သင့်အရေပြားကို အဆိုးဆုံးဒုက္ခပေးမဲ့အရာတွေ

သင့္အေရျပားကိုု အဆိုုးဆံုုးဒုုကၡေပးမဲ့အရာေတြ

လွပတဲ့ မ်က္နွာသြင္ျပင္နဲ႔ အသားအေရကို ပိုင္ဆိုင္ဖို႔ လူတိုင္းက လုိလားၾကပါတယ္။ ဒီလို ပိုင္ဆိုင္ႏိုင္ဖို႔ အတြက္ အသားအေရ ထိန္းသိမ္းတဲ႔ ဘယ္ နာမည္ၾကီးတံဆိပ္ကို သံုးရပါ့မလဲ ၊ မ်က္ႏွာေပၚမွာ ဘာေတြ ကပ္ရမလဲ ၊ ဘာေတြ စားရမလဲ ၊ ဘယ္လို ထိန္းသိမ္းရမလဲ စသျဖင့္ လုိက္ရွာရတာ တစ္ေန႔ တစ္ေန႔ အခ်ိန္ကုန္ ရတာဟာ မနည္းပါဘူး။ နာမည္ၾကီးတဲ့ အလွကုန္ေတြကို သံုးဖို႔ အတြက္ မစားရက္ မေသာက္ရက္ ပိုက္ဆံ စုရတာလည္း မ်ားလွပါျပီ။ မဟုတ္ဘူးလား ??

မ်က္ႏွာ အသားအေရ ကို မပ်က္စီးေအာင္ ထိန္းသိမ္းရာမွာ အေျခခံ အက်ဆံုး အခ်က္ ၂ ခ်က္ ရွိပါတယ္ ။ ကိုယ္ရဲ႔ အသားအေရကို မပ်က္စီးေအာင္ ဂရုစိုက္ဖို႔ ရယ္ နဲ႔ အေၾကာင္းေၾကာင္းေၾကာင့္ အသားအရည္ ထိန္းသိမ္းဖို႔ လုိအပ္တဲ့ အခါ လိုအပ္သလို ျပဳျပင္ ထိန္းသိမ္းေပးတာရယ္ ပါပဲ။

ေန႔စဥ္ သြားလာစားေသာက္ ေနတဲ့ အခါ အသားအေရ ကို ပ်က္စီးေစမယ့္ အရာေတြနဲ႔ ထိေတြ႔ေနတာကိုေတာ့ ဂရုမစိုက္ဘဲ ပိုက္ဆံ အကုန္ခံျပီၤး အသားအေရ ထိန္းသိမ္းေပးတဲ့ ပစၥည္းေတြကို ခ်ည္းပဲ အားကိုးေနတာဟာ ေငြကုန္ေၾကးက်မ်ားျပီး အက်ိဳးနည္းတဲ့ နည္းလမ္းျဖစ္ပါတယ္။ အသားအေရ ပ်က္စီးမႈက ထိန္းသိမ္းမႈထက္ ပိုမ်ားေနတယ္ ဆိုရင္လည္း ကုိယ္လုပ္တဲ့ အရာေတြဟာ အိတ္ေပါက္ နဲ႔ ဖားေကာက္ သလိုသာ ျဖစ္ေန ပါလိမ့္မယ္။

အသားအေရကို ပ်က္စီးေစမယ့္ အရာေတြက ဘာေတြလဲ ???

