နေဝင်ချိန်တွေ အမြဲလှပနေစေဖို့

ေနဝင္ခ်ိန္ေတြ အျမဲလွပေနေစဖိုု႕

ေဘး အိမ္က ေဒၚရီ တို႔ လင္မယားကို ၾကည့္ျပီး ေဒၚ အုန္းတင္ တစ္ေယာက္ တစ္ခါ တစ္ေလ  အား က် သည္။ တစ္ခါတစ္ေလ  သနားသည္။ သို႔ေသာ္ အားက်သည့္အခ်ိန္က ပိုမ်ားမည္ဟု ထင္သည္။

လင္မယား ႏွစ္ေယာက္ ထဲ  ေနသည္။ သားေတြ သမီးေတြ ေျမးေတြက ကိုယ့္ အိမ္ ကိုယ့္ယာႏွင့္ မို႔ အဘိုးၾကီး အဘြားၾကီး ႏွစ္ေယာက္ထဲ။ အသက္ကလည္း ကိုယ္ေတြ ႏွင့္ ရြယ္တူဆိုေတာ့ ၈၅ ႏွစ္ေက်ာ္ေနျပီ။

မနက္ဆိုလွ်င္ ေစ်းသို႔ လင္မယားႏွစ္ေယာက္ အတူတူ။ ေစ်းကအျပန္ ထမင္း ဟင္းခ်က္။ အ၀တ္အစားဆိုလွ်င္လည္း ကိုယ့္ဖာသာ ေလွ်ာ္။ မီးပူတိုက္ႏွင့္ ပင္ပန္းလွသည္ဟု ထင္သည္။ တစ္ပတ္တစ္ခါ ေျမးမ်ားလာလွ်င္ ေတာ့ အိမ္ရွင္းေပးၾကသည္။ ဒီလုိဆိုေတာ့လည္း သူတို႔လင္မယားကို သနားသလိုလို။

ကိုယ္ကေတာ့ သမီး ႏွင့္ အတူေနသည္မို႔ သမီးခ်က္ေကၽြးတာကို အခံသင့္ လက္ေဆးစားရုံ။ သို႔ေပမဲ့လည္း တစ္ခါတစ္ေလ ကိုယ့္စိတ္တိုင္းက် မဟုတ္။ ေဒၚရီကို ျမင္ရသည္မွာ စိတ္ခ်မ္းသာသည္။ မနက္ ေစ်းကေန သူကိုယ္တိုင္ စိတ္တိုင္းက် ၀ယ္ထားသည္မ်ားကို ခ်က္ျပဳတ္သည္။ ကိုယ္ေတြကေတာ့ မီးဖိုေခ်ာင္ မ၀င္ရသည္မွာ ဘယ္ေလာက္ၾကာျပီလဲ။ လိုခ်င္တာကိုလည္း ေစ်းကို မွာလိုက္လို႔ရသည္။ စားခ်င္တာကိုလည္းခ်က္ခိုင္းလို႔ ရပါသည္။ သို႔ေသာ္လည္း သက္ၾကီးရြယ္အို တစ္ေယာက္အေနႏွင့္  အိမ္တြင္ အေရးပါေၾကာင္းကိုလည္းျပခ်င္သည္။ မီးဖိုေခ်ာင္သို႔၀င္ကာ စီမံ ခန္႔ခြဲ ခ်င္သည္။ ကန္စြန္းရြက္ေလး ခ်ဥ္ေပါင္ရြက္ေလး ေတာ့ ၀င္ျပီး သင္ခ်င္သည္။ သမီးက အေမ ပင္ပန္းမယ္ဟုဆိုကာ ေပးမ၀င္။ ဟိုဟာ မလုပ္နွင့္ ေခ်ာ္လဲမည္။ ဒီဟာ မလုပ္နွင့္ ေခ်ာ္လဲ မည္ဟု ၀င္၀င္တားၾကသည္။ တစ္ေန႔ တစ္ေန႔ ဘုရားခန္း၀င္ တီဗီၾကည့္ေနရသည္။ ေစ်းက အျပန္ ဟင္းသီးဟင္းရြက္ေတြ ကူသင္ မည္ ဆုိကလည္း သမီးက အေမ ပင္ပန္း မည္ဆိုကာ မလုပ္ခိုင္း။ တံျမတ္စည္း လွဲမည္ဆိုကလည္း ပင္ပန္းသည္ အေမ မလုပ္နဲ႔ဟု တားျမစ္ျပန္သည္။ ဒါေၾကာင့္မို႔လညး မသိ ေဒၚ အုန္းတစ္ေယာက္ အခုတစ္ေလာ ေမ့လာသည္။ နာမည္မ်ား ေမ့လာသည္။ ေျပာမိေသာ စကားမ်ား ေမ့လာသည္။

