အမြန်ဆုံးကုသမှုခံယူဖို့လိုတဲ့  “အူ” တီဘီ 

အျမန္ဆံုုးကုုသမႈခံယူဖိုု႔လိုုတဲ့  “အူ” တီဘီ 

တီဘီေရာဂါဆိုရင္ အခ်ိဳ႕က အဆုတ္မွာပဲျဖစ္တယ္လို႔ထင္တတ္ၾကပါတယ္။တကယ္ေတာ႔ တီဘီေရာဂါက အဆုတ္မွာအျပင္ အရိုး၊အူ စတဲ႔ ခႏၶာကိုယ္ေနရာအႏွံ႕အျပားမွာျဖစ္နိုင္ပါတယ္။

ဒီတပတ္မွာေတာ႔ အူမွာျဖစ္တဲ႔တီဘီေရာဂါအေၾကာင္းေရးသားတင္ျပခ်င္ပါတယ္။

အူတီဘီကို ေဆးပညာအရ TB intestine လို႔ေခၚပါတယ္။

အူတီဘီျဖစ္ရတဲ႔အေၾကာင္းရငး္ေတြအေနနဲ႔ကေတာ႔ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

တီဘီေရာဂါပိုးရွိတဲ႔ႏြားရဲ႕အသား၊နို႔ သို႔မဟုတ္  နို႔ကေနရတဲ႔ေထာပတ္ေတြကို ေသခ်ာမခ်က္ျပဳတ္ဘဲ စားမိေသာက္မိရာမွတဆင္႔ အူလမ္းေၾကာင္းထဲတီဘီပိုးတိုက္ရိုက္၀င္ေရာက္ျပီး အူတီဘီျဖစ္တာလည္းရွိသလို

ခႏၶာကိုယ္တေနရာရာမွာတီဘီျဖစ္ေနျပီး(ဥပမာအဆုတ္မွာတီဘီျဖစ္တာ၊ျပန္ရည္အက်ိတ္ေတြမွာတီဘီျဖစ္တာ)အဲ႔ကေန အူဆီတီဘီပိုးျပန္႔တာေၾကာင္႔လည္းျဖစ္နိုင္ပါတယ္။

ဒါ႔အျပင္ အဆုတ္တီဘီေရာဂါျဖစ္ျပီး မိမိသလိပ္ထဲမွာလည္း တီဘီပိုးရွိကာ ထိုသလိပ္ကိုအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ ေထြးမထုတ္မိဘဲ မ်ိဳခ်မိရာကေနလည္းအူတီဘီျဖစ္နိုင္ပါတယ္။

အူတီဘီဟာ အူသိမ္အဆံုးပိုင္းနဲ႔အူမၾကီးအစပုိင္း(Ileo-caecum)ေနရာမွာ ျဖစ္ေလ႔ရိွတတ္ပါတယ္။

ေအအိုင္ဒီအက္စ္ရွိတဲ႔သူေတြ၊ဆီးခ်ိဳေရာဂါအခံရွိသူေတြ၊အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ကိုယ္ခံအားက်ေနတဲ႔သူေတြမွာဆိုရင္ အူတီဘီျဖစ္နို္င္ေျခပိုမ်ားပါတယ္။

အူတီဘီရဲ႕လကၡဏာေတြကေတာ႔

အဆုတ္တီဘီမွာျဖစ္သလိုပဲ အဖ်ားေငြ႔ေငြ႔နဲ႔ညေနညေနအဖ်ားတက္တာ၊နွစ္ပတ္ေက်ာ္ေအာင္ဖ်ားတာ၊ညဘက္ေခြ်းအလြန္အကြ်ံ႕ထြက္တာ၊ေခ်ာင္းဆိုးသလိပ္ထြက္တာ၊နံုးတာ၊အစားအေသာက္ပ်က္တာ၊ျပန္ရည္အက်ိတ္ေတြၾကီးလာတာေတြျဖစ္နိုင္ပါတယ္။

