လိပ်ခေါင်းရောဂါ ခွဲစိတ်ကုမှ ပျောက်တယ်ဆိုတာ အမှန်ပဲလား

လိပ္ေခါင္းေရာဂါ ခြဲစိတ္ကုုမွ ေပ်ာက္တယ္ဆိုုတာ အမွန္ပဲလား

လိပ္ေခါင္းေရာဂါဆိုတာဟာ စအိုမွာရွိတဲ႔ေသြးေၾကာနံရံေတြအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ ေဖာင္းလာေရာင္လာတဲ႔အေျခအေနကိုေခၚတာျဖစ္ပါတယ္။

ေဆးပညာအရ heamorrhoids(piles) လို႔ေခၚပါတယ္။

က်ားမ မေရြးျဖစ္နိုင္ပါတယ္။အမ်ားအားျဖင္႔ အသက္၅၀ေက်ာ္အရြယ္ေတြမွာအျဖစ္မ်ားပါတယ္။

လိပ္ေခါင္းေရာဂါမွာ အမ်ားအားျဖင္႔ အတြင္းလိပ္ေခါင္း(Internal haemorrhoids)နဲ႔အျပင္လိပ္ေခါင္း(External haemorrhoids)ဆိုျပီး နွစ္မ်ိဳးရွိပါတယ္။

အတြင္းလိပ္ေခါင္း၊အျပင္လိပ္ေခါင္း ခြဲျခားပံုကေတာ႔ Dentate lineဆိုတဲ႔ စအိုျပြန္(anal canal)ကို အေပၚသံုးပံုနွစ္ပံု ေအာက္သံုးပံုတပံု ပိုင္းျခားထားတဲ႔မ်ဥ္းနဲ႔ဆံုးျဖတ္ပါတယ္။

အဲ႔မ်ဥ္းကေတာ႔ခႏၶာကို္ယ္ထဲမွာတကယ္မရွိပါဘူး။ေဆးသုေတသနသိပၸံပညာရွင္ေတြစိတ္ကူးနဲ႔သတ္မွတ္ထားတဲ႔မ်ဥ္းျဖစ္ပါတယ္။

Dentate line အေပၚျဖစ္တဲ႔ စအိုျပြန္ရဲ႕အေပၚသံုးပံုနွစ္ပံုေနရာမွာ လိပ္ေခါင္းျဖစ္ရင္ အတြင္းလိပ္ေခါင္းလို႔ သတ္မွတ္ျပီး

Dentate line ေအာက္ျဖစ္တဲ႔ စအိုျပြန္ရဲ႕ေအာက္သံုးပံုတပံုေနရာမွာ လိပ္ေခါင္းျဖစ္ရင္ အျပင္လိပ္ေခါငး္လို႔သတ္မွတ္ပါတယ္။

အရပ္ထဲမွာေျပာေျပာေနတာနဲ႔မတူပါ။အရပ္ထဲမွာေျပာတဲ႔အတြင္းလိပ္၊အျပင္လိပ္သတ္မွတ္ခ်က္က စအိုအျပင္ဘက္ထြက္ရင္အျပင္လိပ္လို႔ ေျပာတာျဖစ္ျပီး စအိုအျပင္မထြက္ရင္ အတြင္းလိပ္လို႔ ေျပာတာျဖစ္ပါတယ္။

ကြ်န္ေတာ္တို႔ေဆးပညာအရ သတ္မွတ္ထားတဲ႔အတြင္းလိပ္၊အျပင္လိပ္ကေတာ႔ စအိုအျပင္ထြက္တာမထြက္တာနဲ႔မဆိုင္ပါ။

အတြင္းလိပ္ေခါင္းျဖစ္ျဖစ္၊အျပင္လိပ္ေခါင္းျဖစ္ျဖစ္ ျဖစ္တဲ႔အဆင္႔ေပၚမူတည္ျပီး စအိုအျပင္ထြက္တာလည္းျဖစ္နိုင္သလို မထြက္တာလည္းျဖစ္နိုင္ပါတယ္။

လိပ္ေခါင္းကို ေအာက္ပါအတုိငး္ အဆင္႔၄ဆင္႔ ခြဲျခားထားပါတယ္။

First degree(အဆင္႔တစ္ကေတာ႔) ၀မ္းသြားရင္းနဲ႔ သို႔မဟုတ္ ၀မ္းသြားျပီးေနာက္ေသြးက်တာေလာက္ပဲ ျဖစ္ပါတယ္။အတြင္းလိပ္ျဖစ္ျဖစ္၊အျပင္လိပ္ျဖစ္ျဖစ္ အဆင္႔တစ္အဆင္႔မွာ စအိုအျပင္မထြက္ပါ။