ေဒၚအုန္း တစ္ေယာက္ ေဒၚရီ တို႔အိမ္သို႔ ေန့လည္ဖက္ တစ္ခါ တစ္ေလ ေရာက္ တတ္သည္။ သက္တူရြယ္တူခ်င္းမို႔ စကားေျပာေဖာ္လည္း ရသည္။ အယူအဆခ်င္းလည္း တူသူမ်ားမို႔ ေျပာသမွ် အေၾကာင္းအရာေတြနဲ႔ အပ်င္းေျပလွသည္။

” ေဒၚရီ ဘာေတြလုပ္ေနတာလဲ ”

” ဒီမွာေလ ေျမးမ အငယ္ဆံုး အိမ္အတြက္ ၾကက္သြန္နီ ၾကက္သြန္ျဖဴေတြ ခြာေပးေနရတာ။ သူ႔မွာ အိမ္ေထာင္တာ၀န္ တစ္ဖက္နဲ႔ ဘြဲ႔လြန္တတ္ေနတဲ႔သူဆိုေတာ့ ထမင္းဟင္းခ်က္ခ်ိန္ေတာင္ မရပါဘူး။ ဒါေၾကာင့္ သူ႔အတြက္ ခြာေပးေနရတာ။ တစ္ပတ္ တစ္ၾကိမ္ ေက်ာင္းက အျပန္ ၀င္ယူတာေပါ့  ”

“ဟိုတစ္ေလာက မဂၤလာေဆာင္သြားတဲ့ ကေလးလား   ”

” ဟုတ္ပ။ ဘြဲ႔လြန္ မဟာတန္း တက္ေနတာေလ။   ”

” ေဒၚရီတို႔မ်ား မအားရပါလား  ”

“မအားရပါဘူး ေဒၚအုန္းေရ။ တစ္ေန႔တစ္ေန႔ သူ႔ အလုပ္နဲ႔သူ လည္ပတ္ေနတာပဲ။ ဘုရားရွိခိုး အိမ္အလုပ္လုပ္။   ”

” ေျမးေတြေရာ အိမ္လာလည္ရဲ့လား။   ”

” အျမဲေတာ့ ဘယ္လာနိုင္မလဲ။ သူတို႔အားတဲ႔အခ်ိန္ေလးေတြေတာ့ လာၾကပါတယ္။ မုန္႔ေတြ ဘာေတြေတာ့ ပို႔ၾကပါတယ္။ တယ္လီဖုန္း ေျပာေပါ့။ ဒါပါပဲ  ”

” က်ဳပ္ကေတာ့က်ဳပ္တို႔အိမ္မွာ ေျမးေတြနဲ႔။ တစ္ခါတစ္ေလက်ရင္ ေဒၚရီတို႔လင္မယားကို အားက်တယ္။ ဒီအိမ္မွာ ဆို နားေအး ပါးေအးနဲ႔ေနာ္။   ” ေဒၚအုန္းတင္ တစ္ေယာက္ အားက်ေၾကာင္း စကားထဲ ထည့္ေျပာမိသည္။

” က်ဳပ္တို႔ကေတာ့ ကိုယ္လုပ္နိုင္သေလာက္ လုပ္သြားမယ္လို႔ ဆံုးျဖတ္ထားတယ္။ သူမ်ားကို အားကိုးရင္ အားေလ်ာ့သြားတတ္တယ္။ က်ဳပ္တို႔လင္မယား က်န္းမာတယ္။ ေစ်းသြားနိုင္တယ္။ ခ်က္နိုင္တယ္။ စားနိုင္တယ္။ က်ဳပ္တို႔ လင္မယား စားခ်င္တာ ၀ယ္စားတယ္။ ဘုရားသြားတာလည္းကိုယ္သြားခ်င္တဲ႔အခ်ိန္ သြားလုိ႔ရတယ္။ က်ဳပ္တို႔က လြတ္လြတ္လပ္လပ္ပဲ ၾကိုက္တယ္။ က်ဳပ္တို႕ကိုခ်ဳပ္ခ်ယ္တာ မၾကိဳက္ဘူး။ တစ္ခ်ိဳ႔ သားသမီးေတြ နဲ႔ ေနတဲ႔အခါ သားသမီးက မိဘေတြကို ဟုိဟာ မလုပ္နဲ႔ ဒီဟာ မလုပ္နဲ႔ တားျမစ္တတ္ၾကတယ္။ သားသမီးေတြက ေတာ့ ေစတနာနဲ႔ပါ ။ မိဘကို မပင္ပန္းေစခ်င္တာ သက္ေတာင့္ သက္သာ ေစခ်င္တာေပါ့။ ဒါေပမဲ့ က်ဴပ္တို႔လို အသက္ၾကီးလာရင္လည္း ကိုယ္လက္လွဳပ္ရွားတာေတြ အျပင္ က်ဴပ္တို႔ဟာ မိသားစုမွာ သိပ္အသံုး၀င္တယ္ဆိုတဲ့စိတ္မ်ိဳးလည္း ရွိဖို႔လိုတယ္  ”

