အန္တရာယ်များတဲ့ ခြေသလုံးသွေးခဲခြင်း

အႏၲရာယ္မ်ားတဲ့ေျခသလံုုးေသြးခဲျခင္း

“ဆရာေရ သတင္း ၾကားျပီးျပီလား  ”

ေဒၚ ရင္လွ တစ္ေယာက္ ေဆးခန္းထဲသို႔႔ ၀င္လိုက္သည္။ သူၾကားလာေသာ သတင္းကိုလည္းေဒါက္တာ ေအာင္ႏိုင္ကို ေဖာက္သည္ခ်ဦးမည္။ ဒီလိုပဲ ေဒၚရင္လွ က ေဒါက္တာ ေအာင္ႏိုင္ေဆးခန္းတြင္ ေသြးေပါင္ခ်ိန္ေနၾက။

” ဘာသတင္းလည္းေဒၚေဒၚရဲ့။ ”  ဆရာ၀န္သည္ အလိုက္သင့္ ျပန္ေမးလိုက္သည္။

“လမ္းထိပ္က လွလွ၀င္းဆိုတဲ့ ေကာင္မေလး ဆရာ။ အဲဒါ ေဆးရံုတက္ရလို႔တဲ့  ”

” ဟုတ္လား ”

“ဘယ္ေန႔က တက္ရတာလဲ။ ဘာလို႔ေဆးရံုတက္ရတာလဲ  ”

” သံုးေလးရက္ေလာက္ေတာ့ရွိျပီဆရာ။  မႏၱေလးက အျပန္ ကားေပၚက အဆင္း ရင္ဘတ္ေအာင့္တယ္ဆိုျပီး ေမ့သြားလို႔ ေဆးရံုပို႔လိုက္ရတယ္တဲ့ ”

” ဟုတ္လား ”

ေဒါက္တာေအာင္ႏိုင္သည္ ေသြးေပါင္ခ်ိန္လိုက္သည္။ ေဒၚရင္လွ စကားေျပာ ခဏရပ္လိုက္သည္။

“ေသြးေပါင္ကေတာ့ ပံုမွန္ပဲ။ အငံေတြလည္း ေလ်ာ့စားေနာ္။   ”

“ေဆးလည္း မွန္မွန္ေသာက္ပါတယ္။ အငံေတြလည္း ေလ်ာ့စားပါတယ္ဆရာရယ္  ”

“အခုေရာ လွလွ၀င္း ေဆးရံုမွာ သက္သာရဲ့လား  ” ဆရာ၀န္သည္ စကား ဆက္လိုက္သည္။

” မသက္သာေသးဘူးဆရာေရ။ အခုထိ အထူးၾကပ္မတ္ကုသေဆာင္မွာပဲ ရွိေသးတယ္။ ”

” ေၾသာ္ ”

” ေျခသလံုး ေသြးေၾကာမွာ ေသြးခဲတယ္လို႔ ေျပာတယ္။ ျပီးေတာ့ အဲဒီေသြးခဲ ေလးက ျပဳတ္ထြက္သြားျပီး အဆုတ္ေသြးေၾကာမွ်င္ေလးေတြမွာ ပိတ္ေနတာလို႔ ေျပာတယ္ ဆရာ။ အဲဒီလိုမ်ိဳးျဖစ္တတ္သလား။ ကၽြန္မ ခုမွ ၾကားဖူးလို႔ပါ။ ဒီလိုမ်ိဳးေတြ ျဖစ္တတ္သလားဟင္ ”

ေဒၚရင္လွ သည္ သူသိခ်င္ တာ ရွိေသာ္ေၾကာင့္ ဆရာ၀န္ဆီ သို႔ အေျပးလာျခင္းျဖစ္သည္။

“ျဖစ္တတ္တာေပါ့ ေဒၚေဒၚရဲ့။ ေျခေထာက္ ေသြးျပန္ေၾကာမွာ ေသြးခဲ ျပီး အဆုတ္မွ ေသြးခဲ ပိတ္တယ္ဆိုတာာ ျဖစ္တတ္တာေပါ့။ ျဖစ္လည္း ျဖစ္တတ္ပါတယ္။  ဒါေပမဲ့ လူတိုင္းျဖစ္လားဆိုတာေတာ့ ရွိတာေပါ့။  ”

