“သောက်ခြောက်”ရောဂါ 

“ေသာက္ေျခာက္”ေရာဂါ 

”  ရင္ေခါင္းၾကီး ေတာင့္ေတာင့္ေနတယ္ကြာ ။ အဆာလည္း သိပ္မေၾကသလိုပဲ ”

ေမာင္ဦးတစ္ေယာက္ ညေနဖက္ ထမင္း စားအျပီး ဇနီးျဖစ္သူအား လွမ္းေျပာလိုက္သည္။

” အစာေၾကေဆးေလး ေသာက္လိုက္ေလ ”  မေအးသည္ အစာေၾကေဆး ဗူးေလးယူျပီး ေမာင္ဦးအား တိုက္လိုက္သည္။

”  ေဆးခန္းေလး ဘာေလး သြားျပပါလား  ”

”  ရင္ေခါင္းေတာင့္တာေလာက္နဲ႔ ေဆး ခန္းသြားျပစရာလား မေအးရယ္။ လမ္းထိပ္က ေဆးဆိုင္ကေန ေဆးစပ္ေသာက္လိုက္ရင္ ရပါျပီ။ ”

” ဒါဆိုရင္လည္း ခဏေနဦး က်ဳပ္ လမ္းထိပ္ေျပးလိုက္ဦးမယ္။ ေဆးစပ္ခိုင္းလိုက္မယ္ ”

မေအးသည္ လမ္းထိပ္သုိ႔သြားကာ ေဆးစပ္ခိုင္းလိုက္သည္။ ေဆးဆိုင္မွ အစာအိမ္ မေကာင္းေသာေၾကာင့္ ျဖစ္သည္ဟု ေျပာကာ ေဆးစပ္ေပးလိုက္သည္။ လမ္းထိပ္ေဆး ဆိုင္က ေဆး ကားထိေရာက္သည္။ ေဆးေသာက္ျပီးေတာ့ ေမာင္ဦး ရင္ေခါင္းေတာင့္ေနတာၾကီး ေပ်ာက္သြားေတာ့သည္။  စပ္ေဆး ကား ထိေရာက္သည္။ ေမာင္ဦးတစ္ေယာက္ ရင္ေခါင္း ေတာင့္လာရင္ ေဆးေသာက္လိုက္သည္။ ေလပြတာကိုလည္း ေဆးေသာက္လိုက္သည္။ ဒီလိုႏွင့္ လမ္းထိပ္ေဆးဆိုင္ကား ေမာင္ဦးတို႔လင္မယားအတြက္ အားကိုးရာ ျဖစ္လာေတာ့သည္။ အခုတစ္ေလာ ရင္ေခါင္းေအာင့္တာအျပင္ ညာဖက္ ျခမ္းကပါ ေအာင့္ေအာင့္လာသည္။ လမ္းထိပ္ေဆးဆိုင္မွ စပ္ေပးေသာ ေဆးမ်ားကလည္း သိပ္မထိေရာက္ေတာ့လို႔ ထင္သည္။ ေလပြတာကလည္း သိပ္ျပီး သိသာလာသည္။ အစာစားျပီးလွ်င္လည္း အစာ မေက်ခ်င္။ လူလည္း ပိန္သြားသလိုရွိလာသည္။

” ရွင္ ဆရာ၀န္ေလး ဘာေလးေတာ့ ျပရမယ္ထင္တယ္ ကိုဦး။ ရွင္ အစာမေၾကတာ က သိပ္ကို သိသာေနျပီ။ ေရာဂါ တစ္ခု ျဖစ္ေနျပီဆိုရင္လည္း ကုရတာေပါ့။ ေဆးဆိုင္က စပ္ေဆး နဲ႔ေတာ့ မေပ်ာက္ေတာ့ဘူး။ အနာ နဲ႔ ေဆးနဲ႔ မတည့္ေတာ့ ဘူး  ” မေအး  ၏ ၾကိဳးစားမႈေၾကာင့္ ေဆး ခန္းသို႔ ေရာက္ခဲ့သည္။ ေဆးခန္းထဲ ေရာက္ေရာက္ခ်င္း ဆရာ၀န္၏ အေမးကား