ဒါေတြအျပင္ အူတီဘီမွာထပ္ျဖစ္နိုင္တာေတြကေတာ႔ ဗိုက္ညာဘက္အျခမ္းေအာက္နားမွာ မၾကာခဏေအာင္႔တာ၊နာတာ၊၀မ္းခဏခဏေလွ်ာတာ သို႔မဟုတ္ ၀မ္းခဏခဏခ်ဳပ္တာ၊၀မ္းထဲေသြးပါတာ၊ဗိုက္မွာအလံုးအက်ိတ္ျဖစ္တာေတြျဖစ္နိုင္ပါတယ္။

ဒီလိုေတြျဖစ္ျပီဆိုရင္ ေစာစီးစြာဆရာ၀န္နဲ႔ျပသျပီး အူတီဘီဟုတ္မဟုတ္စမ္းသပ္စစ္ေဆးၾကည္႔ဖို႔လိုပါတယ္။

လုပ္နိုင္တဲ႔စမ္းသပ္စစ္ေဆးမႈေတြအေနနဲ႔ကေတာ႔ သလိပ္စစ္တာ၊ေသြးစစ္တာ၊၀မ္းစစ္တာ၊ရင္ဘတ္ဓါတ္မွန္ရိုက္တာ၊၀မ္းဗိုက္ပိုင္းဓါတ္မွန္ရိုက္တာ၊Barium meal follow through ေခၚေဆးဓါတ္မွန္ရိုက္တာ၊စီတီရိုက္တာ၊မွန္ေျပာင္းၾကည္႔ျပီးအသားစယူတာ စသျဖင္႔ပါ။

ဒီလိုေတြစစ္ၾကည္႔လို႔ အူတီဘီလို႔ယူဆရရင္ေတာ႔ ကုသမႈအျမန္ဆံုးခံယူဖို႔လိုပါတယ္။

ဘာလို႔လဲဆိုေတာ႔ အူတီဘီေရာဂါက ေနာက္ဆက္တြဲအေနနဲ႔ အူမွာအနာျဖစ္ရာကေန အူပိတ္တာ၊အူေပါက္တာေတြျဖစ္နိုင္လို႔ပါ။

အဲ႔လိုေတြျဖစ္လာရင္ ဗိုက္အရမ္းနာတာ၊အရမ္းအန္တာေတြျဖစ္ျပီး အေရးေပၚအေျခအေနျဖစ္သြားကာ အသက္ဆံုးရံႈးရသည္အထိျဖစ္သြားနိုင္ပါတယ္။

အူတီဘီရဲ႕ကုသမႈအေနနဲ႔ကေတာ႔ အူပိတ္တာ၊အူေပါက္တာ စတဲ႔ေနာက္ဆက္တြဲဆိုးက်ိဳးေတြမရွိတဲ႔ အေစာပိုင္းအဆင္႔မွာဆိုရင္ တီဘီေဆးကို တနွစ္ေလာက္ေသာက္ရပါမယ္။

အူပိတ္တာ၊အူေပါက္တာမ်ိဳးရွိခဲ႔ရင္ေတာ႔ ခြဲစိတ္ျပီး အူကိုျပဳျပင္မႈေတြပါလုပ္ဖို႔လုိပါတယ္။ခြဲစိတ္ျပဳျပင္ျပီးတဲ႔အခါမွာလည္း တီဘီေဆးကို တနွစ္ေလာက္ေသာက္ဖို႔လိုပါတယ္။

တီဘီေဆးေသာက္ေနတဲ႔အခ်ိန္မွာ ေကာင္းေကာင္းစားျပီး ေကာင္းေကာင္းအနားယူဖို႔လည္းလိုပါတယ္။

အူတီဘီေရာဂါျဖစ္နိုင္ေျခနည္းေအာင္ကေတာ႔ ႏြားနို႔ေသာက္တဲ႔အခါ သန္႔ရွင္းလတ္ဆတ္တဲ႔ႏြားနို႔ကို၀ယ္ျပီး ေသခ်ာက်ိဳခ်က္ေသာက္ပါ။အမဲသားစားရင္လည္းသန္႔ရွင္းလတ္ဆတ္တဲ႔အမဲသားကို၀ယ္ျပီး ေသခ်ာက်က္ေအာင္ခ်က္ပါ။