” ဘယ္လိုလူမ်ိဳးေတြ ျဖစ္တတ္လည္းဆရာ။ ကၽြန္မတို႕ကိုလည္း ဗဟုသုတ ရေအာင္ ေျပာထားပါဦး။ ဒါမွ ေရွာင္သင့္တာ ေရွာင္၊ ေဆာင္သင့္တာ ေဆာင္ရတာေပါ့ ”

ေဒါက္တာ ေအာင္ႏိုင္သည္ ေဒၚရင္လွကို Pulmonary Embolism ႏွင့္ Deep Vein Thrombosis အေၾကာင္း ရွင္းျပလိုက္မည္။ ေဒၚရင္လွ သိလွ်င္ တစ္ရပ္ကြက္လံုးသိျပီးျဖစ္မည္။ Health Education ကို ရပ္ကြက္ထဲ ဆင္းစရာမလိုပဲ ေပးျပီးသားျဖစ္မည္။

ေဒါက္တာ ေအာင္ႏိုင္သည္ ထိုင္ခုံတြင္ ျပန္ထိုင္လိုက္သည္။ ေဒၚရင္လွသည္ ဆရာ၀န္ဆီမွ ထြက္လာေသာ စကားကို ေမွ်ာ္လင့္တၾကီးေစာင့္ဆိုင္းေနသည္။

”  ပထမဆံုး ကေတာ့ ေျခေထာက္ေသြးျပန္ေၾကာထဲ ေသြးမခဲ ဖို႔ အေရးအၾကီးဆံုးပဲ။ ေသြးျပန္ေၾကာထဲ ေသြးခဲရင္ ေသြးခဲ ျပဳတ္ထြက္ျပီး အဆုတ္မွာ သြားပိတ္တတ္တယ္။ ”

” ကၽြန္မသိခ်င္တာလဲ ဒါပဲ ဆရာ။ ဘာလို႔ ေသြးခဲရတာလဲလို႔ ”

” ေသြးခဲ ေစတဲ့ အေၾကာင္းအရာေတြကေတာ့ အမ်ားၾကီးရွိတယ္။ အခု ကိစၥမွာေတာ့ ကားအၾကာၾကီး စီးတာ ေလယဥ္ အၾကာၾကီးစီးတဲ့ အခ်ိန္ ေတြမွာ ေျခေထာက္က အလုပ္မလုပ္တဲ့အတြက္ ေျခေထာက္မွာ ရွိတဲ့ ေသြးေၾကာေတြဟာ ေသြး မေလွ်ာက္ေတာ့ပဲ ေသြးခဲ ေလးေတြ ျဖစ္တတ္တယ္။  ”

” ဟုတ္လားဆရာ။ လမ္းေလွ်ာက္ေပးရင္ေရာ အဆင္ေျပလားဟင္ ”

“ေျပတာေပါ့။ ေလယဥ္ပဲ စီးစီး ကားပဲ စီးစီး အၾကာၾကီး ထိုင္မေနသင့္ပါဘူး။ မၾကာခဏဆိုသလို လမ္းေလွ်ာက္ေပးရမယ္။ ကား အၾကာၾကီးစီးတဲ့ အခါ ကားရပ္နားရင္ ကားေပၚမွ အိပ္က်န္ခဲ့တာမ်ိဳး ထိုင္ေနခဲ့တာမ်ိဳးမလုပ္ပဲ ကားေပၚက ဆင္းျပီး အေညာင္းေျပ အညာေျပ လမ္းဆင္းေလွ်ာက္ေပးရမယ္။ ဒီလိုမ်ိဳး လမ္း ဆင္းေလွ်ာက္ေပးတာဟာ ေျခေထာက္မွာ ရွိတဲ့ ေသြးေၾကာေတြကို ေသြးလည္ပတ္မွဳ ေကာင္းေစတယ္။ ဒါဆိုရင္ ေသြးခဲတာကိုလည္း ကာကြယ္ျပီးသားျဖစ္သြားမယ္။ ”

“ကၽြန္မတို႔ကေေတာ့ ဆီးခဏခဏသြားတတ္တဲ့သူဆိုေတာ့ ကားရပ္တာနဲ႔ အိမ္သာ တန္းေျပးတာပဲ ဆရာေရ  ”