Second degree(အဆင္႔နွစ္)ကေတာ႔ ၀မ္းသြားတဲ႔အခ်ိန္မွာ လိပ္ေခါင္းက စအိုအျပင္ထြက္က်ျပီး ၀မ္းသြားျပီးေနာက္မွာ သူ႔ဘာသာသူအလိုအေလ်ာက္ျပန္၀င္သြားတဲ႔အေျခအေနျဖစ္ပါတယ္။

Third degree(အဆင္႔သံုး)ကေတာ႔ ၀မ္းသြားတဲ႔အခ်ိန္မွာလိပ္ေခါင္းကစအိုအျပင္ထြက္က်ေပမယ္႔ ၀မ္းသြားျပီးတဲ႔အခါ သူ႔ဘာသာသူအလိုအေလ်ာက္ျပန္မ၀င္ဘဲ လက္နဲ႔ျပန္သြင္းရတဲ႔အေျခအေနျဖစ္ပါတယ္။

Fourth degree(အဆင္႔၄)ကေတာ႔ လိပ္ေခါင္းဟာ ၀မ္းသြားတဲ႔အခ်ိန္မွာမွထြက္တာမဟုတ္ဘဲ တခ်ိန္လံုးအျပင္ထြက္ေနတဲ႔အေျခအေနပါ။လက္နဲ႔ျပန္သြင္းလို႔လည္းမရပါ။

လိပ္ေခါင္းေရာဂါျဖစ္ရတာဟာ ၀မ္းဗိုက္အတြင္းမွာရွိတဲ႔ဖိအားမ်ားလာတာေၾကာင္႔ျဖစ္ပါတယ္။

ေရရွည္၀မ္းခ်ဳပ္ျခင္းေၾကာင္႔အျပင္ အေလးအပင္မတာမ်ားတာ၊ခဏခဏ ေရရွည္ေခ်ာင္းဆိုး၊နွာေခ်ျဖစ္တာ၊အသည္းမေကာင္းလို႔ေရဖ်ဥ္းစြဲတာ၊ကေလးအမ်ားၾကီးေမြးတာ၊သားအိမ္အတြင္းအသားလံုးတည္တာ၊ကင္ဆာအလံုးအက်ိတ္ျဖစ္တာ စတဲ႔ ၀မ္းဗိုက္အတြင္းဖိအားမ်ားလာေစတဲ႔အေျခအေနေတြေၾကာင္႔လည္းျဖစ္နိုင္ပါတယ္။

လိပ္ေခါင္းေရာဂါျဖစ္တဲ႔အခါခံစားရနိုင္တဲ႔လကၡဏာေတြကေတာ႔ ၀မ္းသြားရင္းနဲ႔ သို႔မဟုတ္ ၀မ္းသြားျပီးေနာက္စအိုကေန ေသြးထြက္က်တာ၊အက်ိအခြ်ဲေတြထြက္က်တာ၊၀မ္းသြားတဲ႔အခါစအို၀မွာ တစ္ဆို႔ၾကီး သို႔မဟုတ္ စူထြက္လာသလိုျဖစ္တာ၊စအိုယားယံတာေတြပါ။

သင္႔အေနနဲ႔ ဒီေဖာ္ျပပါ လကၡဏာေတြခံစားရျပီဆိုရင္ လိပ္ေခါင္းဟုတ္မဟုတ္ေသခ်ာေအာင္ ဆရာ၀န္နဲ႔ျပသစမ္းသပ္ၾကည္႔ဖို႔လိုပါတယ္။

စမ္းသပ္စစ္ေဆးမႈအေနနဲ႔ကေတာ႔ ဆရာ၀န္ကစအိုကိုလက္ထည္႔စမ္းတာအျပင္ စအိုမွန္ေျပာင္းၾကည္႔တာလည္းလုပ္ရနိုင္ပါတယ္။

