ကွ ျတ်တွယ်တာကနေ HIV ပိုးကူးနိုင်သလား

ကြ ်တ္တြယ္တာကေန HIV ပိုုးကူးနိုုင္သလား

ကြ်တ္၊ေမွ်ာ႔ဆိုတာ ေသြးစုပ္တတ္ျပီး ေက်ာရိုးမရွိတဲ႔ သတၱ၀ါေတြျဖစ္ပါတယ္။

ကြ်တ္နဲ႔ေမွ်ာ႔နဲ႔က ဘာကြာလဲဆိုေတာ႔ ေမွ်ာ႔က ကြ်တ္အၾကီးစားျဖစ္ျပီး ေရကူးတတ္ကာ ေရထဲမွာေနေလ႔ရွိပါတယ္။

ကြ်တ္ကေတာ႔ ေရမကူးတတ္တာေၾကာင္႔ ေႏြအခါ မွာ အစိုဓါတ္ရွိေသာ ေျမထဲတြင္ ေနကာ မိုးအခါ ေဆာင္းအခါေတြမွာ ျမက္ပင္ေတြၾကားမွာသြားလာတတ္ပါတယ္။သြားတဲ႔အခါမွာ ျမန္ပါတယ္။

သူတို႔ရွိတဲ႔ေနရာေတြထဲျဖတ္သန္းလာတဲ႔သတၱ၀ါေတြရဲ႕ ကိုယ္အပူခ်ိန္၊တုန္ခါမႈ ကိုအာရံုခံျပီး လိုက္လံတြယ္ကပ္ေသြးစုပ္ေလ႔ရွိပါတယ္။

ကြ်တ္တြယ္ျခင္း၊ေမွ်ာ႔တြယ္ျခင္းေတြဟာ လယ္ကြင္းေတြ၊ေတာထဲ၊ျမက္ထဲ၊ေရအိုင္ေတြထဲကို ျဖတ္သန္းသြားလာတဲ႔အခါေတြမွာ ျဖစ္ေလ႔ရွိတတ္ပါတယ္။

ကြ်တ္၊ေမွ်ာ႔တြယ္ခံရတဲ႔အခါ တြယ္ခံရရခ်င္း သိဖို႔မလြယ္ပါဘူး။ ဘာလို႔လဲဆိုေတာ႔ သူတို႔တြယ္ကပ္ေသြးစုပ္တဲ႔အခါ ထံုေဆးလိုမ်ိဳးထံုတဲ႔ဓါတ္တမ်ိဳးဟာသူတို႔ရဲ႕တံေတြးထဲမွာပါတာေၾကာင္႔ ပုရြက္ဆိတ္ကိုက္တာ၊ပ်ားတုတ္တာေတြလို နာက်င္မႈသိသာစြာမခံစားရနိုင္လို႔ပါ။

ကြ်တ္၊ေမွ်ာ႔ေတြဟာ ေသြးစုပ္လို႔၀သြားရင္ (အၾကမ္းအားျဖင္႔ မိနစ္၂၀ေလာက္ေသြးစုပ္ျပီးရင္)သူတို႔ခႏၶာကိုယ္ဟာေဖာင္းပြလာျပီး တြယ္ကပ္ေနတဲ႔ေနရာကေန အလိုအေလ်ာက္ကြာၾကသြားတတ္ပါတယ္။

ကြ်တ္တြယ္ျခင္း၊ေမွ်ာ႔တြယ္ျခင္းကေန ဘီပိုး၊စီပိုး၊ကာလသား၊ေအအိုင္ဒီအက္စ္၊ငွက္ဖ်ား စတဲ႔ ေရာဂါေတြကူးစက္ျခင္း မရွိသလို အေရျပားဆိုးဆိုး၀ါး၀ါးထိခိုက္ပ်က္စီးတာ၊အသက္အႏၱရာယ္ဆိုးဆိုး၀ါး၀ါးထိခိုက္တာမ်ိဳးေတြ ျဖစ္တာလည္း အရမ္းရွားပါတယ္။