ေန႔စဥ္ အထိေတြ႔ဆံုး အရာေတြထဲက ေျပာျပရရင္ေတာ့ ေနေရာင္ျခည္ နဲ႔ ရာသီဥတုပါပဲ ။

ဒီႏွစ္ခု နဲ႔ မၾကံဳေတြ႔ဖို႔ ေရွာင္လို႔ မရတဲ့ အတြက္ ဒါေတြနဲ႔ ထိေတြ႔ရမယ့္ အခ်ိန္မွာ ဒါေတြေၾကာင့္ အသားအေရ ပ်က္စီးဖို႔ကို ဘယ္လို အတတ္ႏိုင္ဆံုး ေလ်ာ့နည္းေအာင္ လုပ္ရမလဲ ဆိုတာကို ေတြးရပါမယ္။

အစားအေသာက္ေတြထဲမွာလည္း အသားအေရအတြက္ မေကာင္းတာေတြ ရွိတဲ့ အတြက္ ဒါေတြကိုလည္း သိရွိထားျပီး မ်ားမ်ားမစားမိဖို႔ သတိျပဳရပါမယ္။

၁) ေနေရာင္ျခည္ ျပင္းျပင္းနဲ႔ ထိေတြ႔တာကို ကာကြယ္ဖို႔ အတြက္ အျပင္သြားရင္ ထီေဆာင္းတာ ၊ ဒီလို အခ်ိန္မ်ိဳးမွာ အျပင္ထြက္တာမ်ိဳးကို ေရွာင္ၾကဥ္တာေတြကို လုပ္ေပးလို႔ရပါတယ္။ မသြားမျဖစ္ သြားရတဲ့ အခါမ်ိဳးမွာလည္း အက်ၤီ အေရာင္ေဖ်ာ့ေဖ်ာ့ ေပါ့ေပါ့ပါးပါးကို လက္ရွည္ဝတ္သြားတာမ်ိဳး ၊ ေနေရာင္ ကို ကာကြယ္ႏိုင္ဖို႔ SPF နဲ႔  PA ပါဝင္ႏိုင္တဲ့ အရာေတြကို လိမ္းေပးတာမ်ိဳး ေတြကို လုပ္ေပးသင့္ပါတယ္။

၂) စာေရးသူ တို႔ ႏိုင္ငံမွာ ရာသီဥတု သံုးမိ်ဳးရွိပါတယ္။

ေႏြရာသီ မွာ ရာသီဥတု ပူျပင္းတယ္။ ေခၽြးထြက္တယ္။ မိတ္ကပ္ေတြလည္း ခဏခဏ ပ်က္တယ္။ ဒီအခါ မိတ္ကပ္ မလိမ္းမေနရ ျဖစ္တဲ့ လုပ္ငန္းခြင္မ်ိဳးမွာ မ်က္နွာျပန္သစ္ျပီး မိတ္ကပ္ ျပန္လိမ္းရျပန္ေရာ။

မိတ္ကပ္ေတြ ခဏခဏ လိမ္းတာဟာ အသားအေရ ကို ပ်က္စီးေစႏိုင္တဲ့ အတြက္ ဒီလို ရာသီမ်ိဳးမွာ ေနေရာင္ျခည္မွာ ပါဝင္တဲ့ UV အလင္းေရာင္ ေတြကလည္း ကာကြယ္ႏိုင္သလို မိတ္ကပ္ကိုလည္း ၾကာရွည္ခံေစမယ့္ မိတ္ကပ္ေအာက္ခံ မ်ိဳးေတြကို ေရြးခ်ယ္လိမ္းသင့္ပါတယ္။

ေဆာင္း ရာသီမွာေတာ့ အသားအေရ ေျခာက္ေသြ႔မႈေတြ ျဖစ္တဲ့ အတြက္ ဒီလို ရာသီမ်ိဳးမွာေတာ့ အသားအေရ အစိုဓာတ္ ကို ထိန္းေပးႏိုင္တဲ့ အလွကုန္ေတြကုိ သံုးေပးသင့္တယ္ ဆိုတာကို သတိထားသင့္ပါတယ္။

