ဆန်ဆေးရေနဲ့  ခေါင်းလှေ ျာ်ကြမယ်

ဆန္ေဆးေရနဲ႔  ေခါင္းေလွ ်ာ္ၾကမယ္

ဆန္ေဆးေရ ဆိုတာဟာ ကြ်န္ေတာ္တို႔ေန႔စဥ္စားတဲ႔ဆန္ကို ထမင္းအျဖစ္မခ်က္ခင္မွာ ေရနဲ႔ဆန္ကိုေဆးရာကေန ရတဲ႔ ရတဲ႔ေရပါ။

ကြ်န္ေတာ္တို႔အေတာ္မ်ားမ်ားကေတာ႔ ဆန္ေဆးေရကို သြန္ပစ္ၾကေလ႔ရွိပါတယ္။

သို႔ေသာ္

ေရွးယခင္ကတည္းက ဆန္ေဆးေရရဲ႕အက်ိဳးအာနိသင္ကိုသိျပီး ဆန္ေဆးေရကို အလွအပအတြက္သံုးခဲ႔တဲ႔ လူေတြလည္းရွိပါတယ္။

သုေတသနပညာရွင္မ်ားရဲ႕အဆိုအရ ဂ်ပန္နိုင္ငံရဲ႕Heian ေခတ္(794 AD – 1185)မွာ ဂ်ပန္အမ်ိဳးသမီးေတြရဲ႕ဆံပင္အရွည္ဟာ ေခါင္းကေန ေျခဖ်ားထိရွိျပီး ဆံသားကလည္းေကာင္းတယ္လို႔ဆိုပါတယ္။ အဲ႔လိုဆံပင္ရွည္ျပီးဆံသားေကာင္းဖို႔ကို ဆန္ေဆးရည္နဲ႔ေခါင္းေလွ်ာ္ခဲ႔ၾကတယ္လို႔ သုေတသနပညာရွင္မ်ားကဆိုပါတယ္။

အဲ႔ေခတ္ကာလက ေတာ္ေတာ္ၾကာခဲ႔ျပီဆိုေတာ႔ တခ်ိဳ႕ေတြအေနနဲ႔ယံုခ်င္မွယံုပါလိမ္႔မယ္။

ဒါေပမယ္႔

အဲ႔ေခတ္ကဂ်ပန္အမ်ိဳးသမီးေတြရဲ႕ဆံပင္အရွည္လိုမ်ိဳး အခုေခတ္ တရုတ္နိုင္ငံ Huangluo ရြာက Yao လူမ်ိဳးစုေတြမွာေတြ႔နိုင္ပါတယ္။အဲ႔လူမ်ိဳးစုေတြရဲ႕ဆံပင္အရွည္က ေျခာက္ေပနီးပါးရွိလို႔ ဂရင္းနစ္မွတ္တမ္းစာအုပ္မွာေတာင္ေဖာ္ျပျခင္းခံရပါတယ္။

ဆံပင္ရွည္တာအျပင္ အသက္၈၀ေက်ာ္သည္အထိလည္း ဆံပင္ျဖဴတာမရွိၾကပါဘူး။

ဒီလိုဆံသားေတြရွည္လ်ားသန္စြမ္းနက္ေမွာင္ရတဲ႔အေၾကာင္းရင္းကိုေမးျမန္းၾကည္႔တဲ႔အခါမွာ သူတို႔ေခါင္းေလွ်ာ္တဲ႔အခါ ဆန္ေဆးရည္သံုးျပီး ေခါင္းေလွ်ာ္တဲ႔အတြက္ ျဖစ္ေၾကာင္း သိရွိခဲ႔ရပါတယ္ ဆိုျပီး သတင္းေတြမွာေဖာ္ျပထားပါတယ္။

ခုေနာက္ပိုင္းေလ႔လာခ်က္ေတြအရလည္း ဆန္ေဆးေရ ထဲမွာ အလွအပအတြက္ နဲ႔ က်န္းမာေရးအတြက္ အေထာက္အကူျပဳနိုင္တဲ႔ဓါတ္ေတြမ်ားစြာပါေၾကာင္းေတြ႔ရပါတယ္။