ဒီလိုဆိုေပမယ္႔ ကိုယ္ခႏၶာကိုယ္မွာ ကြ်တ္၊ေမွ်ာ႔တြယ္တာျမင္ရတဲ႔အခါမွာ သူသူကိုယ္ကိုယ္ ထိတ္လန္႔ေၾကာက္ရြံ႕တတ္ၾကတာမ်ားပါတယ္။

ဒါေၾကာင္႔ ဒီတပတ္မွာ ကြ်တ္၊ေမွ်ာ႔အတြယ္ခံရရင္ ဘယ္လိုလုပ္ရမလဲဆိုတာကို ေလ႔လာမိသေလာက္ေရးသားတင္ျပလိုက္ရပါတယ္။

ဘယ္သူျဖစ္ျဖစ္ ကြ်တ္တြယ္၊ေမွ်ာ႔တြယ္ျခင္းခံရတာကိုသိတဲ႔အခါ

မိမိကိုယ္ေပၚကို တြယ္ကပ္ေသြးစုပ္ေနတဲ႔ ကြ်တ္၊ေမွ်ာ႔ကို ေသြး၀လို႔ သူ႔အလိုလို ကြာက်တဲ႔ထိ ေစာင္႔မေနဘဲ အျမန္ဆံုးဖယ္ရွားပစ္ခ်င္ၾကတာပါပဲ။

ဒီလိုေသြးမ၀ခင္ ဖယ္ရွားတဲ႔အခါမွာ နည္းလမ္းမွန္ဖို႔လိုပါတယ္။

ၾကားဖူးေနက် အရပ္နည္းေတြျဖစ္တဲ႔ တြယ္ကပ္ေနတဲ႔ ကြ်တ္၊ေမွ်ာ႔ကို ဆားနဲ႔အံုတာ၊ထံုးနဲ႔သုတ္တာ၊အင္းဆက္သတ္ေဆးေတြနဲ႔ဖ်န္းတာ၊ရွာလကာရည္နဲ႔သုတ္တာ ေတြမလုပ္သင္႔သလို မီးျခစ္နဲ႔ရႈိ႕တာ၊ေဆးလိပ္မီးနဲ႔တို႔တာ ေတြလည္း မလုပ္သင္႔ပါ။

ဒီလိုေတြလုပ္ျခင္းျဖင္႔ ကြ်တ္၊ေမွ်ာ႔ရဲ႕ အစာေျခလမ္းေၾကာင္းထဲမွာရွိတဲ႔အရာေတြ၊ဘက္တီးရီးယားပိုးေတြကို ကြ်တ္၊ေမွ်ာ႔တြယ္တဲ႔ဒဏ္ရာထဲထြက္ေစျပီး ပိုး၀င္တာ၊ေသြးဆိပ္သင္႔တာ စတဲ႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ျဖစ္ေစနိုင္ပါတယ္။

ဒါ႔အျပင္ တအားေၾကာက္လန္႔ျပီးလက္နဲ႔အတင္းဆြဲခြာတာမ်ိဳးလည္းမလုပ္ပါနဲ႔။တအားဆြဲခြာပါက အေရျပားစုတ္ျပဲဒဏ္ရာရနိုင္သလို ကြ်တ္၊ေမွ်ာ႔ရဲ႕ ေသြးစုပ္တဲ႔အပိုင္း(လႊသြားေလးေတြလိုပါတဲ႔ပါးစပ္အစိတ္အပိုင္း)ဟာလည္း ဒဏ္ရာထဲမွာ ျပတ္က်န္ခဲ႔နိုင္ပါတယ္။

ဒါေၾကာင္႔ တြယ္ကပ္ေနတဲ႔ကြ်တ္၊ေမွ်ာ႔ကို ဖယ္မယ္ဆိုရင္ နည္းလမ္းအမွန္ကေတာ႔ သူရဲ႕တြယ္ကပ္ေသြးစုပ္ေနတဲ႔ေခါင္းကိုရွာပါ။ကြ်တ္ေမွ်ာ႔ရဲ႕ေသြးစုပ္ေနတဲ႔ ေခါင္းပိုင္းဆိုတာက အျမီးပိုင္းနဲ႔ကို္ယ္ပိုင္းထက္စာရင္ ပိုက်ဥ္းျပီး ပိုေသးသြယ္တဲ႔အပိုင္းပါ။