“အရက္ေသာက္တတ္သလား  ”

” တစ္ခါ တစ္ေလ ေသာက္ပါတယ္ဆရာ  ” ေဖာ့ေျပာလိုက္သည္။

”  တစ္ခါတစ္ေလ ဆိုတာ တစ္ပတ္ ဘယ္နွစ္ၾကိမ္ကို ေျပာတာလဲ”

ဒီဆရာ၀န္ စပ္စုလွခ်ည္းလားဟု  ေမာင္ဦး ထင္သည္။

“ပံုမွန္ အိမ္မွာေတာ့ လံုး၀ မေသာက္ပါဘူးဆရာ။  အလုပ္ကိစၥ ရွိလို႔ ေသာက္တတ္ပါတယ္။ တစ္ခါ တစ္ေလ သူငယ္ခ်င္းေတြ နဲ႔ ေတြ႔လို႔ ေသာက္တာေလာက္ပဲ ရွိပါတယ္။ ေန႔တိုင္းပံုမွန္ ၾကီးေတာ့ မေသာက္ပါဘူး  ” ေမာင္ဦးသည္ ဆရာ၀န္အာ း အမွန္အတိုင္း ေျပာလိုက္သည္။ သို႔ေသာ္ လွ်ိဳ႔၀ွက္ထားတာေတာ့ ရွိသည္။  မေအး ႏွင့္ မယူခင္အထိ ေန႔တိုင္းေသာက္ျပီး မေအးႏွင့္ လပ္ထပ္ျပီးမွ အရက္ ေလွ်ာ့ေသာက္လိုက္သည္ကိုေတာ့ ဆရာ၀န္အား အသိမေပးေတာ့။ မေအးကလည္း ေဘးကေန ဘာမွ ၀င္ မေျပာ။

” ေသာက္တဲ့ ေနဆိုရင္ေရာ အမူးေသာက္လား။ အမ်ားၾကီးေသာက္လား  ”

” မေသာက္ပါဘူးဆရာ။ ကၽြန္ေတာ္ အနည္းငယ္ပဲ ေသာက္တာပါ ”

ေမာင္ဦး တစ္ေယာက္ ဆရာ၀န္အား အနည္းငယ္ေဖာ့ေျပာလိုက္သည္။ ေဘးတြင္ မေအးပါေနေသာေၾကာင့္ စကားလည္း အမ်ားၾကီးမေျပာခ်င္ပါ။

” USG ေလး ရိုက္။ ေသြးေလးစစ္ၾကည့္ပါ။ ျပီးရင္ ျပန္လာျပပါ။

အခု လက္နဲ႔ စမ္းၾကည့္ရသေလာက္ေတာ့ အသည္း ၾကီးေနပါတယ္။ ” ေဆး စစ္ျပီး ေနာက္တစ္ပတ္ ေဆးခန္းသို႔ ျပန္လာျပရသည္။

“အသက္ က ၂၈ ႏွစ္ပဲ ရွိေသးတယ္ေနာ္  ” ဆရာ၀န္သည္ ေဆးစစ္ခ်က္မ်ားကို ၾကည့္ျပီးေမာင္ဦးကို စကားစလိုက္သည္။

” ဟုတ္ကဲ့ပါဆရာ ကၽြန္ေတာ္အ သက္ ၂၈ နွစ္ပဲ ရွိပါေသးတယ္။ ”

“အရက္ ကို တစ္ခါ တစ္ေလမွ ေသာက္တယ္လို႔ ေျပာတယ္။ အခု အာထရာေဆာင္းမွာ အသည္း အဆီဖံုးေနတယ္လို႔ ေပၚေနပါတယ္။ ေနာက္တစ္ခု က အသည္း Enzyme ေတြ တက္ေနပါတယ္။။ Cholesterol ေတြလည္း တက္ေနပါတယ္။  ”

