၁၀ တန်းဖြေခါနီး ကျန်းမာအောင် ဘယ်လိုနေထိုင်စားသောက်မလဲ 

၁၀ တန္းေျဖခါနီး က်န္းမာေအာင္ ဘယ္လိုုေနထိုုင္စားေသာက္မလဲ 

၂၀၁၉ ခုနွစ္အတြက္ တကၠသိုလ္၀င္တန္းစာေမးပြဲကို မတ္လ ၆ရက္ေန႔မွာစျပီး က်င္းပမယ္လို႔ သိရပါတယ္။

ခုခ်ိန္ကေနတြက္ရင္ ၁၀တန္းစာေမးပြဲၾကီးေျဖဖို႕က သိပ္မလိုေတာ႔ပါဘူး။

တကၠသိုလ္၀င္တန္းစာေမးပြဲဆိုတာဟာ ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံမွာ အေရးၾကီးတဲ႔စာေမးပြဲတခုျဖစ္ပါတယ္။

အေရးၾကီးတဲ႔စာေမးပြဲျဖစ္တဲ႔အတြက္ စာေမးပြဲေျဖနိုင္ျပီး ေအာင္ျမင္ဖို႔ကို ေက်ာင္းသူေက်ာင္းသားေတြသာမက ဆရာဆရာမေတြေရာ မိဘေတြပါလိုလားၾကပါတယ္။

စာေမးပြဲေကာင္းစြာေျဖနိုင္ဖို႔ဆိုရင္ စာရေနဖို႔အျပင္ က်န္းမာေရးေကာင္းဖို႔လည္းလိုပါတယ္။

စာေမးပြဲေျဖခါနီးက်န္းမာေရးမေကာင္းလို႔ ထင္သေလာက္မေျဖနိုင္တဲ႔သူေတြ၊က်န္းမာေရးတအားဆိုး၀ါးလို႔တနွစ္နားလိုက္ရတဲ႔သူေတြ ရွိပါတယ္။

ဒါေၾကာင္႔ ဒီတပတ္ေဆာင္းပါးမွာ စာေမးပြဲေျဖခါနီး က်န္းမာေအာင္ ဘယ္လိုစားေသာက္ေနထိုင္ရမလဲဆိုတာကို သိသေလာက္ေရးသားတင္ျပခ်င္ပါတယ္။

၁။အစာစားတဲ႔အခါ နည္းနည္းနဲ႔ အၾကိမ္ေရမ်ားမ်ားစားေပးပါ။

စာေမးပြဲေျဖခါနီးစာက်က္ရတဲ႔အခါ စားတဲ႔အခ်ိန္ကိုေလွ်ာ႔ျပီးစာက်က္ခ်ိန္ပိုေပးခ်င္တာေၾကာင္႔ အမ်ားစုအေနနဲ႔အစာစားတဲ႔အခါ တထိုင္တည္းနဲ႔မ်ားမ်ားစားထားေလ႔ရွိတတ္ပါတယ္။

ဒါဟာမွားပါတယ္။ဒီလိုအမ်ားၾကီးစားျပီး စာထိုင္က်က္တဲ႔အခါ ကိုယ္လက္လႈပ္ရွားမႈနည္းတဲ႔အတြက္ အစာမေၾကျခင္းကိုျဖစ္ေစနိုင္ပါတယ္။ဒါ႔အျပင္ စားတာမ်ားတဲ႔အတြက္ ေသြးေလးျပီး အိပ္ငိုက္ျခင္းကိုျဖစ္ေစကာ အာရံုစူးစိုက္နိုင္မႈကိုလည္း ေလ်ာ႔က်ေစနိုင္ပါတယ္။