ေဒၚရီက သူ႔ခံစားခ်က္ကို ရွင္းျပသည္။

“ဟုတ္တယ္။ က်ဳပ္ ေျပာခ်င္တာ အဲ့ဒါပဲ   ” ေဒၚအုန္းတင္ ေထာက္ခံလိုက္သည္။

”   က်ဳပ္ကေတာ့ က်ဳပ္ ဆီ သားသမီးေတြ အလည္ လာၾကတယ္။ က်ဳပ္ေျမးေတြ လာၾကတယ္။ လာတဲ့အခ်ိန္ စကာားေတြဘာေတြ ေျပာေပါ့။ သူတို႔အိမ္လိုက္ေနဖို႔လည္း က်ုဳပ္ကို ေခၚၾကတာပဲေလ။ က်ုဳပ္ အသက္ ၈၅ နွစ္ေက်ာ္ျပီ။ က်ဳပ္ အကုန္လုပ္နိုင္ေသးတယ္။ ကိုယ္လုပ္နိုင္ ေနေသးတဲ့အတြက္ကို က်ဳပ္က ဘယ္သူ႔အိမ္မွ လိုက္မေနဘူး။ ကိုယ့္အိမ္ မွာ ကိုယ့္စိတ္တိုင္းက်ပဲ ေနမယ္။ က်ဳပ္ သားသမီးေတြ မ်က္နွာ ကို ၾကည့္ျပီးမေနခ်င္ဘူး။ ေျမးေတြနဲ႔လည္း တီဗီ လုေနရတာမ်ိဳး မျဖစ္ခ်င္ဘူး။ ဘုရား ကိုလည္း ေအးေအးေဆးေဆး ရွိခိုးခ်င္တယ္။ ဒါေၾကာင့္ သူတို႔နဲ႔ အတူ မေနတာေပါ့။ သူတို႔နဲ႔ အတူေနရင္ အျမင္မေတာ္သာ ရွိရင္လည္း ေျပာမိဆိုမိမယ္။ ဒါဆို သူတို႔နဲ႔လည္း မတည့္တာမိ်ဳးျဖစ္မယ္။ အခုဆိုရင္ သူတို႔ကို မျမင္ရေတာ့ မေျပာမိ မဆိုမိေတာ့ဘူးေပါ့။ သူတို႔ေတြ ဘာေတြ လုပ္ေနလုပ္ေန က်ဴပ္တို႔လည္း မျမင္ရေတာ့ ဘူး”

ေဒၚရီက လက္က အလုပ္လုပ္ရင္း စကားကို ေအးေအး ေဆးေဆး ေျပာေနသည္။

”  ဒါေၾကာင့္ က်ဳပ္က ေဒၚရီတို႔လင္မယားကို သိပ္အားက်တာေပါ့။ အိမ္မွာ တီဗီေတာင္ သူတို႔နဲ႔လုၾကည့္ေနရတယ္။ တစ္ေန႔ တစ္ေန႔ အိမ္မွာ လူပိုၾကီးတစ္ေယာက္လိုပဲ။ ဘာအလုပ္မွလည္း မရွိဘူး ”  ေဒၚအုန္းတင္ သူ႔ခံစားခ်က္ကို ရင္ဖြင့္လိုက္သည္။

” က်ဳပ္ကေတာ့ က်ဳပ္ေနမေကာင္းမွသာ က်ဳပ္ေျမးအိမ္လိုက္ေနမယ္။ အခုလို ေနေကာင္းေနတဲ့အခ်ိန္ထိေတာ့ ကိုယ့္ဖာသာ လင္မယားႏွစ္ေယာက္တည္းေနဦးမွာ။ အသက္ၾကီးရင္ စိတ္ခ်မ္းသာဖို႔ သိပ္အေရးၾကီးတယ္။ ကိုယ့္ ယံုၾကည္မွဳေတြကလည္း သိပ္အေရးပါတယ္။   ”

ေဒၚအုန္းတစ္ေယာက္ ေဒၚရီကိုၾကည့္၍ အားက်ေနမိေတာ့သည္။ သက္ၾကီးရြယ္အိုတစ္ေယာက္တြင္ ရွိေနေသာ မာန္မ်ားကို ျမင္ရသည္မွာ ေဒၚအုန္းအတြက္ အားတက္ စရာ။ ကိုယ့္တြင္လည္း ဒီလိုမ်ိဳး မာန္မ်ိဳးရွိေစခ်င္သည္။

အသက္ၾကီးရင္ ကိုယ့္ေျခ ကိုယ့္လက္နွင့္ ေနရေသာ သူမ််ားကံေကာင္းသည္ဟုပင္ ေဒၚအုန္းထင္ပါသည္။

“ေဒၚရီတို႔ သိပ္ကံေကာင္းတာပဲေနာ္။  ”