” ဟုတ္ကဲ့ ဆရာ။ ဘာျဖစ္လို႔လဲ ခင္ဗ်ာ  ” အရက္ေၾကာင့္လား တစ္ျခားအေၾကာင္းမ်ားေၾကာင့္ျဖစ္တာလဲ သိခ်င္ေသာေၾကာင့္ ဆရာ၀န္း အရဲစြန္႕ကာ ေမးလိုက္သည္။

“အရက္ေသာက္လို႔ ျဖစ္တာပါ။  ” ဆရာ၀န္သည္ အမွန္အတိုင္းေျဖသည္။

“ကၽြန္ေတာ္ တစ္ခါတစ္ေလမွ ေသာက္တာပါ ဆရာ ။ ေန႔တိုင္း မေသာက္ျဖစ္ပါဘူး  ”

” ေန႔တိုင္း မေသာက္ျဖစ္ေပမဲ့လည္း တစ္ခါေသာက္တိုင္း ေသာက္တိုင္း အမ်ားျကီး ေသာက္ရင္လည္း အသည္းကို ထိခိုက္ပါတယ္။ အခုပဲ ၾကည့္ေလ။ ခင္ဗ်ား အသက္ ငယ္ငယ္ေလးနဲ႔ အသည္း အဆီဖံုးေနျပီ။ အသည္း အဆီ ဖံုးေနတဲ႔အတြက္ ခင္ဗ်ား အစားစားျပီးရင္ င္ေခါင္းေတာင့္မယ္။ အစားမေၾက ျဖစ္မယ္။ ဒါမ်ိဳးေတြ ျဖစ္ေနတာပါ။ အရက္ေၾကာင့္ အစာအိမ္ ထိျပီး ရင္ျပည့္ရင္ကယ္တာေတြ ရင္ေခါင္းၾကီး ပူေနတာမ်ိဳးေတြ၊ ေလပြတာေတြ ျဖစ္ေနတယ္ေလ။ ဒါေတြအားလံုးဟာ ခင္ဗ်ားအသည္းမေကာင္းလို႔ ျဖစ္ေနတာပါ။ ”

” ဟုတ္ကဲ့ပါဆရာ။ ဆရာေပးတဲ့ ေဆးေတြကို ကၽြန္ေတာ္ ေသေသခ်ာခ်ာ ေသာက္ပါမယ္ ” ေမာင္ဦး ဆရာ၀န္ကို ကတိေပးလိုက္သည္။ ကိုယ္ကိုတိုင္လည္း ေရာဂါေပ်ာက္ခ်င္သည္။

” ေဆးေသာက္ရံုနဲ႔ အသည္း အဆီဖံုးတာက ေပ်ာက္သြားမွာ မဟုတ္ဘူး။ အသည္းအဆီဖံုးတာကို ထပ္ျပီး ဆိုးမလာဖို႔နဲ႔ အသည္းအဆီဖံုးတာက တစ္ဆင့္ျဖစ္တတ္တဲ႔ အသည္းေျခာက္တာကို မျဖစ္ေအာင္ ၾကိဳတင္ကာကြယ္ရမယ္။ အဲဒါေၾကာင့္ အသည္းကို တိုက္ရိုက္ထိခို္က္ေစတဲ့ အရက္ေသာက္ျခင္းကို ေရွာက္က်ဥ္သင့္တယ္။  ” ဆရာ၀န္စကားသည္ ေမာင္ဦးကို စိတ္ညစ္ျငဴးေစသည္။ တစ္ခါ တစ္ေလ ေတာ့ ေသာက္ခ်င္ေသးသည္။

