ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

ပါးစပ္ထဲမွာ ခါးခါးေနတာ ဘာလိုု႔လဲ

လူတိုင္းလူတိုင္း ပါးစပ္အရသာမေကာင္းတာ တခါတေလ ျဖစ္ဖူးၾကမွာပါ။

ပါးစပ္အရသာမေကာင္းဘူးဆိုတာ ပါးစပ္ထဲမွာ အခါးမစားထားဘဲနဲ႔ ခါးေနတာ(Bitter Taste) သို႔မဟုတ္ သံအရသာလို သတၳဳအရသာလိုမ်ိဳးၾကီး(Metallic Taste) ျဖစ္ေနတာပါ။

အမ်ားအားျဖင္႔ေတာ႔ အဲ႔လိုျဖစ္တဲ႔အခါမွာ သြားတိုက္လိုက္တာျဖစ္ျဖစ္ သို႔မဟုတ္ ပလုတ္က်င္းလိုက္ရင္ ေပ်ာက္သြားတတ္ပါတယ္။

သို႔ေသာ္ တခ်ိဳ႕ေတြမွာ ပါးစပ္အရသာမေကာင္းတာ၊ပါးစပ္ထဲခါးသလိုမ်ိဳးၾကီးျဖစ္ေနတာက ေတာ္ေတာ္နဲ႔မေပ်ာက္တာမ်ိဳး ရွိပါတယ္။

ဒီလိုျဖစ္တာၾကာလာတာနဲ႔အမွ် ျဖစ္တဲ႔သူဟာ စားခ်င္ေသာက္ခ်င္စိတ္ေလ်ာ႔နည္းလာကာ အစားေသာက္ပ်က္လာျပီး အာဟာရခ်ိဳတဲ႔လာနိုင္ပါတယ္။

ဒါေၾကာင္႔ ပါးစပ္အရသာမေကာင္း ျဖစ္တာ ၾကာလာျပီဆိုရင္ မေပါ႔ဆပဲ ဆရာ၀န္နဲ႔ျပသျပီး စမ္းသပ္စစ္ေဆးၾကည္႔ဖို႔လိုပါတယ္။

ပါးစပ္အရသာမေကာင္းျခင္းကို ျဖစ္ေစျပီး အစားေသာက္ပ်က္ျခင္းကိုျဖစ္ေစနိုင္တဲ႔အေၾကာင္းေတြကေတာ႔ သိသေလာက္တင္ျပင္ရရင္ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၁။အသက္ရႈလမ္းေၾကာင္းပိုး၀င္ျခင္း(Respiratory Tract Infection)

ဗိုင္းရပ္စ္ သို႔မဟုတ္ ဘက္တီးရီးယားပိုး၀င္ျပီး အာသီးေရာင္တာ၊ထိပ္ကပ္နာျဖစ္တာ၊အေအးမိျပီးနွာေစးနွာပိတ္ျဖစ္တာ ေတြဟာ သင္႔ရဲ႕အရသာခံနိုင္တဲ႔စြမ္းရည္ နဲ႔ အနံ႕ခံနိုင္တဲ႔စြမ္းရည္ ကိုထိခိုက္ေစပါတယ္။

အဲ႔အခါ ပါးစပ္အရသာမေကာင္းျဖစ္လာျပီး အစာစားခ်င္စိတ္နည္းလာနိုင္ပါတယ္။

ဒါ႔အျပင္ ပိုးသတ္ေဆး(ပဋိဇီ၀ေဆး)မ်ားဟာလည္း ပါးစပ္အရသာခါးေစျပီး အစားေသာက္ပ်က္ေစနိုင္ပါတယ္။

 

၂။ဖ်ားျခင္း

ဖ်ားျပီး ကိုယ္အပူခ်ိန္အရမ္းတက္တဲ႔အခါ ကိုယ္တြင္းရွိေရနဲ႔ဆားဓါတ္ခမ္းေျခာက္လာပါတယ္။

အဲ႔အခါမွာ ပါးစပ္အရသာမေကာင္းျဖစ္လာျပီး အစာစားခ်င္စိတ္နည္းလာနိုင္ပါတယ္။

၃။ပါးစပ္ေျခာက္ေသြ႔ျခင္း(Dry Mouth)