ဆန္ေဆးေရမွာပါတဲ႔ အင္နိုစီေတာ(Inositol)ဓါတ္ဟာ ဆံပင္ကြ်တ္ျခင္းကို ကင္းေ၀းေစျပီး ဆံပင္ကိုသန္စြမ္းေစပါတယ္။အမိုင္နိုအက္စစ္ဓါတ္ကလည္း ဦးေရျပားနဲ႔ဆံသားကိုအားျဖည္႔ေပးကာ ဆံသားကိုထူထဲေစပါတယ္။

ဒါေတြအျပင္ ဆန္ေဆးေရထဲမွာ ဗီတာမင္ဘီ၊ဗီတာမင္အီး၊သံဓါတ္၊မဂၢနီဆီယန္၊ဆီလီနီယန္၊ေဖာစေဖာရပ္ စတဲ႔သတၳဳဓါတ္မ်ားစြာနဲ႔ အန္တီေအာက္ဆီးဒန္႔ေခၚ ဓါတ္တိုးဆန္႔က်င္ပစၥည္းေတြမ်ားစြာလည္းပါ၀င္ပါတယ္။

ဒီလိုဓါတ္ေတြမ်ားစြာပါတဲ႔အတြက္ ဆန္ေဆးေရဟာ ဆံပင္က်န္းမာေရးအတြက္သာမက အသားအေရအတြက္လည္း အေထာက္အကူျပဳပါတယ္။

အေရျပားမွာ ေရာင္ရမး္ျပီး အနီစက္ေတြထြက္ပါက ဆန္ေဆးေရကို သုတ္လိမ္းျခင္းျဖင္႔ ေသာ္လည္းေကာင္း ျဖစ္တဲ႔အေရျပားေနရာေပၚကို ဆန္ေဆးေရထဲစိမ္ထားတဲ႔ အ၀တ္သန္႔ ဂြမ္း ေလးကို တင္အုပ္ထားေပးျခင္းျဖင္႔ေသာ္လည္းေကာင္း သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။

ဆန္ေဆးေရဟာအသားအေရအစိုဓါတ္ကို ထိန္းေပးနိုင္ျပီး သူ႔မွာ အန္တီေအာက္ဆီးဒန္႔ေခၚဓါတ္တိုးဆန္႔က်င္႔ပစၥည္းေတြမ်ားစြာပါတဲ႔အတြက္ အသားအေရေျခာက္ေသြ႔တာ အေရးအေၾကာင္းျဖစ္တာေတြအတြက္ မ်ားစြာအေထာက္အကူျပဳပါတယ္။

မ်က္နွာ အဆီျပန္လြယ္ျပီး ၀က္ျခံျဖစ္လြယ္တဲ႔အသားအေရပိုင္ရွင္မ်ားအေနနဲ႔လည္း ဆန္ေဆးေရနဲ႔မ်က္နွာသစ္ေပးပါက ေမႊးညွင္းေပါက္ေတြကို က်ဥ္းေျမွာင္းေစျပီး အဆီျပန္မႈကိုေလွ်ာ႔ခ်ေပးတဲ႔အတြက္ ၀က္ျခံခဏခဏျဖစ္တာ ကို ေပ်ာက္ကင္းသက္သာေစနိုင္ပါတယ္။

ဆန္ေဆးေရ ျပဳလုပ္နည္းအေနနဲ႔ကေတာ႔

ဆန္ကိုခြက္တ၀က္စာ ေရကိုတခြက္စာယူျပီး ဇလံုတခုထဲေလာင္းထည္႔ကာ အသာအယာေဆးပါ။အဲ႔ေဆးလို႔ရတဲ႔ေရကို မယူပါနဲ႔ဦး။အညစ္အေၾကးေတြ၊ဆန္ပိုးေကာင္ေတြပါနိုင္တဲ႔အတြက္သြန္လိုက္ပါ။

သြန္ပစ္ျပီးပါက အဲ႔ဇလံုထဲကို ေရနွစ္ခြက္ထပ္ေလာင္းထည္႔ျပီး ၁၅မိနစ္ မိနစ္၂၀ နီးပါးစိမ္ထားပါ။စိမ္ထားတဲ႔အခ်ိန္အတြင္းေမႊေပးပါ။