” အဲဒါ ေကာင္းတာေပါ့။ ”

” ေနာက္တစ္ခုက ကားအၾကာၾကီးစီးတဲ့ အခါမွာ ေျခေထာက္ကို ျငိမ္ျငိမ္မထားပဲ လွဳပ္ေပးေနလည္း ရတယ္ ” ေဒါက္တာ ေအာင္ႏိုင္သည္ အရြမ္းေဖာက္လိုက္သည္။

” လွဳပ္လို႔ေတာ့ ဘယ္ေကာင္းမလဲ ဆရာရယ္ ”

“ေျခေထာက္ကို အျငိမ္မထားရဘူးလို႔ ေျပာတာပါ ေဒၚေဒၚရယ္။ ကားရပ္တဲ့ အခ်ိန္ေတြမွာလမ္းဆင္းေလွ်ာက္တာေတြ ေျခေထာက္ကို မၾကာခဏ လွဳပ္ေပးတာေတြ လုပ္ေပးရမယ္။ ေနာက္တစ္ခုက ေျခေထာက္ေတြကို ေႏြးေႏြးေထြးေထြး ထားရမယ္။ ေျခေထာက္ေတြ ေအးေနတာကလည္း ေသြးလည္ပတ္မွဳကို ေႏွးေကြး ေစျပီး ေသြးခဲ ေစတတ္တယ္။   ”

” ကားစီးလို႔ကေတာ့ ေျခသလံုးေအးတတ္လြန္းလို႔ ေျခအိတ္၀တ္ထားရတယ္ဆရာေရ ”

”  ေႏြးေႏြးေထြးေထြးထားရင္ ရပါျပီ။  စကပ္အတို ေဘာင္းဘီ အတို ၀တ္မဲ့အစား စကပ္အရွည္ ေဘာင္းဘီရွည္ ထမီ ပုဆိုး ကို ၀တ္တာ ပိုျပီးသင့္ေတာ္တယ္။ ေျခေထာက္ေတြ ေႏြးေနဖို႔က အဓိကပဲ။ ”

” ဟုတ္တာေပ့ါဆရာရယ္။ တစ္ခ်ိဳ႔ဆိုရင္ မခ်မ္းတတ္တဲ့ အတိုင္းပဲေနာ္ ”

” လိုအပ္ရင္ ေစာင္ေတြဘာေတြ နဲ႔ ျခံဳေပါ့ေလ ”

ေဒါက္တာေအာင္ႏိုင္သည္ ေမာသြားလို႔ထင္သည္။ ေရတစ္ခြက္ ေမာ့လိုက္သည္။

”  အခု လွလွ၀င္းက ေျခေထာက္ေသြးျပန္ေၾကာအတြင္း ေသြးခဲျပီး အဆုတ္မွာ သြားပိတ္တာေပါ့”

”  ဘယ္လိုလူမ်ိဳးေတြမွာ ပိုျဖစ္တတ္သလဲ”

” မိသားစုထဲမွာ ေသြးခဲ ေရာဂါနဲ႔ ပတ္သတ္ျပီး ရွိရင္ ပိုျဖစ္တတ္ပါတယ္၊  မိမိကိုယ္တိုင္ ေသြးခဲတတ္တဲ့ေရာဂါရွိသူေတြ၊ အ၀လြန္သူေတြ၊ ကိုယ္၀န္ေဆာင္ မိခင္ေတြ၊ ေသြးဆံုးျပီးလို႔ ေဟာ္မုန္းေဆး ေသာက္ေနရဲ့တဲ့သူေတြ၊  ကိုယ္၀န္တားေဆး ေသာက္သံုးေနတဲ့ သူေတြ၊ ေဆးလိပ္ေသာက္တတ္တဲ့ သူေတြ၊  အသက္ၾကီးသူေတြမွာ ပံုမွန္သူေတြထက္ ေသြးခဲဖို႔ ရာခိုင္ႏွဳန္း ပိုမ်ားပါတယ္။  ”

” လွလွ၀င္းက ၀တာေရာ  ကိုယ္၀န္တားေဆးေတြ ေသာက္တာ ေရာေၾကာင့္ေပါ့ေနာ္ ”