” ဟုတ္က့ဲပါဆရာ  ” ရင္ထဲတြင္ေတာ့ မေကာင္းပါ။

” ခင္ဗ်ားကသာ တစ္ခါတစ္ေလ ေသာက္တယ္ေျပာတယ္။ ခင္ဗ်ားအသက္အရြယ္နဲ႔ အသည္း အဆီဖံုးေနျပီ။ ခင္ဗ်ား ဒီအတိုင္းသာ အရက္ မျဖတ္ပဲ ဆက္ေသာက္သြား။ ခင္ဗ်ား အသည္းေျခာက္မယ္။ ျပီးရင္ အသည္းကင္ဆာ အထိျဖစ္နိုင္တယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ကို ျဖစ္မွာ   ” ဆရာ၀န္သည္ ေမာင္ဦးကို အသိေပးလိုက္သည္။ ဂရုဏာ ေဒါေသာ သံေလးေတာင္ ပါေနေသးသည္။ သုိ႔ေသာ္ ဆရာ၀န္ကို စိတ္မဆိုးပါ။ ဆရာ၀န္သည္ လူနာတိုင္းအေပၚတြင္ ေကာင္းသည္ကို ေမာင္ဦးသိပါသည္။

” ကၽြန္ေတာ္ က ပိန္ပိန္ေလးပါ။ ၀လည္း မ၀ပါဘူး။ မ၀ပဲနဲ႔ အသည္းအဆီဖံုးျပီး ဘာလို့ ေသြးတြင္း Cholesterol တက္ေနရတာလည္း ဆရာ။  ”

” တစ္ခ်ိဳ႔လူေတြဟာ မ်ိဳးရိုးေၾကာင့္ ကိုယ္ခႏၶာပိန္ပိန္ပါးပါးရွိတတ္ၾကတယ္။ ဒါေပမဲ့ ေသြးတြင္း Cholesterol မ်ားေနတတ္တယ္။ ျပီးေတာ့ အသည္းအဆီဖံုးလည္း ျဖစ္တတ္ၾကတယ္။ ပိန္တာ ၀တာနဲ႔ မဆိုင္ပါဘူး။ Cholesterol ေတြ မ်ားေနလား သိခ်င္ရင္ ေသြးေဖာက္ စစ္ၾကည့္မွ သိတာပါ။ ”

” ဟုတ္ကဲ့ပါဆရာ။ ဆရာလမ္းညြန္တဲ့အတိုင္းေနထိုင္စားေသာက္ပါမယ္။ ” ေမာင္ဦးသည ကတိတစ္ခုကို လြယ္လြယ္ေပးလိုက္သည္။

“ေဆး ကေတာ့ ေသခ်ာ ေသာက္မွာ ကၽြန္ေတာ္ သိပါတယ္။ အရက္ကိုသာ ေရွာင္ပါလို႔ ေျပာပါရေစ။   ” ဆရာ၀န္သည္ ေနာက္တစ္ၾကိမ္ ေမာင္ဦးကို သတိေပးလိုက္သည္။

“ဟုတ္ကဲ့ ပါဆရာ။ ကၽြန္ေတာ္ ၾကိဳးစားပါမယ္   ” မေအး၏ မ်က္ေစာင္းကား ကိုဦးအေပၚ။ ဆရာ၀န္အား ကတိမေပးနိုင္ခဲ့။ သို႔ေသာ္ ၾကိဳးစားၾကည့္မည္ဟုေတာ့ သံဓိဌာန္ ခ်လိုက္သည္။

မေအးကေတာ့ ေဆးခန္းတြင္းမို႔ ဘာမွ မေျပာ။ အိမ္ေရာက္မွ ေျပေတာ့မည္ထင္သည္။

”  လမ္းထဲက ဦးက်င္ေထြးၾကီး အသည္းေျခာက္ျပီး ေသသြားတာ မၾကာေသးဘူးေနာ္။  ”

” အသည္းေျခာက္လို႔ ေသတာ မဟုတ္ပါဘူး။ အဆုတ္တီဘီေၾကာင့္ေသတာပါ။ ”

