သင့်သွေးအမျိုးအစားကပြောတဲ့ သင့်ကျန်းမာရေး

သင့္ေသြးအမ်ိဳးအစားကေျပာတဲ့ သင့္က်န္းမာေရး

လူေတြမွာေတြ႔နိုင္တဲ့ ေသြးအုပ္စု ေလးခုရိွပါတယ္။A,B,AB နဲ႔ O ဆိုျပီး သိၾကပါတယ္။သက္ဆိုင္ရာေသြးအုပ္စုေတြအေပၚလိုက္ျပီး ဘယ္ေသြးအမ်ိဳးအစားပိုင္ရွင္ကေတာ့ ဘယ္လိုစိတ္ေနစိတ္ထားရိွတယ္ ဘာညာစသျဖင့္ စာတမ္းေတြသုေတသနေတြကို ဖတ္ဖူူးၾကပါလိမ့္မယ္။ဒါေတြြဟာ မွန္သလား မမွန္ဘူးလားဆိုတာကေတာ့ ခုထိျငင္းခံုေနရဆဲပါ။က်န္းမာေရးနဲ႔ပတ္သက္ျပီးေတာ့လည္း ခုလိုမ်ိဳး ေသြးအုပ္စုအေပၚမူတည္ျပီး မတူညီတဲ့သက္ေရာက္မႈေတြကို ျပဳလုပ္ထားတဲ့သုေတသနတခ်ိဳ႕ရိွေနပါတယ္။ဒါေတြကို ဗဟုသုတအျဖစ္ေဖာ္ျပေပးခ်င္ပါတယ္။ဘယ္ေလာက္မွန္တယ္ ဘယ္ေလာက္မွားတယ္ဆိုတာဟာလည္း ျငင္းခုန္ေနၾကဆဲပါပဲ။

၁။မွတ္ဥာဏ္

သုေတသနေတြအရ AB ေသြးပိုင္ရွင္အမ်ားစုဟာ မွတ္ဥာဏ္ပိုင္းဆိုင္ရာျပႆနာေတြ ရင္ဆိုင္ရတတ္ပါတယ္။ေလ့လာမႈျပဳလုပ္ခဲ့တဲ့အထဲက ၈၂ % ေလာက္ဟာ သတိေမ့တတ္တဲ့ေရာဂါ ခံစားရတတ္ပါသတဲ့။

၂။ႏွလံုးေရာဂါ

ေသြးအုပ္စုအမ်ိဳးအစားဟာ နွလံုးျပႆနာ ေလျဖတ္ျခင္း ေသြးခဲျခင္းစတဲ့အေျခအေနေတြေပၚမွာ သက္ေရာက္မႈရိွပါသတဲ့။O ေသြးသမားေတြဟာ အျခားသူေတြထက္ ဒီေရာဂါေတြျဖစ္နိုင္ေခ် ၆၀ % ေလာက္ နည္းပါးတာေတြ႔ရပါတယ္။ဒါေပမဲ့ ဒီေရာဂါေတြဟာ လူေနမႈပံုစံကို ျပဳျပင္ေျပာင္းလဲျပီး ၾကိဳတင္ကာကြယ္လို႔ရတာျဖစ္လို႔ အျခားသူေတြအေနနဲ႔လည္း သိပ္စိတ္မပူသင့္ပါဘူး။

၃။အစာအိမ္နွင့္အူလမ္းေၾကာင္းဆိုင္ရာျပႆနာမ်ား

ေလ့လာမႈေတြအရ A ေသြးပိုင္ရွင္ေတြဟာ အစာအိမ္ကင္ဆာျဖစ္နိုင္ေခ်ပိုမ်ားၾကျပီး O ေသြးသမားေတြကေတာ့ အစာအိမ္နဲ႔အူသိမ္အနာေတြျဖစ္ဖို႔အလားအလာေတြမ်ားပါသတဲ့။ဒီလိုျဖစ္ရတဲ့ဟာက H.pylori ဆိုတဲ့ bacteria တမ်ိဳးအေပၚ ဒီေသြးအုပ္စုနွစ္ခုရဲ႕ တမူထူးျခားတဲ့တံု႔ျပန္ပံုေၾကာင့္ ျဖစ္နိုင္တယ္လို႔ ဆိုထားပါတယ္။အဓိကေရွာင္ၾကဥ္ရမဲ့ ေဆးလိပ္ အရက္စတာေတြကိုေရွာင္ၾကဥ္ျပီး အာဟာရျပည့္တဲ့အစားအစာေတြစားရင္ ဒီေရာဂါေတြျဖစ္နိုင္ေခ်ကို အမ်ားၾကီးေလ်ာ့ခ်နိုင္ျပီးသား ျဖစ္ပါလိမ့္မယ္။