၂။မနက္စာကို အာဟာရျပည္႔၀ေအာင္စားပါ။မ်ားမ်ားစားပါ။

အထက္မွာေျပာခဲ႔တဲ႔ အစာစားတဲ႔အခါ နည္းနည္းနဲ႔အၾကိမ္ေရမ်ားမ်ားခြဲစားပါဆိုတဲ႔ထဲမွာ မနက္စာေတာ႔မပါပါဘူး။

မနက္စာစားတဲ႔အခါမွာေတာ႔ မ်ားမ်ားနဲ႔ေကာင္းေကာင္းစားဖို႔လိုပါတယ္။

ဘာလို႔လဲဆိုေတာ႔ ကြ်န္ေတာ္တို႔ဟာညစာစားျပီးေနာက္ပိုင္းကေန မနက္ထိ ဘာမွမစားတဲ႔အတြက္္ရယ္ ေနာက္ျပီးေန႔တေန႔ရဲ႕လုပ္ငန္းေတြကိုထမ္းေဆာင္ဖို႔ရာမွာ ျပည္႔ျပည္႔၀၀ အေကာင္းမြန္ဆံုးထမ္းေဆာင္နိုင္ဖို႔အတြက္ရယ္ အခ်ိန္မွီ အင္အားမ်ားကိုျဖည္႔ေပးနိုင္ဖို႔ပါ

လူတဦးတေယာက္တိုင္းဟာ ေန႔စဥ္ အာဟာရျပည္႔၀ေသာ မနက္စာကို စားရပါမယ္။မနက္စာကို က်န္းမာေရးနဲ႔ညီညြတ္ေအာင္စားျခင္းျဖင္႔ ကိုယ္ခႏၶာက်န္းမာေစကာ ဦးေနွာ က္မွတ္ဥာဏ္လည္းပိုေကာင္းလာနိုင္ပါတယ္။

စာေမးပြဲေျဖခါနီးသူေတြအေနနဲ႔ဆိုရင္ မနက္စာကို မနက္၇နာရီေလာက္မွာစားသင္႔ျပီး မနက္စာစားရာမွာ ပရိုတင္းဓါတ္ၾကြယ္၀တဲ႔အစားစာမ်ိဳးေတြကိုစားသင္႔ပါတယ္။ဥပမာအေနနဲ႔ေျပာရရင္ ေကြကာအုပ္နဲ႔ႏြားနို႔ေသာက္ျပီး ေပါင္မုန္႔စားတာ ထမင္းနဲ႔ၾကက္ဥ သို႔မဟုတ္ အသားတမ်ိဳးမ်ိဳးစားတာ မ်ိဳးေတြပါ။မနက္စာစားရာမွာ ဟင္းသီးဟင္းရြက္နဲ႔သစ္သီးေတြပါ ထည္႔စားနိုင္ရင္ပိုေကာင္းပါတယ္။

၃။အိုမီဂါသရီးၾကြယ္၀တဲ႔အစားစာေတြစားေပးပါ။

အိုမီဂါသရီးဓါတ္ဟာ နွလံုးက်န္းမာေရးကိုအေထာက္အကူျပဳရံုသာမက ဦးေနွာက္မွတ္ဥာဏ္အတြက္လည္း မ်ားစြာအက်ိဳးျပဳေၾကာင္းသုေတသနေတြအရ သိရပါတယ္။

ဒါေၾကာင္႔ စာေမးပြဲေျဖခါနီးေက်ာင္းသူေက်ာင္းသားမ်ားအေနနဲ႔ အိုမီဂါသရီးၾကြယ္၀တဲ႔ ငါးၾကင္း၊ငါးျမင္း ဗိုက္သား၊သစ္ၾကားသီး စတာေတြကိုမ်ားမ်ားစားေပးသင္႔ပါတယ္။