ေတြ႔ျပီဆိုရင္ တြယ္ကပ္ေသြးစုပ္ေနတဲ႔ ေခါင္းကို လက္သည္း ေလးကိုသံုးျပီး အဲ႔ေခါင္းေအာက္ေျခနားကေန ေဘးကိုတြန္းထုတ္လိုက္ပါ။အဲ႔လိုတြန္းထုတ္ျပီးမွ တြယ္ကပ္ေနတဲ႔ ကြ်တ္၊ေမွ်ာ႔ကို ဖယ္ရွားပါ။ခပ္သြက္သြက္ေတာ႔လုပ္ဖို႔လိုပါတယ္။ဘာလို႔လဲဆိုေတာ႔ လက္သည္းသံုးျပီး ေဘးတြန္းထုတ္လိုက္တာေၾကာင့္ ျပဳတ္သြားတဲ႔ေခါင္းက ေနာက္တၾကိမ္ျပန္ကပ္ျပီးေသြးစုပ္ဖို႔ၾကိဳးစားနိုင္လို႔ပါ။ အဲ႔လိုထပ္မၾကိဳးစားခင္ ခပ္သြက္သြက္ခြာခ်ဖို႔လိုပါတယ္။

တကယ္လို႔ မိမိကလက္နဲ႔မထိကိုင္ရဲဘူးဆိုရင္လည္း ကဒ္ျပားအမာ(ဥပမာ လိုင္စင္ကဒ္၊ေအတီအမ္ကဒ္လိုမ်ိဳး)တခုခုနဲ႔ ေကာ္တြန္းထုတ္ျပီး ခြာခ်လည္းရပါတယ္။

ကြ်တ္၊ေမွ်ာ႔တြယ္တဲ႔ေနရာက မိမိဘာသာမိမိလုပ္လို႔မရတဲ႔ေနရာ(ဥပမာ ေက်ာကုန္း)လိုမ်ိဳး ဆိုရင္ေတာ႔ သူမ်ားကို အကူအညီေတာင္းဖို႔လိုပါမယ္။

ဒါကေတာ႔ တြယ္ကပ္ေနတဲ႔ ကြ်တ္၊ေမွ်ာ႔ဖယ္နည္းပါ။

တြယ္ကပ္ေနတဲ႔ ကြ်တ္၊ေမွ်ာ႔ကြာသြားျပီဆိုရင္ ကြ်တ္၊ေမွ်ာ႔တြယ္ထားတဲ႔ဒဏ္ရာကို ဘယ္လိုကုသရမလဲဆိုတာ ဆက္ေရးပါမယ္။

တြယ္ကပ္ေနတဲ႔ ကြ်တ္၊ေမွ်ာ႔ကြာသြားတဲ႔အခါ ဒဏ္ရာကို ေရနဲ႔ဆပ္ျပာနဲ႔ ေသခ်ာေဆးေၾကာပါ။ျပီးရင္ အ၀တ္သန္႔နဲ႔ေျခာက္ေအာင္သုတ္ပါ။

ဘီတာဒိုင္း(ေဆးနီရည္) သို႔မဟုတ္ အရက္ျပန္ထည္႔ျပီး အေပၚကေနပတ္တီးစည္းထားပါ။

သူတို႔တြယ္ထားတဲ႔ဒဏ္ရာေနရာကေန ေသြးေတြမတိတ္ဘဲ အခ်ိန္ၾကာသည္အထိ ထြက္ေနနိုင္ပါတယ္။ဒါ႔အျပင္ တြယ္ခံထားရတဲ႔ဒဏ္ရာနားတ၀ိုက္မွာေသြးေျခဥသလိုမ်ိဳးညိဳေနတတ္ျပီး ယားလညး္ယားေနတတ္ပါတယ္။