”  အေကာင္းအဆိုးကေတာ့ လြန္ဆြဲေနၾကတာေပါ့။ တစ္ခ်ိဳ႔ကေတာ့ က်ဳပ္သားသမီးေတြ ေျမးေတြကို မလိမၼာဘူးလို႔ ေျပာၾကတာေပါ့။ အဘိုးၾကီး အဘြားၾကီး လင္မယားကို ပစ္ထားတယ္လို႔ စကား ဆို ခ်င္ၾကတာေပါ့။ က်ဳပ္တို႔ မိသားစုကေတာ့ သူမ်ား အေျပာကို ဂရုစိုက္မေနပါဘူး။ က်ဳပ္တို႔ေတြ အားလံုးက တစ္ရပ္ကြက္ထဲမွာ ေနေန ၾကတာပဲေလ။ က်ဳပ္အိမ္ကိုလည္း သူတို႔ေတြ လာ လာ လည္ေနၾကတာပဲေလ။ အၾကာၾကီးမဟုတ္ေတာင္ သူတို႔ေတြ တစ္ပတ္တစ္ခါေတာ့ လာၾကတာပဲေလ။ က်ဳပ္တို႔ အသက္ၾကီးလာေပမဲ့လည္း က်ဳပ္တို႔လင္မယား အခုခ်ိန္ထိ သန္မာေနတုန္းပဲေလ။ ကိုယ့္အားကို အားကိုးရမယ္ဆိုတာလည္း က်ဳပ္တို႔လင္မယား ခံယူထားတယ္။ အခုဆိုရင္ အိမ္အလုပ္ေတြ လုပ္ေနရေတာ့ က်န္းမာေရး လုပ္ျပီးသားလည္း ျဖစ္တယ္။ ဒါကေတာ့ကိုယ္ခႏၶာ ၾကံ့ခိုင္မွဳေပါ့။ ေနာက္တစ္ခ်က္ က ကိုယ့္ကို ယံုၾကည္မွဳေပါ့။ ဒီေလာကၾကီးမွာ ကိုယ္ေတြဟာ လူပိုတစ္ေယာက္ျဖစ္တယ္ဆိုတဲ့ခံစားခ်က္မ်ိဳးလည္း မရွိေတာ့ဘူး။ က်ဳပ္ေျမးေတြ က်ဳပ္ဆီလာျပီး သူတို႔ အေၾကာင္းေတြေျပာရင္လည္း က်ဳပ္တို႕ကနားေထာင္ေပးလိုက္တာပဲ။ သူတို႔တိုင္ပင္တာေတြလည္း က်ဳပ္တို႔ေတြ ကူညီေျဖရွင္းေပးလိုက္တာပဲ။ ”

” ရွင္မွာက ေျမးမိန္းကေလးေတြ မ်ားေတာ့ ရွင္နဲ႔ အေစးကပ္တာေပါ့။ က်ဳပ္မွာက ေျမးေတြ ကေယာက်ားေလးေတြ။ သူတို႔က သူတို႔အလုပ္နဲ႔သူတို႔ရွဳပ္ေနၾကတာ။ က်ဳပ္ကိုစကားေျပာဖို႔ေတာင္ အခ်ိန္မရွိဘူး ” ေဒၚအုန္းတင္တစ္ေယာက္ ေဒၚရီ ေျမးမေလးမ်ားကို က်ိတ္ျပီး အားက်မိသည္။ သူလိုမ်ိဳး င့ါမွာလည္း ေျမးမေလးေတြ ရွိရင္္လည္း ေကာင္းမွာပဲလို႔ေတြးမိသည္။

” ရွင္ အဲဒီလိုေတာ့ မေတြးနဲ႔ေလ။ ရွင္မွာက သမီးေတြ ရွိတယ္။ က်ဳပ္မွာက သားေတြပဲ ရွိတာ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘ၀ေပးအေျခအေနေတာ့ ဘယ္တူမလဲ။ ရွင္က သမီးနဲ႔အတူေန ေနရတာပဲေလ။ ရွင့္သမီးကလည္း ရွင့္ကို ဂရုစိုက္ပါတယ္။ အေမကိုလည္းဂရုစိုက္ေနတာပဲေလ။ ”

” ဒါေပမဲ့ က်ဳပ္က အိမ္မွာ လူပိုတစ္ေယာက္လို႔ ခံစားရလို႔ပါ ” ေဒၚအုန္းတင္ ရင္ထဲ ခံစားခ်က္ကို ဖြင့္ခ်မိသည္။

“ဘာမွ စိတ္ဓာတ္မက်နဲ႔။ က်ဳပ္တို႔အရြယ္က တရားနာ တရားအားထုပ္ရမဲ့ အရြယ္ေရာက္ေနျပီ။ တရားေလး ဘာေလးနာျပီးရင္ က်ဳပ္အိမ္ဖက္သာ ကူးလာခဲ့။  အသက္ၾကီးရင္ ကိုယ္နဲ႔ သက္တူရြယ္တူခ်င္း စကားေလး ဘားေလး ေျပာေပးရတယ္။ ” ေဒၚရီ တစ္ေယာက္ ေဒၚအုန္းတင္ကို အိမ္သို႔ အျမဲလာရန္ စကားကန္းလန္းလိုက္သည္။