၄။ေရဓါတ္ျပည္႔၀ေအာင္ဂရုစိုက္ပါ။

ခႏၶာကိုယ္မွာေရဓါတ္ျပည္႔၀ေနဖို႔ကအေရးၾကီးပါတယ္။

ေရဓါတ္မျပည္႔၀ပါက ေမာပန္းႏြမ္းနယ္တာ၊အားအင္ခ်ိနဲ႔တာ၊မူးေ၀တာေတြျဖစ္ျပီး ဦးေနွာက္ကလည္း အလုပ္ေကာင္းေကာင္းမလုပ္နိုင္ပါ။

ဒါေၾကာင္႔ ခႏၶာကိုယ္မွာေရဓါတ္ျပည္႔၀ေနေအာင္ ေရတေန႔ကိုအနည္းဆံုး နွစ္လီတာေသာက္ဖို႔လိုပါတယ္။

၅။ကဖိန္းဓါတ္မ်ားတဲ႔ေကာ္ဖီေတြ၊လက္ဖက္ရည္ေတြ၊အားျဖည္႔အခ်ိဳရည္ေတြေသာက္တာေရွာင္ပါ။

စာက်က္ရာတြင္အိပ္မငိုက္ေအာင္ဆိုျပီး ေက်ာင္းသားေက်ာင္းသူအမ်ားစုအေနနဲ႔ ေကာ္ဖီ၊လက္ဖက္ရည္၊အားျဖည္႔အခ်ိဳရည္ေတြေသာက္တတ္ၾကပါတယ္။

ဒီလိုေသာက္ျခင္းဟာ အခန္႔မသင္႔ရင္ တညလံုးအိပ္ရဘဲမ်က္စိေၾကာင္ေနတာ၊နွလံုးတုန္ရင္တုန္ျဖစ္တာေတြျဖစ္ျပီး ကိုယ္ခံစြမ္းအားကိုေလ်ာ႔နည္းေစကာ အလြယ္တကူဖ်ားနာအေအးမိျဖစ္ေစနိုင္ပါတယ္။

၆။အိပ္ေရး၀၀အိပ္ပါ။

ညနက္သန္းေခါင္ အခ်ိန္ထိ မအိပ္ဘဲ စာက်က္ေနတာမ်ိဳးကိုမလုပ္သင္႔ပါ။စာေမးပြဲေျဖေနတဲ႔ကာလမွာဆိုရင္ လံုး၀ကိုမလုပ္သင္႔ပါဘူး။ဘာလို႔လဲဆိုေတာ႔ လံုေလာက္တ႔ဲအိပ္ခ်ိန္မရျခင္းဟာ ဦးေနွာက္ရဲ႕အလုပ္လုပ္နိုင္စြမ္းကိုထိခိုက္ေစျပီး မွတ္ဥာဏ္နဲ႔စဥ္းစားေတြးေခၚနိုင္စြမ္းကိုေလ်ာ႔က်ေစနိုင္ပါတယ္။အဲ႔အခါ စာေမးပြဲမွာ ဥာဏ္စမ္းေမးခြန္းေတြ၊Unseen ေမးခြန္းေတြေမးရင္ ေကာင္းစြာမေျဖနိုင္ဘဲျဖစ္တတ္ပါတယ္။

အဆံုးသတ္အေနနဲ႔ အၾကံေပးခ်င္တာကေတာ႔ ေရခ်ိဳးဂရုစ္ိုက္ပါလို႔အၾကံေပးခ်င္ပါတယ္။

ေက်ာင္းသူေက်ာင္းသားတခ်ိဳ႕အေနနဲ႔ စာက်က္ရတာပင္ပန္းတဲ႔အခါ လန္းဆန္းေအာင္ဆိုျပီး ေနရထိုင္ရတာေလးလံထိုင္းမႈိင္းလာတိုင္း ေရခ်ိဳးေလ႔ရွိပါတယ္။တခ်ိဳ႕ဆိုရင္တေန႔ကို သံုးခါ ေလးခါေလာက္ခ်ိဳးတာ ညဘက္ထေရခ်ိဳးတာေတြလုပ္တတ္ပါတယ္။

