အိပ်နေတုန်း သွားမကြိတ်အောင် ဘယ်လိုလုပ်မလဲ

အိပ္ေနတုုန္း သြားမၾကိတ္ေအာင္ ဘယ္လိုုလုုပ္မလဲ

သြားက်ိတ္တယ္ဆိုတာဟာ အေပၚသြားေတြနဲ႔ေအာက္သြားေတြကို တင္းတင္းဖိၾကိတ္တာ(အေပၚေမးရိုးနဲ႔ေအာက္ေမးရိုးကို တင္းတင္းဖိၾကိတ္ျပီး လႈပ္ရွားတာ)မ်ိဳးကိုဆိုလိုတာပါ။အံက်ိတ္တယ္လို႔လည္းေခၚၾကပါတယ္။ေဆးပညာအရေတာ႔ Bruxism လို႔ေခၚပါတယ္။အမ်ားစုကသြားက်ိတ္တာကို အိပ္တဲ႔အခ်ိန္မွာပဲ ျဖစ္တယ္လို႔ထင္ၾကပါတယ္။ဒါေပမယ္႔ ေလ႔လာခ်က္ေတြအရ သြားက်ိတ္ျခင္းဟာ နိုးေနတဲ႔အခ်ိန္ေတြမွာလည္းျဖစ္္ပါတယ္။

ဘာလို႔ သြားက်ိတ္ျခင္းျဖစ္တယ္ဆိုတဲ႔အေၾကာင္းကိုေတာ႔ တိက်ေသခ်ာစြာေျပာဖို႔မလြယ္ပါ။သို႔ေသာ္ သုေတသနေတြအရ စိတ္ဖိစီးစရာမ်ားတဲ႔သူေတြ
စိတ္တိုလြယ္တတ္တဲ႔သူေတြ၊သူမ်ားနဲ႔ျပိဳင္ခ်င္စိတ္ျပင္းျပတတ္တဲ႔သူေတြသြားစေပါက္တဲ႔အရြယ္၊ေမးရိုးဖြံ႕ျဖိဳးတဲ႔အရြယ္မွာေရာက္ေနတဲ႔ကေလးေတြ၊အရက္ေဆးလိပ္ေသာက္တဲ႔သူေတြ၊ကဖင္းဓါတ္ပါတဲ႔အစားေသာက္ေတြစားေသာက္မ်ားတဲ႔သူေတြ၊စိတ္ေဆးေတြေသာက္ေနရတဲ႔သူေတြ၊မိသားစုမ်ိဳးရိုးထဲမွာသြားက်ိတ္တတ္တဲ႔သူရွိတဲ႔သူေတြ၊ပါကင္ဆန္ေရာဂါ၊သတိေမ႔ေရာဂါ၊အတက္ေရာဂါစတဲ႔ေရာဂါအခံတခုခုရွိတဲ႔သူေတြ အိပ္ေပ်ာ္ေနစဥ္မွာ အိပ္မက္ဆိုးေတြမက္ေလ႔ရွိသူေတြ၊တအားေဟာက္တဲ႔သူေတြမွာဆိုရင္ သြားက်ိတ္ျခင္းဟာ ပိုျဖစ္နိုင္ပါတယ္။

သြားက်ိတ္ျခင္းေၾကာင္႔ ေဘးမွာအိပ္တဲ႔သူကို အိပ္ေရးပ်က္ေစနိုင္ပါတယ္။သြားက်ိတ္ျခင္းရဲ႕ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ သြားေၾကြလႊာေတြထိခိုက္ပ်က္စီးျပီး သြားေတြတိုလာတာ၊ျပားလာတာ၊က်ိဳးပဲ႔လြယ္တာ၊ သြားေတြက်င္တာ၊ေမးရိုးၾကြက္သားေတြပါတင္းျပီးနာက်င္တာ၊နားထင္ကိုက္တာေတြျဖစ္နိုင္ပါတယ္။
သြားခဏခဏက်ိတ္ျခင္းေၾကာင္႔တခ်ိဳ႕သြားေတြဟာ ေသြးသလိုျဖစ္ျပီး ခြ်န္ထက္လာတတ္ပါတယ္။ထိုခြ်န္ထက္တဲ႔သြားေတြေၾကာင္႔ ပါးေစာင္အတြင္းေတြ၊လွ်ာေတြမွာခိုက္မိျပီး အနာခဏခဏျဖစ္တာ၊ၾကာလာရင္ ခံတြင္းကင္ဆာျဖစ္တာေတြပါျဖစ္နိုင္ပါတယ္။ဒါေတြအျပင္ သြားက်ိတ္ျခင္းဟာ နွစ္ေပါင္းမ်ားစြာၾကာလာပါက ေမးရိုးအဆစ္ခိုင္သြားျပီး ပါးစပ္ဟရခက္တာေတြလည္းျဖစ္လာနိုင္ပါတယ္။ဒီလိုေနာက္ဆက္တြဲဆိုးက်ိဳးေတြခံစားရျပီဆိုရင္ေတာ႔ ေဆးခန္းျပသျပီး ကုသမႈခံယူဖို႔လိုပါတယ္။