၃) ကိုယ္ ေန႔စဥ္ စားေသာက္ေနတဲ့ အရာေတြထဲ မွာလည္း အသားအေရ ကို ပ်က္စီးေစႏိုင္မယ့္ အရာေတြ ပါဝင္ေနတတ္ပါတယ္။ အနည္းငယ္မွ် တစ္ခါတစ္ရံ စားမိတဲ့ အခါ ျပႆနာ မရွိႏိုင္ေပမဲ့ အမ်ားၾကီးစားမိရင္ေတာ့ အေရျပားကို ထိခို္က္ေစႏိုင္ပါတယ္။

အခ်ိဳဓာတ္ မ်ားတဲ့ အစားအသာက္ ေတြကို မ်ားမ်ားစားေသာက္ျခင္းဟာ အေရျပားအတြက္ မေကာင္းဘူးလုိ႔ ပညာရွင္ေတြက ယူဆထားၾကပါတယ္။

ဒါေၾကာင့္ ဒီလို အရာေတြကို လြန္ကဲေအာင္ မစားမိဖို႔ ဂရုစိုက္ရပါမယ္။

၄) မိတ္ကပ္ေတြကို မဖ်က္ဘဲ ထားတာဟာလည္း အသားအေရ ကို ပ်က္စီးေစတဲ့ အေၾကာင္းေတြထဲက တစ္ခုပါပဲ။

အလုပ္ ပင္ပန္းလို႔ပဲ ျဖစ္ျဖစ္ ၊ ပ်င္းလို႔ပဲ ျဖစ္ျဖစ္ မိတ္ကပ္ ကို မဖ်က္ဘဲ အိပ္ေပ်ာ္သြားတတ္ပါတယ္။

မိတ္ကပ္ေတြကို မ်က္ႏွာေပၚမွာ အၾကာၾကီးထားမယ္ ဆိုရင္ ဒါေတြဟာ အသားအေရေပၚမွာ ဆိုးက်ိဳးေတြကို အမ်ားၾကီး ျဖစ္ေစပါတယ္။

မိတ္ကပ္ ကို ဖ်က္ရတဲ့ အခ်ိန္ တစ္ခဏဟာ အသားအေရ ပ်က္စီးလို႔ လုိက္ျပဳျပင္ေနရတဲ့ အခ်ိန္ နဲ႔ ႏႈိင္းယွဥ္ရင္ အလြန္ နည္းတဲ့ အတြက္ အခ်ိန္ယူျပီး မိတ္ကပ္ဖ်က္ၾကဖို႔ အၾကံေပးလိုပါတယ္။

အသားအေရကို မပ်က္စီးေအာင္ အရင္ ဂရုစိုက္ျပီး အသားအေရထိန္းသိမ္းေပးတာဟာ သင့္ အသားအေရကို စိုျပည္ေစဖို႔ အေကာင္းဆံုး နည္းလမ္းပါပဲ။

Dr.ေမႊး

Unicode Version

သင့်အရေပြားကို အဆိုးဆုံးဒုက္ခပေးမဲ့အရာတွေ

လှပတဲ့ မျက်နှာသွင်ပြင်နဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ လူတိုင်းက လိုလားကြပါတယ်။ ဒီလို ပိုင်ဆိုင်နိုင်ဖို့ အတွက် အသားအရေ ထိန်းသိမ်းတဲ့ ဘယ် နာမည်ကြီးတံဆိပ်ကို သုံးရပါ့မလဲ ၊ မျက်နှာပေါ်မှာ ဘာတွေ ကပ်ရမလဲ ၊ ဘာတွေ စားရမလဲ ၊ ဘယ်လို ထိန်းသိမ်းရမလဲ စသဖြင့် လိုက်ရှာရတာ တစ်နေ့ တစ်နေ့ အချိန်ကုန် ရတာဟာ မနည်းပါဘူး။ နာမည်ကြီးတဲ့ အလှကုန်တွေကို သုံးဖို့ အတွက် မစားရက် မသောက်ရက် ပိုက်ဆံ စုရတာလည်း များလှပါပြီ။ မဟုတ်ဘူးလား ??