ေဒၚအုန္းတစ္ေယာက္ ေဒၚရီတို႔လင္မယားကို အားက်လိုက္သည့္ အျဖစ္။ အခုအခ်ိန္ထိ က်န္းမာေနတုန္း ဖ်တ္လတ္ေနတုန္း ျဖစ္ေသာ ေဒၚရီကို ၾကည့္ကာ အားရသည္။ သူတို႔လို လူၾကီးေတြ အေနနွင့္ စိတ္ပိုင္းဆိုင္ရာ ေရာ ရုပ္ပိုင္းဆိုင္ရာပါ က်န္းမာ ၾကံ့ခိုင္ဖို႔ လိုေနမွန္း သမီးေတြ ေျမးေတြ သိရင္ ေကာင္းမွာပဲ ဟု ဆုေတာင္းကာ အိမ္သို႔ ျပန္လာခဲ့သည္။ ေနာက္ကို ေဒၚရီတို႔ အိမ္ ေန႔တိုင္းသြားမည္ဟု ေတြးေတာလွ်က္။

Dr.ေအးခ်မ္းမိုုး

Unicode Version

နေဝင်ချိန်တွေ အမြဲလှပနေစေဖို့

ဘေး အိမ်က ဒေါ်ရီ တို့ လင်မယားကို ကြည့်ပြီး ဒေါ် အုန်းတင် တစ်ယောက် တစ်ခါ တစ်လေ  အား ကျ သည်။ တစ်ခါတစ်လေ  သနားသည်။ သို့သော် အားကျသည့်အချိန်က ပိုများမည်ဟု ထင်သည်။

လင်မယား နှစ်ယောက် ထဲ  နေသည်။ သားတွေ သမီးတွေ မြေးတွေက ကိုယ့် အိမ် ကိုယ့်ယာနှင့် မို့ အဘိုးကြီး အဘွားကြီး နှစ်ယောက်ထဲ။ အသက်ကလည်း ကိုယ်တွေ နှင့် ရွယ်တူဆိုတော့ ၈၅ နှစ်ကျော်နေပြီ။

မနက်ဆိုလျှင် ဈေးသို့ လင်မယားနှစ်ယောက် အတူတူ။ ဈေးကအပြန် ထမင်း ဟင်းချက်။ အဝတ်အစားဆိုလျှင်လည်း ကိုယ့်ဖာသာ လျှော်။ မီးပူတိုက်နှင့် ပင်ပန်းလှသည်ဟု ထင်သည်။ တစ်ပတ်တစ်ခါ မြေးများလာလျှင် တော့ အိမ်ရှင်းပေးကြသည်။ ဒီလိုဆိုတော့လည်း သူတို့လင်မယားကို သနားသလိုလို။

ကိုယ်ကတော့ သမီး နှင့် အတူနေသည်မို့ သမီးချက်ကျွေးတာကို အခံသင့် လက်ဆေးစားရုံ။ သို့ပေမဲ့လည်း တစ်ခါတစ်လေ ကိုယ့်စိတ်တိုင်းကျ မဟုတ်။ ဒေါ်ရီကို မြင်ရသည်မှာ စိတ်ချမ်းသာသည်။ မနက် ဈေးကနေ သူကိုယ်တိုင် စိတ်တိုင်းကျ ဝယ်ထားသည်များကို ချက်ပြုတ်သည်။ ကိုယ်တွေကတော့ မီးဖိုချောင် မဝင်ရသည်မှာ ဘယ်လောက်ကြာပြီလဲ။ လိုချင်တာကိုလည်း ဈေးကို မှာလိုက်လို့ရသည်။ စားချင်တာကိုလည်းချက်ခိုင်းလို့ ရပါသည်။ သို့သော်လည်း သက်ကြီးရွယ်အို တစ်ယောက်အနေနှင့်  အိမ်တွင် အရေးပါကြောင်းကိုလည်းပြချင်သည်။ မီးဖိုချောင်သို့ဝင်ကာ စီမံ ခန့်ခွဲ ချင်သည်။ ကန်စွန်းရွက်လေး ချဉ်ပေါင်ရွက်လေး တော့ ဝင်ပြီး သင်ချင်သည်။ သမီးက အမေ ပင်ပန်းမယ်ဟုဆိုကာ ပေးမဝင်။ ဟိုဟာ မလုပ်နှင့် ချော်လဲမည်။ ဒီဟာ မလုပ်နှင့် ချော်လဲ မည်ဟု ဝင်ဝင်တားကြသည်။ တစ်နေ့ တစ်နေ့ ဘုရားခန်းဝင် တီဗီကြည့်နေရသည်။ ဈေးက အပြန် ဟင်းသီးဟင်းရွက်တွေ ကူသင် မည် ဆိုကလည်း သမီးက အမေ ပင်ပန်း မည်ဆိုကာ မလုပ်ခိုင်း။ တံမြတ်စည်း လှဲမည်ဆိုကလည်း ပင်ပန်းသည် အမေ မလုပ်နဲ့ဟု တားမြစ်ပြန်သည်။ ဒါကြောင့်မို့လညး မသိ ဒေါ် အုန်းတစ်ယောက် အခုတစ်လော မေ့လာသည်။ နာမည်များ မေ့လာသည်။ ပြောမိသော စကားများ မေ့လာသည်။