” ျဖစ္ႏိုင္ပါတယ္။ ကိုယ္၀န္တားေဆး ေသာက္တာ အျပင္ အ၀လြန္ေနတာကလည္း ေသြးခဲေစဖို႔ အေၾကာင္းတစ္ခုပါ။ သူမ်ားေတြထက္စာရင္ ေသြးခဲ ဖို႔ ျဖစ္ႏိုင္ေခ် ပိုးမ်ားတာေပါ့ ”

” အခုထိေတာ့ အသက္အႏာၱရာယ္ရွိေသးတယ္လို႔ေျပာတယ္။  ” ေဒၚရင္လွသည္ သူသိသည္မ်ားကို ေဖာက္သည္ ခ်ေနသည္။

” ေရာဂါတစ္ခု ျဖစ္ရင္ ေစာေစာသိလို႔ ေစာေစာကုရင္ ေပ်ာက္ကင္းပါတယ္။ အခ်ိန္မီသာ ေဆးရံုေရာက္ရင္ ေစာေစာကုသမွဳ ရမွာပါ။  ”

“ရင္ဘတ္ေအာင့္တယ္လို႔ ေျပာတယ္။ ျပီးေတာ့ ေမ့လဲ သြားတယ္လို႔ ေျပာတယ္ဆရာ  ”

” ဟုတ္ပါတယ္။ တစ္ခ်ိဳ႔ေသြးခဲ ေသးရင္။ ပိတ္တဲ့ေသြးေၾကာကလည္း ေသးရင္ ရင္ဘတ္ေအာင့္တာလည္း သိပ္မသိတတ္ဘူး။ ျဖည္းျဖည္း ခ်င္းေအာင့္ေနတတ္တာ။ အသက္ ျပင္းျပင္း ရွဴမွ ေအာင့္တာမ်ိဳး။ အသက္ ရွဴရတာ က်ပ္လာတာမ်ိဳးေတြ ကို ျဖည္းျဖည္း ခ်င္း ျဖစ္တာပါ။ တစ္ခ်ိဳ႔ ေခ်ာင္းဆိုးရင္ ေသြးပါတာမ်ိဳးလည္း ျဖစ္တတ္တယ္။ အသက္ရွဴတာ ျမန္လာတာမ်ိဳး၊ ႏွလံုးခုန္ ျမန္လာတာမ်ိဳးေတြလည္း ျဖစ္တတ္တယ္။ ႏွဳတ္ခမ္းေတြ ေျခသည္း လက္သည္းေတြ ျပာလာတာမ်ိဳးလည္း ျဖစ္တတ္တယ္။  ”

” ေပ်ာက္ႏိုင္လားဟင္ ဆရာ ”

” ေပ်ာက္ႏိုင္လားထက္စာရင္ အသက္အႏာၱရာယ္ရွိလားေပါ့။ ေဆးရံုကို သာ ေစာေစာေရာက္ရင္ လူနာအေနနဲ႔ ေစာေစာကုသမွဳ ခံယူႏိုင္မွာပါ။ ေဆးရံုေရာက္တာ ေနာက္က်မယ္ဆိုရင္ေတာ့အသက္အႏာၱရယ္ စိုးရိမ္ရပါတယ္ ”

” အခု လွလွ၀င္းက ေဆးရံုကို သြားတာ ေနာက္က်လို႔ထင္တယ္ေနာ္။ ”

“အခု အခ်ိန္မွာ ေဆးပညာကလည္း တိုးတတ္လာျပီဆိုေတာ့ ကုသလို႔ရနိုင္ပါတယ္။ တစ္ခါတစ္ေလ ဘုရားမွာလည္း ဆုေတာင္းရတာေပါ့  ”

” ဟုတ္ကဲ့ပါဆရာေရ။ ေက်းဇူးတင္ပါတယ္ ” ေဒၚရင္လွသည္ ျပန္ရန္ျပင္လိုက္သည္။

” ေသြးေပါင္လည္း လာလာခ်ိန္ဦးေနာ္”  ဆရာ၀န္သည္ ေနာက္မလာေတာ့မည္စိုးေသာေၾကာင့္ စိုးရိမ္တၾကီး မွာသည္။

