မျက်စိကျန်းမာရေးအတွက် အရေးအကြီးဆုံး ဗီတာမင်များ

မ်က္စိက်န္းမာေရးအတြက္ အေရးအၾကီးဆံုး ဗီတာမင္မ်ား
မ်က္လံုးေတြဟာ ျပင္ပကၾကည့္ရင္သာ ရိုးရွင္းေပမဲ့ တကယ္တမ္းဖြဲ႔စည္းတည္ေဆာက္ပံုအရေတာ့ ရႈပ္ေထြးလွပါတယ္။ဒါ့အျပင္ သူတို႔ေကာင္းမြန္စြာ အလုပ္လုပ္နိုင္ဖို႔ ဗီတာမင္နဲ႔အာဟာရေတြလည္း အမ်ားၾကီး လိုပါသတဲ့။ဆီးခ်ိဳေၾကာင့္ျဖစ္တဲ့မ်က္စိေရာဂါတို႔ အသက္အရြယ္ေၾကာင့္ အျမင္အာရံုခ်ိဳ႕ယြင္းလာတာတို႔အျပင္ ေရတိမ္အတြင္းတိမ္တို႔ဆိုတာ မ်က္စိနဲ႔ပတ္သက္ျပီး အမ်ားသိၾကတဲ့ ျပႆနာေတြပါ။ဒီျပႆနာေတြျဖစ္နိုင္တဲ့အေၾကာင္းအရင္း အမ်ားၾကီးရိွေပမဲ့ ဗီတာမင္ေတြအာဟာရေတြကလည္း မ်က္စိက်န္းမာေရးအတြက္ အလြန္အေရးၾကီးတဲ့အခန္းက႑ကေနပါဝင္ပတ္သက္ေနပါတယ္။ဒီေဆာင္းပါးမွာေတာ့ မ်က္စိက်န္းမာေရးအတြက္ အေကာင္းဆံုးအေထာက္အကူျပဳေပးနိုင္မဲ့ ဗီတာမင္နဲ႔အာဟာရဓာတ္ေတြအေၾကာင္း ေျပာျပေပးသြားပါမယ္။
၁။ဗီတာမင္ ေအ (Vit A)
ဗီတာမင္ ေအ ဟာ မ်က္စိက်န္းမာေရးအတြက္ အလြန္အေရးၾကီးပါတယ္။ဗီတာမင္ ေအ ခ်ိဳ႕တဲ့ခဲ့ရင္ Xeropthalmia လို႔ေခၚတဲ့ ညဘက္မွာမ်က္စိေကာင္းေကာင္း မျမင္ရတဲ့အေျခအေနတမ်ိဳးနဲ႔ စတင္ရင္ဆိုင္ရပါမယ္။ဒါမွ ဆက္လက္ခ်ိဳ႕တဲ့ေနဆဲဆိုရင္ေတာ့ မ်က္စိေတြ မ်က္ရည္ျပြန္ေတြ ေျခာက္ခမ္းသြားျပီး ျပန္လည္ကုသလို႔မရေတာ့တဲ့ မ်က္စိကြယ္ျခင္းမ်ိဳးအထိ ၾကံဳေတြ႔ရနိုင္ပါတယ္။ဒါ့အျပင္ ဗီတာမင္ ေအ ဟာ အတြင္းတိမ္ေရာဂါျဖစ္နိုင္ေခ်ကို ေလ်ာ့ခ်ေပးျပီး အသက္အရြယ္ေၾကာင့္ျဖစ္တဲ့ အျမင္အာရံုခ်ိဳ႕ယြင္းျခင္းကိုလည္း သက္သာေစပါတယ္။ဗီတာမင္ ေအ ၾကြယ္ဝတဲ့အစားအစာေတြကေတာ့ အစိမ္းေရာင္အရြက္မ်ားေသာ ဟင္းသီးဟင္းရြက္မ်ား ကန္စြန္းဥ ဖရံုသီးနဲ႔ ငရုတ္ပြတို႔ပဲ ျဖစ္ပါတယ္။
၂။ဗီတာမင္ အီး (Vit E)