၄။ကင္ဆာ

O ေသြးသမားေတြဟာ တခ်ိဳ႕ေသာကင္ဆာေတြျဖစ္နိုင္ေခ်နည္းတာကိုလည္း ေတြ႔ရပါတယ္။ဥပမာ အူမၾကီးကင္ဆာ ပန္ကရိယကင္ဆာ စတာေတြပါ။

၅။ဆီးခ်ိဳ

၂၀၁၅ က အမ်ိဳးသမီး ရွစ္ေသာင္းေက်ာ္ကို သုေတသနျပဳခဲ့ရာမွာ A ေသြးနဲ႔ B ေသြးပိုင္ရွင္ေတြမွာ ဆီးခ်ိဳပိုျပီး အျဖစ္မ်ားတာေတြ႔ခဲ့ပါတယ္။

၆။ငွက္ဖ်ား

O ေသြးသမားေတြက ဒီမွာလည္း ကံေကာင္းျပန္ပါတယ္။ငွက္ဖ်ားကေန အေတာ္အသင့္ကာကြယ္မႈရလို႔ပါပဲ။ပညာရွင္ေတြအဆိုအရ ျခင္ေတြထုတ္လိုက္တဲ့ပရိုတိန္းတမ်ိဳးက O ေသြးထက္ တျခားေသြးေတြကို အလြယ္တကူဝင္ေရာက္ေပါင္းစပ္နိုင္လို႔ျဖစ္ပါသတဲ့။

၇။သက္သက္လြတ္သမားနွင့္အသားစားသူ

ေသြးအုပ္စုအေပၚလိုက္ျပီး အစားအေသာက္ပံုစံကြဲျပားမႈလည္း ရိွပါေသးသတဲ့။ဒါေပမဲ့ မွန္မမွန္ေတာ့ ျငင္းေနဆဲပါပဲ။A ေသြးသမားေတြက သက္သက္လြတ္စားရတာၾကိဳက္ၾကျပီး O ေသြးပိုင္ရွင္ေတြကေတာ့ အသားစားရတာ ခံုမင္တတ္ၾကပါတယ္လို႔ ဆိုပါတယ္။

တကယ္ေတာ့ ေသြးအုပ္စုဆိုတာ ခင္ဗ်ားတို႔က်ေနာ္တို႔ ေျပာင္းလဲပစ္လို႔မရတဲ့အရာတခုပါပဲ။ဒီေတြ႔ရိွခ်က္ေတြကလည္း အခိုင္အမာအတည္ျပဳနိုင္ျခင္းေတာ့မရိွေသးပါဘူး။ဒါေၾကာင့္ သိပ္စိတ္ပူမေနပဲ က်ေနာ္တို႔ျပဳျပင္ေျပာင္းလဲလို႔ရနိုင္မဲ့ အမူအက်င့္ေတြ လူေနမႈပံုစံေတြကေန စျပီး ေျပာင္းလဲရင္း အသက္ရွည္က်န္းမာစြာ ေနထိုင္ၾကပါစို႔။

Dr.KG

Ref:Alternative Daily

Unicode Version

သင့်သွေးအမျိုးအစားကပြောတဲ့ သင့်ကျန်းမာရေး

လူတွေမှာတွေ့နိုင်တဲ့ သွေးအုပ်စု လေးခုရှိပါတယ်။A,B,AB နဲ့ O ဆိုပြီး သိကြပါတယ်။သက်ဆိုင်ရာသွေးအုပ်စုတွေအပေါ်လိုက်ပြီး ဘယ်သွေးအမျိုးအစားပိုင်ရှင်ကတော့ ဘယ်လိုစိတ်နေစိတ်ထားရှိတယ် ဘာညာစသဖြင့် စာတမ်းတွေသုတေသနတွေကို ဖတ်ဖူူးကြပါလိမ့်မယ်။ဒါတွေဟာ မှန်သလား မမှန်ဘူးလားဆိုတာကတော့ ခုထိငြင်းခုံနေရဆဲပါ။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လည်း ခုလိုမျိုး သွေးအုပ်စုအပေါ်မူတည်ပြီး မတူညီတဲ့သက်ရောက်မှုတွေကို ပြုလုပ်ထားတဲ့သုတေသနတချို့ရှိနေပါတယ်။ဒါတွေကို ဗဟုသုတအဖြစ်ဖော်ပြပေးချင်ပါတယ်။ဘယ်လောက်မှန်တယ် ဘယ်လောက်မှားတယ်ဆိုတာဟာလည်း ငြင်းခုန်နေကြဆဲပါပဲ။

၁။မှတ်ဉာဏ်

သုတေသနတွေအရ AB သွေးပိုင်ရှင်အများစုဟာ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေ ရင်ဆိုင်ရတတ်ပါတယ်။လေ့လာမှုပြုလုပ်ခဲ့တဲ့အထဲက ၈၂ % လောက်ဟာ သတိမေ့တတ်တဲ့ရောဂါ ခံစားရတတ်ပါသတဲ့။

