(Unicode)
သွေးတိုးရောဂါသည် ဇီဝကတို့ မြန်မာနိုင်ငံအပြင် ကမ္ဘာ အနှံ့က
လူတွေကို ခြိမ်းခြောက်နေတဲ့ အသံတိတ်လူသတ်သမားပါ ။ဘာလို့လဲဆိုရင်
ကျားမ ၊ကြီးငယ် မဟူ ၊လူတန်းစားမရွေး ၊လူမျိုးဘာသာမရွေး ဖြစ်ပွားနိုင်လို့ပါ ။
ဒါ့အပြင် သွေးတိုးရောဂါ လက္ခဏာဆိုပြီး သီးသန့် မရှိတော့ ဆင့်ပွားဆိုးကျိုးများ
ဖြစ်တဲ့ လေဖြတ်ခြင်း ၊နှလုံးရောဂါရခြင်း ၊အမြင်အာရုံကွယ်ခြင်း ၊ကျောက်ကပ်ရောဂါ
ဖြစ်မှ သိကြရပါတယ် ။ဒါကြောင့် သွေးတိုးရောဂါမဖြစ်ခင်နဲ့ ဖြစ်ပြီးရင်လည်း ပိုမဆိုး
အောင် ဘယ်လို စားသောက်ရမလဲ ဆိုတာ အရေးကြီးပါတယ် ။
ဘယ်လို အစားအစာတွေ စားသောက်မလဲ ။
လူတစ်ယောက်ရဲ့ ပုံမှန်ရှိသင့်တဲ့ ပမာဏာထက် ပိုများတဲ့ သွေးပေါင်ချိန်ရှိ
က သွေးလွှတ်ကြောတွေမှာ ဖိအားများလာက ချောမွတ်တဲ့ သွေးလွှတ်ကြောနံရံတွေက
ကြမ်းတမ်း ထူထဲ မာကြောလာပါတယ် ။ထိုအခါ သွေးကြောတွေ ကျုံ့နိုင် ဆန့်နိုင်အား
လျော့လာက ကိုယ်ထဲရှိ အင်္ဂါအစိတ်အပိုင်းများကို သွေးရောက်ရှိမှုနည်းသွားကာ
ဆင့်ပွားဆိုးကျိုးများ ခံစားရတတ်ပါတယ် ။အဆီဓာတ်အများအပြားနဲ့ ဆားဓာတ်အလွန်
အကျွံစားသုံးခြင်းတို့ဟာလည်း သွေးတိုးရောဂါကို ပိုဆိုးစေပါတယ် ။
သွေးတိုးရောဂါကို ကာကွယ်ဖို့ အတွက် အန်တီအောက်ဆီဒင့် Anti-
Oxidant လို့ခေါ်တဲ့ ဗိုက်တာမင် အေ ၊ စီ ၊အီး နဲ့ ဆယ်လီနီယမ် Selenium ဓာတ်တို့
ပေါကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးပေးသင့်ပါတယ် ။
ဗိုက်တာမင် အေ ပေါကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အနီ
ရောင် ၊အဝါရောင်နဲ့ လိမ္မော်ရောင် ရှိတဲ့ သစ်သီးသစ်ဖုတွေနဲ့ ဟင်းသီးဟင်းရွက်တွေပဲ
ဖြစ်ပါတယ် ။ဒါ့အပြင် တရုတ်ဆီးသီး ၊လိမ္မော်သီး ၊ရွှေဖရုံသီး ၊ကန်စွန်းဥ ၊မုန်လာဥဝါ ၊
ဂေါ်ဖီထုပ်တို့ကလည်း ဗိုက်တာမင်အေ ပေါကြွယ်ဝပါတယ် ။
ဗိုက်တာမင် စီဓာတ်ကိုတော့ အချဉ်ဓာတ်ပါတဲ့ ရှောက် ၊သံပုရာမျိုးရင်း