” ဟုတ္ကဲ့ပါဆရာ”

ေဒၚရင္လွ တစ္ေယာက္ သူသိခ်င္သည္မ်ားသိျပီးေသာ္အခါ ရပ္ကြက္ထဲ လွည့္ေျပာရန္အတြက္  ေဆးခန္းထဲမွာထြက္ လာခဲ့သည္။ ေဒါက္တာ ေအာင္ႏိုင္ကလည္း ေဒၚရင္လွ သိလွ်င္ တစ္ရပ္ကြက္လံုးသိမည္ဟု သေဘာထားကာ စိတ္ရွည္ရွည္ႏွင့္ ရွင္းျပေပးလိုက္သည္။ ေဒၚရင္လွေၾကာင့္ ရပ္ကြက္တြင္း အသိပညာ တစ္ခု တိုးသြားမည္ဟု ေတြးရင္းပီတိျဖစ္ေနေတာ့သည္။

Dr.ေအးခ်မ္းမိုုး

Unicode Version

အန္တရာယ်များတဲ့ ခြေသလုံးသွေးခဲခြင်း

“ဆရာရေ သတင်း ကြားပြီးပြီလား  ”

ဒေါ် ရင်လှ တစ်ယောက် ဆေးခန်းထဲသို့ ဝင်လိုက်သည်။ သူကြားလာသော သတင်းကိုလည်းဒေါက်တာ အောင်နိုင်ကို ဖောက်သည်ချဦးမည်။ ဒီလိုပဲ ဒေါ်ရင်လှ က ဒေါက်တာ အောင်နိုင်ဆေးခန်းတွင် သွေးပေါင်ချိန်နေကြ။

” ဘာသတင်းလည်းဒေါ်ဒေါ်ရဲ့။ ”  ဆရာဝန်သည် အလိုက်သင့် ပြန်မေးလိုက်သည်။

“လမ်းထိပ်က လှလှဝင်းဆိုတဲ့ ကောင်မလေး ဆရာ။ အဲဒါ ဆေးရုံတက်ရလို့တဲ့  ”

” ဟုတ်လား ”

“ဘယ်နေ့က တက်ရတာလဲ။ ဘာလို့ဆေးရုံတက်ရတာလဲ  ”

” သုံးလေးရက်လောက်တော့ရှိပြီဆရာ။  မန္တလေးက အပြန် ကားပေါ်က အဆင်း ရင်ဘတ်အောင့်တယ်ဆိုပြီး မေ့သွားလို့ ဆေးရုံပို့လိုက်ရတယ်တဲ့ ”

” ဟုတ်လား ”

ဒေါက်တာအောင်နိုင်သည် သွေးပေါင်ချိန်လိုက်သည်။ ဒေါ်ရင်လှ စကားပြော ခဏရပ်လိုက်သည်။

“သွေးပေါင်ကတော့ ပုံမှန်ပဲ။ အငံတွေလည်း လျော့စားနော်။   ”

“ဆေးလည်း မှန်မှန်သောက်ပါတယ်။ အငံတွေလည်း လျော့စားပါတယ်ဆရာရယ်  ”

“အခုရော လှလှဝင်း ဆေးရုံမှာ သက်သာရဲ့လား  ” ဆရာဝန်သည် စကား ဆက်လိုက်သည်။

” မသက်သာသေးဘူးဆရာရေ။ အခုထိ အထူးကြပ်မတ်ကုသဆောင်မှာပဲ ရှိသေးတယ်။ ”

” သြော် ”

” ခြေသလုံး သွေးကြောမှာ သွေးခဲတယ်လို့ ပြောတယ်။ ပြီးတော့ အဲဒီသွေးခဲ လေးက ပြုတ်ထွက်သွားပြီး အဆုတ်သွေးကြောမျှင်လေးတွေမှာ ပိတ်နေတာလို့ ပြောတယ် ဆရာ။ အဲဒီလိုမျိုးဖြစ်တတ်သလား။ ကျွန်မ ခုမှ ကြားဖူးလို့ပါ။ ဒီလိုမျိုးတွေ ဖြစ်တတ်သလားဟင် ”

