မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

မိုက္ခ႐ိုေဝ့(Microwave) ႏွင့္ ျပန္ေႏႊးၿပီး မစားသင့္ေသာ အစာ (၇) မ်ိဳး
…………………………………………………………………………………………………

၂၁ရာစုထဲကိုဝင္လာတဲ့ ဒီဘက္ေခတ္မွာ မိုက္ခ႐ိုေဝ့မီးဖိုေလးေတြကို လူေတြက တအားႀကိဳက္လာၾကတယ္။ ဘာလို႔ဆိုေတာ့ အပူေပးခ်က္ျပဳတ္ရတာ အင္မတန္မွ လွ်င္ျမန္လြန္တာကိုးဗ်။

ဒါေပမယ့္ မိုက္ခ႐ိုေဝ့က ထုတ္လုပ္ေပးတဲ့အပူလိွဳင္းဟာ တကယ္တန္းေတာ့ တခ်ိဳ႕ေသာ ဘက္တီးရီးယားေတြကို မသတ္ႏိုင္သလို တခ်ိဳ႕ေသာအစားအေသာက္ေတြကို ကင္ဆာျဖစ္ေစႏိုင္တဲ့ Carcinogen အျဖစ္ ေျပာင္းသြားေစတတ္တာကိုေတာ့ သတိမထားမိၾကဘူး။

၁) ၾကက္ဥျပဳတ္
……………………

ၾကက္ဥျပဳတ္ကို မိုက္ခ႐ိုေဝ့ထဲထည့္ၿပီး ျပန္ေႏႊးစားမယ္ဆိုရင္ မိုက္ခ႐ိုေဝ့ထဲကထြက္တဲ့အပူဟာ ေရေႏြးေငြ႔ဗံုးတလံုးလိုဘဲ ၾကက္ဥျပဳတ္ထဲမွာကိန္းေအာင္းေနတယ္။ မိုက္ခ႐ိုေဝ့ထဲမွာေတာ့ အပူခ်ိန္ညီမွ်ေနလို႔ ဘာမွမျဖစ္ေပမယ့္ ထုတ္လိုက္တဲ့အခ်ိန္မွာေတာ့ လက္ထဲမွာေသာ္လည္းေကာင္း ပန္းကန္ထဲမွာေသာ္လည္းေကာင္း ပါးစပ္ထဲေရာက္မွေသာ္လည္းေကာင္း အခ်ိန္မေရြးေပါက္ကြဲထြက္ႏိုင္တယ္။ ဒါေၾကာင့္ ၾကက္ဥျပဳတ္ကို မိုက္ခ႐ိုေဝ့နဲ႔ ျပန္ေႏႊးစားမယ္ဆိုရင္ အတံုးေလးေတြျဖစ္ေအာင္ လွီးၿပီးမွေႏႊးစားသင့္တယ္။

၂)ႏို႔ဗူး
……..

တခ်ိဳ႕မိခင္ေတြက ကေလးေသာက္ဖို႔ ႏို႔ဗူးကို ႀကိဳတင္ေဖ်ာ္ထားၿပီး မပ်က္စီးေအာင္ေရခဲေသတၱာထဲမွာ အေအးခံထားတတ္ၾကတယ္။ အဲ့အၾကံက မဆိုးပါဘူး။ ဒါေပမယ့္ ကေလးေသာက္ခါနီး ျပန္အပူေပးဖို႔လုပ္ရင္ အလြယ္တကူဘဲ မိုက္ခ႐ိုေဝ့ထဲထည့္ၿပီး ျပန္ေႏႊးလိုက္ၾကတာဘဲ။ အဲ့လိုလုပ္မယ္ဆိုရင္ မိုက္ခ႐ိုေဝ့က အပူေၾကာင့္ ႏို႔ထဲမွာ ႏို႔ပူခဲေသးေသးေလးေတြကိုျဖစ္ေစတယ္။ အဲ့ႏို႔ပူခဲေလးေတြက ကေလးရဲ႕ပါးစပ္နဲ႔အာေခါင္ကို အပူေလာင္ေစတတ္တယ္ဗ်။ ေနာက္တခုက ႏိုးဗူးကပလပ္စတစ္ေတြက မိုက္ခ႐ိုေဝ့နဲ႔ အပူေပးတဲ့အခါ Carcinogen အျဖစ္ ေျပာင္းသြားတတ္ၾကျပန္တယ္။ ကေလးအတြက္မေကာင္းဘူး။ ဒါေၾကာင့္ ကေလးႏို႔ဗူးကို ျပန္အပူေပးမယ္ဆိုရင္ ေရေႏြးေလးထဲမွာ ျပန္စိမ္ၿပီးအပူေပးတာက အေကာင္းဆံုးပါဘဲ။

၃)ၾကာ႐ွည္ခံေအာင္ျပဳလုပ္ထားတဲ့အစားေတြ
……………………………………………………..