ထို႔ေနာက္ ေရစစ္နဲ႔စစ္ျပီး ပုလင္း သို႔မဟုတ္ ဘူးထဲကို ေလာင္းထည္႔ပါ။

ဒါဆို အသားအေရနဲ႔ဆံပင္က်န္းမာေရးအတြက္ ေထာက္ကူေပးရန္သံုးလို႔ရတဲ႔ ဆန္ေဆးေရ ရပါျပီ။

သံုးပံုသံုးနည္းအေနနဲ႔ကေတာ႔

ဆန္ေဆးေရနဲ႔မ်က္နွာသစ္မယ္ဆိုရင္

အ၀တ္သန္႔ သို႔မဟုတ္ ဂြမ္းကို ဆန္ေဆးေရထဲစိမ္ပါ။ျပီးရင္ အဲ႔ဒါနဲ႔ မ်က္နွာအနွံ႕သုတ္လိမ္းပါ။အေရျပားထဲစိမ္႔၀င္ေအာင္ အသာအယာနွိပ္နွယ္ေပးပါ။ျပီးရင္ေျခာက္ေသြ႔ေအာင္ ငါးမိနစ္ေလာက္ ေလသလပ္ခံပါ။ထို႔ေနာက္ ရိုးရိုးေရနဲ႔ မ်က္နွာသစ္ခ်လိုက္ပါ။

ဆန္ေဆးေရနဲ႔ေခါင္းေလွ်ာ္မယ္ဆိုရင္

ဦးစြာ ဆံပင္ကိုေခါင္းေလွ်ာ္ရည္နဲ႔ေလွ်ာ္ပါ။ထို႔ေနာက္မွာမွ ဆန္ေဆးေရနဲ႔ေလာင္းျပီး တေခါင္းလံုးကို ငါးမိနစ္ခန္႔ညင္သာစြာနွိပ္ေပးပါ။ထို႔ေနာက္ ေရနဲ႔ျပန္ေလာင္းခ်လိုက္ပါ။

ဆန္ေဆးေရနဲ႔မ်က္နွာသစ္တာကေတာ႔ ေန႔တိုင္း မနက္ သို႔မဟုတ္ ညတၾကိမ္လုပ္ေပးပါ။

ေခါင္းေလွ်ာ္တာကေတာ႔ တပတ္မွာ တၾကိမ္ သို႔မဟုတ္ နွစ္ၾကိမ္ ေလွ်ာ္ေပးပါ။

ဒီလိုပံုမွန္လုပ္ေပးမယ္ဆိုရင္ တလ နွစ္လေလာက္အတြင္းမွာ သိသိသာသာထူးျခားလာမွာျဖစ္ပါတယ္။

Dr သီတာႏြယ္(အမရပူရ)

Unicode Version

ဆန်ဆေးရေနဲ့  ခေါင်းလှေ ျာ်ကြမယ်
ဆန်ဆေးရေ ဆိုတာဟာ ကျွန်တော်တို့နေ့စဉ်စားတဲ့ဆန်ကို ထမင်းအဖြစ်မချက်ခင်မှာ ရေနဲ့ဆန်ကိုဆေးရာကနေ ရတဲ့ ရတဲ့ရေပါ။

ကျွန်တော်တို့အတော်များများကတော့ ဆန်ဆေးရေကို သွန်ပစ်ကြလေ့ရှိပါတယ်။

သို့သော်

ရှေးယခင်ကတည်းက ဆန်ဆေးရေရဲ့အကျိုးအာနိသင်ကိုသိပြီး ဆန်ဆေးရေကို အလှအပအတွက်သုံးခဲ့တဲ့ လူတွေလည်းရှိပါတယ်။

သုတေသနပညာရှင်များရဲ့အဆိုအရ ဂျပန်နိုင်ငံရဲ့Heian ခေတ်(794 AD – 1185)မှာ ဂျပန်အမျိုးသမီးတွေရဲ့ဆံပင်အရှည်ဟာ ခေါင်းကနေ ခြေဖျားထိရှိပြီး ဆံသားကလည်းကောင်းတယ်လို့ဆိုပါတယ်။ အဲ့လိုဆံပင်ရှည်ပြီးဆံသားကောင်းဖို့ကို ဆန်ဆေးရည်နဲ့ခေါင်းလျှော်ခဲ့ကြတယ်လို့ သုတေသနပညာရှင်များကဆိုပါတယ်။