သြားက်ိတ္ျခင္းျဖစ္နိုင္ေျခနည္းေအာင္
စိတ္ဖိစီးမႈ ေလ်ွာ့ပါ
ေကာ္ဖီ လက္ဖက္ရည္ အားျဖည့္အခ်ိဳရည္ဘူးေတြ ေသာက္တာေရွာင္ပါ
အရက္ေရွာင္ပါ။ေဆးလိပ္ေရွာင္ပါ။
ပီေကခဏခဏ၀ါးတာ ကြမ္းခဏခဏ၀ါးတာေရွာင္ပါ။
အမွတ္မထင္ လက္ထဲက အရာတခုခုကို ကိုက္မိေနတာမ်ိဳး မျဖစ္ေအာင္ သတိထားပါ – စာသင္ခ်ိန္ ခဲတံကိုကိုက္ထားတာမ်ိဳး စသျဖင့္ ေရွာင္ပါ
ႏိုးေနခ်ိန္မွာလည္း အံၾကိတ္မိတာမ်ိဳး မျဖစ္ေအာင္ ေလ႔က်င္႔ပါ။
ပါး ပါးစပ္ေလ့က်င့္ခန္း ေဖာင္းလိုက္ပိန္လိုက္လုပ္တာ /ေလခ်ြန္ေလ့က်င့္ခန္း/ပါးစပ္ဟျပီး အေၾကာေျပေလ့က်င့္ခန္းေတြ လုပ္ေပးပါ
အိပ္ခါနီး ပါးေပၚကို ေရေႏြးဝတ္မပူတာေလး ကပ္ေပးပါ။

Dr 528

Unicode Version

အိပ်နေတုန်း သွားမကြိတ်အောင် ဘယ်လိုလုပ်မလဲ

သွားကျိတ်တယ်ဆိုတာဟာ အပေါ်သွားတွေနဲ့အောက်သွားတွေကို တင်းတင်းဖိကြိတ်တာ(အပေါ်မေးရိုးနဲ့အောက်မေးရိုးကို တင်းတင်းဖိကြိတ်ပြီး လှုပ်ရှားတာ)မျိုးကိုဆိုလိုတာပါ။အံကျိတ်တယ်လို့လည်းခေါ်ကြပါတယ်။ဆေးပညာအရတော့ Bruxism လို့ခေါ်ပါတယ်။အများစုကသွားကျိတ်တာကို အိပ်တဲ့အချိန်မှာပဲ ဖြစ်တယ်လို့ထင်ကြပါတယ်။ဒါပေမယ့် လေ့လာချက်တွေအရ သွားကျိတ်ခြင်းဟာ နိုးနေတဲ့အချိန်တွေမှာလည်းဖြစ်ပါတယ်။