အဲ့အစားေတြမွာက နဂိုကတည္းကကို ၾကာ႐ွည္ခံေအာင္ ဓာတုပစၥည္းေတြက ပါၿပီးသား။ အဲ့အစားေတြကို မိုက္ခ႐ိုေဝ့နဲ႔ ျပန္ေႏႊးတဲ့အခါ က်န္းမာေရးအတြက္ပိုဆိုးေစတဲ့ ဓာတုျဒပ္ေပါင္းပစၥည္းေတြ ထြက္လာတတ္တယ္။ ၾကာ႐ွည္ခံေအာင္လုပ္ထားတဲ့အသားေတြက မိုက္ခ႐ိုေဝ့ထဲကထြက္လာတဲ့ အပူလိႈင္းနဲ႔ထိေတြ႔မိတဲ့အခါ ဓာတ္ျပဳၾကၿပီးေတာ့ Cholesterol Oxidation Product လို႔ေခၚတဲ့ ႏွလံုးေသြးေၾကာကိုက်ဥ္းေစတဲ့ ဓာတုျဒပ္ေပါင္းတမ်ိဳးကို ျဖစ္လာေစတယ္။

၄)ထမင္း
………….

ဆန္ထဲမွာက Bacillus Cereus လို႔ေခၚတဲ့ အားေကာင္းတဲ့ ပိုးတမ်ိဳး႐ွိတယ္။ ဆန္ကိုထမင္းျဖစ္ေအာင္ခ်က္လိုက္တဲ့အခါ အဲ့အေကာင္က အပူေၾကာင့္ ေသသြားတယ္။ ဒါေပမယ့္ သူက ဥေလးေတြဥထားခဲ့တယ္။ အဲ့ဥေလးေတြက အပူဒါဏ္ကို ခံႏိုင္ရည္႐ွိတယ္ ၿပီးေတာ့အစာအဆိပ္သင့္ေစတဲ့ toxin (အဆိပ္) တမ်ိဳးကို ထုတ္ႏိုင္တယ္။ အဲ့ toxinက အဆိပ္၂မ်ိဳးထုတ္ႏိုင္တယ္။ တမ်ိဳးက အန္ေစတယ္။ ေနာက္တမ်ိဳးက ဝမ္းေလ်ွာေစတယ္။ ထမင္းကို မိုက္ခ႐ိုေဝ့နဲ႔ေႏႊးလိုက္တဲ့အခါ အဲ့ဥေလးေတြက မိုက္ခ႐ိုေဝ့ထဲက အပူခ်ိန္နဲ႔ စိုထိုင္းဆတို႔ေပါင္းစပ္ၿပီး ပိုမိုပြားမ်ားလာၾကတယ္။ အာ့ေၾကာင့္ ထမင္းကို မိုက္ခ႐ိုေဝ့နဲ႔ေႏႊးၿပီးစားရင္ အစာအဆိပ္သင့္သလိုမ်ိဳး အထက္လန္ ေအာက္ေလွ်ာ ျဖစ္တတ္တယ္။

၅)ၾကက္သား
……………….

မိုက္ခ႐ိုေဝ့နဲ႔ပါတ္သတ္ၿပီး သိထားရမယ့္အခ်က္က သူရဲ့အပူဟာ ဘက္တီးရီးယားေတြကို မသတ္ႏိုင္ဘူး။ အာ့ေၾကာင့္ ၾကက္သားလို ဘက္တီးရီးယားေတြမ်ားတဲ့ အစားအစာေတြကို စားမယ္ဆိုရင္ မိုက္ခ႐ိုေဝ့နဲ႔ မခ်က္သင့္ဘူး။ ျပန္ေႏႊးစားမယ္ဆိုရင္ေတာင္ ပိုးေသေအာင္ေသခ်ာခ်က္ျပဳတ္ထားတဲ့ ၾကက္သားဟင္းကိုဘဲ ျပန္ေႏႊးစားသင့္တယ္။ ၾကက္သားမွာ တိုက္ဖိြဳက္ေရာဂါ (အူေရာင္ငန္းဖ်ားေရာဂါလို႔လည္းေခၚၾကတယ္) ကိုျဖစ္ေစတဲ့ Salmonella လို႔ေခၚတဲ့ ဘက္တီးရီးယားေတြ ပါေနတတ္တယ္။

