အသက်ကြီးသူများနှင့်စိတ်ရောဂါနှစ်မျိုး

164

ယနေ့အချိန်အခါတွင် အသက်ကြီးသူများတွင် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထူးစောင့်ရှောက်ရန်လို အပ်လာပါသည်။ သက်ကြီးရွယ်အိုများတွင် ခံစားနေရသော စိတ်ရောဂါနှစ်မျိုးမှာ စိတ်ကစဥ့်ကလျားရောဂါနှင့် စိတ်ကျရောဂါဖြစ်ပါသည်။ ထိုရောဂါ နှစ်မျိုးအား ကြိုတင်သိရှိပြီး တတ်ကျွမ်းနားလည်သော ဦးနှောက်နှင့်စိတ် ကျန်းမာရေးအထူးကုဆရာဝန်ကြီးများအား ပြသသင့်ပါ သည်။

စိတ်ကစဥ့်ကလျားရောဂါ

အသက်ကြီးသူများတွင် စိတ်ကစဥ့်ကလျားရောဂါဖြစ်ပွားမှုရှားသော်လည်း အသက် ၄၅ နှစ်ကျော်ပြီး နောက်ဖြစ်သည်ကို တွေ့ရှိရပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍ဖြစ်ပွားတတ်ပါသည်။ သံသ ယစိတ်လွန်ကဲသော အသက်ကြီးသူ များတွင် ပိုမိုဖြစ်နိုင်ပါသည်။ အသက်ကြီးသူများတွင် စိတ်ကစဥ့်ကလျား ရောဂါဖြစ်ပါက ခံစားမှုမရှိခြင်း (သို့) တုံ့ပြန်မှုမရှိခြင်း ကဲ့သို့ ဖြစ်နေတတ်ပါသည်။ တယူသန်စိတ်သန်ခြင်း၊ အတွေးများသဘာဝမကျခြင်း၊ လူတောမတိုးဘဲအိမ်တွင်း ပုန်းနေတတ် ခြင်းနှင့် မိမိကိုယ်တိုင်စားသောက်နေထိုင် မှုကိုမစောင့်ရှောက်နိုင်ခြင်းများ ခံစားရတတ်ပါသည်။ သက်ကြီးရွယ်အိုများတွင် ဖြစ်နေ သောစိတ်ကစဥ့်ကလျား ရောဂါကို စောစီးစွာသိရှိပြီးဆေးကုသမှု ခံယူနိုင်ပါသည်။ နောက်ဆုံးပေါ်စိတ်ရောဂါ ကုသဆေးများနှင့် ကုသမှု ပေးလိုက်ပါက တုံ့ပြန်မှုသည်လွန်စွာကောင်းနိုင်ပါသည်။

စိတ်ကျရောဂါ

အသက်ကြီးသူများတွင် စိတ်ကျဝေဒနာခံစားရနိုင်ပါသည်။ စိတ်ကျရောဂါကျဆင်းရသော အကြောင်း ရင်းများစွာရှိပါ သည်။ စီးပွားရေးကျဆင်းခြင်း၊ အိမ်ထောင်ကွဲခြင်း၊ အိမ်ထောင်ဖက်သေဆုံးခြင်းနှင့် နာတာရှည် ရောဂါခံစားနေရခြင်းများကြောင့် ဖြစ်တတ်ပါသည်။ သက်ကြီးရွယ်အိုများတွင် ဘဝကိုကျေနပ်နှစ်သိမ့် မှုမရှိခြင်း၊ အချိန် အများစုတွင်စိတ်ညစ်သည်ဟု ခံစားနေ ရခြင်း၊ စိတ်ကြည်လင်မှုမရှိဟု ထင်နေခြင်း၊ ဘဝတွင်မိမိကိုယ်ကို တန်ဖိုးမရှိသကဲ့သို့ ခံစားနေရခြင်း၊ အဆိုးများနှင့် မကောင်းမှု များကြုံရမှာကို ကြောက်ရွံနေခြင်း၊ လူအတော်များ များသည်မိမိထက်သာသည်ဟု ထင်နေခြင်း၊ ကူရာမဲ့ ကယ်ရာမဲ့ဖြစ်နေ သည်ဟု ခံစားနေရခြင်း၊ မှတ်ဉာဏ်များ သည် ယခင်ကထက်ပိုပြီးမေ့လျော့နေခြင်း၊ ယခင်က စိတ်ပါဝင်စားမှုရှိသော အလုပ်များကို မလုပ်နိုင်ခြင်း၊ ဘ၀ တွင်အဓိပ္ပါယ်မဲ့သကဲ့သို့ ခံစားရခြင်း၊ ပျင်းရိသည်ဟု မကြာခဏခံစားရခြင်း၊ အိမ်မှာနေချင်စိတ် မရှိဘဲ အပြင်ကို ထွက်ချင်စိတ်များခြင်း၊ အသက်ရှင်ရသည်ကို ထူးဆန်းနေခြင်းနှင့် မိမိဘဝ၏အခြေအနေသည် မျှော်လင့်ချက် ကင်းမဲ့နေခြင်းများ ခံစားရနိုင်ပါသည်။

စိတ်ကျဝေဒနာ၏ အဓိကလက္ခဏာများမှာ အားအင်ကုန်ခမ်းခြင်း၊ အိပ်စက်ရာတွင်အခက်အခဲရှိခြင်း၊ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၊ ရင်တုန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အစားစားချင်စိတ်လျော့နည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ သိမ်ငယ်စိတ်ဝင်ခြင်း၊ မိမိ ကိုယ်ကိုအပြစ်မြင်ခြင်း၊ ရောဂါရှိသည်ဟု ထင်နေခြင်း၊ သံသယစိတ်များခြင်း၊ မှတ်ဉာဏ်အားလျော့နည်းခြင်းနှင့် သူငယ်ပြန် ခြင်းများ ဖြစ်ပါသည်။

အကြံပြုချက်

အသက်ကြီးသူများတွင် ဖြစ်တတ်သော စိတ်ကစဥ့်ကလျားရောဂါနှင့်စိတ်ကျရောဂါကြောင့် အသက် အန္တရာယ်ကိုထိ ခိုက်နိုင်ပါသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို စောင့်ရှောက်နေသူများအနေဖြင့် ရောဂါအ ကြောင်း သိရှိပြီးဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာသင့်ကြောင်းအ ကြံပြုအပ်ပါသည်။

Author – ဒေါက်တာမြင့်သန်းထွန်း (Vol-7 / No-40 Healthcare)

READ :   ကျဉ်လိုက်တဲ့ သွား

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