” အဆုတ္တီဘီက သူ႔မွာ ဘာလို႔ ျဖစ္လဲ ဆိုေတာ့ အသည္း မေကာင္းလို႔ ျဖစ္တာေလ။ အသည္း ေျခာက္တဲ့ သူေတြက ကိုယ္ခံစြမ္းအားေတြ က်ျပီး ေရာဂါပိုးေတြ ခဏခဏ ၀င္ျပီးဖ်ားတတ္တယ္။ တစ္ျခားသူေတြက်ေတာ့ အဆုတ္တီဘီမျဖစ္ပဲ ဦးက်င္ေထြးမွာပဲ ျဖစ္ျပီး ေသသြားတာ ရွင္ သိတယ္ေနာ္ ” မေအးသည္ သူသိေသာ အေၾကာင္းအရာမ်ားႏွင့္ ေမာင္ဦးကို အရက္ပ်က္သြားေစရန္ နားခ်ေနေတာ့သည္။

မေအးကေတာ့ တစ္လမ္းလံုး စကားအမွ်င္ မျပတ္။ ကိုဦးတစ္ေယာက္ ရင္ေမာရင္းႏွင့္ အိမ္သို႔ ျပန္ခဲ့ရသည္။

Dr.ေအးခ်မ္းမိုုး

Unicode Version

“သောက်ခြောက်”ရောဂါ

”  ရင်ခေါင်းကြီး တောင့်တောင့်နေတယ်ကွာ ။ အဆာလည်း သိပ်မကြေသလိုပဲ ”

မောင်ဦးတစ်ယောက် ညနေဖက် ထမင်း စားအပြီး ဇနီးဖြစ်သူအား လှမ်းပြောလိုက်သည်။

” အစာကြေဆေးလေး သောက်လိုက်လေ ”  မအေးသည် အစာကြေဆေး ဗူးလေးယူပြီး မောင်ဦးအား တိုက်လိုက်သည်။

”  ဆေးခန်းလေး ဘာလေး သွားပြပါလား  ”

”  ရင်ခေါင်းတောင့်တာလောက်နဲ့ ဆေး ခန်းသွားပြစရာလား မအေးရယ်။ လမ်းထိပ်က ဆေးဆိုင်ကနေ ဆေးစပ်သောက်လိုက်ရင် ရပါပြီ။ ”

” ဒါဆိုရင်လည်း ခဏနေဦး ကျုပ် လမ်းထိပ်ပြေးလိုက်ဦးမယ်။ ဆေးစပ်ခိုင်းလိုက်မယ် ”

မအေးသည် လမ်းထိပ်သို့သွားကာ ဆေးစပ်ခိုင်းလိုက်သည်။ ဆေးဆိုင်မှ အစာအိမ် မကောင်းသောကြောင့် ဖြစ်သည်ဟု ပြောကာ ဆေးစပ်ပေးလိုက်သည်။ လမ်းထိပ်ဆေး ဆိုင်က ဆေး ကားထိရောက်သည်။ ဆေးသောက်ပြီးတော့ မောင်ဦး ရင်ခေါင်းတောင့်နေတာကြီး ပျောက်သွားတော့သည်။  စပ်ဆေး ကား ထိရောက်သည်။ မောင်ဦးတစ်ယောက် ရင်ခေါင်း တောင့်လာရင် ဆေးသောက်လိုက်သည်။ လေပွတာကိုလည်း ဆေးသောက်လိုက်သည်။ ဒီလိုနှင့် လမ်းထိပ်ဆေးဆိုင်ကား မောင်ဦးတို့လင်မယားအတွက် အားကိုးရာ ဖြစ်လာတော့သည်။ အခုတစ်လော ရင်ခေါင်းအောင့်တာအပြင် ညာဖက် ခြမ်းကပါ အောင့်အောင့်လာသည်။ လမ်းထိပ်ဆေးဆိုင်မှ စပ်ပေးသော ဆေးများကလည်း သိပ်မထိရောက်တော့လို့ ထင်သည်။ လေပွတာကလည်း သိပ်ပြီး သိသာလာသည်။ အစာစားပြီးလျှင်လည်း အစာ မကျေချင်။ လူလည်း ပိန်သွားသလိုရှိလာသည်။