အဲ့ခေတ်ကာလက တော်တော်ကြာခဲ့ပြီဆိုတော့ တချို့တွေအနေနဲ့ယုံချင်မှယုံပါလိမ့်မယ်။

ဒါပေမယ့်

အဲ့ခေတ်ကဂျပန်အမျိုးသမီးတွေရဲ့ဆံပင်အရှည်လိုမျိုး အခုခေတ် တရုတ်နိုင်ငံ Huangluo ရွာက Yao လူမျိုးစုတွေမှာတွေ့နိုင်ပါတယ်။အဲ့လူမျိုးစုတွေရဲ့ဆံပင်အရှည်က ခြောက်ပေနီးပါးရှိလို့ ဂရင်းနစ်မှတ်တမ်းစာအုပ်မှာတောင်ဖော်ပြခြင်းခံရပါတယ်။

ဆံပင်ရှည်တာအပြင် အသက်၈၀ကျော်သည်အထိလည်း ဆံပင်ဖြူတာမရှိကြပါဘူး။

ဒီလိုဆံသားတွေရှည်လျားသန်စွမ်းနက်မှောင်ရတဲ့အကြောင်းရင်းကိုမေးမြန်းကြည့်တဲ့အခါမှာ သူတို့ခေါင်းလျှော်တဲ့အခါ ဆန်ဆေးရည်သုံးပြီး ခေါင်းလျှော်တဲ့အတွက် ဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ဆိုပြီး သတင်းတွေမှာဖော်ပြထားပါတယ်။

ခုနောက်ပိုင်းလေ့လာချက်တွေအရလည်း ဆန်ဆေးရေ ထဲမှာ အလှအပအတွက် နဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ဓါတ်တွေများစွာပါကြောင်းတွေ့ရပါတယ်။

ဆန်ဆေးရေမှာပါတဲ့ အင်နိုစီတော(Inositol)ဓါတ်ဟာ ဆံပင်ကျွတ်ခြင်းကို ကင်းဝေးစေပြီး ဆံပင်ကိုသန်စွမ်းစေပါတယ်။အမိုင်နိုအက်စစ်ဓါတ်ကလည်း ဦးရေပြားနဲ့ဆံသားကိုအားဖြည့်ပေးကာ ဆံသားကိုထူထဲစေပါတယ်။

ဒါတွေအပြင် ဆန်ဆေးရေထဲမှာ ဗီတာမင်ဘီ၊ဗီတာမင်အီး၊သံဓါတ်၊မဂ္ဂနီဆီယန်၊ဆီလီနီယန်၊ဖောစဖောရပ် စတဲ့သတ္ထုဓါတ်များစွာနဲ့ အန်တီအောက်ဆီးဒန့်ခေါ် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေများစွာလည်းပါဝင်ပါတယ်။

ဒီလိုဓါတ်တွေများစွာပါတဲ့အတွက် ဆန်ဆေးရေဟာ ဆံပင်ကျန်းမာရေးအတွက်သာမက အသားအရေအတွက်လည်း အထောက်အကူပြုပါတယ်။

အရေပြားမှာ ရောင်ရမ်းပြီး အနီစက်တွေထွက်ပါက ဆန်ဆေးရေကို သုတ်လိမ်းခြင်းဖြင့် သော်လည်းကောင်း ဖြစ်တဲ့အရေပြားနေရာပေါ်ကို ဆန်ဆေးရေထဲစိမ်ထားတဲ့ အဝတ်သန့် ဂွမ်း လေးကို တင်အုပ်ထားပေးခြင်းဖြင့်သော်လည်းကောင်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဆန်ဆေးရေဟာအသားအရေအစိုဓါတ်ကို ထိန်းပေးနိုင်ပြီး သူ့မှာ အန်တီအောက်ဆီးဒန့်ခေါ်ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေများစွာပါတဲ့အတွက် အသားအရေခြောက်သွေ့တာ အရေးအကြောင်းဖြစ်တာတွေအတွက် များစွာအထောက်အကူပြုပါတယ်။