ဒီလိုဒဏ္ရာကေန အခိ်န္ၾကာသည္႔တိုင္ ေသြးမတိတ္ဘဲထြက္ေနလို႔ အရမ္းထိတ္လန္႔စရာမလိုပါ။ဒါပံုမွန္ပါပဲ။ဘာလို႔လဲဆိုေတာ႔ ကြ်တ္၊ေမွ်ာ႔တို႔ရဲ႕ တံေတြးထဲမွာ ေသြးက်ဲေစတဲ႔ဓါတ္ေတြ(Anticoagulants)နဲ႔ ယားယံေစတဲ႔ဓါတ္(Histamines)ေတြပါ၀င္လို႔ပါ။

အမ်ားအားျဖင္႔ေတာ႔ ကြ်တ္၊ေမွ်ာ႔အတြယ္ခံရတာျဖစ္ရင္ ေဆးခန္းျပဖို႔လိုေလ႔မရွိတတ္ပါ။ဒဏ္ရာကိုသန္႔သန္႔ရွင္းရွင္းထားလိုက္ရင္ သိပ္မၾကာခင္ရက္ပိုင္းအတြင္းမွာသူ႔ဘာသာသူေပ်ာက္သြားနိုင္ပါတယ္။နာတာ၊ေရာင္ရမ္းတာရွိရင္ ေရခဲကပ္နိုင္ပါတယ္။

သို႔ေသ္ာ ကြ်တ္၊ေမွ်ာ႔အတြယ္ခံရျပီးေနာက္ ဓါတ္မတည္႔သလိုအနီကြက္အင္ျပင္ဖုေတြထတာ၊ေဖာေရာင္လာတာ(အထူးသျဖင္႔ မ်က္လံုးနဲ႔နႈတ္ခမ္းေတြေဖာေရာင္တာ၊အသက္ရႈၾကပ္သလိုျဖစ္လာတာ၊မူးေမ႔ခ်င္သလိုျဖစ္လာတာေတြ ဆိုရင္ေတာ႔ ခ်က္ခ်င္း ေဆးခန္းေဆးရံု ျပသဖို႔လိုပါတယ္။

ကြ်တ္၊ေမွ်ာ႔တြယ္မခံရေအာင္ကာကြယ္နည္းကေတာ႔ ကြ်တ္၊ေမွ်ာ႔ေတြရွိတတ္တဲ႔ေနရာေတြျဖစ္တဲ႔ ျမက္ေတာ၊သစ္ေတာေတြ၊လယ္ကြင္းေတြ၊စိမ္႔ေျမေတြစတဲ႔ ေနရာေတြကို မသြားတာအေကာင္းဆံုးပါ။

မျဖစ္မေနသြားမယ္ဆိုရင္လည္း ကိုယ္ခႏၶာေနရာအနွံ႕ကို အနံျပင္းတဲ႔ ျခင္ေဆးရည္လိမ္းတာ သို႔မဟုတ္ ယူကလစ္ဆီလိမ္းတာ သို႔မဟုတ္ သံပုရာအဆီလိမ္းတာ ေတြလုပ္ပါ။အက်ီေဘာင္းဘီေတြကို အေရာင္ေဖ်ာ႔ေဖ်ာ႔ နဲ႔ အသားထူျပီး မိမိခႏၶာကိုယ္နဲ႔ၾကပ္မယ္႔ဆိုဒ္၀တ္ပါ။

ပြပြရရ လည္ဟုိက္ ခ်ည္ထည္အပါးေတြ ၀တ္ျပီး ကြ်တ္၊ေမွ်ာ႔ေပါတဲ႔ေနရာေတြဆီသြားတာေရွာင္ပါ။

ေျခေထာက္မွာ Leech socks လို႔ေခၚတဲ႔ ကြ်တ္၊ေမွ်ာ႔ မတြယ္ေအာင္ကာကြယ္ေပးတဲ႔ အစြပ္လိုမ်ိဳးဟာ ၀တ္သြားပါ။