ပါးစပ္ေျခာက္ေသြ႔တယ္ဆိုတာက ကြ်န္ေတာ္တို႔ရဲ႕တံေတြးဂလင္း(Salivary Glands)ေတြက အေၾကာင္းတခုခုေၾကာင္႔ တံေတြးအလံုအေလာက္ထုတ္မေပးနိုင္တဲ႔အခါ ပါးစပ္ထဲမွာ ေျခာက္ေသြ႔ျပီးေစးကပ္ကပ္ျဖစ္သလိုခံစားရတာပါ။

တံေတြး(Saliva)ဟာ ပါးစပ္ထဲမွာ ဘက္တီးရီးယားပိုးေတြေပါက္ပြားမႈကို နည္းေစျပီး စားေသာက္ျပီးတဲ႔အခါမွာ ပါးစပ္ထဲမွာက်န္ခဲ႔တဲ႔ အစားအစာအၾကြင္းအက်န္ေတြကို ဖယ္ရွားေပးပါတယ္။

တံေတြးအထြက္နည္းလာတဲ႔အခါ ပါးစပ္ထဲက အစားအၾကြင္းအက်န္ေတြကိုမဖယ္ရွားနိုင္ေတာ႔ဘဲ ဘက္တီးရီးယားပိုးေတြလည္း ပိုေပါက္ပြားလာပါတယ္။

ဒီအခါမွာ ပါးစပ္အရသာမေကာင္းဘဲ ပါးစပ္ထဲမွာခါးသလိုျဖစ္ကာ အစားေသာက္ပ်က္လာနိုင္ပါတယ္။

၄။မွက္ခရုေပါက္ျခင္း

မွက္ခရုေပါက္တဲ႔အခါ လွ်ာ၊ အာေခါင္၊ ပါးေစာင္ေတြေပၚမွာ အျဖဴဖတ္ေတြျဖစ္ျပီး ထိုအျဖဴဖတ္ေတြက နီရဲေရာင္ရမ္းေနနိုင္တဲ႔အတြက္ ပါးစပ္အရသာမေကာင္းျဖစ္ျပီး အစားေသာက္ပ်က္လာနိုင္ပါတယ္။

၅။ကိုယ္၀န္ရွိျခင္း

ကိုယ္၀န္ရွိတဲ႔အခါမွာ ေဟာ္မုန္းအေျပာင္းအလဲေတြမ်ားစြာျဖစ္ပါတယ္။အဲ႔အခါမွာအရင္ကတခါမွမစားတဲ႔အစားစာေတြကို ခ်ဥ္ျခင္းတက္တာ၊တခ်ိဳ႕အနံ႕ေတြကို လံုး၀မခံနိုင္ဘဲ ပ်ိဳ႔အန္ခ်င္စိတ္ျဖစ္တာေတြျဖစ္နိုင္ပါတယ္။

သုေတသနေတြအရ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးအေတာ္မ်ားမ်ားဟာ ကုိယ္၀န္ ပထမသံုးလမွာ ပါးစပ္ထဲတြင္ သံအရသာလိုလို သတၳဳအရသာလိုလိုၾကီး(Metallic taste) ခံစားရကာ ပါးစပ္အရသာ ပ်က္တတ္ေၾကာင္း သိရပါတယ္။

၆။ေသြးဆံုးျခင္း

ေသြးဆံုးတဲ႔အခါက်ရင္လည္း ေဟာ္မုန္းအေျပာင္းအလဲေတြျဖစ္ပါတယ္။

အဲ႔အခါမွာပါးစပ္ေျခာက္ေသြ႔ျခင္းကိုျဖစ္ေစနိုင္တဲ႔အတြက္ ပါးစပ္အရသာမေကာင္းျဖစ္တတ္ပါတယ္။

ဒါ႔အျပင္ ေသြးဆံုးတဲ႔အခါမွာ လွ်ာထိပ္နားတ၀ိုက္ေနရာေတြမွာ ပူစပ္ပူေလာင္ခံစားမႈမ်ိဳး ခံစားရနိုင္ပါတယ္။