ဒေါ်ရင်လှ သည် သူသိချင် တာ ရှိသော်ကြောင့် ဆရာဝန်ဆီ သို့ အပြေးလာခြင်းဖြစ်သည်။

“ဖြစ်တတ်တာပေါ့ ဒေါ်ဒေါ်ရဲ့။ ခြေထောက် သွေးပြန်ကြောမှာ သွေးခဲ ပြီး အဆုတ်မှ သွေးခဲ ပိတ်တယ်ဆိုတာာ ဖြစ်တတ်တာပေါ့။ ဖြစ်လည်း ဖြစ်တတ်ပါတယ်။  ဒါပေမဲ့ လူတိုင်းဖြစ်လားဆိုတာတော့ ရှိတာပေါ့။  ”

” ဘယ်လိုလူမျိုးတွေ ဖြစ်တတ်လည်းဆရာ။ ကျွန်မတို့ကိုလည်း ဗဟုသုတ ရအောင် ပြောထားပါဦး။ ဒါမှ ရှောင်သင့်တာ ရှောင်၊ ဆောင်သင့်တာ ဆောင်ရတာပေါ့ ”

ဒေါက်တာ အောင်နိုင်သည် ဒေါ်ရင်လှကို Pulmonary Embolism နှင့် Deep Vein Thrombosis အကြောင်း ရှင်းပြလိုက်မည်။ ဒေါ်ရင်လှ သိလျှင် တစ်ရပ်ကွက်လုံးသိပြီးဖြစ်မည်။ Health Education ကို ရပ်ကွက်ထဲ ဆင်းစရာမလိုပဲ ပေးပြီးသားဖြစ်မည်။

ဒေါက်တာ အောင်နိုင်သည် ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ ဒေါ်ရင်လှသည် ဆရာဝန်ဆီမှ ထွက်လာသော စကားကို မျှော်လင့်တကြီးစောင့်ဆိုင်းနေသည်။

”  ပထမဆုံး ကတော့ ခြေထောက်သွေးပြန်ကြောထဲ သွေးမခဲ ဖို့ အရေးအကြီးဆုံးပဲ။ သွေးပြန်ကြောထဲ သွေးခဲရင် သွေးခဲ ပြုတ်ထွက်ပြီး အဆုတ်မှာ သွားပိတ်တတ်တယ်။ ”

” ကျွန်မသိချင်တာလဲ ဒါပဲ ဆရာ။ ဘာလို့ သွေးခဲရတာလဲလို့ ”

” သွေးခဲ စေတဲ့ အကြောင်းအရာတွေကတော့ အများကြီးရှိတယ်။ အခု ကိစ္စမှာတော့ ကားအကြာကြီး စီးတာ လေယဉ် အကြာကြီးစီးတဲ့ အချိန် တွေမှာ ခြေထောက်က အလုပ်မလုပ်တဲ့အတွက် ခြေထောက်မှာ ရှိတဲ့ သွေးကြောတွေဟာ သွေး မလျှောက်တော့ပဲ သွေးခဲ လေးတွေ ဖြစ်တတ်တယ်။  ”

” ဟုတ်လားဆရာ။ လမ်းလျှောက်ပေးရင်ရော အဆင်ပြေလားဟင် ”

“ပြေတာပေါ့။ လေယဉ်ပဲ စီးစီး ကားပဲ စီးစီး အကြာကြီး ထိုင်မနေသင့်ပါဘူး။ မကြာခဏဆိုသလို လမ်းလျှောက်ပေးရမယ်။ ကား အကြာကြီးစီးတဲ့ အခါ ကားရပ်နားရင် ကားပေါ်မှ အိပ်ကျန်ခဲ့တာမျိုး ထိုင်နေခဲ့တာမျိုးမလုပ်ပဲ ကားပေါ်က ဆင်းပြီး အညောင်းပြေ အညာပြေ လမ်းဆင်းလျှောက်ပေးရမယ်။ ဒီလိုမျိုး လမ်း ဆင်းလျှောက်ပေးတာဟာ ခြေထောက်မှာ ရှိတဲ့ သွေးကြောတွေကို သွေးလည်ပတ်မှု ကောင်းစေတယ်။ ဒါဆိုရင် သွေးခဲတာကိုလည်း ကာကွယ်ပြီးသားဖြစ်သွားမယ်။ ”