ဒေါ်အုန်း တစ်ယောက် ဒေါ်ရီ တို့အိမ်သို့ နေ့လည်ဖက် တစ်ခါ တစ်လေ ရောက် တတ်သည်။ သက်တူရွယ်တူချင်းမို့ စကားပြောဖော်လည်း ရသည်။ အယူအဆချင်းလည်း တူသူများမို့ ပြောသမျှ အကြောင်းအရာတွေနဲ့ အပျင်းပြေလှသည်။

” ဒေါ်ရီ ဘာတွေလုပ်နေတာလဲ ”

” ဒီမှာလေ မြေးမ အငယ်ဆုံး အိမ်အတွက် ကြက်သွန်နီ ကြက်သွန်ဖြူတွေ ခွာပေးနေရတာ။ သူ့မှာ အိမ်ထောင်တာဝန် တစ်ဖက်နဲ့ ဘွဲ့လွန်တတ်နေတဲ့သူဆိုတော့ ထမင်းဟင်းချက်ချိန်တောင် မရပါဘူး။ ဒါကြောင့် သူ့အတွက် ခွာပေးနေရတာ။ တစ်ပတ် တစ်ကြိမ် ကျောင်းက အပြန် ဝင်ယူတာပေါ့  ”

“ဟိုတစ်လောက မင်္ဂလာဆောင်သွားတဲ့ ကလေးလား   ”

” ဟုတ်ပ။ ဘွဲ့လွန် မဟာတန်း တက်နေတာလေ။   ”

” ဒေါ်ရီတို့များ မအားရပါလား  ”

“မအားရပါဘူး ဒေါ်အုန်းရေ။ တစ်နေ့တစ်နေ့ သူ့ အလုပ်နဲ့သူ လည်ပတ်နေတာပဲ။ ဘုရားရှိခိုး အိမ်အလုပ်လုပ်။   ”

” မြေးတွေရော အိမ်လာလည်ရဲ့လား။   ”

” အမြဲတော့ ဘယ်လာနိုင်မလဲ။ သူတို့အားတဲ့အချိန်လေးတွေတော့ လာကြပါတယ်။ မုန့်တွေ ဘာတွေတော့ ပို့ကြပါတယ်။ တယ်လီဖုန်း ပြောပေါ့။ ဒါပါပဲ  ”

” ကျုပ်ကတော့ကျုပ်တို့အိမ်မှာ မြေးတွေနဲ့။ တစ်ခါတစ်လေကျရင် ဒေါ်ရီတို့လင်မယားကို အားကျတယ်။ ဒီအိမ်မှာ ဆို နားအေး ပါးအေးနဲ့နော်။   ” ဒေါ်အုန်းတင် တစ်ယောက် အားကျကြောင်း စကားထဲ ထည့်ပြောမိသည်။

” ကျုပ်တို့ကတော့ ကိုယ်လုပ်နိုင်သလောက် လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ သူများကို အားကိုးရင် အားလျော့သွားတတ်တယ်။ ကျုပ်တို့လင်မယား ကျန်းမာတယ်။ ဈေးသွားနိုင်တယ်။ ချက်နိုင်တယ်။ စားနိုင်တယ်။ ကျုပ်တို့ လင်မယား စားချင်တာ ဝယ်စားတယ်။ ဘုရားသွားတာလည်းကိုယ်သွားချင်တဲ့အချိန် သွားလို့ရတယ်။ ကျုပ်တို့က လွတ်လွတ်လပ်လပ်ပဲ ကြိုက်တယ်။ ကျုပ်တို့ကိုချုပ်ချယ်တာ မကြိုက်ဘူး။ တစ်ချို့ သားသမီးတွေ နဲ့ နေတဲ့အခါ သားသမီးက မိဘတွေကို ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့ တားမြစ်တတ်ကြတယ်။ သားသမီးတွေက တော့ စေတနာနဲ့ပါ ။ မိဘကို မပင်ပန်းစေချင်တာ သက်တောင့် သက်သာ စေချင်တာပေါ့။ ဒါပေမဲ့ ကျူပ်တို့လို အသက်ကြီးလာရင်လည်း ကိုယ်လက်လှုပ်ရှားတာတွေ အပြင် ကျူပ်တို့ဟာ မိသားစုမှာ သိပ်အသုံးဝင်တယ်ဆိုတဲ့စိတ်မျိုးလည်း ရှိဖို့လိုတယ်  ”