စမ္းသပ္မႈတခုမွာ လူအေယာက္၃၀ကို ၾကက္သားစိမ္းေတြေပးၿပီး ခ်က္စားခိုင္းတယ္။ အဲ့မွာ မိုက္ခ႐ိုေဝ့နဲ႔ ခ်က္စားတဲ့ လူ၁၀ေယာက္က ဖ်ားသြားၿပီး အျခားနည္းနဲ႔ ေသခ်ာက်က္ေအာင္ခ်င္စားတဲ့ လူ၂၀က က်န္းက်န္းမာမာ႐ွိေနတယ္လို႔ ေတြ႔ခဲ့ရဖူးတယ္။

၆) အရြက္စိမ္းေတြ
……………………..

အရြက္စိမ္းေတြကို ေၾကာ္ခ်က္စားေသာက္ၿပီး ပိုေနေသးတယ္ဆိုရင္ ျပန္ေႏႊးစားတဲ့အခါ မိုက္ခ႐ိုေဝ့ကို မသံုးသင့္ဘူး။ အရြက္စိမ္းေတြမွာပါတဲ့ လူကိုအက်ိဳးျပဳတဲ့ Nitrate ေတြဟာ Nitrosamine လို႔ေခၚတဲ့ ကင္ဆာျဖစ္ေစတဲ့အရာေတြအျဖစ္ ေျပာင္းသြားႏိုင္လို႔ဘဲ။

၇)င႐ုတ္သီး
………………

င႐ုတ္သီးကို မိုက္ခ႐ိုေဝ့ထဲ ထည့္ခ်က္လိုက္တဲ့အခါ င႐ုတ္သီးကိုစပ္ေစတဲ့ Capsaicin ဓာတ္ေတြဟာ ေလထဲကိုပ်ံႏွံ႔သြားၿပိ္း မ်က္လံုးေတြ လည္ေခ်ာင္းေတြကို စပ္ေစတယ္။

တခါတုန္းက နယူးေယာက္ၿမိဳ႕မွာ င႐ုတ္သီးေတြကို မိုက္ခ႐ိုေဝ့နဲ႔ခ်က္တာ မ်ားလာေတာ့ င႐ုတ္ေငြ႔ေတြ ေလထဲပ်ံ႔ႏွံ႔ၿပီး လူေတြ မ်က္စိေတြစပ္ အသက္႐ွဴေတြၾကပ္လာလို႔ အေဆာက္အဦး တခုကို ျဖိဳခ်လိုက္ရတယ္လို႔ ဖတ္ဖူးတယ္ဗ်။

မိုက္ခ႐ိုေဝ့ဟာ သံုးတတ္ရင္အသံုးဝင္ေပမယ့္ မသင့္ေတာ္တဲ့ေနရာမွာသံုးမိရင္ ေဘးထြက္ဆိုးက်ိဳးမ်ားတယ္ဆိုတာကို သိသေလာက္ မွ်ေဝလိုက္ပါတယ္။

ေဒါက္ျပည့္

Unicode Version

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
…………………………………………………………………………………………………

၂၁ရာစုထဲကိုဝင်လာတဲ့ ဒီဘက်ခေတ်မှာ မိုက်ခရိုဝေ့မီးဖိုလေးတွေကို လူတွေက တအားကြိုက်လာကြတယ်။ ဘာလို့ဆိုတော့ အပူပေးချက်ပြုတ်ရတာ အင်မတန်မှ လျှင်မြန်လွန်တာကိုးဗျ။

ဒါပေမယ့် မိုက်ခရိုဝေ့က ထုတ်လုပ်ပေးတဲ့အပူလှိုင်းဟာ တကယ်တန်းတော့ တချို့သော ဘက်တီးရီးယားတွေကို မသတ်နိုင်သလို တချို့သောအစားအသောက်တွေကို ကင်ဆာဖြစ်စေနိုင်တဲ့ Carcinogen အဖြစ် ပြောင်းသွားစေတတ်တာကိုတော့ သတိမထားမိကြဘူး။