Free radicals ဆိုတာ ခႏၶာကိုယ္ကို အိုမင္းယိုယြင္းပ်က္စီးေစတဲ့အရာေတြပါ။Antioxidants ဆိုတာကေတာ့ အဆိုပါ free radicals ေတြ ရန္မွ ခႏၶာကိုယ္ကို ကာကြယ္ေပးတဲ့ဓာတ္ေတြပဲျဖစ္ပါတယ္။အလြန္အားေကာင္းတဲ့ antioxidants တမ်ိဳးျဖစ္တဲ့ Vit E ဟာ မ်က္စိက်န္းမာေရးအတြက္ အင္မတန္အေရးၾကီးပါတယ္။အထူးသျဖင့္ အသက္အရြယ္ေၾကာင့္ တေျဖးေျဖး အျမင္အာရံုခ်ိဳ႕ယြင္းလာတာမ်ိဳးေတြကို အမ်ားၾကီးေနွာင့္ေနွးေစပါတယ္။ဒါ့အျပင္ အတြင္းတိမ္ျဖစ္နိုင္ေခ်ကိုလည္း နည္းပါးေစပါတယ္။ဗီတာမင္ အီး ၾကြယ္ဝတဲ့အစားအစာေတြကေတာ့ အခြံမာသီးမ်ား အေစ့အဆန္မ်ား နဲ႔ ဟင္းခ်က္ဆီအခ်ိဳ႕ပဲျဖစ္ျပီး ဆယ္လ္မြန္ငါး ေထာပတ္သီးနဲ႔ အစိမ္းေရာင္ဟင္းသီးဟင္းရြက္ေတြကေနလည္း ရရိွနိုင္ပါတယ္။
၃။ဗီတာမင္ စီ (Vit C)
ဗီတာမင္ စီ ဟာလည္း ဗီတာမင္ အီး လို အစြမ္းရိွတဲ့ antioxidant တမ်ိဳးပါပဲ။အတြင္းတိမ္ျဖစ္နိုင္ေခ်ကို သိသိသာသာ ေလ်ာ့ခ်ေပးနိုင္တယ္လို႔ ဆိုပါတယ္။ဗီတာမင္ စီကိုေတာ့ အခ်ဥ္ဓာတ္ကဲတဲ့အသီးေတြ ငရုတ္ပြနဲ႔ ပန္းေဂၚဖီစိမ္းေတြ ျပီးေတာ့ ကိုက္လံလိုအရြက္မ်ိဳးေတြမွာ အမ်ားအျပားေတြ႔ရပါတယ္။
၄။ဗီတာမင္ဘီ ေျခာက္ ကိုး တစ္ဆယ့္နွစ္ (Vit 6,9,12)
ဗီတာမင္ ဘီအစုအေဝးထဲက ဒီသံုးမ်ိဳးကလည္း မ်က္စိက်န္းမာေရးအတြက္ အသံုးဝင္ပါတယ္။ဒီသံုးမ်ိဳးေပါင္းဟာ မ်က္စိအျမင္အာရံုကို ပိုမိုေကာင္းမြန္ေစပါတယ္။
၅။ဗီတာမင္ ဘီ ၂ (Vit B2 or Riboflavin)
Vit B2 ဟာ antioxidant တမ်ိဳးျဖစ္ျပီး အတြင္းတိမ္ျဖစ္နိုင္ေခ်ကို ကာကြယ္နိုင္စြမ္းရိွပါတယ္။Vit B2 အခ်ိန္ၾကာျမင့္စြာ ခ်ိဳ႕တဲ့ေနမယ္ဆိုရင္ အတြင္းတိမ္ျဖစ္ဖို႔ အခြင့္အလမ္းမ်ားပါသတဲ့။စမ္းသပ္မႈေတြအရ အတြင္းတိမ္လူနာအမ်ားစုဟာ ဒီဓာတ္ခ်ိဳ႕တဲ့ေနတာကို ေတြ႔ရပါတယ္။Vit B2 ကို နို႔နဲ႔နို႔ထြက္ပစၥည္းေတြ ဒိန္ခ်ဥ္နဲ႔ အမဲသားတို႔ကေန ရရိွနိုင္ပါတယ္။
၆။ဗီတာမင္ ဘီ ၃ (Vit B3 or Niacin)