ဒေါ်ရီက သူ့ခံစားချက်ကို ရှင်းပြသည်။

“ဟုတ်တယ်။ ကျုပ် ပြောချင်တာ အဲ့ဒါပဲ   ” ဒေါ်အုန်းတင် ထောက်ခံလိုက်သည်။

”   ကျုပ်ကတော့ ကျုပ် ဆီ သားသမီးတွေ အလည် လာကြတယ်။ ကျုပ်မြေးတွေ လာကြတယ်။ လာတဲ့အချိန် စကာားတွေဘာတွေ ပြောပေါ့။ သူတို့အိမ်လိုက်နေဖို့လည်း ကျုုပ်ကို ခေါ်ကြတာပဲလေ။ ကျုုပ် အသက် ၈၅ နှစ်ကျော်ပြီ။ ကျုပ် အကုန်လုပ်နိုင်သေးတယ်။ ကိုယ်လုပ်နိုင် နေသေးတဲ့အတွက်ကို ကျုပ်က ဘယ်သူ့အိမ်မှ လိုက်မနေဘူး။ ကိုယ့်အိမ် မှာ ကိုယ့်စိတ်တိုင်းကျပဲ နေမယ်။ ကျုပ် သားသမီးတွေ မျက်နှာ ကို ကြည့်ပြီးမနေချင်ဘူး။ မြေးတွေနဲ့လည်း တီဗီ လုနေရတာမျိုး မဖြစ်ချင်ဘူး။ ဘုရား ကိုလည်း အေးအေးဆေးဆေး ရှိခိုးချင်တယ်။ ဒါကြောင့် သူတို့နဲ့ အတူ မနေတာပေါ့။ သူတို့နဲ့ အတူနေရင် အမြင်မတော်သာ ရှိရင်လည်း ပြောမိဆိုမိမယ်။ ဒါဆို သူတို့နဲ့လည်း မတည့်တာမျိုးဖြစ်မယ်။ အခုဆိုရင် သူတို့ကို မမြင်ရတော့ မပြောမိ မဆိုမိတော့ဘူးပေါ့။ သူတို့တွေ ဘာတွေ လုပ်နေလုပ်နေ ကျူပ်တို့လည်း မမြင်ရတော့ ဘူး”

ဒေါ်ရီက လက်က အလုပ်လုပ်ရင်း စကားကို အေးအေး ဆေးဆေး ပြောနေသည်။

”  ဒါကြောင့် ကျုပ်က ဒေါ်ရီတို့လင်မယားကို သိပ်အားကျတာပေါ့။ အိမ်မှာ တီဗီတောင် သူတို့နဲ့လုကြည့်နေရတယ်။ တစ်နေ့ တစ်နေ့ အိမ်မှာ လူပိုကြီးတစ်ယောက်လိုပဲ။ ဘာအလုပ်မှလည်း မရှိဘူး ”  ဒေါ်အုန်းတင် သူ့ခံစားချက်ကို ရင်ဖွင့်လိုက်သည်။

” ကျုပ်ကတော့ ကျုပ်နေမကောင်းမှသာ ကျုပ်မြေးအိမ်လိုက်နေမယ်။ အခုလို နေကောင်းနေတဲ့အချိန်ထိတော့ ကိုယ့်ဖာသာ လင်မယားနှစ်ယောက်တည်းနေဦးမှာ။ အသက်ကြီးရင် စိတ်ချမ်းသာဖို့ သိပ်အရေးကြီးတယ်။ ကိုယ့် ယုံကြည်မှုတွေကလည်း သိပ်အရေးပါတယ်။   ”

ဒေါ်အုန်းတစ်ယောက် ဒေါ်ရီကိုကြည့်၍ အားကျနေမိတော့သည်။ သက်ကြီးရွယ်အိုတစ်ယောက်တွင် ရှိနေသော မာန်များကို မြင်ရသည်မှာ ဒေါ်အုန်းအတွက် အားတက် စရာ။ ကိုယ့်တွင်လည်း ဒီလိုမျိုး မာန်မျိုးရှိစေချင်သည်။

အသက်ကြီးရင် ကိုယ့်ခြေ ကိုယ့်လက်နှင့် နေရသော သူမျျားကံကောင်းသည်ဟုပင် ဒေါ်အုန်းထင်ပါသည်။

“ဒေါ်ရီတို့ သိပ်ကံကောင်းတာပဲနော်။  ”