အဆံုးသတ္အေနနဲ႔အၾကံေပးခ်င္တာကေတာ႔ ကြ်တ္၊ေမွ်ာ႔ တြယ္တာကို ခႏၶာကိုယ္တေနရာရာမွာ ျမင္္လို႔ဖယ္ျပီးရင္ တျခားခႏၶာကိုယ္ေနရာအစိတ္အပိုင္း ေတြမွာလည္း ရွိမရွိေသခ်ာရွာဖို႔လိုပါတယ္။

ဥပမာ-ေျခေထာက္မွာ ကြ်တ္၊ေမွ်ာ႔အတြယ္ခံရရင္ ေက်ာကုန္း၊ဂုတ္ စတဲ႔ေနရာေတြမွာလည္း အတြယ္ခံရတာရွိမရွိေသခ်ာရွာရပါမယ္။

ဘာလို႔လဲဆိုေတာ႔ ေဆာင္းပါးအစမွာ တခါေျပာထားတဲ႔အတိုင္း ကြ်တ္၊ေမွ်ာ႔ တြယ္ခံရတဲ႔အခါ ပုရြက္ဆိတ္ကိုက္တာလို၊ပ်ားတုတ္ခံရတာလို နာက်င္မႈသိသာစြာမရွိတတ္လို႔ပါ။

Dr 528

Unicode  Version

ကွ ျတ်တွယ်တာကနေ HIV ပိုးကူးနိုင်သလား

ကျွတ်၊မျှော့ဆိုတာ သွေးစုပ်တတ်ပြီး ကျောရိုးမရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။

ကျွတ်နဲ့မျှော့နဲ့က ဘာကွာလဲဆိုတော့ မျှော့က ကျွတ်အကြီးစားဖြစ်ပြီး ရေကူးတတ်ကာ ရေထဲမှာနေလေ့ရှိပါတယ်။

ကျွတ်ကတော့ ရေမကူးတတ်တာကြောင့် နွေအခါ မှာ အစိုဓါတ်ရှိသော မြေထဲတွင် နေကာ မိုးအခါ ဆောင်းအခါတွေမှာ မြက်ပင်တွေကြားမှာသွားလာတတ်ပါတယ်။သွားတဲ့အခါမှာ မြန်ပါတယ်။

သူတို့ရှိတဲ့နေရာတွေထဲဖြတ်သန်းလာတဲ့သတ္တဝါတွေရဲ့ ကိုယ်အပူချိန်၊တုန်ခါမှု ကိုအာရုံခံပြီး လိုက်လံတွယ်ကပ်သွေးစုပ်လေ့ရှိပါတယ်။

ကျွတ်တွယ်ခြင်း၊မျှော့တွယ်ခြင်းတွေဟာ လယ်ကွင်းတွေ၊တောထဲ၊မြက်ထဲ၊ရေအိုင်တွေထဲကို ဖြတ်သန်းသွားလာတဲ့အခါတွေမှာ ဖြစ်လေ့ရှိတတ်ပါတယ်။

ကျွတ်၊မျှော့တွယ်ခံရတဲ့အခါ တွယ်ခံရရချင်း သိဖို့မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွယ်ကပ်သွေးစုပ်တဲ့အခါ ထုံဆေးလိုမျိုးထုံတဲ့ဓါတ်တမျိုးဟာသူတို့ရဲ့တံတွေးထဲမှာပါတာကြောင့် ပုရွက်ဆိတ်ကိုက်တာ၊ပျားတုတ်တာတွေလို နာကျင်မှုသိသာစွာမခံစားရနိုင်လို့ပါ။

ကျွတ်၊မျှော့တွေဟာ သွေးစုပ်လို့ဝသွားရင် (အကြမ်းအားဖြင့် မိနစ်၂၀လောက်သွေးစုပ်ပြီးရင်)သူတို့ခန္ဓာကိုယ်ဟာဖောင်းပွလာပြီး တွယ်ကပ်နေတဲ့နေရာကနေ အလိုအလျောက်ကွာကြသွားတတ်ပါတယ်။