ဒီလိုစမ္းသပ္စစ္ေဆးၾကည္႔လို႔ လိပ္ေခါင္းရွိျပီဆိုရင္ ေသခ်ာေစာစီးစြာကုသဖုိ႔လိုပါတယ္။ မကုဘဲထားပါက ၾကာလာတဲ႔အခါ ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ ေသြးထြက္မ်ားလာတာ၊စအိုအျပင္ထြက္တဲ႔လိပ္ေခါင္းက လိမ္သြားျပီးေသြးမေလွ်ာက္တဲ႔အခါနာက်င္မႈကိုခံစားရတာ၊လိပ္ေခါငး္ကေနအနာျဖစ္ျပီးပိုး၀င္တာ စတဲ႔ဆိုးက်ိဳးေတြျဖစ္နိုင္လို႔ပါ။

လိပ္ေခါင္းေရာဂါကိုကုသရာမွာ လိပ္ေခါင္းအဆင္႔အေနထားေပၚမူတည္ျပီးကုသရပါတယ္။

လိပ္ေခါင္းအဆင္႔၁နဲ႔အဆင္႔၂ဆိုရင္

အမ်ားအားျဖင္႔

၀မ္းသြားတဲ႔အခါမွာရိုးရိုးထိုင္အိမ္သာနဲ႔မဟုတ္ဘဲ ဘိုထိုင္လိုမ်ိဳးသံုးတာ၊၀မ္းမခ်ဳပ္ေအာင္ေအာင္ေရမ်ားမ်ားေသာက္တာ၊ဟင္းသီးဟင္းရြက္မ်ားမ်ားစားတာ၊လမ္းမ်ားမ်ားေလွ်ာက္ေပးတာ၊Dafflon ေသာက္ေဆးကိုတလေလာက္ေသာက္တာ မ်ိဳးေတြနဲ႔သက္သာေပ်ာက္ကင္းနိုင္ေျခရွိပါတယ္။

ဒီလိုေတြနဲ႔မသက္သာတဲ႔ လိပ္ေခါင္းအဆင္႔၁နဲ႔၂ အတြက္ကေတာ႔ စအိုမွန္ေျပာင္းအကူအညီနဲ႔လိပ္ေခါင္းထဲကို 5% phenol ေဆးပမာဏ 5mlေလာက္ထိုးျပီး လိပ္ေခါင္းရႈံ႕သြားေအာင္လုပ္နိုင္ပါတယ္။

ဒီနည္းမသံုးခ်င္ရင္ သားေရကြင္းနဲ႔ပစ္ကုသနည္း(Rubber band ligation)လို႔ေခၚတဲ႔ လိပ္ေခါင္းအေျခကို သားေရကြင္းနဲ႔တင္းတင္းခ်ည္တဲ႔ နည္းကိုသံုးနိုင္ပါတယ္။လိပ္ေခါင္းအေျခကို Barron’s bander လို႔ေခၚတဲ႔ကိရိယာသံုးျပီး သားေရကြင္းနဲ႔ခ်ည္လိုက္တဲ႔အခါ လိပ္ေခါင္းေနရာကိုေသြးမေရာက္တဲ႔အတြက္ ခ်ည္ျပီး၁၀ရက္အတြင္းမွာလိပ္ေခါင္းဟာျပဳတ္ထြက္သြားပါတယ္။

အဆင္႔၃နဲ႔အဆင္႔၄ လိပ္ေခါင္းေတြအတြက္ကေတာ႔ ခုအထက္ေဖာ္ျပပါနည္းေတြနဲ႔အဆင္မေျပနိုင္ပါ။

ခြဲစိတ္ျပီး ကုသမွပဲ သက္သာေပ်ာက္ကင္းနိုင္ပါတယ္။

လိပ္ေခါင္းခြဲျပီးတဲ႔အခါမွာ အနာက်က္ဖို႔နဲ႔နာက်င္မႈသက္သာဖို႔အတြက္ ပိုးသတ္ေဆးေတြ၊အနာက်က္ေဆးေတြေသာက္ရထိုးရတာေတြအျပင္ ေရေႏြးထိုင္ရတာမ်ိဳးလည္းလုပ္ရနိုင္ပါတယ္။