ဘာလို့ သွားကျိတ်ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ တိကျသေချာစွာပြောဖို့မလွယ်ပါ။သို့သော် သုတေသနတွေအရ စိတ်ဖိစီးစရာများတဲ့သူတွေ
စိတ်တိုလွယ်တတ်တဲ့သူတွေ၊သူများနဲ့ပြိုင်ချင်စိတ်ပြင်းပြတတ်တဲ့သူတွေသွားစပေါက်တဲ့အရွယ်၊မေးရိုးဖွံ့ဖြိုးတဲ့အရွယ်မှာရောက်နေတဲ့ကလေးတွေ၊အရက်ဆေးလိပ်သောက်တဲ့သူတွေ၊ကဖင်းဓါတ်ပါတဲ့အစားသောက်တွေစားသောက်များတဲ့သူတွေ၊စိတ်ဆေးတွေသောက်နေရတဲ့သူတွေ၊မိသားစုမျိုးရိုးထဲမှာသွားကျိတ်တတ်တဲ့သူရှိတဲ့သူတွေ၊ပါကင်ဆန်ရောဂါ၊သတိမေ့ရောဂါ၊အတက်ရောဂါစတဲ့ရောဂါအခံတခုခုရှိတဲ့သူတွေ အိပ်ပျော်နေစဉ်မှာ အိပ်မက်ဆိုးတွေမက်လေ့ရှိသူတွေ၊တအားဟောက်တဲ့သူတွေမှာဆိုရင် သွားကျိတ်ခြင်းဟာ ပိုဖြစ်နိုင်ပါတယ်။

သွားကျိတ်ခြင်းကြောင့် ဘေးမှာအိပ်တဲ့သူကို အိပ်ရေးပျက်စေနိုင်ပါတယ်။သွားကျိတ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သွားကြွေလွှာတွေထိခိုက်ပျက်စီးပြီး သွားတွေတိုလာတာ၊ပြားလာတာ၊ကျိုးပဲ့လွယ်တာ၊ သွားတွေကျင်တာ၊မေးရိုးကြွက်သားတွေပါတင်းပြီးနာကျင်တာ၊နားထင်ကိုက်တာတွေဖြစ်နိုင်ပါတယ်။
သွားခဏခဏကျိတ်ခြင်းကြောင့်တချို့သွားတွေဟာ သွေးသလိုဖြစ်ပြီး ချွန်ထက်လာတတ်ပါတယ်။ထိုချွန်ထက်တဲ့သွားတွေကြောင့် ပါးစောင်အတွင်းတွေ၊လျှာတွေမှာခိုက်မိပြီး အနာခဏခဏဖြစ်တာ၊ကြာလာရင် ခံတွင်းကင်ဆာဖြစ်တာတွေပါဖြစ်နိုင်ပါတယ်။ဒါတွေအပြင် သွားကျိတ်ခြင်းဟာ နှစ်ပေါင်းများစွာကြာလာပါက မေးရိုးအဆစ်ခိုင်သွားပြီး ပါးစပ်ဟရခက်တာတွေလည်းဖြစ်လာနိုင်ပါတယ်။ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေခံစားရပြီဆိုရင်တော့ ဆေးခန်းပြသပြီး ကုသမှုခံယူဖို့လိုပါတယ်။

သွားကျိတ်ခြင်းဖြစ်နိုင်ခြေနည်းအောင်
စိတ်ဖိစီးမှု လျှော့ပါ
ကော်ဖီ လက်ဖက်ရည် အားဖြည့်အချိုရည်ဘူးတွေ သောက်တာရှောင်ပါ
အရက်ရှောင်ပါ။ဆေးလိပ်ရှောင်ပါ။
ပီကေခဏခဏဝါးတာ ကွမ်းခဏခဏဝါးတာရှောင်ပါ။
အမှတ်မထင် လက်ထဲက အရာတခုခုကို ကိုက်မိနေတာမျိုး မဖြစ်အောင် သတိထားပါ – စာသင်ချိန် ခဲတံကိုကိုက်ထားတာမျိုး စသဖြင့် ရှောင်ပါ
နိုးနေချိန်မှာလည်း အံကြိတ်မိတာမျိုး မဖြစ်အောင် လေ့ကျင့်ပါ။
ပါး ပါးစပ်လေ့ကျင့်ခန်း ဖောင်းလိုက်ပိန်လိုက်လုပ်တာ /လေချွန်လေ့ကျင့်ခန်း/ပါးစပ်ဟပြီး အကြောပြေလေ့ကျင့်ခန်းတွေ လုပ်ပေးပါ
အိပ်ခါနီး ပါးပေါ်ကို ရေနွေးဝတ်မပူတာလေး ကပ်ပေးပါ။
Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image