၂။နှလုံးရောဂါ

သွေးအုပ်စုအမျိုးအစားဟာ နှလုံးပြဿနာ လေဖြတ်ခြင်း သွေးခဲခြင်းစတဲ့အခြေအနေတွေပေါ်မှာ သက်ရောက်မှုရှိပါသတဲ့။O သွေးသမားတွေဟာ အခြားသူတွေထက် ဒီရောဂါတွေဖြစ်နိုင်ချေ ၆၀ % လောက် နည်းပါးတာတွေ့ရပါတယ်။ဒါပေမဲ့ ဒီရောဂါတွေဟာ လူနေမှုပုံစံကို ပြုပြင်ပြောင်းလဲပြီး ကြိုတင်ကာကွယ်လို့ရတာဖြစ်လို့ အခြားသူတွေအနေနဲ့လည်း သိပ်စိတ်မပူသင့်ပါဘူး။

၃။အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာများ

လေ့လာမှုတွေအရ A သွေးပိုင်ရှင်တွေဟာ အစာအိမ်ကင်ဆာဖြစ်နိုင်ချေပိုများကြပြီး O သွေးသမားတွေကတော့ အစာအိမ်နဲ့အူသိမ်အနာတွေဖြစ်ဖို့အလားအလာတွေများပါသတဲ့။ဒီလိုဖြစ်ရတဲ့ဟာက H.pylori ဆိုတဲ့ bacteria တမျိုးအပေါ် ဒီသွေးအုပ်စုနှစ်ခုရဲ့ တမူထူးခြားတဲ့တုံ့ပြန်ပုံကြောင့် ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။အဓိကရှောင်ကြဉ်ရမဲ့ ဆေးလိပ် အရက်စတာတွေကိုရှောင်ကြဉ်ပြီး အာဟာရပြည့်တဲ့အစားအစာတွေစားရင် ဒီရောဂါတွေဖြစ်နိုင်ချေကို အများကြီးလျော့ချနိုင်ပြီးသား ဖြစ်ပါလိမ့်မယ်။

၄။ကင်ဆာ

O သွေးသမားတွေဟာ တချို့သောကင်ဆာတွေဖြစ်နိုင်ချေနည်းတာကိုလည်း တွေ့ရပါတယ်။ဥပမာ အူမကြီးကင်ဆာ ပန်ကရိယကင်ဆာ စတာတွေပါ။

၅။ဆီးချို

၂၀၁၅ က အမျိုးသမီး ရှစ်သောင်းကျော်ကို သုတေသနပြုခဲ့ရာမှာ A သွေးနဲ့ B သွေးပိုင်ရှင်တွေမှာ ဆီးချိုပိုပြီး အဖြစ်များတာတွေ့ခဲ့ပါတယ်။

၆။ငှက်ဖျား

O သွေးသမားတွေက ဒီမှာလည်း ကံကောင်းပြန်ပါတယ်။ငှက်ဖျားကနေ အတော်အသင့်ကာကွယ်မှုရလို့ပါပဲ။ပညာရှင်တွေအဆိုအရ ခြင်တွေထုတ်လိုက်တဲ့ပရိုတိန်းတမျိုးက O သွေးထက် တခြားသွေးတွေကို အလွယ်တကူဝင်ရောက်ပေါင်းစပ်နိုင်လို့ဖြစ်ပါသတဲ့။
၇။သက်သက်လွတ်သမားနှင့်အသားစားသူ

သွေးအုပ်စုအပေါ်လိုက်ပြီး အစားအသောက်ပုံစံကွဲပြားမှုလည်း ရှိပါသေးသတဲ့။ဒါပေမဲ့ မှန်မမှန်တော့ ငြင်းနေဆဲပါပဲ။A သွေးသမားတွေက သက်သက်လွတ်စားရတာကြိုက်ကြပြီး O သွေးပိုင်ရှင်တွေကတော့ အသားစားရတာ ခုံမင်တတ်ကြပါတယ်လို့ ဆိုပါတယ်။

တကယ်တော့ သွေးအုပ်စုဆိုတာ ခင်ဗျားတို့ကျနော်တို့ ပြောင်းလဲပစ်လို့မရတဲ့အရာတခုပါပဲ။ဒီတွေ့ရှိချက်တွေကလည်း အခိုင်အမာအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ဒါကြောင့် သိပ်စိတ်ပူမနေပဲ ကျနော်တို့ပြုပြင်ပြောင်းလဲလို့ရနိုင်မဲ့ အမူအကျင့်တွေ လူနေမှုပုံစံတွေကနေ စပြီး ပြောင်းလဲရင်း အသက်ရှည်ကျန်းမာစွာ နေထိုင်ကြပါစို့။

Dr.KG

Ref:Alternative Daily