ကျွတ်တွယ်ခြင်း၊မျှော့တွယ်ခြင်းကနေ ဘီပိုး၊စီပိုး၊ကာလသား၊အေအိုင်ဒီအက်စ်၊ငှက်ဖျား စတဲ့ ရောဂါတွေကူးစက်ခြင်း မရှိသလို အရေပြားဆိုးဆိုးဝါးဝါးထိခိုက်ပျက်စီးတာ၊အသက်အန္တရာယ်ဆိုးဆိုးဝါးဝါးထိခိုက်တာမျိုးတွေ ဖြစ်တာလည်း အရမ်းရှားပါတယ်။

ဒီလိုဆိုပေမယ့် ကိုယ်ခန္ဓာကိုယ်မှာ ကျွတ်၊မျှော့တွယ်တာမြင်ရတဲ့အခါမှာ သူသူကိုယ်ကိုယ် ထိတ်လန့်ကြောက်ရွံ့တတ်ကြတာများပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ကျွတ်၊မျှော့အတွယ်ခံရရင် ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာမိသလောက်ရေးသားတင်ပြလိုက်ရပါတယ်။

ဘယ်သူဖြစ်ဖြစ် ကျွတ်တွယ်၊မျှော့တွယ်ခြင်းခံရတာကိုသိတဲ့အခါ

မိမိကိုယ်ပေါ်ကို တွယ်ကပ်သွေးစုပ်နေတဲ့ ကျွတ်၊မျှော့ကို သွေးဝလို့ သူ့အလိုလို ကွာကျတဲ့ထိ စောင့်မနေဘဲ အမြန်ဆုံးဖယ်ရှားပစ်ချင်ကြတာပါပဲ။

ဒီလိုသွေးမဝခင် ဖယ်ရှားတဲ့အခါမှာ နည်းလမ်းမှန်ဖို့လိုပါတယ်။

ကြားဖူးနေကျ အရပ်နည်းတွေဖြစ်တဲ့ တွယ်ကပ်နေတဲ့ ကျွတ်၊မျှော့ကို ဆားနဲ့အုံတာ၊ထုံးနဲ့သုတ်တာ၊အင်းဆက်သတ်ဆေးတွေနဲ့ဖျန်းတာ၊ရှာလကာရည်နဲ့သုတ်တာ တွေမလုပ်သင့်သလို မီးခြစ်နဲ့ရှို့တာ၊ဆေးလိပ်မီးနဲ့တို့တာ တွေလည်း မလုပ်သင့်ပါ။

ဒီလိုတွေလုပ်ခြင်းဖြင့် ကျွတ်၊မျှော့ရဲ့ အစာခြေလမ်းကြောင်းထဲမှာရှိတဲ့အရာတွေ၊ဘက်တီးရီးယားပိုးတွေကို ကျွတ်၊မျှော့တွယ်တဲ့ဒဏ်ရာထဲထွက်စေပြီး ပိုးဝင်တာ၊သွေးဆိပ်သင့်တာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် တအားကြောက်လန့်ပြီးလက်နဲ့အတင်းဆွဲခွာတာမျိုးလည်းမလုပ်ပါနဲ့။တအားဆွဲခွာပါက အရေပြားစုတ်ပြဲဒဏ်ရာရနိုင်သလို ကျွတ်၊မျှော့ရဲ့ သွေးစုပ်တဲ့အပိုင်း(လွှသွားလေးတွေလိုပါတဲ့ပါးစပ်အစိတ်အပိုင်း)ဟာလည်း ဒဏ်ရာထဲမှာ ပြတ်ကျန်ခဲ့နိုင်ပါတယ်။

ဒါကြောင့် တွယ်ကပ်နေတဲ့ကျွတ်၊မျှော့ကို ဖယ်မယ်ဆိုရင် နည်းလမ်းအမှန်ကတော့ သူရဲ့တွယ်ကပ်သွေးစုပ်နေတဲ့ခေါင်းကိုရှာပါ။ကျွတ်မျှော့ရဲ့သွေးစုပ်နေတဲ့ ခေါင်းပိုင်းဆိုတာက အမြီးပိုင်းနဲ့ကိုယ်ပိုင်းထက်စာရင် ပိုကျဉ်းပြီး ပိုသေးသွယ်တဲ့အပိုင်းပါ။