၁) ကြက်ဥပြုတ်
……………………

ကြက်ဥပြုတ်ကို မိုက်ခရိုဝေ့ထဲထည့်ပြီး ပြန်နွှေးစားမယ်ဆိုရင် မိုက်ခရိုဝေ့ထဲကထွက်တဲ့အပူဟာ ရေနွေးငွေ့ဗုံးတလုံးလိုဘဲ ကြက်ဥပြုတ်ထဲမှာကိန်းအောင်းနေတယ်။ မိုက်ခရိုဝေ့ထဲမှာတော့ အပူချိန်ညီမျှနေလို့ ဘာမှမဖြစ်ပေမယ့် ထုတ်လိုက်တဲ့အချိန်မှာတော့ လက်ထဲမှာသော်လည်းကောင်း ပန်းကန်ထဲမှာသော်လည်းကောင်း ပါးစပ်ထဲရောက်မှသော်လည်းကောင်း အချိန်မရွေးပေါက်ကွဲထွက်နိုင်တယ်။ ဒါကြောင့် ကြက်ဥပြုတ်ကို မိုက်ခရိုဝေ့နဲ့ ပြန်နွှေးစားမယ်ဆိုရင် အတုံးလေးတွေဖြစ်အောင် လှီးပြီးမှနွှေးစားသင့်တယ်။

၂)နို့ဗူး
……..

တချို့မိခင်တွေက ကလေးသောက်ဖို့ နို့ဗူးကို ကြိုတင်ဖျော်ထားပြီး မပျက်စီးအောင်ရေခဲသေတ္တာထဲမှာ အအေးခံထားတတ်ကြတယ်။ အဲ့အကြံက မဆိုးပါဘူး။ ဒါပေမယ့် ကလေးသောက်ခါနီး ပြန်အပူပေးဖို့လုပ်ရင် အလွယ်တကူဘဲ မိုက်ခရိုဝေ့ထဲထည့်ပြီး ပြန်နွှေးလိုက်ကြတာဘဲ။ အဲ့လိုလုပ်မယ်ဆိုရင် မိုက်ခရိုဝေ့က အပူကြောင့် နို့ထဲမှာ နို့ပူခဲသေးသေးလေးတွေကိုဖြစ်စေတယ်။ အဲ့နို့ပူခဲလေးတွေက ကလေးရဲ့ပါးစပ်နဲ့အာခေါင်ကို အပူလောင်စေတတ်တယ်ဗျ။ နောက်တခုက နိုးဗူးကပလပ်စတစ်တွေက မိုက်ခရိုဝေ့နဲ့ အပူပေးတဲ့အခါ Carcinogen အဖြစ် ပြောင်းသွားတတ်ကြပြန်တယ်။ ကလေးအတွက်မကောင်းဘူး။ ဒါကြောင့် ကလေးနို့ဗူးကို ပြန်အပူပေးမယ်ဆိုရင် ရေနွေးလေးထဲမှာ ပြန်စိမ်ပြီးအပူပေးတာက အကောင်းဆုံးပါဘဲ။

၃)ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့အစားတွေ
……………………………………………………..

အဲ့အစားတွေမှာက နဂိုကတည်းကကို ကြာရှည်ခံအောင် ဓာတုပစ္စည်းတွေက ပါပြီးသား။ အဲ့အစားတွေကို မိုက်ခရိုဝေ့နဲ့ ပြန်နွှေးတဲ့အခါ ကျန်းမာရေးအတွက်ပိုဆိုးစေတဲ့ ဓာတုဒြပ်ပေါင်းပစ္စည်းတွေ ထွက်လာတတ်တယ်။ ကြာရှည်ခံအောင်လုပ်ထားတဲ့အသားတွေက မိုက်ခရိုဝေ့ထဲကထွက်လာတဲ့ အပူလှိုင်းနဲ့ထိတွေ့မိတဲ့အခါ ဓာတ်ပြုကြပြီးတော့ Cholesterol Oxidation Product လို့ခေါ်တဲ့ နှလုံးသွေးကြောကိုကျဉ်းစေတဲ့ ဓာတုဒြပ်ပေါင်းတမျိုးကို ဖြစ်လာစေတယ်။

၄)ထမင်း
………….