”  အကောင်းအဆိုးကတော့ လွန်ဆွဲနေကြတာပေါ့။ တစ်ချို့ကတော့ ကျုပ်သားသမီးတွေ မြေးတွေကို မလိမ္မာဘူးလို့ ပြောကြတာပေါ့။ အဘိုးကြီး အဘွားကြီး လင်မယားကို ပစ်ထားတယ်လို့ စကား ဆို ချင်ကြတာပေါ့။ ကျုပ်တို့ မိသားစုကတော့ သူများ အပြောကို ဂရုစိုက်မနေပါဘူး။ ကျုပ်တို့တွေ အားလုံးက တစ်ရပ်ကွက်ထဲမှာ နေနေ ကြတာပဲလေ။ ကျုပ်အိမ်ကိုလည်း သူတို့တွေ လာ လာ လည်နေကြတာပဲလေ။ အကြာကြီးမဟုတ်တောင် သူတို့တွေ တစ်ပတ်တစ်ခါတော့ လာကြတာပဲလေ။ ကျုပ်တို့ အသက်ကြီးလာပေမဲ့လည်း ကျုပ်တို့လင်မယား အခုချိန်ထိ သန်မာနေတုန်းပဲလေ။ ကိုယ့်အားကို အားကိုးရမယ်ဆိုတာလည်း ကျုပ်တို့လင်မယား ခံယူထားတယ်။ အခုဆိုရင် အိမ်အလုပ်တွေ လုပ်နေရတော့ ကျန်းမာရေး လုပ်ပြီးသားလည်း ဖြစ်တယ်။ ဒါကတော့ကိုယ်ခန္ဓာ ကြံ့ခိုင်မှုပေါ့။ နောက်တစ်ချက် က ကိုယ့်ကို ယုံကြည်မှုပေါ့။ ဒီလောကကြီးမှာ ကိုယ်တွေဟာ လူပိုတစ်ယောက်ဖြစ်တယ်ဆိုတဲ့ခံစားချက်မျိုးလည်း မရှိတော့ဘူး။ ကျုပ်မြေးတွေ ကျုပ်ဆီလာပြီး သူတို့ အကြောင်းတွေပြောရင်လည်း ကျုပ်တို့ကနားထောင်ပေးလိုက်တာပဲ။ သူတို့တိုင်ပင်တာတွေလည်း ကျုပ်တို့တွေ ကူညီဖြေရှင်းပေးလိုက်တာပဲ။ ”

” ရှင်မှာက မြေးမိန်းကလေးတွေ များတော့ ရှင်နဲ့ အစေးကပ်တာပေါ့။ ကျုပ်မှာက မြေးတွေ ကယောကျားလေးတွေ။ သူတို့က သူတို့အလုပ်နဲ့သူတို့ရှုပ်နေကြတာ။ ကျုပ်ကိုစကားပြောဖို့တောင် အချိန်မရှိဘူး ” ဒေါ်အုန်းတင်တစ်ယောက် ဒေါ်ရီ မြေးမလေးများကို ကျိတ်ပြီး အားကျမိသည်။ သူလိုမျိုး င့ါမှာလည်း မြေးမလေးတွေ ရှိရင်လည်း ကောင်းမှာပဲလို့တွေးမိသည်။

” ရှင် အဲဒီလိုတော့ မတွေးနဲ့လေ။ ရှင်မှာက သမီးတွေ ရှိတယ်။ ကျုပ်မှာက သားတွေပဲ ရှိတာ။ တစ်ယောက်နဲ့ တစ်ယောက် ဘဝပေးအခြေအနေတော့ ဘယ်တူမလဲ။ ရှင်က သမီးနဲ့အတူနေ နေရတာပဲလေ။ ရှင့်သမီးကလည်း ရှင့်ကို ဂရုစိုက်ပါတယ်။ အမေကိုလည်းဂရုစိုက်နေတာပဲလေ။ ”

” ဒါပေမဲ့ ကျုပ်က အိမ်မှာ လူပိုတစ်ယောက်လို့ ခံစားရလို့ပါ ” ဒေါ်အုန်းတင် ရင်ထဲ ခံစားချက်ကို ဖွင့်ချမိသည်။

“ဘာမှ စိတ်ဓာတ်မကျနဲ့။ ကျုပ်တို့အရွယ်က တရားနာ တရားအားထုပ်ရမဲ့ အရွယ်ရောက်နေပြီ။ တရားလေး ဘာလေးနာပြီးရင် ကျုပ်အိမ်ဖက်သာ ကူးလာခဲ့။  အသက်ကြီးရင် ကိုယ်နဲ့ သက်တူရွယ်တူချင်း စကားလေး ဘားလေး ပြောပေးရတယ်။ ” ဒေါ်ရီ တစ်ယောက် ဒေါ်အုန်းတင်ကို အိမ်သို့ အမြဲလာရန် စကားကန်းလန်းလိုက်သည်။

ဒေါ်အုန်းတစ်ယောက် ဒေါ်ရီတို့လင်မယားကို အားကျလိုက်သည့် အဖြစ်။ အခုအချိန်ထိ ကျန်းမာနေတုန်း ဖျတ်လတ်နေတုန်း ဖြစ်သော ဒေါ်ရီကို ကြည့်ကာ အားရသည်။ သူတို့လို လူကြီးတွေ အနေနှင့် စိတ်ပိုင်းဆိုင်ရာ ရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာ ကြံ့ခိုင်ဖို့ လိုနေမှန်း သမီးတွေ မြေးတွေ သိရင် ကောင်းမှာပဲ ဟု ဆုတောင်းကာ အိမ်သို့ ပြန်လာခဲ့သည်။ နောက်ကို ဒေါ်ရီတို့ အိမ် နေ့တိုင်းသွားမည်ဟု တွေးတောလျှက်။