၇။စားခ်ဥ္ျပန္ျခင္း သို႔မဟုတ္ အစာေခ်ရည္အထက္သို႔ဆန္ျခင္းေရာဂါျဖစ္ျခင္း(Gastroesophageal Reflux Disease)

စားခ်ဥ္ျပန္ျခင္း သို႔မဟုတ္ အစာေခ်ရည္အထက္သို႔ဆန္ျခင္းေရာဂါျဖစ္တဲ႔အခါမွာလည္း အစာေခ်ရည္ေတြက ပါးစပ္ထဲေရာက္တဲ႔အတြက္ ပါးစပ္အရသာပ်က္ကာ အစားေသာက္ပ်က္နိုင္ပါတယ္။

Dr 528

Unicode Version

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

လူတိုင်းလူတိုင်း ပါးစပ်အရသာမကောင်းတာ တခါတလေ ဖြစ်ဖူးကြမှာပါ။

ပါးစပ်အရသာမကောင်းဘူးဆိုတာ ပါးစပ်ထဲမှာ အခါးမစားထားဘဲနဲ့ ခါးနေတာ(Bitter Taste) သို့မဟုတ် သံအရသာလို သတ္ထုအရသာလိုမျိုးကြီး(Metallic Taste) ဖြစ်နေတာပါ။

အများအားဖြင့်တော့ အဲ့လိုဖြစ်တဲ့အခါမှာ သွားတိုက်လိုက်တာဖြစ်ဖြစ် သို့မဟုတ် ပလုတ်ကျင်းလိုက်ရင် ပျောက်သွားတတ်ပါတယ်။

သို့သော် တချို့တွေမှာ ပါးစပ်အရသာမကောင်းတာ၊ပါးစပ်ထဲခါးသလိုမျိုးကြီးဖြစ်နေတာက တော်တော်နဲ့မပျောက်တာမျိုး ရှိပါတယ်။

ဒီလိုဖြစ်တာကြာလာတာနဲ့အမျှ ဖြစ်တဲ့သူဟာ စားချင်သောက်ချင်စိတ်လျော့နည်းလာကာ အစားသောက်ပျက်လာပြီး အာဟာရချိုတဲ့လာနိုင်ပါတယ်။

ဒါကြောင့် ပါးစပ်အရသာမကောင်း ဖြစ်တာ ကြာလာပြီဆိုရင် မပေါ့ဆပဲ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

ပါးစပ်အရသာမကောင်းခြင်းကို ဖြစ်စေပြီး အစားသောက်ပျက်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့ သိသလောက်တင်ပြင်ရရင် အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း(Respiratory Tract Infection)

ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ပြီး အာသီးရောင်တာ၊ထိပ်ကပ်နာဖြစ်တာ၊အအေးမိပြီးနှာစေးနှာပိတ်ဖြစ်တာ တွေဟာ သင့်ရဲ့အရသာခံနိုင်တဲ့စွမ်းရည် နဲ့ အနံ့ခံနိုင်တဲ့စွမ်းရည် ကိုထိခိုက်စေပါတယ်။

အဲ့အခါ ပါးစပ်အရသာမကောင်းဖြစ်လာပြီး အစာစားချင်စိတ်နည်းလာနိုင်ပါတယ်။

ဒါ့အပြင် ပိုးသတ်ဆေး(ပဋိဇီဝဆေး)များဟာလည်း ပါးစပ်အရသာခါးစေပြီး အစားသောက်ပျက်စေနိုင်ပါတယ်။

၂။ဖျားခြင်း

ဖျားပြီး ကိုယ်အပူချိန်အရမ်းတက်တဲ့အခါ ကိုယ်တွင်းရှိရေနဲ့ဆားဓါတ်ခမ်းခြောက်လာပါတယ်။

အဲ့အခါမှာ ပါးစပ်အရသာမကောင်းဖြစ်လာပြီး အစာစားချင်စိတ်နည်းလာနိုင်ပါတယ်။

၃။ပါးစပ်ခြောက်သွေ့ခြင်း(Dry Mouth)

