ပါ။

ေရမ်ားမ်ားေသာက္ပါ။ပံုမွန္ေလ႔က်င္႔ခန္းလုပ္ပါ။ဟင္းသီးဟင္းရြက္မ်ားမ်ားစားပါလို႔ အၾကံေပးခ်င္ပါတယ္။

Dr 528

Unicode Version

လုံးဝမပေါ့ဆသင့်တဲ့ သည်းခြေအိတ် ရောင်ရမ်းခြင်း

သည်းခြေအိတ်ဆိုတာက အသည်းရဲ့အောက်ဘက်နားမှာကပ်ပြီးရှိနေသော မမှုတ်ရသေးတဲ့ ပူစီဖောင်းနဲ့တူတဲ့ ရှည်မျောမျာလုံးဝန်းဝန်းပုံသဏ္ဍာန်အိတ်လေးတခုပါ။

ဆေးပညာအရ Gall Bladder လို့ခေါ်ပါတယ်။

သည်းခြေအိတ် (Gall Bladder) ထဲမှာ အသည်း (Liver) ကနေထုတ်ပေးတဲ့ သည်းခြေရည် (Bile) တွေကို သိုလှောင်ထားပါတယ်။

ထိုသည်းခြေရည် (Bile) တွေက ကျွန်တော်တို့ နေ့စဉ်စားသောက်တဲ့အစားအသောက်တွေထဲမှာပါတဲ့ အဆီတွေကိုခြေဖျက်ရာမှာ အရေးပါပါတယ်။

ကျွန်တော်တို့တွေ အဆီများတဲ့အစားအသောက်တွေကို စားသောက်မိတဲ့အခါမှာ သည်းခြေရည်တွေက သည်းခြေအိတ်ထဲကနေ Common bile duct လို့ခေါ်တဲ့ပြွန်ကိုဖြတ်သန်းပြီး အူသိမ်ထဲရောက်လာကာ အဆီတွေကိုခြေဖျက်ပေးပါတယ်။ဒီလိုဖြစ်အောင်သည်းခြေအိတ်ကညှစ်ထုတ်ပေးပါတယ်။

၁။ အကြောင်းတခုခုကြောင့် သည်းခြေပြွန်ပိတ်ပြီး သည်းခြေရည်တွေဟာ အူသိမ်ဆီမရောက်နိုင်ဘဲ သည်းခြေအိတ်ထဲမှာပဲစုပုံလာခြင်း

(အများအားဖြင့်တော့ သည်းခြေကျောက်နဲ့ပိတ်နေတာကြောင့်ဖြစ်တတ်ပါတယ်။သည်းခြေကျောက်အပြင် သည်းခြေပြွန်ပိတ်စေတဲ့တခြားအကြောင်းတွေလည်းရှိပါတယ်။အဲ့ဒါတွေကတော့ သည်းခြေပြွန်နားတဝိုက်မှာအလုံးအကျိတ်ဖြစ်တာ၊သည်းခြေပြွန်ထဲသန်ကောင်ရောက်နေတာ၊သည်းခြေပြွန်ခေါက်တာ စသဖြင့်ပါ)

၂။ အိတ်အိုင်ဗွီပိုး၊အသည်းရောင်အသားဝါပိုး တွေလို ဗိုင်းရပ်စ်ပိုးတမျိုးမျိုးဝင်ရောက်ကူးစက်ခံရခြင်း

၃။ အကြောင်းတခုခုကြောင့်(ဥပမာ အဖျားကြီးတာကြောင့်)ကိုယ်တွင်းရှိသွေးကြောတွေပျက်စီးပြီး သည်းခြေအိတ်ဆီသွေးထောက်ပံ့မှုနည်းသွားခြင်း

၄။ ကင်ဆာဆေးသွင်းကုသမှုရဲ့ဘေးထွက်ဆိုးကျိုးကြောင့်

၅။ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရခြင်း၊ကြီးကြီးမားမားမီးလောင်ဒဏ်ရာရခြင်းတွေရဲ့နောက်ဆက်တွဲဆိုးကျိုးကြောင့်

စတဲ့အကြောင်းတွေကြောင့် သည်းခြေအိတ်ရောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။