မျက်နှာ အဆီပြန်လွယ်ပြီး ဝက်ခြံဖြစ်လွယ်တဲ့အသားအရေပိုင်ရှင်များအနေနဲ့လည်း ဆန်ဆေးရေနဲ့မျက်နှာသစ်ပေးပါက မွှေးညှင်းပေါက်တွေကို ကျဉ်းမြှောင်းစေပြီး အဆီပြန်မှုကိုလျှော့ချပေးတဲ့အတွက် ဝက်ခြံခဏခဏဖြစ်တာ ကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

ဆန်ဆေးရေ ပြုလုပ်နည်းအနေနဲ့ကတော့

ဆန်ကိုခွက်တဝက်စာ ရေကိုတခွက်စာယူပြီး ဇလုံတခုထဲလောင်းထည့်ကာ အသာအယာဆေးပါ။အဲ့ဆေးလို့ရတဲ့ရေကို မယူပါနဲ့ဦး။အညစ်အကြေးတွေ၊ဆန်ပိုးကောင်တွေပါနိုင်တဲ့အတွက်သွန်လိုက်ပါ။

သွန်ပစ်ပြီးပါက အဲ့ဇလုံထဲကို ရေနှစ်ခွက်ထပ်လောင်းထည့်ပြီး ၁၅မိနစ် မိနစ်၂၀ နီးပါးစိမ်ထားပါ။စိမ်ထားတဲ့အချိန်အတွင်းမွှေပေးပါ။

ထို့နောက် ရေစစ်နဲ့စစ်ပြီး ပုလင်း သို့မဟုတ် ဘူးထဲကို လောင်းထည့်ပါ။

ဒါဆို အသားအရေနဲ့ဆံပင်ကျန်းမာရေးအတွက် ထောက်ကူပေးရန်သုံးလို့ရတဲ့ ဆန်ဆေးရေ ရပါပြီ။

သုံးပုံသုံးနည်းအနေနဲ့ကတော့

ဆန်ဆေးရေနဲ့မျက်နှာသစ်မယ်ဆိုရင်

အဝတ်သန့် သို့မဟုတ် ဂွမ်းကို ဆန်ဆေးရေထဲစိမ်ပါ။ပြီးရင် အဲ့ဒါနဲ့ မျက်နှာအနှံ့သုတ်လိမ်းပါ။အရေပြားထဲစိမ့်ဝင်အောင် အသာအယာနှိပ်နှယ်ပေးပါ။ပြီးရင်ခြောက်သွေ့အောင် ငါးမိနစ်လောက် လေသလပ်ခံပါ။ထို့နောက် ရိုးရိုးရေနဲ့ မျက်နှာသစ်ချလိုက်ပါ။

ဆန်ဆေးရေနဲ့ခေါင်းလျှော်မယ်ဆိုရင်

ဦးစွာ ဆံပင်ကိုခေါင်းလျှော်ရည်နဲ့လျှော်ပါ။ထို့နောက်မှာမှ ဆန်ဆေးရေနဲ့လောင်းပြီး တခေါင်းလုံးကို ငါးမိနစ်ခန့်ညင်သာစွာနှိပ်ပေးပါ။ထို့နောက် ရေနဲ့ပြန်လောင်းချလိုက်ပါ။

ဆန်ဆေးရေနဲ့မျက်နှာသစ်တာကတော့ နေ့တိုင်း မနက် သို့မဟုတ် ညတကြိမ်လုပ်ပေးပါ။

ခေါင်းလျှော်တာကတော့ တပတ်မှာ တကြိမ် သို့မဟုတ် နှစ်ကြိမ် လျှော်ပေးပါ။

ဒီလိုပုံမှန်လုပ်ပေးမယ်ဆိုရင် တလ နှစ်လလောက်အတွင်းမှာ သိသိသာသာထူးခြားလာမှာဖြစ်ပါတယ်။

Dr သီတာနွယ်(အမရပူရ)

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image