သူ႕ရဲ႕အဓိကတာဝန္က စားလိုက္တဲ့အစားအစာေတြကို စြမ္းအင္အျဖစ္ေျပာင္းေပးတာဆိုေပမဲ့ antioxidant အေနနဲ႔လည္း အစြမ္းရိွပါသတဲ့။Vit B3 ဟာ ေရတိမ္မျဖစ္ေအာင္ ကာကြယ္ေပးနိုင္ပါတယ္။Vit B3 ၾကြယ္ဝတဲ့အစားအစာေတြကေတာ့ အမဲသား ငါး မိႈနဲ႔ ပဲအမ်ိဳးမ်ိဳးတို႔ပဲ ျဖစ္ပါတယ္။
၇။Lutein and Zeaxanthin
ဒီဓာတ္နွစ္ခုကိုေတာ့ မ်က္စိရဲ႕ မ်က္ၾကည္လႊာမွာ အဓိကေတြ႔ရိွရျပီး မ်က္စိကိုထိခိုက္ေစမဲ့ အျပာေရာင္အလင္းတန္းေတြကေန အကာအကြယ္ေပးပါတယ္။သူတို႔ဟာ carotenoids အမ်ိဳးအႏြယ္ျဖစ္တာေၾကာင့္ အသီးအရြက္မ်ားမ်ား စားရင္ ဒီဓာတ္ေတြ ရနိုင္မွာပါ။ေလ့လာမႈေတြအရ အသက္အရြယ္ေၾကာင့္ျဖစ္တဲ့အျမင္အာရံုခ်ိဳ႕ယြင္းျခင္းနဲ႔ အတြင္းတိမ္ေရာဂါတို႔ကေန ကာကြယ္ေပးနိုင္တယ္လို႕ ဆိုပါတယ္။
၈။အိုမီဂါ ၃ (Omega 3 fatty acid)
မ်က္ၾကည္လႊာရဲ႕ ဆဲလ္ေတြမွာ DHA ဆိုတဲ့ ဓာတ္တမ်ိဳးပါပါတယ္။အဆိုပါ DHA ဟာ Omega 3 ရဲ႕ အစိတ္အပိုင္းတစ္ခုပါပဲ။ဒီ Omega 3 ဟာ ဆီးခ်ိဳေၾကာင့္ျဖစ္တဲ့မ်က္ၾကည္လႊာျပႆနာအျပင္ မ်က္ရည္ခမ္းျပီး မ်က္စိနာတာ ဝါးတာ ကိုက္တာေတြကိုပါ သက္သာေစနိုင္ပါတယ္။Omega 3 ကိုေတာ့ အဆီဓာတ္မ်ားတဲ့ငါးေတြကေန အဓိကရရိွနိုင္ျပီး ဟင္းသီးဟင္းရြက္အဆီအခ်ိဳ႕ကေနလည္း ရနိုင္ပါတယ္။
၉။ဗီတာမင္ ဘီ ၁ (Vitamin B1 or Thiamine)
Vit B1 ဟာလည္း အတြင္းတိမ္ကို ကာကြယ္မႈေပးနိုင္တဲ့ ဗီတာမင္တခုျဖစ္ျပီး ဆီးခ်ိဳေၾကာင့္ျဖစ္တဲ့မ်က္ၾကည္လႊာျပႆနာေတြမွာလည္း သံုးနိုင္ပါတယ္။သူ႔ကိုေတာ့ အသားငါးနဲ႔ အေစ့အဆန္မ်ားကေန ရရိွနိုင္ပါတယ္။
အခု ေဖာ္ျပေပးခဲ့တဲ့ ဗီတာမင္နဲ႔ အာဟာရဓာတ္ေတြကေတာ့ မ်က္စိက်န္းမာေရးအတြက္ အထူးေကာင္းမြန္တာမို႔ သူတို႔ပါဝင္တဲ့အစားအစာေတြကို မ်ွတေအာင္စားသံုးေပးသင့္ပါတယ္။တကယ္လို႔ ကိုယ္စားတဲ့အစားအစာမွာ ဒီဓာတ္ေတြပါဝင္မႈနည္းေနခဲ့ရင္လည္း ဗီတာမင္နဲ႔အာဟာရျဖည့္စြက္စာေတြ အားေဆးေတြေသာက္သံုးျပီး မ်က္စိက်န္းမာေရးကို ထိန္းသိမ္းေစာင့္ေရွာက္ေပးနိုင္မွာပဲျဖစ္ပါတယ္။
Dr.KG
Unicode Version

