မိဘတွေရဲ့ ကျန်းမာရေး ဘယ်လိုကာကွယ်ပေးရမလဲ

ကျွန်မရဲ့ မိဘနှစ်ပါးဟာ အသက် ၇၀ ကျော်နေပြီး နှစ်ဦးစလုံး တော်တော်ကျန်းမာပါတယ်။ ဒီလိုပဲ ရှေ့ဆက်သွားစေချင်ပါတယ်။ တစ်နေ့မှာ မေမေက ဘယ်လိုစိတ်ကူးရသလဲ မသိဘူး။ ကျွန်မကို မေးပါတယ်။ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ ဆရာဝန်က အကြံမပြုဘူးလားလို့ မေးပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မ မသိပါ။ အဲဒီအတွက် ပြင်ဆင်ထားတာမရှိလို့ လေ့လာရတော့မယ်။

တားဆီးကာကွယ်ရေး ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ ပတ်သတ်ပြီး စဉ်းစားတဲ့အခါမှာ ကျွန်မထင်မိတာက ကလေးတွေ ပိုလီယိုရောဂါမဖြစ်အောင် ပိုလီယိုကာကွယ်ဆေးတိုက်ခြင်း၊ ဒါမှ မဟုတ်ထိုးခြင်းပြုလုပ်ကြတယ်။ အသက်ကြီးတဲ့သူတွေကိုတော့ သွေးပေါင်ချိန်နဲ့ ကော်လက်စထရောအဆင့် တွေ မတက်အောင်ကာကွယ်ရမယ်လို့ ထင်ပါတယ်။

အသက်ကြီးတဲ့သူတွေဟာ တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေ ထိုးထားသင့်ပြီ။ အသက်နဲ့ ကျန်းမာရေး သမိုင်းပေါ်အခြေခံတဲ့ ဆေးစစ်ဆေးမှုတွေကို လုပ်သင့်တယ်။ ဒါပေမဲ့ ကျွန်မမိဘတွေအတွက် အာရုံစိုက်မိတာက နေ့စဉ်လှုပ်ရှားမှုပြုလုပ်ဖို့ ဟန့်တားပြီး၊ ၎င်းတို့ရဲ့ ဘဝအရည်အချင်းကို ဆုတ်ယုတ်လျော့ပါးစေတဲ့ မသန်မစွမ်းဖြစ်ခြင်းကို ကာကွယ်ရန်ဖြစ်သည်။

-- Advertisement --

မသန်မစွမ်းဖြစ်မှုကို ကာကွယ်ခြင်း

ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာဟာ လူနာရဲ့ သီးသန့်ကျန်းမာရေး အနေအထားအပေါ် အများအားဖြင့် မှုတည်ပါတယ်။ ကျွန်မမိဘများအနေနဲ့ ကောင်းနေတဲ့ ကျန်းမာရေးဆက်လက်ကောင်းစေရန် ကူညီနိုင်တဲ့ အကြံပြုချက်ကို လေ့လာရမယ်။

၁။ နာတာရှည်ရောဂါတွေနဲ့ ပတ်သတ်လို့ သင်ကိုယ်တိုင် နားလည်အောင် လေ့လာပါ။ မိဘတွေကိုလည်း နားလည်အောင် လုပ်ပေးပါ။

ဥပမာ ဆေးလိပ်သောက်ခြင်းဟာ သင့်နှလုံးနဲ့ အဆုတ်အတွက် မကောင်းဘူးဆိုတာသိတယ်။ အရိုးပွခြင်းရောဂါကို ၎င်းက အရှိန်မြှင့်စေမယ်ဆိုတာ သိပါသလား၊ အက်စတရိုဂျင် (မဟော်မုန်း) နဲ့ အခြားဆေးတွေက အရိုးပွခြင်းကို သက်သာစေတယ်ဆိုတာ သင်သိမှာပါ။ ဒါပေမယ့် ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပြီး ပြုလုပ်တဲ့ လေ့ကျင့်ခန်းတွေက အလားတူ အကျိုးဆက်ရှိတာ သင်သိပါသလား။ ဒီရောဂါတွေဟာ မျိုးရိုးဗီဇနဲ့ဆိုင်လို့ သင်ကိုယ်တိုင်သိအောင် လေ့လာပါ။

