ဒေါက်တာမှိုပွင့်လေးရဲ့ ဖရဲသီး

12

ပျိုမေလေးတို့ရေ “ ကာလအားဖြင့်တော့ အခုကာလဟာမိုးရာသီ ဆိုပေမယ့်လို့ နေရောင်ခြည်က တအားပြင်းထန်လွန်းတော့ ရာသီဥတုကလဲ အပူဘက်ကိုကဲနေတယ်နော် “ မမဒေါက်တာမှိုပွင့်လေးကတော့ ဒီလိုအချိန်မျိုးဆို ရဲရဲနီနေတဲ့ ဖရဲသီးလေး တစ်စိတ်လောက်ဖြစ်ဖြစ် စားလိုက်ရရင်ကို လန်းဆန်းသွားတာ။

ဒီတော့ကာ မမချစ်ရတဲ့ အလှအပကြိုက်တဲ့ ပျိုမေလေးတွေအတွက် ဒီလိုတစ်ကိုက်လောက်စားလိုက်ရုံနဲ့ အမောပြေစေတဲ့ ဖရဲသီးလေးရဲ့ အလှအပရေးရာ အသုံးဝင်ပုံတွေအကြောင်း ပြောပြချင်စိတ်က ထိန်းမရဖြစ် လာပါရော။ ကဲ မမစပြောတော့မယ်နေယ်။
(၁)။ အရွယ်အတိုင်မီ အိုမင်းရင့်ရော်မှုမှ ကာကွယ်ပေးတယ်။
တစ်နေ့တစ်နေ့ မှန်တင်ခုံရှေ့မှာ ကိုယ့်ကိုယ်ကို ကြည့်ရင်း မျက်နှာပေါ်က အမဲစက်တွေ၊ အရေးအ ကြောင်းတွေကြည့်ပြီး အားမလိုအားမရ ဖြစ်နေပြီလား။ ဖရဲသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်တဲ့ ဗီတာမင်စီနှင့် ဗီတာမင်အေ ကြွယ်ဝစွာပါဝင်သောကြောင့် မျက်နှာပေါ်ရှိတဲ့ အရေးအကြောင်းတွေ၊ အရေပြား တွန့်တာနဲ့ တင်းတိပ်၊ မှဲ့ခြောက်၊ အမဲစက်တွေ ဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်တယ်။
(၂)။ သဘာဝတိုနာရည်အဖြစ်သုံးနိုင်တယ်။

ဖရဲသီးကို အစိတ်သေးသေးလေးတွေ စိတ်ပြီးရင် မျက်နှာပေါ်တင်ပြီး အသာအယာနှိပ်နယ်ပေးခြင်းဖြင့် မျက်နှာတစ်ပြင်လုံးရဲ့ သွေးလှည့်ပတ်မှုကို ကောင်းစေတာမို့လို့ ဖရဲသီးကို စားသုံးရုံတင်မက သဘာဝတိုနာရည် အဖြစ်လဲ သုံးနိုင်တယ်လို့ လက်တို့လိုက်တယ်နော်။

(၃)။ ဝက်ခြံကုဒေါက်တာလေး။
ပျိုမေလေးတို့ရေ။ မမဒေါက်တာမှိုပွင့်လေးကတော့ အသားအရည်က အဆီပြန်တဲ့ အမျိုးအစားမို့လို့ ဝက်ခြံနဲ့မမနဲ့ဆိုတာ ဘယ်တော့မှ လမ်းခွဲတယ်မရှိဘူး။ ဒီကြားထဲ အလုပ်များတဲ့သူမို့လို့ စိတ်ဖိစီးမှုတွေကြုံလေ ဝက်ခြံကဆိုးလေနဲ့ သိပ်စိတ်ညစ်ရတယ်။ ဒါပေမယ့် ဒီနည်းလမ်းလေးကို လက်တွေ့သုံးကြည့်ပြီးတော့ စိတ်ကျေ နပ်မှုရရှိတာကြောင့် ပျိုမေလေးတို့အတွက် ဝေမျှလိုက်တယ်နော်။ ပထမဦးစွာ မျက်နှာသစ်ပြီးရင် ဂွမ်းစလေးနဲ့ ဖရဲသီးအရည်လေးကိုတို့ပြီး မျက်နှာပေါ်က ဝက်ခြံဖြစ်နေတဲ့ နေရာပေါ်တို့၊ ၁၅ မိနစ်လောက်ထားပြီးရင် ရေအေးနဲ့ ဆေးချရုံပါပဲ။ လွယ်ကူသက်သာတဲ့နည်းလမ်းလေးမို့လို့ စမ်းကြည့်လိုက်ကြနော်။

(၄)။ နေလောင်တာကိုလည်း ကုသပေးတယ်။
နေအပူရှိန်ကလည်း သိပ်ပြင်းတယ်နော်။ နေပူထဲသွားလာရမယ်ဆိုလည်း အပူဒဏ်ကို ကာကွယ်နိုင်တဲ့ ထီး၊ ဦးထုပ် အစရှိတာတွေကို ဆောင်ဖို့မမေ့နဲ့နော် ပျိုမေလေးတို့။ နေလောင်ပြီးသွားတဲ့ အသားအရေကို ပြန်ထိန်းသိမ်းရတာကလည်း မလွယ်ကူတဲ့ကိစ္စပါပဲ။ ဒါကြောင့်မို့ နေလောင်တာကို ကုသပေးနိုင်တဲ့ ဖရဲသီးလေး ရဲ့အသုံးပြုပုံကို ပြောပြပေးလိုက်တယ်နော်။ ဖရဲသီးနဲ့ သခွားသီးကို သစ်သီးဖျော်စက်ထဲရောကြိတ်၊ ရလာတဲ့အ ရည်ကို မျက်နှာပေါ်လိမ်း၊ မိနစ် ၂၀ လောက်ကြာရင် ရေဆေးချလိုက်ရုံပါပဲ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် နေ လောင်တာကို သက်သာစေတဲ့အပြင် အသားအရေလေးဟာလည်း စိုပြည်ကြည်လင်လာပါလိမ့်မယ်။

(၅)။ ဆံနွယ်လေးတွေကိုလည်း အရှည်မြန်စေတယ်။
ဖရဲသီးမှာ ဦးရေပြားရဲ့ သွေးလှည့်ပတ်မှုကို ကောင်းစေနိုင်တဲ့ အမိုင်နိုအက်ဆစ် ပါဝင်တာကြောင့် ပျိုမေလေးတို့ ဆံနွယ်လေးတွေ အရှည်နှေးပြီး ဆံသားမကျန်းမမာဖြစ်မှာကို ပူစရာမလိုတော့ဘူးပေါ့။

ကဲမမဒေါက်တာမှိုပွင့်လေးကတော့ ဖရဲသီးလေးကို ကိုက်ပဲစားစား၊ မျက်နှာပေါ်ပဲတင်တင် ရရှိနိုင်တဲ့အ ကျိုးကျေးဇူးလေးတွေကို မျှဝေပြီးသွားပါပြီ။ ချစ်ခင်ရတဲ့ ပျိုမေလေးတို့လည်း သဘာဝကရရှိတဲ့ သီးနှံတွေကို တန်ဖိုးထားမြတ်နိုးပြီး အကျိုးရှိရှိအသုံးချနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

AUTHOR – ဒေါက်တာမှိုပွင့်လေး (ဆေး -၁)

READ :   ယိုယွင်းနေသော ခြေသည်း၊ လက်သည်းများ

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