” ရှင် ဆရာဝန်လေး ဘာလေးတော့ ပြရမယ်ထင်တယ် ကိုဦး။ ရှင် အစာမကြေတာ က သိပ်ကို သိသာနေပြီ။ ရောဂါ တစ်ခု ဖြစ်နေပြီဆိုရင်လည်း ကုရတာပေါ့။ ဆေးဆိုင်က စပ်ဆေး နဲ့တော့ မပျောက်တော့ဘူး။ အနာ နဲ့ ဆေးနဲ့ မတည့်တော့ ဘူး  ” မအေး  ၏ ကြိုးစားမှုကြောင့် ဆေး ခန်းသို့ ရောက်ခဲ့သည်။ ဆေးခန်းထဲ ရောက်ရောက်ချင်း ဆရာဝန်၏ အမေးကား

“အရက်သောက်တတ်သလား  ”

” တစ်ခါ တစ်လေ သောက်ပါတယ်ဆရာ  ” ဖော့ပြောလိုက်သည်။

”  တစ်ခါတစ်လေ ဆိုတာ တစ်ပတ် ဘယ်နှစ်ကြိမ်ကို ပြောတာလဲ”

ဒီဆရာဝန် စပ်စုလှချည်းလားဟု  မောင်ဦး ထင်သည်။

“ပုံမှန် အိမ်မှာတော့ လုံး၀ မသောက်ပါဘူးဆရာ။  အလုပ်ကိစ္စ ရှိလို့ သောက်တတ်ပါတယ်။ တစ်ခါ တစ်လေ သူငယ်ချင်းတွေ နဲ့ တွေ့လို့ သောက်တာလောက်ပဲ ရှိပါတယ်။ နေ့တိုင်းပုံမှန် ကြီးတော့ မသောက်ပါဘူး  ” မောင်ဦးသည် ဆရာဝန်အာ း အမှန်အတိုင်း ပြောလိုက်သည်။ သို့သော် လျှို့ဝှက်ထားတာတော့ ရှိသည်။  မအေး နှင့် မယူခင်အထိ နေ့တိုင်းသောက်ပြီး မအေးနှင့် လပ်ထပ်ပြီးမှ အရက် လျှော့သောက်လိုက်သည်ကိုတော့ ဆရာဝန်အား အသိမပေးတော့။ မအေးကလည်း ဘေးကနေ ဘာမှ ဝင် မပြော။

” သောက်တဲ့ နေဆိုရင်ရော အမူးသောက်လား။ အများကြီးသောက်လား  ”

” မသောက်ပါဘူးဆရာ။ ကျွန်တော် အနည်းငယ်ပဲ သောက်တာပါ ”

မောင်ဦး တစ်ယောက် ဆရာဝန်အား အနည်းငယ်ဖော့ပြောလိုက်သည်။ ဘေးတွင် မအေးပါနေသောကြောင့် စကားလည်း အများကြီးမပြောချင်ပါ။

” USG လေး ရိုက်။ သွေးလေးစစ်ကြည့်ပါ။ ပြီးရင် ပြန်လာပြပါ။

အခု လက်နဲ့ စမ်းကြည့်ရသလောက်တော့ အသည်း ကြီးနေပါတယ်။ ” ဆေး စစ်ပြီး နောက်တစ်ပတ် ဆေးခန်းသို့ ပြန်လာပြရသည်။

“အသက် က ၂၈ နှစ်ပဲ ရှိသေးတယ်နော်  ” ဆရာဝန်သည် ဆေးစစ်ချက်များကို ကြည့်ပြီးမောင်ဦးကို စကားစလိုက်သည်။

” ဟုတ်ကဲ့ပါဆရာ ကျွန်တော်အ သက် ၂၈ နှစ်ပဲ ရှိပါသေးတယ်။ ”

“အရက် ကို တစ်ခါ တစ်လေမှ သောက်တယ်လို့ ပြောတယ်။ အခု အာထရာဆောင်းမှာ အသည်း အဆီဖုံးနေတယ်လို့ ပေါ်နေပါတယ်။ နောက်တစ်ခု က အသည်း Enzyme တွေ တက်နေပါတယ်။။ Cholesterol တွေလည်း တက်နေပါတယ်။  ”