အဆုတ္တီဘီျဖစ္ျပီးသလိပ္ထဲမွာေရာဂါပိုးရွိသူမ်ားအေနနဲ႔ဆိုရင္လည္း မိမိသလိပ္ကို ဘယ္လိုအေၾကာင္းေၾကာင္႔နဲ႔မွျဖစ္ျဖစ္ မ်ိဳမခ်မိေအာင္ဂရုစိုက္ျပီး အတတ္နိုင္ဆံုးေထြးထုတ္ပါလို႔ အၾကံေပးခ်င္ပါတယ္။

Dr 528

Unicode Version

အမြန်ဆုံးကုသမှုခံယူဖို့လိုတဲ့  “အူ” တီဘီ

တီဘီရောဂါဆိုရင် အချို့က အဆုတ်မှာပဲဖြစ်တယ်လို့ထင်တတ်ကြပါတယ်။တကယ်တော့ တီဘီရောဂါက အဆုတ်မှာအပြင် အရိုး၊အူ စတဲ့ ခန္ဓာကိုယ်နေရာအနှံ့အပြားမှာဖြစ်နိုင်ပါတယ်။

ဒီတပတ်မှာတော့ အူမှာဖြစ်တဲ့တီဘီရောဂါအကြောင်းရေးသားတင်ပြချင်ပါတယ်။

အူတီဘီကို ဆေးပညာအရ TB intestine လို့ခေါ်ပါတယ်။

အူတီဘီဖြစ်ရတဲ့အကြောင်းရင်းတွေအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

တီဘီရောဂါပိုးရှိတဲ့နွားရဲ့အသား၊နို့ သို့မဟုတ်  နို့ကနေရတဲ့ထောပတ်တွေကို သေချာမချက်ပြုတ်ဘဲ စားမိသောက်မိရာမှတဆင့် အူလမ်းကြောင်းထဲတီဘီပိုးတိုက်ရိုက်ဝင်ရောက်ပြီး အူတီဘီဖြစ်တာလည်းရှိသလို

ခန္ဓာကိုယ်တနေရာရာမှာတီဘီဖြစ်နေပြီး(ဥပမာအဆုတ်မှာတီဘီဖြစ်တာ၊ပြန်ရည်အကျိတ်တွေမှာတီဘီဖြစ်တာ)အဲ့ကနေ အူဆီတီဘီပိုးပြန့်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဒါ့အပြင် အဆုတ်တီဘီရောဂါဖြစ်ပြီး မိမိသလိပ်ထဲမှာလည်း တီဘီပိုးရှိကာ ထိုသလိပ်ကိုအကြောင်းအမျိုးမျိုးကြောင့် ထွေးမထုတ်မိဘဲ မျိုချမိရာကနေလည်းအူတီဘီဖြစ်နိုင်ပါတယ်။

အူတီဘီဟာ အူသိမ်အဆုံးပိုင်းနဲ့အူမကြီးအစပိုင်း(Ileo-caecum)နေရာမှာ ဖြစ်လေ့ရှိတတ်ပါတယ်။

အေအိုင်ဒီအက်စ်ရှိတဲ့သူတွေ၊ဆီးချိုရောဂါအခံရှိသူတွေ၊အကြောင်းအမျိုးမျိုးကြောင့်ကိုယ်ခံအားကျနေတဲ့သူတွေမှာဆိုရင် အူတီဘီဖြစ်နိုင်ခြေပိုများပါတယ်။

အူတီဘီရဲ့လက္ခဏာတွေကတော့

အဆုတ်တီဘီမှာဖြစ်သလိုပဲ အဖျားငွေ့ငွေ့နဲ့ညနေညနေအဖျားတက်တာ၊နှစ်ပတ်ကျော်အောင်ဖျားတာ၊ညဘက်ချွေးအလွန်အကျွံ့ထွက်တာ၊ချောင်းဆိုးသလိပ်ထွက်တာ၊နုံးတာ၊အစားအသောက်ပျက်တာ၊ပြန်ရည်အကျိတ်တွေကြီးလာတာတွေဖြစ်နိုင်ပါတယ်။