 

မျက်စိကျန်းမာရေးအတွက် အရေးအကြီးဆုံး ဗီတာမင်များ

မျက်လုံးတွေဟာ ပြင်ပကကြည့်ရင်သာ ရိုးရှင်းပေမဲ့ တကယ်တမ်းဖွဲ့စည်းတည်ဆောက်ပုံအရတော့ ရှုပ်ထွေးလှပါတယ်။ဒါ့အပြင် သူတို့ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ဗီတာမင်နဲ့အာဟာရတွေလည်း အများကြီး လိုပါသတဲ့။ဆီးချိုကြောင့်ဖြစ်တဲ့မျက်စိရောဂါတို့ အသက်အရွယ်ကြောင့် အမြင်အာရုံချို့ယွင်းလာတာတို့အပြင် ရေတိမ်အတွင်းတိမ်တို့ဆိုတာ မျက်စိနဲ့ပတ်သက်ပြီး အများသိကြတဲ့ ပြဿနာတွေပါ။ဒီပြဿနာတွေဖြစ်နိုင်တဲ့အကြောင်းအရင်း အများကြီးရှိပေမဲ့ ဗီတာမင်တွေအာဟာရတွေကလည်း မျက်စိကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပတ်သက်နေပါတယ်။ဒီဆောင်းပါးမှာတော့ မျက်စိကျန်းမာရေးအတွက် အကောင်းဆုံးအထောက်အကူပြုပေးနိုင်မဲ့ ဗီတာမင်နဲ့အာဟာရဓာတ်တွေအကြောင်း ပြောပြပေးသွားပါမယ်။

၁။ဗီတာမင် အေ (Vit A)

ဗီတာမင် အေ ဟာ မျက်စိကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ဗီတာမင် အေ ချို့တဲ့ခဲ့ရင် Xeropthalmia လို့ခေါ်တဲ့ ညဘက်မှာမျက်စိကောင်းကောင်း မမြင်ရတဲ့အခြေအနေတမျိုးနဲ့ စတင်ရင်ဆိုင်ရပါမယ်။ဒါမှ ဆက်လက်ချို့တဲ့နေဆဲဆိုရင်တော့ မျက်စိတွေ မျက်ရည်ပြွန်တွေ ခြောက်ခမ်းသွားပြီး ပြန်လည်ကုသလို့မရတော့တဲ့ မျက်စိကွယ်ခြင်းမျိုးအထိ ကြုံတွေ့ရနိုင်ပါတယ်။ဒါ့အပြင် ဗီတာမင် အေ ဟာ အတွင်းတိမ်ရောဂါဖြစ်နိုင်ချေကို လျော့ချပေးပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့ယွင်းခြင်းကိုလည်း သက်သာစေပါတယ်။ဗီတာမင် အေ ကြွယ်ဝတဲ့အစားအစာတွေကတော့ အစိမ်းရောင်အရွက်များသော ဟင်းသီးဟင်းရွက်များ ကန်စွန်းဥ ဖရုံသီးနဲ့ ငရုတ်ပွတို့ပဲ ဖြစ်ပါတယ်။