ဒီလိုမ်ိဳးေရခ်ိဳးမ်ားတာ အခ်ိန္မေတာ္ေရခ်ိဳးတာေတြဟာ အေအးမိလြယ္ျပီး ဖ်ားနာျခင္းကို ျဖစ္ေစနိုင္ပါတယ္။

ဒါေၾကာင္႔ ေရခ်ိဳးမ်ားတာ အခ်ိန္မေတာ္ေရခ်ိဳးတာမ်ိဳးေတြကိုမလုပ္ဖို႔အၾကံေပးခ်င္ပါတယ္။စာက်က္ရင္းနဲ႔ေလးလံထိုင္းမႈိင္းလာတဲ႔အခါ မိနစ္ပိုင္းေလာက္ခဏနားျပီးလမ္းေလွ်ာက္တာ အေၾကာေလွ်ာ႔ေလ႔က်င္႔ခန္းလုပ္တာေတြလုပ္ေပးနိုင္ပါတယ္။

ျမန္မာတျပည္လံုးက တကၠသိုလ္၀င္တန္းေျဖဆိုမည္႔ ေက်ာင္းသားေက်ာင္းသူမ်ားအားလံုး ကိုယ္စိတ္က်န္းမာစြာျဖင္႔ စာေမးပြဲၾကီးကို ေျဖဆိုေအာင္ျမင္နိုင္ၾကပါေစ လို႔ ဆုေတာင္းရင္း

Dr 528

Unicode Version

၁၀ တန်းဖြေခါနီး ကျန်းမာအောင် ဘယ်လိုနေထိုင်စားသောက်မလဲ

၂၀၁၉ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၆ရက်နေ့မှာစပြီး ကျင်းပမယ်လို့ သိရပါတယ်။

ခုချိန်ကနေတွက်ရင် ၁၀တန်းစာမေးပွဲကြီးဖြေဖို့က သိပ်မလိုတော့ပါဘူး။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အရေးကြီးတဲ့စာမေးပွဲတခုဖြစ်ပါတယ်။

အရေးကြီးတဲ့စာမေးပွဲဖြစ်တဲ့အတွက် စာမေးပွဲဖြေနိုင်ပြီး အောင်မြင်ဖို့ကို ကျောင်းသူကျောင်းသားတွေသာမက ဆရာဆရာမတွေရော မိဘတွေပါလိုလားကြပါတယ်။

စာမေးပွဲကောင်းစွာဖြေနိုင်ဖို့ဆိုရင် စာရနေဖို့အပြင် ကျန်းမာရေးကောင်းဖို့လည်းလိုပါတယ်။

စာမေးပွဲဖြေခါနီးကျန်းမာရေးမကောင်းလို့ ထင်သလောက်မဖြေနိုင်တဲ့သူတွေ၊ကျန်းမာရေးတအားဆိုးဝါးလို့တနှစ်နားလိုက်ရတဲ့သူတွေ ရှိပါတယ်။

ဒါကြောင့် ဒီတပတ်ဆောင်းပါးမှာ စာမေးပွဲဖြေခါနီး ကျန်းမာအောင် ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

၁။အစာစားတဲ့အခါ နည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ။

စာမေးပွဲဖြေခါနီးစာကျက်ရတဲ့အခါ စားတဲ့အချိန်ကိုလျှော့ပြီးစာကျက်ချိန်ပိုပေးချင်တာကြောင့် အများစုအနေနဲ့အစာစားတဲ့အခါ တထိုင်တည်းနဲ့များများစားထားလေ့ရှိတတ်ပါတယ်။

ဒါဟာမှားပါတယ်။ဒီလိုအများကြီးစားပြီး စာထိုင်ကျက်တဲ့အခါ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့အတွက် အစာမကြေခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် စားတာများတဲ့အတွက် သွေးလေးပြီး အိပ်ငိုက်ခြင်းကိုဖြစ်စေကာ အာရုံစူးစိုက်နိုင်မှုကိုလည်း လျော့ကျစေနိုင်ပါတယ်။