” ဟုတ်ကဲ့ ဆရာ။ ဘာဖြစ်လို့လဲ ခင်ဗျာ  ” အရက်ကြောင့်လား တစ်ခြားအကြောင်းများကြောင့်ဖြစ်တာလဲ သိချင်သောကြောင့် ဆရာဝန်း အရဲစွန့်ကာ မေးလိုက်သည်။

“အရက်သောက်လို့ ဖြစ်တာပါ။  ” ဆရာဝန်သည် အမှန်အတိုင်းဖြေသည်။

“ကျွန်တော် တစ်ခါတစ်လေမှ သောက်တာပါ ဆရာ ။ နေ့တိုင်း မသောက်ဖြစ်ပါဘူး  ”

” နေ့တိုင်း မသောက်ဖြစ်ပေမဲ့လည်း တစ်ခါသောက်တိုင်း သောက်တိုင်း အများကြီး သောက်ရင်လည်း အသည်းကို ထိခိုက်ပါတယ်။ အခုပဲ ကြည့်လေ။ ခင်ဗျား အသက် ငယ်ငယ်လေးနဲ့ အသည်း အဆီဖုံးနေပြီ။ အသည်း အဆီ ဖုံးနေတဲ့အတွက် ခင်ဗျား အစားစားပြီးရင် င်ခေါင်းတောင့်မယ်။ အစားမကြေ ဖြစ်မယ်။ ဒါမျိုးတွေ ဖြစ်နေတာပါ။ အရက်ကြောင့် အစာအိမ် ထိပြီး ရင်ပြည့်ရင်ကယ်တာတွေ ရင်ခေါင်းကြီး ပူနေတာမျိုးတွေ၊ လေပွတာတွေ ဖြစ်နေတယ်လေ။ ဒါတွေအားလုံးဟာ ခင်ဗျားအသည်းမကောင်းလို့ ဖြစ်နေတာပါ။ ”

” ဟုတ်ကဲ့ပါဆရာ။ ဆရာပေးတဲ့ ဆေးတွေကို ကျွန်တော် သေသေချာချာ သောက်ပါမယ် ” မောင်ဦး ဆရာဝန်ကို ကတိပေးလိုက်သည်။ ကိုယ်ကိုတိုင်လည်း ရောဂါပျောက်ချင်သည်။

” ဆေးသောက်ရုံနဲ့ အသည်း အဆီဖုံးတာက ပျောက်သွားမှာ မဟုတ်ဘူး။ အသည်းအဆီဖုံးတာကို ထပ်ပြီး ဆိုးမလာဖို့နဲ့ အသည်းအဆီဖုံးတာက တစ်ဆင့်ဖြစ်တတ်တဲ့ အသည်းခြောက်တာကို မဖြစ်အောင် ကြိုတင်ကာကွယ်ရမယ်။ အဲဒါကြောင့် အသည်းကို တိုက်ရိုက်ထိခိုက်စေတဲ့ အရက်သောက်ခြင်းကို ရှောက်ကျဉ်သင့်တယ်။  ” ဆရာဝန်စကားသည် မောင်ဦးကို စိတ်ညစ်ငြူးစေသည်။ တစ်ခါ တစ်လေ တော့ သောက်ချင်သေးသည်။

” ဟုတ်ကဲ့ပါဆရာ  ” ရင်ထဲတွင်တော့ မကောင်းပါ။

” ခင်ဗျားကသာ တစ်ခါတစ်လေ သောက်တယ်ပြောတယ်။ ခင်ဗျားအသက်အရွယ်နဲ့ အသည်း အဆီဖုံးနေပြီ။ ခင်ဗျား ဒီအတိုင်းသာ အရက် မဖြတ်ပဲ ဆက်သောက်သွား။ ခင်ဗျား အသည်းခြောက်မယ်။ ပြီးရင် အသည်းကင်ဆာ အထိဖြစ်နိုင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ကို ဖြစ်မှာ   ” ဆရာဝန်သည် မောင်ဦးကို အသိပေးလိုက်သည်။ ဂရုဏာ ဒေါသော သံလေးတောင် ပါနေသေးသည်။ သို့သော် ဆရာဝန်ကို စိတ်မဆိုးပါ။ ဆရာဝန်သည် လူနာတိုင်းအပေါ်တွင် ကောင်းသည်ကို မောင်ဦးသိပါသည်။