၂။ဗီတာမင် အီး (Vit E)

Free radicals ဆိုတာ ခန္ဓာကိုယ်ကို အိုမင်းယိုယွင်းပျက်စီးစေတဲ့အရာတွေပါ။Antioxidants ဆိုတာကတော့ အဆိုပါ free radicals တွေ ရန်မှ ခန္ဓာကိုယ်ကို ကာကွယ်ပေးတဲ့ဓာတ်တွေပဲဖြစ်ပါတယ်။အလွန်အားကောင်းတဲ့ antioxidants တမျိုးဖြစ်တဲ့ Vit E ဟာ မျက်စိကျန်းမာရေးအတွက် အင်မတန်အရေးကြီးပါတယ်။အထူးသဖြင့် အသက်အရွယ်ကြောင့် တဖြေးဖြေး အမြင်အာရုံချို့ယွင်းလာတာမျိုးတွေကို အများကြီးနှောင့်နှေးစေပါတယ်။ဒါ့အပြင် အတွင်းတိမ်ဖြစ်နိုင်ချေကိုလည်း နည်းပါးစေပါတယ်။ဗီတာမင် အီး ကြွယ်ဝတဲ့အစားအစာတွေကတော့ အခွံမာသီးများ အစေ့အဆန်များ နဲ့ ဟင်းချက်ဆီအချို့ပဲဖြစ်ပြီး ဆယ်လ်မွန်ငါး ထောပတ်သီးနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကနေလည်း ရရှိနိုင်ပါတယ်။

၃။ဗီတာမင် စီ (Vit C)

ဗီတာမင် စီ ဟာလည်း ဗီတာမင် အီး လို အစွမ်းရှိတဲ့ antioxidant တမျိုးပါပဲ။အတွင်းတိမ်ဖြစ်နိုင်ချေကို သိသိသာသာ လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ဗီတာမင် စီကိုတော့ အချဉ်ဓာတ်ကဲတဲ့အသီးတွေ ငရုတ်ပွနဲ့ ပန်းဂေါ်ဖီစိမ်းတွေ ပြီးတော့ ကိုက်လံလိုအရွက်မျိုးတွေမှာ အများအပြားတွေ့ရပါတယ်။

၄။ဗီတာမင်ဘီ ခြောက် ကိုး တစ်ဆယ့်နှစ် (Vit 6,9,12)

ဗီတာမင် ဘီအစုအဝေးထဲက ဒီသုံးမျိုးကလည်း မျက်စိကျန်းမာရေးအတွက် အသုံးဝင်ပါတယ်။ဒီသုံးမျိုးပေါင်းဟာ မျက်စိအမြင်အာရုံကို ပိုမိုကောင်းမွန်စေပါတယ်။

၅။ဗီတာမင် ဘီ ၂ (Vit B2 or Riboflavin)

Vit B2 ဟာ antioxidant တမျိုးဖြစ်ပြီး အတွင်းတိမ်ဖြစ်နိုင်ချေကို ကာကွယ်နိုင်စွမ်းရှိပါတယ်။Vit B2 အချိန်ကြာမြင့်စွာ ချို့တဲ့နေမယ်ဆိုရင် အတွင်းတိမ်ဖြစ်ဖို့ အခွင့်အလမ်းများပါသတဲ့။စမ်းသပ်မှုတွေအရ အတွင်းတိမ်လူနာအများစုဟာ ဒီဓာတ်ချို့တဲ့နေတာကို တွေ့ရပါတယ်။Vit B2 ကို နို့နဲ့နို့ထွက်ပစ္စည်းတွေ ဒိန်ချဉ်နဲ့ အမဲသားတို့ကနေ ရရှိနိုင်ပါတယ်။