ဆန်ထဲမှာက Bacillus Cereus လို့ခေါ်တဲ့ အားကောင်းတဲ့ ပိုးတမျိုးရှိတယ်။ ဆန်ကိုထမင်းဖြစ်အောင်ချက်လိုက်တဲ့အခါ အဲ့အကောင်က အပူကြောင့် သေသွားတယ်။ ဒါပေမယ့် သူက ဥလေးတွေဥထားခဲ့တယ်။ အဲ့ဥလေးတွေက အပူဒါဏ်ကို ခံနိုင်ရည်ရှိတယ် ပြီးတော့အစာအဆိပ်သင့်စေတဲ့ toxin (အဆိပ်) တမျိုးကို ထုတ်နိုင်တယ်။ အဲ့ toxinက အဆိပ်၂မျိုးထုတ်နိုင်တယ်။ တမျိုးက အန်စေတယ်။ နောက်တမျိုးက ဝမ်းလျှောစေတယ်။ ထမင်းကို မိုက်ခရိုဝေ့နဲ့နွှေးလိုက်တဲ့အခါ အဲ့ဥလေးတွေက မိုက်ခရိုဝေ့ထဲက အပူချိန်နဲ့ စိုထိုင်းဆတို့ပေါင်းစပ်ပြီး ပိုမိုပွားများလာကြတယ်။ အာ့ကြောင့် ထမင်းကို မိုက်ခရိုဝေ့နဲ့နွှေးပြီးစားရင် အစာအဆိပ်သင့်သလိုမျိုး အထက်လန် အောက်လျှော ဖြစ်တတ်တယ်။

၅)ကြက်သား
……………….

မိုက်ခရိုဝေ့နဲ့ပါတ်သတ်ပြီး သိထားရမယ့်အချက်က သူရဲ့အပူဟာ ဘက်တီးရီးယားတွေကို မသတ်နိုင်ဘူး။ အာ့ကြောင့် ကြက်သားလို ဘက်တီးရီးယားတွေများတဲ့ အစားအစာတွေကို စားမယ်ဆိုရင် မိုက်ခရိုဝေ့နဲ့ မချက်သင့်ဘူး။ ပြန်နွှေးစားမယ်ဆိုရင်တောင် ပိုးသေအောင်သေချာချက်ပြုတ်ထားတဲ့ ကြက်သားဟင်းကိုဘဲ ပြန်နွှေးစားသင့်တယ်။ ကြက်သားမှာ တိုက်ဖွိုက်ရောဂါ (အူရောင်ငန်းဖျားရောဂါလို့လည်းခေါ်ကြတယ်) ကိုဖြစ်စေတဲ့ Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါနေတတ်တယ်။

စမ်းသပ်မှုတခုမှာ လူအယောက်၃၀ကို ကြက်သားစိမ်းတွေပေးပြီး ချက်စားခိုင်းတယ်။ အဲ့မှာ မိုက်ခရိုဝေ့နဲ့ ချက်စားတဲ့ လူ၁၀ယောက်က ဖျားသွားပြီး အခြားနည်းနဲ့ သေချာကျက်အောင်ချင်စားတဲ့ လူ၂၀က ကျန်းကျန်းမာမာရှိနေတယ်လို့ တွေ့ခဲ့ရဖူးတယ်။

၆) အရွက်စိမ်းတွေ
……………………..

အရွက်စိမ်းတွေကို ကြော်ချက်စားသောက်ပြီး ပိုနေသေးတယ်ဆိုရင် ပြန်နွှေးစားတဲ့အခါ မိုက်ခရိုဝေ့ကို မသုံးသင့်ဘူး။ အရွက်စိမ်းတွေမှာပါတဲ့ လူကိုအကျိုးပြုတဲ့ Nitrate တွေဟာ Nitrosamine လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့အရာတွေအဖြစ် ပြောင်းသွားနိုင်လို့ဘဲ။

၇)ငရုတ်သီး
………………

ငရုတ်သီးကို မိုက်ခရိုဝေ့ထဲ ထည့်ချက်လိုက်တဲ့အခါ ငရုတ်သီးကိုစပ်စေတဲ့ Capsaicin ဓာတ်တွေဟာ လေထဲကိုပျံနှံ့သွားပြိး မျက်လုံးတွေ လည်ချောင်းတွေကို စပ်စေတယ်။

တခါတုန်းက နယူးယောက်မြို့မှာ ငရုတ်သီးတွေကို မိုက်ခရိုဝေ့နဲ့ချက်တာ များလာတော့ ငရုတ်ငွေ့တွေ လေထဲပျံ့နှံ့ပြီး လူတွေ မျက်စိတွေစပ် အသက်ရှူတွေကြပ်လာလို့ အဆောက်အဦး တခုကို ဖြိုချလိုက်ရတယ်လို့ ဖတ်ဖူးတယ်ဗျ။

မိုက်ခရိုဝေ့ဟာ သုံးတတ်ရင်အသုံးဝင်ပေမယ့် မသင့်တော်တဲ့နေရာမှာသုံးမိရင် ဘေးထွက်ဆိုးကျိုးများတယ်ဆိုတာကို သိသလောက် မျှဝေလိုက်ပါတယ်။

ဒေါက်ပြည့်