ဝင် သစ်သီးတွေနဲ့ ဘလူးဘယ်ရီ ၊စတော်ဘယ်ရီ ၊ကီဝီသီး စတဲ့ အသီးအနှံတွေမှာ
ပေါများစွာ တွေ့ရပါတယ် ။၎င်း တို့ကို သစ်သီးအနေနဲ့ စားသုံးပေးနိုင်သလို ဖျော်ရည်
အဖြစ်လည်း သောက်သုံးပေးနိုင်ပါတယ် ။ဒါ့အပြင် ဂေါ်ဖီထုပ်နဲ့ အစိမ်းရောင်ရှိတဲ့
ဟင်းသီးဟင်းရွက်တွေမှာလည်း ဗိုက်တာမင် စီ ပါဝင်ပါသေးတယ် ။
ဗိုက်တာမင် အီး ဟာ လတ်ဆတ်တဲ့ သစ်သီး ၊ဟင်းသီးဟင်းရွက်တွေနဲ့
ဂျုံစေ့ ၊အခွံမာအသီးနဲ့ အစေ့အဆန်တွေမှာ ပေါကြွယ်ဝပါတယ် ။
ဆယ်လီနီယမ် ဓာတ်ကို အသား ၊ငါးနဲ့ ပင်လယ်စာများ ၊ဝမ်းတွင်းသား
များ ၊ဂျုံအမျိုးမျိုး ၊ဥအမျိုးမျိုး ၊ပေါင်မုန့် စတာတွေကို စားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ် ။
ဒါ့အပြင် ဆယ်လ်မွန် ၊တူနာ ၊မက်ကရယ် ၊ဆာဒင်း နဲ့ ပင်လယ်ငါးတွေ
ကို စားသုံးပေးသင့်ပါတယ် ။ဘာလို့လဲဆိုရင် ထိုငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ်
ဓာတ်တွေ ပေါကြွယ်ဝလို့ပါ ။အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေဟာ သွေးတိုးခြင်းကို
သက်သာစေသလို ခန္ဓာကိုယ်ထဲရှိ မကောင်းတဲ့ အဆီဓာတ်တွေဖြစ်တဲ့ LDL ကိုလက်စ
ထရောတွေကို လျော့ကျစေပါတယ် ။အမျှင်ဓာတ်များတဲ့ ဟင်းနုနွယ် ၊ကန်စွန်းရွက်
စတာတွေကိုလည်း စားသုံးပေးသင့်ပါတယ် ။ပိုတက်စီယမ်ဓာတ် ပေါကြွယ်ဝတဲ့
အစားအစာတွေ (ဥပမာ-ငှက်ပျောသီး) ကိုလည်း စားသုံးပေးသင့်ပါတယ် ။
ဘယ်လို အစားအစာတွေ ရှောင်ကြဉ်ရမလဲ ။
အဓိကကတော့ အဆီအဆိမ့် အငန်တွေကို လျှော့စားပါ ။ထမင်းဟင်းချက်
တဲ့အခါ အဆီ ၊အငန် ၊အချိုမှုန့် ၊ဟင်းခတ်မှုန့် လျော့ပါ ။အဆီများတဲ့ အသား ၊မလိုင်
ပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများ ၊ကိတ်မုန့် ၊ဘီစကစ်မုန့်နဲ့ မာဂျရင်းတွေကို လျော့စား
ပါ ။ဆားပါတဲ့ ဝက်အူချောင်း ၊ကြက်အူချောင်း ၊အမဲအူချောင်း ၊အမဲသားဆားနယ် ၊ဝက်
သားဆားနယ် ၊ဝက်ပေါင်ခြောက် ၊အာလူးချောင်းကြော်နဲ့ ဆားထည့်ထားတဲ့ အခွံမာ