ပါးစပ်ခြောက်သွေ့တယ်ဆိုတာက ကျွန်တော်တို့ရဲ့တံတွေးဂလင်း(Salivary Glands)တွေက အကြောင်းတခုခုကြောင့် တံတွေးအလုံအလောက်ထုတ်မပေးနိုင်တဲ့အခါ ပါးစပ်ထဲမှာ ခြောက်သွေ့ပြီးစေးကပ်ကပ်ဖြစ်သလိုခံစားရတာပါ။

တံတွေး(Saliva)ဟာ ပါးစပ်ထဲမှာ ဘက်တီးရီးယားပိုးတွေပေါက်ပွားမှုကို နည်းစေပြီး စားသောက်ပြီးတဲ့အခါမှာ ပါးစပ်ထဲမှာကျန်ခဲ့တဲ့ အစားအစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးပါတယ်။

တံတွေးအထွက်နည်းလာတဲ့အခါ ပါးစပ်ထဲက အစားအကြွင်းအကျန်တွေကိုမဖယ်ရှားနိုင်တော့ဘဲ ဘက်တီးရီးယားပိုးတွေလည်း ပိုပေါက်ပွားလာပါတယ်။

ဒီအခါမှာ ပါးစပ်အရသာမကောင်းဘဲ ပါးစပ်ထဲမှာခါးသလိုဖြစ်ကာ အစားသောက်ပျက်လာနိုင်ပါတယ်။

၄။မှက်ခရုပေါက်ခြင်း

မှက်ခရုပေါက်တဲ့အခါ လျှာ၊ အာခေါင်၊ ပါးစောင်တွေပေါ်မှာ အဖြူဖတ်တွေဖြစ်ပြီး ထိုအဖြူဖတ်တွေက နီရဲရောင်ရမ်းနေနိုင်တဲ့အတွက် ပါးစပ်အရသာမကောင်းဖြစ်ပြီး အစားသောက်ပျက်လာနိုင်ပါတယ်။

၅။ကိုယ်ဝန်ရှိခြင်း

ကိုယ်ဝန်ရှိတဲ့အခါမှာ ဟော်မုန်းအပြောင်းအလဲတွေများစွာဖြစ်ပါတယ်။အဲ့အခါမှာအရင်ကတခါမှမစားတဲ့အစားစာတွေကို ချဉ်ခြင်းတက်တာ၊တချို့အနံ့တွေကို လုံးဝမခံနိုင်ဘဲ ပျို့အန်ချင်စိတ်ဖြစ်တာတွေဖြစ်နိုင်ပါတယ်။

သုတေသနတွေအရ ကိုယ်ဝန်ဆောင်အမျိုးသမီးအတော်များများဟာ ကိုယ်ဝန် ပထမသုံးလမှာ ပါးစပ်ထဲတွင် သံအရသာလိုလို သတ္ထုအရသာလိုလိုကြီး(Metallic taste) ခံစားရကာ ပါးစပ်အရသာ ပျက်တတ်ကြောင်း သိရပါတယ်။

၆။သွေးဆုံးခြင်း

သွေးဆုံးတဲ့အခါကျရင်လည်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပါတယ်။

အဲ့အခါမှာပါးစပ်ခြောက်သွေ့ခြင်းကိုဖြစ်စေနိုင်တဲ့အတွက် ပါးစပ်အရသာမကောင်းဖြစ်တတ်ပါတယ်။

ဒါ့အပြင် သွေးဆုံးတဲ့အခါမှာ လျှာထိပ်နားတဝိုက်နေရာတွေမှာ ပူစပ်ပူလောင်ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။

၇။စားချဉ်ပြန်ခြင်း သို့မဟုတ် အစာချေရည်အထက်သို့ဆန်ခြင်းရောဂါဖြစ်ခြင်း(Gastroesophageal Reflux Disease)

စားချဉ်ပြန်ခြင်း သို့မဟုတ် အစာချေရည်အထက်သို့ဆန်ခြင်းရောဂါဖြစ်တဲ့အခါမှာလည်း အစာချေရည်တွေက ပါးစပ်ထဲရောက်တဲ့အတွက် ပါးစပ်အရသာပျက်ကာ အစားသောက်ပျက်နိုင်ပါတယ်။

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image