ေရေႏြးထိုင္တယ္ဆိုတာက ကိုယ္တင္ပါးအရြယ္အစားထိုင္လို႔ရမယ္႔ ေရဇလံု သို႔မဟုတ္ ဇလား တခုထဲ ေရခပ္ေႏြးေႏြး(ပြက္ပြက္ဆူေရေႏြးမဟုတ္ပါ)ကို တင္ပါးနစ္ရံုထည္႔ျပီး ဆားခါး သို႔မဟုတ္ မုန္႔ဖုတ္ဆိုဒါ သို႔မဟုတ္ ရွာလကာရည္(ဗီနီဂါ)ေရာထည္႔ေမႊျပီး ၁၅မိနစ္ ေလာက္ ၀င္ထိုင္ရတာျဖစ္ပါတယ္။

လိပ္ေခါင္းခြဲျပီးတဲ႔အခါမွာ စအိုေပါက္က်ဥ္းသြားတာမ်ိဳးလည္းျဖစ္နိုင္တဲ႔အတြက္ ခြဲျပီးတလအၾကာမွာ ခြဲတဲ႔ဆီကိုျပန္ျပျပီးစမ္းသပ္ဖို႔လိုပါတယ္။

လိပ္ေခါင္းေရာဂါကုသရာမွာလိပ္ေခါင္းကိုကုသရံုနဲ႔မျပီးေသးပါဘူး။ျဖစ္ေစတဲ႔အေၾကာင္းအရင္းေတြကိုလည္းရွာျပီး ကုသဖို႔လိုပါတယ္။ဒါမွသာျပန္ျဖစ္နိုင္ေျခနည္းမွာပါ။

လိပ္ေခါင္းေရာဂါဟာ တခါကုသျပီးလည္း ျပန္ျပန္ျဖစ္နိုင္တဲ႔အတြက္ လိပ္ေခါင္းေရာဂါထပ္ျဖစ္နိုင္ေျခနည္းေအာင္ ေအာက္ပါအခ်က္ေတြကို ဂရုစိုက္လိုက္နာဖို႔လိုပါတယ္။

၀မ္းမခ်ဳပ္ေအာင္ လတ္ဆတ္တဲ႔ဟင္းသီးဟင္းရြက္၊သစ္သီး၀လံေတြမ်ားမ်ားစားပါ။

အဆီအဆိမ္႔ေတြ၊ေကာက္ညွင္းေတြ၊အစာမာေတြ၊အသားေတြ ကိုတတ္နိုင္သေလာက္ေလွ်ာ႔စားပါ။

အိမ္သာတက္ရင္းနဲ႔စာအုပ္ဖတ္တာ၊ဖုန္းသံုးတာေတြကိုေရွာင္ပါ။

၀မ္းတကယ္မသြားခ်င္ဘဲနဲ႔ အိမ္သာထဲသြားျပီး အီးညွစ္တတ္တဲ႔အက်င႔္ကိုေရွာင္ပါ။

အထိုင္မမ်ားပါေစနဲ႔။လမ္းမ်ားမ်ားေလွ်ာက္ေပးပါ။ေရမ်ားမ်ားေသာက္ပါ။

ေဆာင္႔ေၾကာင္႔ထိုင္တဲ႔အက်င္႔ကိုေရွာင္ပါ။ဘိုထိုင္အိမ္သာသံုးပါ။

Dr 528

Unicode Version

လိပ်ခေါင်းရောဂါ ခွဲစိတ်ကုမှ ပျောက်တယ်ဆိုတာ အမှန်ပဲလား

လိပ်ခေါင်းရောဂါဆိုတာဟာ စအိုမှာရှိတဲ့သွေးကြောနံရံတွေအကြောင်းအမျိုးမျိုးကြောင့် ဖောင်းလာရောင်လာတဲ့အခြေအနေကိုခေါ်တာဖြစ်ပါတယ်။

ဆေးပညာအရ heamorrhoids(piles) လို့ခေါ်ပါတယ်။

ကျားမ မရွေးဖြစ်နိုင်ပါတယ်။အများအားဖြင့် အသက်၅၀ကျော်အရွယ်တွေမှာအဖြစ်များပါတယ်။

လိပ်ခေါင်းရောဂါမှာ အများအားဖြင့် အတွင်းလိပ်ခေါင်း(Internal haemorrhoids)နဲ့အပြင်လိပ်ခေါင်း(External haemorrhoids)ဆိုပြီး နှစ်မျိုးရှိပါတယ်။

အတွင်းလိပ်ခေါင်း၊အပြင်လိပ်ခေါင်း ခွဲခြားပုံကတော့ Dentate lineဆိုတဲ့ စအိုပြွန်(anal canal)ကို အပေါ်သုံးပုံနှစ်ပုံ အောက်သုံးပုံတပုံ ပိုင်းခြားထားတဲ့မျဉ်းနဲ့ဆုံးဖြတ်ပါတယ်။