၂။မနက်စာကို အာဟာရပြည့်ဝအောင်စားပါ။များများစားပါ။

အထက်မှာပြောခဲ့တဲ့ အစာစားတဲ့အခါ နည်းနည်းနဲ့အကြိမ်ရေများများခွဲစားပါဆိုတဲ့ထဲမှာ မနက်စာတော့မပါပါဘူး။

မနက်စာစားတဲ့အခါမှာတော့ များများနဲ့ကောင်းကောင်းစားဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာညစာစားပြီးနောက်ပိုင်းကနေ မနက်ထိ ဘာမှမစားတဲ့အတွက်ရယ် နောက်ပြီးနေ့တနေ့ရဲ့လုပ်ငန်းတွေကိုထမ်းဆောင်ဖို့ရာမှာ ပြည့်ပြည့်၀၀ အကောင်းမွန်ဆုံးထမ်းဆောင်နိုင်ဖို့အတွက်ရယ် အချိန်မှီ အင်အားများကိုဖြည့်ပေးနိုင်ဖို့ပါ

လူတဦးတယောက်တိုင်းဟာ နေ့စဉ် အာဟာရပြည့်ဝသော မနက်စာကို စားရပါမယ်။မနက်စာကို ကျန်းမာရေးနဲ့ညီညွတ်အောင်စားခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာစေကာ ဦးနှော က်မှတ်ဉာဏ်လည်းပိုကောင်းလာနိုင်ပါတယ်။

စာမေးပွဲဖြေခါနီးသူတွေအနေနဲ့ဆိုရင် မနက်စာကို မနက်၇နာရီလောက်မှာစားသင့်ပြီး မနက်စာစားရာမှာ ပရိုတင်းဓါတ်ကြွယ်ဝတဲ့အစားစာမျိုးတွေကိုစားသင့်ပါတယ်။ဥပမာအနေနဲ့ပြောရရင် ကွေကာအုပ်နဲ့နွားနို့သောက်ပြီး ပေါင်မုန့်စားတာ ထမင်းနဲ့ကြက်ဥ သို့မဟုတ် အသားတမျိုးမျိုးစားတာ မျိုးတွေပါ။မနက်စာစားရာမှာ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေပါ ထည့်စားနိုင်ရင်ပိုကောင်းပါတယ်။

၃။အိုမီဂါသရီးကြွယ်ဝတဲ့အစားစာတွေစားပေးပါ။

အိုမီဂါသရီးဓါတ်ဟာ နှလုံးကျန်းမာရေးကိုအထောက်အကူပြုရုံသာမက ဦးနှောက်မှတ်ဉာဏ်အတွက်လည်း များစွာအကျိုးပြုကြောင်းသုတေသနတွေအရ သိရပါတယ်။

ဒါကြောင့် စာမေးပွဲဖြေခါနီးကျောင်းသူကျောင်းသားများအနေနဲ့ အိုမီဂါသရီးကြွယ်ဝတဲ့ ငါးကြင်း၊ငါးမြင်း ဗိုက်သား၊သစ်ကြားသီး စတာတွေကိုများများစားပေးသင့်ပါတယ်။

၄။ရေဓါတ်ပြည့်ဝအောင်ဂရုစိုက်ပါ။

ခန္ဓာကိုယ်မှာရေဓါတ်ပြည့်ဝနေဖို့ကအရေးကြီးပါတယ်။

ရေဓါတ်မပြည့်ဝပါက မောပန်းနွမ်းနယ်တာ၊အားအင်ချိနဲ့တာ၊မူးဝေတာတွေဖြစ်ပြီး ဦးနှောက်ကလည်း အလုပ်ကောင်းကောင်းမလုပ်နိုင်ပါ။