သည်းခြေအိတ်ရောင်ရမ်းပါက

ဝမ်းဗိုက်ညာဘက်အပေါ်ခြမ်းနေရာမှာနာခြင်း

ညာဘက်လက်မောင်းနဲ့ကျောတလျှောက်နေရာတွေပါနာကျင်ခြင်း

အစာမကြေခြင်း

ပျို့အန်ခြင်း

ချမ်းတုန်ဖျားခြင်း တွေခံစားရနိုင်ပါတယ်။

အထူးသဖြင့် အဆီများတဲ့အစာတွေစားပြီးတဲ့အခါမှာ ခံစားရလေ့ရှိပါတယ်။

ဒါတွေအပြင် အသားဝါ၊မျက်လုံးဝါ၊ဝမ်းရောင်ဖျော့သွားတာ တွေပါဖြစ်နိုင်တယ်။

ဖော်ပြပါလက္ခဏာတွေမကြာခဏခံစားရတာ အထူးသဖြင့် အဆီများတဲ့အစာတွေစားပြီးတဲ့အချိန်မှာ ခံစားရတာ ဆိုရင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။

သည်းခြေအိတ်ရောင်မရောင်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊အာထရာဆောင်းရိုက်တာတွေလုပ်နိုင်ပါတယ်။

စစ်ဆေးကြည့်လို့ သည်းခြေအိတ်ရောင်နေတယ်ဆိုရင်တော့ စောစီးစွာ ကုသမှုခံယူဖို့လိုပါတယ်။

ကုသမှုအနေနဲ့ကတော့ သမရိုးကျ ဗိုက်ဖွင့်ခွဲပြီး သည်းခြေအိတ်ကို ဖြတ်ထုတ်တာ သို့မဟုတ် မှန်ပြောင်းနဲ့အပေါက်ဖောက်ခွဲစိတ်နည်းပညာသုံးပြီး ဖြတ်ထုတ်တာတွေလုပ်နိုင်ပါတယ်။

ကုသမှုမခံယူပါဘဲနေပါက ကြာလာရင်

နောက်ဆက်တွဲဆိုးကျိူးအနေနဲ့ အသည်း(liver)မှာ ပိုးဝင်တာ၊အနီးအနားမှာရှိတဲ့ မုန့်ချိုအိတ်ရောင်ရမ်းတာ(Pancreatitis)၊သည်းခြေအိတ်ထဲမှစုနေတဲ့သည်းခြေရည်တွေဟာပိုးဝင်ပြီးပြည်ဖြစ်လာကာ သည်းခြေအိတ်ပေါက်ထွက်ပြီး ဝမ်းဗိုက်အမြှေးပါးရောင်ရမ်းတာတွေ(Peritonitis)ဖြစ်နိုင်ပါတယ်။

ဒီအခြေအနေတွေဖြစ်ပါက အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။

ဒါကြောင့်အဆုံးသတ်အနေနဲ့အကြံပေးချင်တာက သည်းခြေအိတ်ရောင်ရမ်းတာဖြစ်ပြီဆိုရင် အချိန်မဆွဲဘဲ စောစီးစွာကုသမှုခံယူပါ။

သည်းခြေအိတ်ရောင်ရမ်းခြင်းဖြစ်ပွားနိုင်မှု လျော့နည်းအောင်

ကိုယ်အလေးချိန်မတက်အောင်ရှောင်ပါ။အကယ်၍ ကိုယ်အလေးချိန်က တက်နေပါက ကိုယ်အလေးချိန်ကို အချိန်တိုအတွင်းမှာကျအောင်တရားလွန်လျှော့တာမျိူးကို ရှောင်ပါ။

ဟော်မုန်းဆေးများကို ဆရာဝန်နဲ့မပြသဘဲ ဆရာဝန်ညွန်ကြားမှုမရှိဘဲ ရေရှည်သောက်တာကိုရှောင်ပါ။

အဆီအဆိမ့်အငန်ရှောင်ပါ။

ရေများများသောက်ပါ။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ဟင်းသီးဟင်းရွက်များများစားပါလို့ အကြံပေးချင်ပါတယ်။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image