အသီး ၊ပြုပြင်စီမံထားတဲ့ စွပ်ပြုတ် ၊ဆော့စ်တွေကို ရှောင်ကြဉ်သင့်ပါတယ် ။
Author; ခေတ်သစ် ဇီဝက
(Zawgyi)
ေသြးတိုးေရာဂါသည္ ဇီဝကတို႔ ျမန္မာႏိုင္ငံအျပင္ ကမာၻ အႏွံ႔က
လူေတြကို ၿခိမ္းေျခာက္ေနတဲ့ အသံတိတ္လူသတ္သမားပါ ။ဘာလို႔လဲဆိုရင္
က်ားမ ၊ႀကီးငယ္ မဟူ ၊လူတန္းစားမေ႐ြး ၊လူမ်ိဳးဘာသာမေ႐ြး ျဖစ္ပြားႏိုင္လို႔ပါ ။
ဒါ့အျပင္ ေသြးတိုးေရာဂါ လကၡဏာဆိုၿပီး သီးသန႔္ မရွိေတာ့ ဆင့္ပြားဆိုးက်ိဳးမ်ား
ျဖစ္တဲ့ ေလျဖတ္ျခင္း ၊ႏွလုံးေရာဂါရျခင္း ၊အျမင္အာ႐ုံကြယ္ျခင္း ၊ေက်ာက္ကပ္ေရာဂါ
ျဖစ္မွ သိၾကရပါတယ္ ။ဒါေၾကာင့္ ေသြးတိုးေရာဂါမျဖစ္ခင္နဲ႔ ျဖစ္ၿပီးရင္လည္း ပိုမဆိုး
ေအာင္ ဘယ္လို စားေသာက္ရမလဲ ဆိုတာ အေရးႀကီးပါတယ္ ။
ဘယ္လို အစားအစာေတြ စားေသာက္မလဲ ။
လူတစ္ေယာက္ရဲ႕ ပုံမွန္ရွိသင့္တဲ့ ပမာဏာထက္ ပိုမ်ားတဲ့ ေသြးေပါင္ခ်ိန္ရွိ
က ေသြးလႊတ္ေၾကာေတြမွာ ဖိအားမ်ားလာက ေခ်ာမြတ္တဲ့ ေသြးလႊတ္ေၾကာနံရံေတြက
ၾကမ္းတမ္း ထူထဲ မာေၾကာလာပါတယ္ ။ထိုအခါ ေသြးေၾကာေတြ က်ဳံ႔ႏိုင္ ဆန႔္ႏိုင္အား
ေလ်ာ့လာက ကိုယ္ထဲရွိ အဂၤါအစိတ္အပိုင္းမ်ားကို ေသြးေရာက္ရွိမႈနည္းသြားကာ
ဆင့္ပြားဆိုးက်ိဳးမ်ား ခံစားရတတ္ပါတယ္ ။အဆီဓာတ္အမ်ားအျပားနဲ႔ ဆားဓာတ္အလြန္
အကြၽံစားသုံးျခင္းတို႔ဟာလည္း ေသြးတိုးေရာဂါကို ပိုဆိုးေစပါတယ္ ။
ေသြးတိုးေရာဂါကို ကာကြယ္ဖို႔ အတြက္ အန္တီေအာက္ဆီဒင့္ Anti-
Oxidant လို႔ေခၚတဲ့ ဗိုက္တာမင္ ေအ ၊ စီ ၊အီး နဲ႔ ဆယ္လီနီယမ္ Selenium ဓာတ္တို႔
ေပါႂကြယ္ဝတဲ့ အစားအေသာက္ေတြကို စားသုံးေပးသင့္ပါတယ္ ။
ဗိုက္တာမင္ ေအ ေပါႂကြယ္ဝတဲ့ အစားအေသာက္ေတြကေတာ့ အနီ
ေရာင္ ၊အဝါေရာင္နဲ႔ လိေမၼာ္ေရာင္ ရွိတဲ့ သစ္သီးသစ္ဖုေတြနဲ႔ ဟင္းသီးဟင္း႐ြက္ေတြပဲ
ျဖစ္ပါတယ္ ။ဒါ့အျပင္ တ႐ုတ္ဆီးသီး ၊လိေမၼာ္သီး ၊ေ႐ႊဖ႐ုံသီး ၊ကန္စြန္းဥ ၊မုန္လာဥဝါ ၊
ေဂၚဖီထုပ္တို႔ကလည္း ဗိုက္တာမင္ေအ ေပါႂကြယ္ဝပါတယ္ ။
ဗိုက္တာမင္ စီဓာတ္ကိုေတာ့ အခ်ဥ္ဓာတ္ပါတဲ့ ေရွာက္ ၊သံပုရာမ်ိဳးရင္း
