အသားပက်ခြင်းဆိုသည်မှာ အရေပြားမှာရှိတဲ့ အစိုဓာတ်တွေ ခန်းခြောက်
ကာ ခြောက်သွေ့သွားခြင်းဖြစ်တယ် ။အဲ့ဒီလို အရေပြား ခြောက်သွေ့လာလျှင် ယားယံ
ကာ အကြေးခွံပမာ အလျားလိုက် ကွာကျလာပါတယ် ။လက်သည်းနဲ့ ကုတ်လျှင် အဖြူ
စင်းအဖြစ် ကျန်ရစ်ခဲ့တာ တွေ့ဖူးကြမှာပါ ။ဆိုးဝါးလာလျှင် အရေပြား အက်ကွဲကာ
ရောင်ရမ်းလာပါတော့တယ် ။
အထူးသဖြင့် ခြေသလုံး ၊ညှို့သကျည်း ၊လက်မောင်းနဲ့ လက်ဖျံများတွင်
ပိုအတွေ့ရများတယ် ။ဘာကြောင့်လဲဆိုရင် ကိုယ်ခန္ဓာမှာ ထိုနေရာတွေက သဘာဝ
အဆီဓာတ် အထွက်နည်းလို့ပါ ။အသက်အရွယ်ကြီးရင့်သူတွေ ၊သွေးဆုံးကိုင်ချိန်တွေ
မှာ အရေပြားအစိုဓာတ်ခန်းခြောက်ကာ အသားပက်တတ်ပါတယ် ။အေးပြီးခြောက်သွေ့
တဲ့ ဆောင်းရာသီမှာလည်း မျက်နှာအရေပြားများ ခြောက်သွေ့ကာ နာကျင်ကွဲအက်ကာ
တင်းကြပ်ကြပ်ဖြစ်သလို ခံစားဖူးကြမှာပါ ။သို့သော် အရေပြား ရေစိုကာကောင်းကောင်း
မခြောက်လျှင်လည်း အလားတူပင် အသားပက်သလို ခံစားရတတ်တယ် ။
ခြောက်သွေ့ယားယံမှု သက်သာစေရန် အောက်ပါအတိုင်းလုပ်ပါ ။
-ရေပန်းဖြင့် ရေမချိုးရ ။ဘာကြောင့်လဲဆိုရင် အရေပြားပေါ်က အဆီဓာတ်ကို ရေပန်းက
အရှိန်ဖြင့် ခွာပစ်လို့ပါ ။
-ရေနွေးပူဖြင့် ရေမချိုးရ ။ရေပူနဲ့ ရေအေးကို သမမျှတစွ ရောစပ်ထားသော ရေခပ်နွေး
နွေးဖြင့်သာ တစ်နေ့ တစ်ကြိမ်သာ ရေချိုးပါ ။
-ဆပ်ပြာမွှေး ၊ဆေးဆပ်ပြာများ မသုံးရ ။
-အရေပြား အစိုဓာတ်ကို ထိန်းပေးသော အလှဆီကို ဆပ်ပြာ အစားသုံးပါ ။
ဒါမှမဟုတ် ရေချိုးတိုင်း အစိုဓာတ်ထိန်း အလှဆီ ကိုထည့်ချိုးပါ ။
-ရေချိုးပြီးတိုင်း မွိုက်ချာရိုက်ဇာ ခရင်မ် လိမ်းပါ ။
-ဆောင်းတွင်း အိမ်ပြင်ဘက် ထွက်မည်ဆိုက မျက်နှာများ ၊လက်များကို မွိုက်ချာရိုက်ဇာ
လိမ်းပြီးမှ အပြင်ထွက်ပါ ။
-ပန်းကန်ဆေး ၊အိုးဆေး ၊ခြံရှင်း ၊အမှိုက်ရှင်းစတဲ့ အိမ်မှုကိစ္စများ လုပ်က ရာဘာလက်
အိတ်စွပ်ပြီး လုပ်ကိုင်ပါ ။
-အဝတ်လျှော်ရင် ဆပ်ပြာ ၊ချေးချွတ်ဆေးများ ကုန်စင်အောင် သေချာ လျှော်ပါ ။
ဆပ်ပြာ မစင်သော အဝတ်များကို ဝတ်မိက အသားပက်တတ်သူများ ပိုယားတတ်
တယ် ။
Author; ခေတ်သစ်ဇီဝက