၆။ဗီတာမင် ဘီ ၃ (Vit B3 or Niacin)

သူ့ရဲ့အဓိကတာဝန်က စားလိုက်တဲ့အစားအစာတွေကို စွမ်းအင်အဖြစ်ပြောင်းပေးတာဆိုပေမဲ့ antioxidant အနေနဲ့လည်း အစွမ်းရှိပါသတဲ့။Vit B3 ဟာ ရေတိမ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။Vit B3 ကြွယ်ဝတဲ့အစားအစာတွေကတော့ အမဲသား ငါး မှိုနဲ့ ပဲအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။

၇။Lutein and Zeaxanthin

ဒီဓာတ်နှစ်ခုကိုတော့ မျက်စိရဲ့ မျက်ကြည်လွှာမှာ အဓိကတွေ့ရှိရပြီး မျက်စိကိုထိခိုက်စေမဲ့ အပြာရောင်အလင်းတန်းတွေကနေ အကာအကွယ်ပေးပါတယ်။သူတို့ဟာ carotenoids အမျိုးအနွယ်ဖြစ်တာကြောင့် အသီးအရွက်များများ စားရင် ဒီဓာတ်တွေ ရနိုင်မှာပါ။လေ့လာမှုတွေအရ အသက်အရွယ်ကြောင့်ဖြစ်တဲ့အမြင်အာရုံချို့ယွင်းခြင်းနဲ့ အတွင်းတိမ်ရောဂါတို့ကနေ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၈။အိုမီဂါ ၃ (Omega 3 fatty acid)

မျက်ကြည်လွှာရဲ့ ဆဲလ်တွေမှာ DHA ဆိုတဲ့ ဓာတ်တမျိုးပါပါတယ်။အဆိုပါ DHA ဟာ Omega 3 ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ဒီ Omega 3 ဟာ ဆီးချိုကြောင့်ဖြစ်တဲ့မျက်ကြည်လွှာပြဿနာအပြင် မျက်ရည်ခမ်းပြီး မျက်စိနာတာ ဝါးတာ ကိုက်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။Omega 3 ကိုတော့ အဆီဓာတ်များတဲ့ငါးတွေကနေ အဓိကရရှိနိုင်ပြီး ဟင်းသီးဟင်းရွက်အဆီအချို့ကနေလည်း ရနိုင်ပါတယ်။

၉။ဗီတာမင် ဘီ ၁ (Vitamin B1 or Thiamine)

Vit B1 ဟာလည်း အတွင်းတိမ်ကို ကာကွယ်မှုပေးနိုင်တဲ့ ဗီတာမင်တခုဖြစ်ပြီး ဆီးချိုကြောင့်ဖြစ်တဲ့မျက်ကြည်လွှာပြဿနာတွေမှာလည်း သုံးနိုင်ပါတယ်။သူ့ကိုတော့ အသားငါးနဲ့ အစေ့အဆန်များကနေ ရရှိနိုင်ပါတယ်။

အခု ဖော်ပြပေးခဲ့တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကတော့ မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်တာမို့ သူတို့ပါဝင်တဲ့အစားအစာတွေကို မျှတအောင်စားသုံးပေးသင့်ပါတယ်။တကယ်လို့ ကိုယ်စားတဲ့အစားအစာမှာ ဒီဓာတ်တွေပါဝင်မှုနည်းနေခဲ့ရင်လည်း ဗီတာမင်နဲ့အာဟာရဖြည့်စွက်စာတွေ အားဆေးတွေသောက်သုံးပြီး မျက်စိကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မှာပဲဖြစ်ပါတယ်။

Dr.KG

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image