မျက်နှာ အသားအရေ ကို မပျက်စီးအောင် ထိန်းသိမ်းရာမှာ အခြေခံ အကျဆုံး အချက် ၂ ချက် ရှိပါတယ် ။ ကိုယ်ရဲ့ အသားအရေကို မပျက်စီးအောင် ဂရုစိုက်ဖို့ ရယ် နဲ့ အကြောင်းကြောင်းကြောင့် အသားအရည် ထိန်းသိမ်းဖို့ လိုအပ်တဲ့ အခါ လိုအပ်သလို ပြုပြင် ထိန်းသိမ်းပေးတာရယ် ပါပဲ။

နေ့စဉ် သွားလာစားသောက် နေတဲ့ အခါ အသားအရေ ကို ပျက်စီးစေမယ့် အရာတွေနဲ့ ထိတွေ့နေတာကိုတော့ ဂရုမစိုက်ဘဲ ပိုက်ဆံ အကုန်ခံပြီၤး အသားအရေ ထိန်းသိမ်းပေးတဲ့ ပစ္စည်းတွေကို ချည်းပဲ အားကိုးနေတာဟာ ငွေကုန်ကြေးကျများပြီး အကျိုးနည်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ အသားအရေ ပျက်စီးမှုက ထိန်းသိမ်းမှုထက် ပိုများနေတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အရာတွေဟာ အိတ်ပေါက် နဲ့ ဖားကောက် သလိုသာ ဖြစ်နေ ပါလိမ့်မယ်။

အသားအရေကို ပျက်စီးစေမယ့် အရာတွေက ဘာတွေလဲ ???

နေ့စဉ် အထိတွေ့ဆုံး အရာတွေထဲက ပြောပြရရင်တော့ နေရောင်ခြည် နဲ့ ရာသီဥတုပါပဲ ။

ဒီနှစ်ခု နဲ့ မကြုံတွေ့ဖို့ ရှောင်လို့ မရတဲ့ အတွက် ဒါတွေနဲ့ ထိတွေ့ရမယ့် အချိန်မှာ ဒါတွေကြောင့် အသားအရေ ပျက်စီးဖို့ကို ဘယ်လို အတတ်နိုင်ဆုံး လျော့နည်းအောင် လုပ်ရမလဲ ဆိုတာကို တွေးရပါမယ်။

အစားအသောက်တွေထဲမှာလည်း အသားအရေအတွက် မကောင်းတာတွေ ရှိတဲ့ အတွက် ဒါတွေကိုလည်း သိရှိထားပြီး များများမစားမိဖို့ သတိပြုရပါမယ်။

၁) နေရောင်ခြည် ပြင်းပြင်းနဲ့ ထိတွေ့တာကို ကာကွယ်ဖို့ အတွက် အပြင်သွားရင် ထီဆောင်းတာ ၊ ဒီလို အချိန်မျိုးမှာ အပြင်ထွက်တာမျိုးကို ရှောင်ကြဉ်တာတွေကို လုပ်ပေးလို့ရပါတယ်။ မသွားမဖြစ် သွားရတဲ့ အခါမျိုးမှာလည်း အင်္ကျီ အရောင်ဖျော့ဖျော့ ပေါ့ပေါ့ပါးပါးကို လက်ရှည်ဝတ်သွားတာမျိုး ၊ နေရောင် ကို ကာကွယ်နိုင်ဖို့ SPF နဲ့  PA ပါဝင်နိုင်တဲ့ အရာတွေကို လိမ်းပေးတာမျိုး တွေကို လုပ်ပေးသင့်ပါတယ်။