အဲ့မျဉ်းကတော့ခန္ဓာကိုယ်ထဲမှာတကယ်မရှိပါဘူး။ဆေးသုတေသနသိပ္ပံပညာရှင်တွေစိတ်ကူးနဲ့သတ်မှတ်ထားတဲ့မျဉ်းဖြစ်ပါတယ်။

Dentate line အပေါ်ဖြစ်တဲ့ စအိုပြွန်ရဲ့အပေါ်သုံးပုံနှစ်ပုံနေရာမှာ လိပ်ခေါင်းဖြစ်ရင် အတွင်းလိပ်ခေါင်းလို့ သတ်မှတ်ပြီး

Dentate line အောက်ဖြစ်တဲ့ စအိုပြွန်ရဲ့အောက်သုံးပုံတပုံနေရာမှာ လိပ်ခေါင်းဖြစ်ရင် အပြင်လိပ်ခေါင်းလို့သတ်မှတ်ပါတယ်။

အရပ်ထဲမှာပြောပြောနေတာနဲ့မတူပါ။အရပ်ထဲမှာပြောတဲ့အတွင်းလိပ်၊အပြင်လိပ်သတ်မှတ်ချက်က စအိုအပြင်ဘက်ထွက်ရင်အပြင်လိပ်လို့ ပြောတာဖြစ်ပြီး စအိုအပြင်မထွက်ရင် အတွင်းလိပ်လို့ ပြောတာဖြစ်ပါတယ်။

ကျွန်တော်တို့ဆေးပညာအရ သတ်မှတ်ထားတဲ့အတွင်းလိပ်၊အပြင်လိပ်ကတော့ စအိုအပြင်ထွက်တာမထွက်တာနဲ့မဆိုင်ပါ။

အတွင်းလိပ်ခေါင်းဖြစ်ဖြစ်၊အပြင်လိပ်ခေါင်းဖြစ်ဖြစ် ဖြစ်တဲ့အဆင့်ပေါ်မူတည်ပြီး စအိုအပြင်ထွက်တာလည်းဖြစ်နိုင်သလို မထွက်တာလည်းဖြစ်နိုင်ပါတယ်။

လိပ်ခေါင်းကို အောက်ပါအတိုင်း အဆင့်၄ဆင့် ခွဲခြားထားပါတယ်။

First degree(အဆင့်တစ်ကတော့) ဝမ်းသွားရင်းနဲ့ သို့မဟုတ် ဝမ်းသွားပြီးနောက်သွေးကျတာလောက်ပဲ ဖြစ်ပါတယ်။အတွင်းလိပ်ဖြစ်ဖြစ်၊အပြင်လိပ်ဖြစ်ဖြစ် အဆင့်တစ်အဆင့်မှာ စအိုအပြင်မထွက်ပါ။

Second degree(အဆင့်နှစ်)ကတော့ ဝမ်းသွားတဲ့အချိန်မှာ လိပ်ခေါင်းက စအိုအပြင်ထွက်ကျပြီး ဝမ်းသွားပြီးနောက်မှာ သူ့ဘာသာသူအလိုအလျောက်ပြန်ဝင်သွားတဲ့အခြေအနေဖြစ်ပါတယ်။

Third degree(အဆင့်သုံး)ကတော့ ဝမ်းသွားတဲ့အချိန်မှာလိပ်ခေါင်းကစအိုအပြင်ထွက်ကျပေမယ့် ဝမ်းသွားပြီးတဲ့အခါ သူ့ဘာသာသူအလိုအလျောက်ပြန်မဝင်ဘဲ လက်နဲ့ပြန်သွင်းရတဲ့အခြေအနေဖြစ်ပါတယ်။

Fourth degree(အဆင့်၄)ကတော့ လိပ်ခေါင်းဟာ ဝမ်းသွားတဲ့အချိန်မှာမှထွက်တာမဟုတ်ဘဲ တချိန်လုံးအပြင်ထွက်နေတဲ့အခြေအနေပါ။လက်နဲ့ပြန်သွင်းလို့လည်းမရပါ။