၂။ ရောဂါလက္ခဏာတွေဟာ မိခင်တွေရဲ့ အသက်ကြောင့် ရှောင်လွဲလို့ မရတဲ့ အကျိုးတရားတွေလို့ မယူဆပါနဲ့။ ရောဂါလက္ခဏာနဲ့ လုပ်နိုင်စွမ်းမှာ ပြောင်းလဲမှု အသေးအဖွဲ့ဟာ ပိုဆိုးဝါးတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်။ မသန်စွမ်းမှု ပြန်မကောင်းနိုင်မီ ဒီအခြေအနေကို အမြန်ဖြေရှင်းပါ။ ဥပမာအားဖြင့် နှလုံးရောဂါသည်တစ်ဦး လှေခါးတစ်ခုကို တက်တဲ့အခါမှာ ယခင်နေ့တွေကထက် ကြိုးပမ်းအားထုတ်မှု ပိုလျော့လာတယ်။ ဒီလက္ခဏာဟာ အသက်ကြီးတာနဲ့ဆိုင်ပြီး ဒီပြဿနာဟာ နှလုံးတိုက်ခိုက်မှု ပိုဖြစ်လာနိုင်တယ်။

၃။ မိဘတွေကို ၎င်းတို့ရဲ့ ဆရာဝန်နဲ့ အမြဲထိတွေ့နေဖို့ အားပေးပါ။
ကျန်းမာရေးစောင့်ရှောက်မှု အမြဲချိတ်ဆက်မှုရှိတဲ့ လူနာတွေမှာ မရှိတဲ့သူများထက်ပိုကောင်းတဲ့ အကျိုးရရှိတယ်။ သင့်မိဘနဲ့ သင့်ကိုယ်တိုင် ၎င်းတို့ရဲ့ အခြေအနေအတွက် ဖြည့်စွက်ဆေးအသစ်တွေနဲ့ ဆေးကုသမှုနဲ့ ပတ်သတ်ပြီး ၎င်းတို့ရဲ့ ဆရာဝန်ကို မေးထားရမယ်။ ၎င်းတို့ရဲ့ ရောဂါလက္ခဏာတွေကိုလည်း နေ့စဉ်မှတ်တမ်းမှာ ရေးမှတ်ထားရန်ပြောပါ။ ဒါတွေကို ကိုယ့်ဆရာဝန်အား ပြောပြပါ။

၄။ ၎င်းတို့ရဲ့ ပတ်ဝန်းကျင်ဟာ ၎င်းတို့ရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဘယ်လိုအပြန်အလှန် အကျိုးသက်ရောက်တယ်ဆိုတာကို စဉ်းစားပါ။
ဥပမာအနေနဲ့ ပြရရင် ပါကင်ဆန်ရောဂါစဖြစ်တဲ့ လူနာတစ်ဦးဟာ ဆရာဝန်ဆီလာပြရင်း သူအငြိမ်းစားယူရင်နေဖို့ သုံးထပ်တိုက်က အခန်းတစ်ခန်းကို ဝယ်ဖို့စဉ်းစားနေတယ်လို့ ပြောပြတယ်။ ဆရာဝန်က အခုအခြေအနေမှာ ပြဿနာမရှိကြောင်းနဲ့ နောင်အခါလှေခါး မတက်နိုင်လောက်အောင် ၎င်းရဲ့ ရွေ့လျားနိုင်မှုက ပိုဆိုးရွားလာရင် အခက်အခဲ ရှိနိုင်ကြောင်း ရှင်းပြတယ်။
နောက်တစ်နေ့ ဆရာဝန်ထံ လာပြပြတဲ့အခါမှာ ၎င်းက မြေညီထပ်ကအခန်းကိုပဲ ထပ်ဝယ်တော့မယ်လို့ ပြောပါတယ်။ ၎င်းရဲ့ အလားအလာရှိတဲ့ မသန်စွမ်းမှုကို ကျော်လွှားရန် သူရဲ့ ပတ်ဝန်းကျင်ကို ပြုပြင်လိုက်တယ်။

၅။ ကျန်းမာရေး စစ်ဆေးမှုအတွက် သာမန်အသိဖြင့် လမ်းညွှန်မှု
အသက်ကြီးသူများအတွက် ကျန်းမာရေးစစ်ဆေးမှုနဲ့ သင့်လျော်တဲ့ ကာကွယ်ဆေးထိုးခြင်းဟာ သူတို့ရဲ့ကျန်းမာရေးအတွက် အတိမ်းအစောင်းမခံပေ။ ကာကွယ်တာဆီးရေး လမ်းညွှန်မှု အများစုဟာ သာမန်အသက်ကြီးသူတွေ အတွက်ဖြစ်သော်လည်း ကိုယ့်သွေးရင်းသားရင်ထဲမှ အသက်ပိုကြီးသူများ အတွက်မဟုတ်ပါ။