ဒါတွေအပြင် အူတီဘီမှာထပ်ဖြစ်နိုင်တာတွေကတော့ ဗိုက်ညာဘက်အခြမ်းအောက်နားမှာ မကြာခဏအောင့်တာ၊နာတာ၊ဝမ်းခဏခဏလျှောတာ သို့မဟုတ် ဝမ်းခဏခဏချုပ်တာ၊ဝမ်းထဲသွေးပါတာ၊ဗိုက်မှာအလုံးအကျိတ်ဖြစ်တာတွေဖြစ်နိုင်ပါတယ်။

ဒီလိုတွေဖြစ်ပြီဆိုရင် စောစီးစွာဆရာဝန်နဲ့ပြသပြီး အူတီဘီဟုတ်မဟုတ်စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

လုပ်နိုင်တဲ့စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သလိပ်စစ်တာ၊သွေးစစ်တာ၊ဝမ်းစစ်တာ၊ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊ဝမ်းဗိုက်ပိုင်းဓါတ်မှန်ရိုက်တာ၊Barium meal follow through ခေါ်ဆေးဓါတ်မှန်ရိုက်တာ၊စီတီရိုက်တာ၊မှန်ပြောင်းကြည့်ပြီးအသားစယူတာ စသဖြင့်ပါ။

ဒီလိုတွေစစ်ကြည့်လို့ အူတီဘီလို့ယူဆရရင်တော့ ကုသမှုအမြန်ဆုံးခံယူဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ အူတီဘီရောဂါက နောက်ဆက်တွဲအနေနဲ့ အူမှာအနာဖြစ်ရာကနေ အူပိတ်တာ၊အူပေါက်တာတွေဖြစ်နိုင်လို့ပါ။

အဲ့လိုတွေဖြစ်လာရင် ဗိုက်အရမ်းနာတာ၊အရမ်းအန်တာတွေဖြစ်ပြီး အရေးပေါ်အခြေအနေဖြစ်သွားကာ အသက်ဆုံးရှုံးရသည်အထိဖြစ်သွားနိုင်ပါတယ်။

အူတီဘီရဲ့ကုသမှုအနေနဲ့ကတော့ အူပိတ်တာ၊အူပေါက်တာ စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေမရှိတဲ့ အစောပိုင်းအဆင့်မှာဆိုရင် တီဘီဆေးကို တနှစ်လောက်သောက်ရပါမယ်။

အူပိတ်တာ၊အူပေါက်တာမျိုးရှိခဲ့ရင်တော့ ခွဲစိတ်ပြီး အူကိုပြုပြင်မှုတွေပါလုပ်ဖို့လိုပါတယ်။ခွဲစိတ်ပြုပြင်ပြီးတဲ့အခါမှာလည်း တီဘီဆေးကို တနှစ်လောက်သောက်ဖို့လိုပါတယ်။

တီဘီဆေးသောက်နေတဲ့အချိန်မှာ ကောင်းကောင်းစားပြီး ကောင်းကောင်းအနားယူဖို့လည်းလိုပါတယ်။

အူတီဘီရောဂါဖြစ်နိုင်ခြေနည်းအောင်ကတော့ နွားနို့သောက်တဲ့အခါ သန့်ရှင်းလတ်ဆတ်တဲ့နွားနို့ကိုဝယ်ပြီး သေချာကျိုချက်သောက်ပါ။အမဲသားစားရင်လည်းသန့်ရှင်းလတ်ဆတ်တဲ့အမဲသားကိုဝယ်ပြီး သေချာကျက်အောင်ချက်ပါ။

အဆုတ်တီဘီဖြစ်ပြီးသလိပ်ထဲမှာရောဂါပိုးရှိသူများအနေနဲ့ဆိုရင်လည်း မိမိသလိပ်ကို ဘယ်လိုအကြောင်းကြောင့်နဲ့မှဖြစ်ဖြစ် မျိုမချမိအောင်ဂရုစိုက်ပြီး အတတ်နိုင်ဆုံးထွေးထုတ်ပါလို့ အကြံပေးချင်ပါတယ်။

Dr 528