လိပ်ခေါင်းရောဂါဖြစ်ရတာဟာ ဝမ်းဗိုက်အတွင်းမှာရှိတဲ့ဖိအားများလာတာကြောင့်ဖြစ်ပါတယ်။

ရေရှည်ဝမ်းချုပ်ခြင်းကြောင့်အပြင် အလေးအပင်မတာများတာ၊ခဏခဏ ရေရှည်ချောင်းဆိုး၊နှာချေဖြစ်တာ၊အသည်းမကောင်းလို့ရေဖျဉ်းစွဲတာ၊ကလေးအများကြီးမွေးတာ၊သားအိမ်အတွင်းအသားလုံးတည်တာ၊ကင်ဆာအလုံးအကျိတ်ဖြစ်တာ စတဲ့ ဝမ်းဗိုက်အတွင်းဖိအားများလာစေတဲ့အခြေအနေတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

လိပ်ခေါင်းရောဂါဖြစ်တဲ့အခါခံစားရနိုင်တဲ့လက္ခဏာတွေကတော့ ဝမ်းသွားရင်းနဲ့ သို့မဟုတ် ဝမ်းသွားပြီးနောက်စအိုကနေ သွေးထွက်ကျတာ၊အကျိအချွဲတွေထွက်ကျတာ၊ဝမ်းသွားတဲ့အခါစအိုဝမှာ တစ်ဆို့ကြီး သို့မဟုတ် စူထွက်လာသလိုဖြစ်တာ၊စအိုယားယံတာတွေပါ။

သင့်အနေနဲ့ ဒီဖော်ပြပါ လက္ခဏာတွေခံစားရပြီဆိုရင် လိပ်ခေါင်းဟုတ်မဟုတ်သေချာအောင် ဆရာဝန်နဲ့ပြသစမ်းသပ်ကြည့်ဖို့လိုပါတယ်။

စမ်းသပ်စစ်ဆေးမှုအနေနဲ့ကတော့ ဆရာဝန်ကစအိုကိုလက်ထည့်စမ်းတာအပြင် စအိုမှန်ပြောင်းကြည့်တာလည်းလုပ်ရနိုင်ပါတယ်။

ဒီလိုစမ်းသပ်စစ်ဆေးကြည့်လို့ လိပ်ခေါင်းရှိပြီဆိုရင် သေချာစောစီးစွာကုသဖို့လိုပါတယ်။ မကုဘဲထားပါက ကြာလာတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သွေးထွက်များလာတာ၊စအိုအပြင်ထွက်တဲ့လိပ်ခေါင်းက လိမ်သွားပြီးသွေးမလျှောက်တဲ့အခါနာကျင်မှုကိုခံစားရတာ၊လိပ်ခေါင်းကနေအနာဖြစ်ပြီးပိုးဝင်တာ စတဲ့ဆိုးကျိုးတွေဖြစ်နိုင်လို့ပါ။

လိပ်ခေါင်းရောဂါကိုကုသရာမှာ လိပ်ခေါင်းအဆင့်အနေထားပေါ်မူတည်ပြီးကုသရပါတယ်။

လိပ်ခေါင်းအဆင့်၁နဲ့အဆင့်၂ဆိုရင်

အများအားဖြင့်

ဝမ်းသွားတဲ့အခါမှာရိုးရိုးထိုင်အိမ်သာနဲ့မဟုတ်ဘဲ ဘိုထိုင်လိုမျိုးသုံးတာ၊ဝမ်းမချုပ်အောင်အောင်ရေများများသောက်တာ၊ဟင်းသီးဟင်းရွက်များများစားတာ၊လမ်းများများလျှောက်ပေးတာ၊Dafflon သောက်ဆေးကိုတလလောက်သောက်တာ မျိုးတွေနဲ့သက်သာပျောက်ကင်းနိုင်ခြေရှိပါတယ်။

ဒီလိုတွေနဲ့မသက်သာတဲ့ လိပ်ခေါင်းအဆင့်၁နဲ့၂ အတွက်ကတော့ စအိုမှန်ပြောင်းအကူအညီနဲ့လိပ်ခေါင်းထဲကို 5% phenol ဆေးပမာဏ 5mlလောက်ထိုးပြီး လိပ်ခေါင်းရှုံ့သွားအောင်လုပ်နိုင်ပါတယ်။