တွေ့ပြီဆိုရင် တွယ်ကပ်သွေးစုပ်နေတဲ့ ခေါင်းကို လက်သည်း လေးကိုသုံးပြီး အဲ့ခေါင်းအောက်ခြေနားကနေ ဘေးကိုတွန်းထုတ်လိုက်ပါ။အဲ့လိုတွန်းထုတ်ပြီးမှ တွယ်ကပ်နေတဲ့ ကျွတ်၊မျှော့ကို ဖယ်ရှားပါ။ခပ်သွက်သွက်တော့လုပ်ဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ လက်သည်းသုံးပြီး ဘေးတွန်းထုတ်လိုက်တာကြောင့် ပြုတ်သွားတဲ့ခေါင်းက နောက်တကြိမ်ပြန်ကပ်ပြီးသွေးစုပ်ဖို့ကြိုးစားနိုင်လို့ပါ။ အဲ့လိုထပ်မကြိုးစားခင် ခပ်သွက်သွက်ခွာချဖို့လိုပါတယ်။

တကယ်လို့ မိမိကလက်နဲ့မထိကိုင်ရဲဘူးဆိုရင်လည်း ကဒ်ပြားအမာ(ဥပမာ လိုင်စင်ကဒ်၊အေတီအမ်ကဒ်လိုမျိုး)တခုခုနဲ့ ကော်တွန်းထုတ်ပြီး ခွာချလည်းရပါတယ်။

ကျွတ်၊မျှော့တွယ်တဲ့နေရာက မိမိဘာသာမိမိလုပ်လို့မရတဲ့နေရာ(ဥပမာ ကျောကုန်း)လိုမျိုး ဆိုရင်တော့ သူများကို အကူအညီတောင်းဖို့လိုပါမယ်။

ဒါကတော့ တွယ်ကပ်နေတဲ့ ကျွတ်၊မျှော့ဖယ်နည်းပါ။

တွယ်ကပ်နေတဲ့ ကျွတ်၊မျှော့ကွာသွားပြီဆိုရင် ကျွတ်၊မျှော့တွယ်ထားတဲ့ဒဏ်ရာကို ဘယ်လိုကုသရမလဲဆိုတာ ဆက်ရေးပါမယ်။

တွယ်ကပ်နေတဲ့ ကျွတ်၊မျှော့ကွာသွားတဲ့အခါ ဒဏ်ရာကို ရေနဲ့ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ပြီးရင် အဝတ်သန့်နဲ့ခြောက်အောင်သုတ်ပါ။

ဘီတာဒိုင်း(ဆေးနီရည်) သို့မဟုတ် အရက်ပြန်ထည့်ပြီး အပေါ်ကနေပတ်တီးစည်းထားပါ။

သူတို့တွယ်ထားတဲ့ဒဏ်ရာနေရာကနေ သွေးတွေမတိတ်ဘဲ အချိန်ကြာသည်အထိ ထွက်နေနိုင်ပါတယ်။ဒါ့အပြင် တွယ်ခံထားရတဲ့ဒဏ်ရာနားတဝိုက်မှာသွေးခြေဥသလိုမျိုးညိုနေတတ်ပြီး ယားလည်းယားနေတတ်ပါတယ်။

ဒီလိုဒဏ်ရာကနေ အချိန်ကြာသည့်တိုင် သွေးမတိတ်ဘဲထွက်နေလို့ အရမ်းထိတ်လန့်စရာမလိုပါ။ဒါပုံမှန်ပါပဲ။ဘာလို့လဲဆိုတော့ ကျွတ်၊မျှော့တို့ရဲ့ တံတွေးထဲမှာ သွေးကျဲစေတဲ့ဓါတ်တွေ(Anticoagulants)နဲ့ ယားယံစေတဲ့ဓါတ်(Histamines)တွေပါဝင်လို့ပါ။