ဝင္ သစ္သီးေတြနဲ႔ ဘလူးဘယ္ရီ ၊စေတာ္ဘယ္ရီ ၊ကီဝီသီး စတဲ့ အသီးအႏွံေတြမွာ
ေပါမ်ားစြာ ေတြ႕ရပါတယ္ ။၎ တို႔ကို သစ္သီးအေနနဲ႔ စားသုံးေပးႏိုင္သလို ေဖ်ာ္ရည္
အျဖစ္လည္း ေသာက္သုံးေပးႏိုင္ပါတယ္ ။ဒါ့အျပင္ ေဂၚဖီထုပ္နဲ႔ အစိမ္းေရာင္ရွိတဲ့
ဟင္းသီးဟင္း႐ြက္ေတြမွာလည္း ဗိုက္တာမင္ စီ ပါဝင္ပါေသးတယ္ ။
ဗိုက္တာမင္ အီး ဟာ လတ္ဆတ္တဲ့ သစ္သီး ၊ဟင္းသီးဟင္း႐ြက္ေတြနဲ႔
ဂ်ဳံေစ့ ၊အခြံမာအသီးနဲ႔ အေစ့အဆန္ေတြမွာ ေပါႂကြယ္ဝပါတယ္ ။
ဆယ္လီနီယမ္ ဓာတ္ကို အသား ၊ငါးနဲ႔ ပင္လယ္စာမ်ား ၊ဝမ္းတြင္းသား
မ်ား ၊ဂ်ဳံအမ်ိဳးမ်ိဳး ၊ဥအမ်ိဳးမ်ိဳး ၊ေပါင္မုန႔္ စတာေတြကို စားသုံးျခင္းျဖင့္ ရရွိႏိုင္ပါတယ္ ။
ဒါ့အျပင္ ဆယ္လ္မြန္ ၊တူနာ ၊မက္ကရယ္ ၊ဆာဒင္း နဲ႔ ပင္လယ္ငါးေတြ
ကို စားသုံးေပးသင့္ပါတယ္ ။ဘာလို႔လဲဆိုရင္ ထိုငါးေတြမွာ အိုမီဂါ ၃ ဖက္တီးအက္ဆစ္
ဓာတ္ေတြ ေပါႂကြယ္ဝလို႔ပါ ။အိုမီဂါ ၃ ဖက္တီးအက္ဆစ္ေတြဟာ ေသြးတိုးျခင္းကို
သက္သာေစသလို ခႏၶာကိုယ္ထဲရွိ မေကာင္းတဲ့ အဆီဓာတ္ေတြျဖစ္တဲ့ LDL ကိုလက္စ
ထေရာေတြကို ေလ်ာ့က်ေစပါတယ္ ။အမွ်င္ဓာတ္မ်ားတဲ့ ဟင္းႏုႏြယ္ ၊ကန္စြန္း႐ြက္
စတာေတြကိုလည္း စားသုံးေပးသင့္ပါတယ္ ။ပိုတက္စီယမ္ဓာတ္ ေပါႂကြယ္ဝတဲ့
အစားအစာေတြ (ဥပမာ-ငွက္ေပ်ာသီး) ကိုလည္း စားသုံးေပးသင့္ပါတယ္ ။
ဘယ္လို အစားအစာေတြ ေရွာင္ၾကဥ္ရမလဲ ။
အဓိကကေတာ့ အဆီအဆိမ့္ အငန္ေတြကို ေလွ်ာ့စားပါ ။ထမင္းဟင္းခ်က္
တဲ့အခါ အဆီ ၊အငန္ ၊အခ်ိဳမႈန႔္ ၊ဟင္းခတ္မႈန႔္ ေလ်ာ့ပါ ။အဆီမ်ားတဲ့ အသား ၊မလိုင္
ပါတဲ့ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းမ်ား ၊ကိတ္မုန႔္ ၊ဘီစကစ္မုန႔္နဲ႔ မာဂ်ရင္းေတြကို ေလ်ာ့စား
ပါ ။ဆားပါတဲ့ ဝက္အူေခ်ာင္း ၊ၾကက္အူေခ်ာင္း ၊အမဲအူေခ်ာင္း ၊အမဲသားဆားနယ္ ၊ဝက္
သားဆားနယ္ ၊ဝက္ေပါင္ေျခာက္ ၊အာလူးေခ်ာင္းေၾကာ္နဲ႔ ဆားထည့္ထားတဲ့ အခြံမာ
အသီး ၊ျပဳျပင္စီမံထားတဲ့ စြပ္ျပဳတ္ ၊ေဆာ့စ္ေတြကို ေရွာင္ၾကဥ္သင့္ပါတယ္ ။
Author; ေခတ္သစ္ ဇီဝက