“ကျွန်မတို့ကေတော့ ဆီးခဏခဏသွားတတ်တဲ့သူဆိုတော့ ကားရပ်တာနဲ့ အိမ်သာ တန်းပြေးတာပဲ ဆရာရေ  ”

” အဲဒါ ကောင်းတာပေါ့။ ”

” နောက်တစ်ခုက ကားအကြာကြီးစီးတဲ့ အခါမှာ ခြေထောက်ကို ငြိမ်ငြိမ်မထားပဲ လှုပ်ပေးနေလည်း ရတယ် ” ဒေါက်တာ အောင်နိုင်သည် အရွမ်းဖောက်လိုက်သည်။

” လှုပ်လို့တော့ ဘယ်ကောင်းမလဲ ဆရာရယ် ”

“ခြေထောက်ကို အငြိမ်မထားရဘူးလို့ ပြောတာပါ ဒေါ်ဒေါ်ရယ်။ ကားရပ်တဲ့ အချိန်တွေမှာလမ်းဆင်းလျှောက်တာတွေ ခြေထောက်ကို မကြာခဏ လှုပ်ပေးတာတွေ လုပ်ပေးရမယ်။ နောက်တစ်ခုက ခြေထောက်တွေကို နွေးနွေးထွေးထွေး ထားရမယ်။ ခြေထောက်တွေ အေးနေတာကလည်း သွေးလည်ပတ်မှုကို နှေးကွေး စေပြီး သွေးခဲ စေတတ်တယ်။   ”

” ကားစီးလို့ကတော့ ခြေသလုံးအေးတတ်လွန်းလို့ ခြေအိတ်ဝတ်ထားရတယ်ဆရာရေ ”

”  နွေးနွေးထွေးထွေးထားရင် ရပါပြီ။  စကပ်အတို ဘောင်းဘီ အတို ဝတ်မဲ့အစား စကပ်အရှည် ဘောင်းဘီရှည် ထမီ ပုဆိုး ကို ဝတ်တာ ပိုပြီးသင့်တော်တယ်။ ခြေထောက်တွေ နွေးနေဖို့က အဓိကပဲ။ ”

” ဟုတ်တာပေ့ါဆရာရယ်။ တစ်ချို့ဆိုရင် မချမ်းတတ်တဲ့ အတိုင်းပဲနော် ”

” လိုအပ်ရင် စောင်တွေဘာတွေ နဲ့ ခြုံပေါ့လေ ”

ဒေါက်တာအောင်နိုင်သည် မောသွားလို့ထင်သည်။ ရေတစ်ခွက် မော့လိုက်သည်။

”  အခု လှလှဝင်းက ခြေထောက်သွေးပြန်ကြောအတွင်း သွေးခဲပြီး အဆုတ်မှာ သွားပိတ်တာပေါ့”

”  ဘယ်လိုလူမျိုးတွေမှာ ပိုဖြစ်တတ်သလဲ”

” မိသားစုထဲမှာ သွေးခဲ ရောဂါနဲ့ ပတ်သတ်ပြီး ရှိရင် ပိုဖြစ်တတ်ပါတယ်၊  မိမိကိုယ်တိုင် သွေးခဲတတ်တဲ့ရောဂါရှိသူတွေ၊ အဝလွန်သူတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ သွေးဆုံးပြီးလို့ ဟော်မုန်းဆေး သောက်နေရဲ့တဲ့သူတွေ၊  ကိုယ်ဝန်တားဆေး သောက်သုံးနေတဲ့ သူတွေ၊ ဆေးလိပ်သောက်တတ်တဲ့ သူတွေ၊  အသက်ကြီးသူတွေမှာ ပုံမှန်သူတွေထက် သွေးခဲဖို့ ရာခိုင်နှုန်း ပိုများပါတယ်။  ”

” လှလှဝင်းက ဝတာရော  ကိုယ်ဝန်တားဆေးတွေ သောက်တာ ရောကြောင့်ပေါ့နော် ”

” ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်တားဆေး သောက်တာ အပြင် အဝလွန်နေတာကလည်း သွေးခဲစေဖို့ အကြောင်းတစ်ခုပါ။ သူများတွေထက်စာရင် သွေးခဲ ဖို့ ဖြစ်နိုင်ချေ ပိုးများတာပေါ့ ”