၂) စာရေးသူ တို့ နိုင်ငံမှာ ရာသီဥတု သုံးမျိုးရှိပါတယ်။

နွေရာသီ မှာ ရာသီဥတု ပူပြင်းတယ်။ ချွေးထွက်တယ်။ မိတ်ကပ်တွေလည်း ခဏခဏ ပျက်တယ်။ ဒီအခါ မိတ်ကပ် မလိမ်းမနေရ ဖြစ်တဲ့ လုပ်ငန်းခွင်မျိုးမှာ မျက်နှာပြန်သစ်ပြီး မိတ်ကပ် ပြန်လိမ်းရပြန်ရော။

မိတ်ကပ်တွေ ခဏခဏ လိမ်းတာဟာ အသားအရေ ကို ပျက်စီးစေနိုင်တဲ့ အတွက် ဒီလို ရာသီမျိုးမှာ နေရောင်ခြည်မှာ ပါဝင်တဲ့ UV အလင်းရောင် တွေကလည်း ကာကွယ်နိုင်သလို မိတ်ကပ်ကိုလည်း ကြာရှည်ခံစေမယ့် မိတ်ကပ်အောက်ခံ မျိုးတွေကို ရွေးချယ်လိမ်းသင့်ပါတယ်။

ဆောင်း ရာသီမှာတော့ အသားအရေ ခြောက်သွေ့မှုတွေ ဖြစ်တဲ့ အတွက် ဒီလို ရာသီမျိုးမှာတော့ အသားအရေ အစိုဓာတ် ကို ထိန်းပေးနိုင်တဲ့ အလှကုန်တွေကို သုံးပေးသင့်တယ် ဆိုတာကို သတိထားသင့်ပါတယ်။

၃) ကိုယ် နေ့စဉ် စားသောက်နေတဲ့ အရာတွေထဲ မှာလည်း အသားအရေ ကို ပျက်စီးစေနိုင်မယ့် အရာတွေ ပါဝင်နေတတ်ပါတယ်။ အနည်းငယ်မျှ တစ်ခါတစ်ရံ စားမိတဲ့ အခါ ပြဿနာ မရှိနိုင်ပေမဲ့ အများကြီးစားမိရင်တော့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။

အချိုဓာတ် များတဲ့ အစားအသာက် တွေကို များများစားသောက်ခြင်းဟာ အရေပြားအတွက် မကောင်းဘူးလို့ ပညာရှင်တွေက ယူဆထားကြပါတယ်။

ဒါကြောင့် ဒီလို အရာတွေကို လွန်ကဲအောင် မစားမိဖို့ ဂရုစိုက်ရပါမယ်။

၄) မိတ်ကပ်တွေကို မဖျက်ဘဲ ထားတာဟာလည်း အသားအရေ ကို ပျက်စီးစေတဲ့ အကြောင်းတွေထဲက တစ်ခုပါပဲ။

အလုပ် ပင်ပန်းလို့ပဲ ဖြစ်ဖြစ် ၊ ပျင်းလို့ပဲ ဖြစ်ဖြစ် မိတ်ကပ် ကို မဖျက်ဘဲ အိပ်ပျော်သွားတတ်ပါတယ်။

မိတ်ကပ်တွေကို မျက်နှာပေါ်မှာ အကြာကြီးထားမယ် ဆိုရင် ဒါတွေဟာ အသားအရေပေါ်မှာ ဆိုးကျိုးတွေကို အများကြီး ဖြစ်စေပါတယ်။

မိတ်ကပ် ကို ဖျက်ရတဲ့ အချိန် တစ်ခဏဟာ အသားအရေ ပျက်စီးလို့ လိုက်ပြုပြင်နေရတဲ့ အချိန် နဲ့ နှိုင်းယှဉ်ရင် အလွန် နည်းတဲ့ အတွက် အချိန်ယူပြီး မိတ်ကပ်ဖျက်ကြဖို့ အကြံပေးလိုပါတယ်။

အသားအရေကို မပျက်စီးအောင် အရင် ဂရုစိုက်ပြီး အသားအရေထိန်းသိမ်းပေးတာဟာ သင့် အသားအရေကို စိုပြည်စေဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။