ဒီနည်းမသုံးချင်ရင် သားရေကွင်းနဲ့ပစ်ကုသနည်း(Rubber band ligation)လို့ခေါ်တဲ့ လိပ်ခေါင်းအခြေကို သားရေကွင်းနဲ့တင်းတင်းချည်တဲ့ နည်းကိုသုံးနိုင်ပါတယ်။လိပ်ခေါင်းအခြေကို Barron’s bander လို့ခေါ်တဲ့ကိရိယာသုံးပြီး သားရေကွင်းနဲ့ချည်လိုက်တဲ့အခါ လိပ်ခေါင်းနေရာကိုသွေးမရောက်တဲ့အတွက် ချည်ပြီး၁၀ရက်အတွင်းမှာလိပ်ခေါင်းဟာပြုတ်ထွက်သွားပါတယ်။

အဆင့်၃နဲ့အဆင့်၄ လိပ်ခေါင်းတွေအတွက်ကတော့ ခုအထက်ဖော်ပြပါနည်းတွေနဲ့အဆင်မပြေနိုင်ပါ။

ခွဲစိတ်ပြီး ကုသမှပဲ သက်သာပျောက်ကင်းနိုင်ပါတယ်။

လိပ်ခေါင်းခွဲပြီးတဲ့အခါမှာ အနာကျက်ဖို့နဲ့နာကျင်မှုသက်သာဖို့အတွက် ပိုးသတ်ဆေးတွေ၊အနာကျက်ဆေးတွေသောက်ရထိုးရတာတွေအပြင် ရေနွေးထိုင်ရတာမျိုးလည်းလုပ်ရနိုင်ပါတယ်။

ရေနွေးထိုင်တယ်ဆိုတာက ကိုယ်တင်ပါးအရွယ်အစားထိုင်လို့ရမယ့် ရေဇလုံ သို့မဟုတ် ဇလား တခုထဲ ရေခပ်နွေးနွေး(ပွက်ပွက်ဆူရေနွေးမဟုတ်ပါ)ကို တင်ပါးနစ်ရုံထည့်ပြီး ဆားခါး သို့မဟုတ် မုန့်ဖုတ်ဆိုဒါ သို့မဟုတ် ရှာလကာရည်(ဗီနီဂါ)ရောထည့်မွှေပြီး ၁၅မိနစ် လောက် ဝင်ထိုင်ရတာဖြစ်ပါတယ်။

လိပ်ခေါင်းခွဲပြီးတဲ့အခါမှာ စအိုပေါက်ကျဉ်းသွားတာမျိုးလည်းဖြစ်နိုင်တဲ့အတွက် ခွဲပြီးတလအကြာမှာ ခွဲတဲ့ဆီကိုပြန်ပြပြီးစမ်းသပ်ဖို့လိုပါတယ်။

လိပ်ခေါင်းရောဂါကုသရာမှာလိပ်ခေါင်းကိုကုသရုံနဲ့မပြီးသေးပါဘူး။ဖြစ်စေတဲ့အကြောင်းအရင်းတွေကိုလည်းရှာပြီး ကုသဖို့လိုပါတယ်။ဒါမှသာပြန်ဖြစ်နိုင်ခြေနည်းမှာပါ။

လိပ်ခေါင်းရောဂါဟာ တခါကုသပြီးလည်း ပြန်ပြန်ဖြစ်နိုင်တဲ့အတွက် လိပ်ခေါင်းရောဂါထပ်ဖြစ်နိုင်ခြေနည်းအောင် အောက်ပါအချက်တွေကို ဂရုစိုက်လိုက်နာဖို့လိုပါတယ်။

ဝမ်းမချုပ်အောင် လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတွေများများစားပါ။

အဆီအဆိမ့်တွေ၊ကောက်ညှင်းတွေ၊အစာမာတွေ၊အသားတွေ ကိုတတ်နိုင်သလောက်လျှော့စားပါ။

အိမ်သာတက်ရင်းနဲ့စာအုပ်ဖတ်တာ၊ဖုန်းသုံးတာတွေကိုရှောင်ပါ။

ဝမ်းတကယ်မသွားချင်ဘဲနဲ့ အိမ်သာထဲသွားပြီး အီးညှစ်တတ်တဲ့အကျင့်ကိုရှောင်ပါ။

အထိုင်မများပါစေနဲ့။လမ်းများများလျှောက်ပေးပါ။ရေများများသောက်ပါ။

ဆောင့်ကြောင့်ထိုင်တဲ့အကျင့်ကိုရှောင်ပါ။ဘိုထိုင်အိမ်သာသုံးပါ။

Dr 528