” အခုထိတော့ အသက်အန္တာရာယ်ရှိသေးတယ်လို့ပြောတယ်။  ” ဒေါ်ရင်လှသည် သူသိသည်များကို ဖောက်သည် ချနေသည်။

” ရောဂါတစ်ခု ဖြစ်ရင် စောစောသိလို့ စောစောကုရင် ပျောက်ကင်းပါတယ်။ အချိန်မီသာ ဆေးရုံရောက်ရင် စောစောကုသမှု ရမှာပါ။  ”

“ရင်ဘတ်အောင့်တယ်လို့ ပြောတယ်။ ပြီးတော့ မေ့လဲ သွားတယ်လို့ ပြောတယ်ဆရာ  ”

” ဟုတ်ပါတယ်။ တစ်ချို့သွေးခဲ သေးရင်။ ပိတ်တဲ့သွေးကြောကလည်း သေးရင် ရင်ဘတ်အောင့်တာလည်း သိပ်မသိတတ်ဘူး။ ဖြည်းဖြည်း ချင်းအောင့်နေတတ်တာ။ အသက် ပြင်းပြင်း ရှူမှ အောင့်တာမျိုး။ အသက် ရှူရတာ ကျပ်လာတာမျိုးတွေ ကို ဖြည်းဖြည်း ချင်း ဖြစ်တာပါ။ တစ်ချို့ ချောင်းဆိုးရင် သွေးပါတာမျိုးလည်း ဖြစ်တတ်တယ်။ အသက်ရှူတာ မြန်လာတာမျိုး၊ နှလုံးခုန် မြန်လာတာမျိုးတွေလည်း ဖြစ်တတ်တယ်။ နှုတ်ခမ်းတွေ ခြေသည်း လက်သည်းတွေ ပြာလာတာမျိုးလည်း ဖြစ်တတ်တယ်။  ”

” ပျောက်နိုင်လားဟင် ဆရာ ”

” ပျောက်နိုင်လားထက်စာရင် အသက်အန္တာရာယ်ရှိလားပေါ့။ ဆေးရုံကို သာ စောစောရောက်ရင် လူနာအနေနဲ့ စောစောကုသမှု ခံယူနိုင်မှာပါ။ ဆေးရုံရောက်တာ နောက်ကျမယ်ဆိုရင်တော့အသက်အန္တာရယ် စိုးရိမ်ရပါတယ် ”

” အခု လှလှဝင်းက ဆေးရုံကို သွားတာ နောက်ကျလို့ထင်တယ်နော်။ ”

“အခု အချိန်မှာ ဆေးပညာကလည်း တိုးတတ်လာပြီဆိုတော့ ကုသလို့ရနိုင်ပါတယ်။ တစ်ခါတစ်လေ ဘုရားမှာလည်း ဆုတောင်းရတာပေါ့  ”

” ဟုတ်ကဲ့ပါဆရာရေ။ ကျေးဇူးတင်ပါတယ် ” ဒေါ်ရင်လှသည် ပြန်ရန်ပြင်လိုက်သည်။

” သွေးပေါင်လည်း လာလာချိန်ဦးနော်”  ဆရာဝန်သည် နောက်မလာတော့မည်စိုးသောကြောင့် စိုးရိမ်တကြီး မှာသည်။

” ဟုတ်ကဲ့ပါဆရာ”

ဒေါ်ရင်လှ တစ်ယောက် သူသိချင်သည်များသိပြီးသော်အခါ ရပ်ကွက်ထဲ လှည့်ပြောရန်အတွက်  ဆေးခန်းထဲမှာထွက် လာခဲ့သည်။ ဒေါက်တာ အောင်နိုင်ကလည်း ဒေါ်ရင်လှ သိလျှင် တစ်ရပ်ကွက်လုံးသိမည်ဟု သဘောထားကာ စိတ်ရှည်ရှည်နှင့် ရှင်းပြပေးလိုက်သည်။ ဒေါ်ရင်လှကြောင့် ရပ်ကွက်တွင်း အသိပညာ တစ်ခု တိုးသွားမည်ဟု တွေးရင်းပီတိဖြစ်နေတော့သည်။