ဒါကြောင့် ခန္ဓာကိုယ်မှာရေဓါတ်ပြည့်ဝနေအောင် ရေတနေ့ကိုအနည်းဆုံး နှစ်လီတာသောက်ဖို့လိုပါတယ်။

၅။ကဖိန်းဓါတ်များတဲ့ကော်ဖီတွေ၊လက်ဖက်ရည်တွေ၊အားဖြည့်အချိုရည်တွေသောက်တာရှောင်ပါ။

စာကျက်ရာတွင်အိပ်မငိုက်အောင်ဆိုပြီး ကျောင်းသားကျောင်းသူအများစုအနေနဲ့ ကော်ဖီ၊လက်ဖက်ရည်၊အားဖြည့်အချိုရည်တွေသောက်တတ်ကြပါတယ်။

ဒီလိုသောက်ခြင်းဟာ အခန့်မသင့်ရင် တညလုံးအိပ်ရဘဲမျက်စိကြောင်နေတာ၊နှလုံးတုန်ရင်တုန်ဖြစ်တာတွေဖြစ်ပြီး ကိုယ်ခံစွမ်းအားကိုလျော့နည်းစေကာ အလွယ်တကူဖျားနာအအေးမိဖြစ်စေနိုင်ပါတယ်။

၆။အိပ်ရေး၀၀အိပ်ပါ။

ညနက်သန်းခေါင် အချိန်ထိ မအိပ်ဘဲ စာကျက်နေတာမျိုးကိုမလုပ်သင့်ပါ။စာမေးပွဲဖြေနေတဲ့ကာလမှာဆိုရင် လုံးဝကိုမလုပ်သင့်ပါဘူး။ဘာလို့လဲဆိုတော့ လုံလောက်တဲ့အိပ်ချိန်မရခြင်းဟာ ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းကိုထိခိုက်စေပြီး မှတ်ဉာဏ်နဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကိုလျော့ကျစေနိုင်ပါတယ်။အဲ့အခါ စာမေးပွဲမှာ ဉာဏ်စမ်းမေးခွန်းတွေ၊Unseen မေးခွန်းတွေမေးရင် ကောင်းစွာမဖြေနိုင်ဘဲဖြစ်တတ်ပါတယ်။

အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ ရေချိုးဂရုစိုက်ပါလို့အကြံပေးချင်ပါတယ်။

ကျောင်းသူကျောင်းသားတချို့အနေနဲ့ စာကျက်ရတာပင်ပန်းတဲ့အခါ လန်းဆန်းအောင်ဆိုပြီး နေရထိုင်ရတာလေးလံထိုင်းမှိုင်းလာတိုင်း ရေချိုးလေ့ရှိပါတယ်။တချို့ဆိုရင်တနေ့ကို သုံးခါ လေးခါလောက်ချိုးတာ ညဘက်ထရေချိုးတာတွေလုပ်တတ်ပါတယ်။

ဒီလိုမျိုးရေချိုးများတာ အချိန်မတော်ရေချိုးတာတွေဟာ အအေးမိလွယ်ပြီး ဖျားနာခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ရေချိုးများတာ အချိန်မတော်ရေချိုးတာမျိုးတွေကိုမလုပ်ဖို့အကြံပေးချင်ပါတယ်။စာကျက်ရင်းနဲ့လေးလံထိုင်းမှိုင်းလာတဲ့အခါ မိနစ်ပိုင်းလောက်ခဏနားပြီးလမ်းလျှောက်တာ အကြောလျှော့လေ့ကျင့်ခန်းလုပ်တာတွေလုပ်ပေးနိုင်ပါတယ်။

မြန်မာတပြည်လုံးက တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူများအားလုံး ကိုယ်စိတ်ကျန်းမာစွာဖြင့် စာမေးပွဲကြီးကို ဖြေဆိုအောင်မြင်နိုင်ကြပါစေ လို့ ဆုတောင်းရင်း

Dr 528