အယ်လ်ဇိုင်းရောဂါ ရင့့််နေပြီဖြစ်တဲ့ လူနာတစ်ယောက်ကို ဆရာဝန်ထံလာပြတယ်။ သူချစ်တဲ့ မိသားစုက သူ့သက်သက်သာသာဖြစ်အောင်သာ လုပ်ပေးဖို့နဲ့ ထိုးဖောက်ပြန့်ပွားနှောက်ယှက်တဲ့ ဟန့်တားပြောင်းလဲမှုတွေကို ရှောင်ရှားဖို့ တောင်းခံကြတယ်။ အဲဒီအစီအစဉိကို ဆရာဝန်က လက်ခံပါတယ်။ ဒါတွေကို လူနာကလည်း ကြိုက်မှာ မဟုတ်တဲ့ အပြင် ခံနိုင်ရည်လည်း ရှိမှာမဟုတ်ပါ။
ထို့ကြောင့် အသက်ကြီးတဲ့ လူနာတွေရဲ့ ရောဂါ၊ ကျန်းမာရေး အခြေအနေကို ကာကွယ်ဖို့ အထူးကုဆရာဝန်တွေက လူနာလက်ခံနိုင်တဲ့ လက်တွေ့ကျပြီး ဘေးကင်းတဲ့ ဟန့်တားပြောင်းလဲမှုကို စဉ်းစားရမယ်။

READ :   အသက်ရှည်ရှည် ခင်ခင်မင်မင်

နောက်ဆုံးတွေ့ရှိခဲ့သော သုတေသနတစ်ခုအရ လတ်ဆတ်သော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးလာပါက စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုအဆင့်ကို မြင့်တက်စေနိုင်ကြောင်း တွေ့ရှိရသည်။

အဆိုပါ သုတေသနကို ဝါးဝစ်ဒ်တက္ကသိုလ်နှင့် ကွင်းစ်လန်တက္ကသိုလ်တို့မှ ပူးပေါင်းလေ့လာခဲ့ခြင်းဖြစ်ပြီး အမေရိကန်ပြည်သူ့ကျန်းမာရေးဂျာနယ်၌ ဖော်ပြထားသည်။ ထိုလေ့လာမှုမှာ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားပေးခြင်းသည် ကင်ဆာနှင့် နှလုံးရုတ်တရက် အတိုက်အခိုက်ခံရခြင်းကို လျှော့ချနိုင်ကြောင်း တွေ့ရှိချက်ကို ကျော်လွန်ကာ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုအဆင့်အထိ လေ့လာနိုင်ခဲ့ခြင်းဖြစ်သည်။ထိုလေ့လာမှုတွင် လူ ၁၂၀၀၀ ကျော် ပါဝင်အစမ်းသပ်ခဲ့ကြပြီး စားသောက်မှုပုံစံနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို လေ့လာခဲ့ကြရာ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်ကို ပိုမိုစားသုံးကြသူများသည် နှစ်နှစ်အတွင်း စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုအဆင့်မှာ သိသိသာသာ တိုးတက်ခဲ့ကြောင်း သိရသည်။

လေ့လာမှုအရ ဖွံ့ဖြိုးပြီး နိုင်ငံများရှိလူများသည် လူမှုဘဝတိုးတက်လာသည်နှင့်အမျှ အချိန်မပေးနိုင်သောကြောင့် အသင့်စား အစားအသောက်များနှင့် ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များကို ပိုမိုစားသုံးလာကြကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် ကွင်းစ်လန်းတက္ကသိုလ်ပါမောက္ခ ဒေါက်တာ ရက်ဒ်ဇိုက ကျန်းမာရေးနှင့် ညီညွတ်သော အသီးအနှံဟင်းသီးဟင်းရွက်များကို ပြောင်းလဲစားသုံးသင့်ကြောင်း တိုက်တွန်းထားသည်။

သုတေသန ပညာရှင်များက ယခု သုတေသနအရ အကောင်းမြင်စိတ်ရှိခြင်းနှင့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များတွင်ပါဝင်သော carotenoid သည် ဆက်နွယ်မှုရှိနိုင်ကြောင်း ဆက်လက်၍ လေ့လာရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Comments

Loading...
-- Advertisement --

ဆက်စပ် ဆောင်းပါးများ