အများအားဖြင့်တော့ ကျွတ်၊မျှော့အတွယ်ခံရတာဖြစ်ရင် ဆေးခန်းပြဖို့လိုလေ့မရှိတတ်ပါ။ဒဏ်ရာကိုသန့်သန့်ရှင်းရှင်းထားလိုက်ရင် သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာသူ့ဘာသာသူပျောက်သွားနိုင်ပါတယ်။နာတာ၊ရောင်ရမ်းတာရှိရင် ရေခဲကပ်နိုင်ပါတယ်။

သို့သေ်ာ ကျွတ်၊မျှော့အတွယ်ခံရပြီးနောက် ဓါတ်မတည့်သလိုအနီကွက်အင်ပြင်ဖုတွေထတာ၊ဖောရောင်လာတာ(အထူးသဖြင့် မျက်လုံးနဲ့နှုတ်ခမ်းတွေဖောရောင်တာ၊အသက်ရှုကြပ်သလိုဖြစ်လာတာ၊မူးမေ့ချင်သလိုဖြစ်လာတာတွေ ဆိုရင်တော့ ချက်ချင်း ဆေးခန်းဆေးရုံ ပြသဖို့လိုပါတယ်။

ကျွတ်၊မျှော့တွယ်မခံရအောင်ကာကွယ်နည်းကတော့ ကျွတ်၊မျှော့တွေရှိတတ်တဲ့နေရာတွေဖြစ်တဲ့ မြက်တော၊သစ်တောတွေ၊လယ်ကွင်းတွေ၊စိမ့်မြေတွေစတဲ့ နေရာတွေကို မသွားတာအကောင်းဆုံးပါ။

မဖြစ်မနေသွားမယ်ဆိုရင်လည်း ကိုယ်ခန္ဓာနေရာအနှံ့ကို အနံပြင်းတဲ့ ခြင်ဆေးရည်လိမ်းတာ သို့မဟုတ် ယူကလစ်ဆီလိမ်းတာ သို့မဟုတ် သံပုရာအဆီလိမ်းတာ တွေလုပ်ပါ။အကျီဘောင်းဘီတွေကို အရောင်ဖျော့ဖျော့ နဲ့ အသားထူပြီး မိမိခန္ဓာကိုယ်နဲ့ကြပ်မယ့်ဆိုဒ်ဝတ်ပါ။

ပွပွရရ လည်ဟိုက် ချည်ထည်အပါးတွေ ဝတ်ပြီး ကျွတ်၊မျှော့ပေါတဲ့နေရာတွေဆီသွားတာရှောင်ပါ။

ခြေထောက်မှာ Leech socks လို့ခေါ်တဲ့ ကျွတ်၊မျှော့ မတွယ်အောင်ကာကွယ်ပေးတဲ့ အစွပ်လိုမျိုးဟာ ဝတ်သွားပါ။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကျွတ်၊မျှော့ တွယ်တာကို ခန္ဓာကိုယ်တနေရာရာမှာ မြင်လို့ဖယ်ပြီးရင် တခြားခန္ဓာကိုယ်နေရာအစိတ်အပိုင်း တွေမှာလည်း ရှိမရှိသေချာရှာဖို့လိုပါတယ်။

ဥပမာ-ခြေထောက်မှာ ကျွတ်၊မျှော့အတွယ်ခံရရင် ကျောကုန်း၊ဂုတ် စတဲ့နေရာတွေမှာလည်း အတွယ်ခံရတာရှိမရှိသေချာရှာရပါမယ်။

ဘာလို့လဲဆိုတော့ ဆောင်းပါးအစမှာ တခါပြောထားတဲ့အတိုင်း ကျွတ်၊မျှော့ တွယ်ခံရတဲ့အခါ ပုရွက်ဆိတ်ကိုက်တာလို၊ပျားတုတ်ခံရတာလို နာကျင်မှုသိသာစွာမရှိတတ်လို့ပါ။

Dr 528