” ကျွန်တော် က ပိန်ပိန်လေးပါ။ ဝလည်း မဝပါဘူး။ မဝပဲနဲ့ အသည်းအဆီဖုံးပြီး ဘာလို့ သွေးတွင်း Cholesterol တက်နေရတာလည်း ဆရာ။  ”

” တစ်ချို့လူတွေဟာ မျိုးရိုးကြောင့် ကိုယ်ခန္ဓာပိန်ပိန်ပါးပါးရှိတတ်ကြတယ်။ ဒါပေမဲ့ သွေးတွင်း Cholesterol များနေတတ်တယ်။ ပြီးတော့ အသည်းအဆီဖုံးလည်း ဖြစ်တတ်ကြတယ်။ ပိန်တာ ဝတာနဲ့ မဆိုင်ပါဘူး။ Cholesterol တွေ များနေလား သိချင်ရင် သွေးဖောက် စစ်ကြည့်မှ သိတာပါ။ ”

” ဟုတ်ကဲ့ပါဆရာ။ ဆရာလမ်းညွန်တဲ့အတိုင်းနေထိုင်စားသောက်ပါမယ်။ ” မောင်ဦးသည ကတိတစ်ခုကို လွယ်လွယ်ပေးလိုက်သည်။

“ဆေး ကတော့ သေချာ သောက်မှာ ကျွန်တော် သိပါတယ်။ အရက်ကိုသာ ရှောင်ပါလို့ ပြောပါရစေ။   ” ဆရာဝန်သည် နောက်တစ်ကြိမ် မောင်ဦးကို သတိပေးလိုက်သည်။

“ဟုတ်ကဲ့ ပါဆရာ။ ကျွန်တော် ကြိုးစားပါမယ်   ” မအေး၏ မျက်စောင်းကား ကိုဦးအပေါ်။ ဆရာဝန်အား ကတိမပေးနိုင်ခဲ့။ သို့သော် ကြိုးစားကြည့်မည်ဟုတော့ သံဓိဌာန် ချလိုက်သည်။

မအေးကတော့ ဆေးခန်းတွင်းမို့ ဘာမှ မပြော။ အိမ်ရောက်မှ ပြေတော့မည်ထင်သည်။

”  လမ်းထဲက ဦးကျင်ထွေးကြီး အသည်းခြောက်ပြီး သေသွားတာ မကြာသေးဘူးနော်။  ”

” အသည်းခြောက်လို့ သေတာ မဟုတ်ပါဘူး။ အဆုတ်တီဘီကြောင့်သေတာပါ။ ”

” အဆုတ်တီဘီက သူ့မှာ ဘာလို့ ဖြစ်လဲ ဆိုတော့ အသည်း မကောင်းလို့ ဖြစ်တာလေ။ အသည်း ခြောက်တဲ့ သူတွေက ကိုယ်ခံစွမ်းအားတွေ ကျပြီး ရောဂါပိုးတွေ ခဏခဏ ဝင်ပြီးဖျားတတ်တယ်။ တစ်ခြားသူတွေကျတော့ အဆုတ်တီဘီမဖြစ်ပဲ ဦးကျင်ထွေးမှာပဲ ဖြစ်ပြီး သေသွားတာ ရှင် သိတယ်နော် ” မအေးသည် သူသိသော အကြောင်းအရာများနှင့် မောင်ဦးကို အရက်ပျက်သွားစေရန် နားချနေတော့သည်။

မအေးကတော့ တစ်လမ်းလုံး စကားအမျှင် မပြတ်။ ကိုဦးတစ်ယောက် ရင်မောရင်းနှင့် အိမ်သို့ ပြန်ခဲ့ရသည်။