ခြေစွယ်ငုပ်ပြန်ပြီလား

ေျခစြယ္ငုပ္ျပန္ၿပီလား

        ေျခစြယ္ငုပ္ျခင္း ျပႆနာဟာ အသက္အရြယ္ ႀကီးငယ္မေရြး ေတြ႕ႀကံဳခံစား ရႏိုင္ၿပီး ဖိနပ္မစီးႏို္င္တာ၊ ေကာင္းေကာင္းလမ္းမေလွ်ာက္ႏိုင္တာမ်ိဳးေတြ ျဖစ္ႏိုင္ကာ အလြန္ပင္ ခံရခက္တဲ့ ျပႆနာတရပ္ ျဖစ္သလို စနစ္တက် ကုသမႈမခံယူသူမ်ား အေနနဲ႔လည္း မၾကာခဏ ျပန္ျဖစ္ေနတတ္တဲ့ ျပႆနာ တရပ္လည္း ျဖစ္ပါတယ္။  ျဖစ္ပြားခဲ့လွ်င္လည္း မသန္႔ရွင္းေသာ လက္သည္းညႇပ္၊ သံခၽြန္ စသည္တုိ႔နဲ႔ ထိုးစြ မိျခင္းေၾကာင့္ ပိုးမႊားမ်ား ဝင္ေရာက္ႏိုင္ျခင္းမွသည္ ေမးခိုင္ပိုးဝင္ကာ အသက္ေသဆံုး သည္အထိ ျဖစ္ေစတတ္တဲ့ ျပႆနာတရပ္လည္း ျဖစ္ပါတယ္။ ဒါဆိုရင္ ေျခစြယ္ငုပ္ျခင္း ဘယ္က စျဖစ္ပါသလဲ။ ေျခစြယ္ငုပ္ျခင္း မျဖစ္ရေအာင္ ဘယ္လိုေတြ လုပ္ႏုိင္ပါသလဲ။ ျဖစ္လာခဲ့ရင္လည္း ဘာေတြ လုပ္သင့္ ပါသလဲစသည္ျဖင့္ သိသင့္ တာေတြ ေဖာ္ျပေပးထားပါမယ္။

ေျခစြယ္ငုပ္ျခင္း

        ေျခစြယ္ငုပ္ျခင္းဆိုတာကေတာ့ အသစ္ထြက္လာတဲ့ေျခသည္းရဲ့  ေဘးအစြန္  ေထာင့္မ်ားဟာ ေျခေခ်ာင္းရဲ့ အေရျပားအထဲကို စိုက္ဝင္သြားၿပီး အသားကို ထိုးခြဲမိခ်ိန္ ျဖစ္ရတဲ့ ခံစားမႈကို ေခၚဆိုတာပဲ ျဖစ္ပါတယ္။ စျဖစ္ကာစမွာ အရမ္းမနာတတ္ေပမယ့္  ေျခေထာက္ဆိုတဲ့အတိုင္း ေျခဆီ၊ ဖုန္၊ သဲ၊ အညစ္အေၾကးေတြနဲ႔ အၿမဲ ထိေတြ႕ေနတဲ့ အစိတ္အပိုင္း ျဖစ္တာေၾကာင့္ ထိုးခြဲမိတဲ့ ေနရာမွာ အေႏွးနဲ႔ အျမန္ ပိုးဝင္ေရာက္ ႏိုင္ပါတယ္။ ပိုးဝင္ေရာက္လာျခင္းေၾကာင့္ ေရာင္လာျခင္း၊ နာလာျခင္း၊ နီရဲလာျခင္းႏွင့္ တျဖည္းျဖည္း ျပည္တည္လာၿပီး လမ္းမေလွ်ာက္ႏိုင္ေတာ့သည္  အထိ ျဖစ္လာႏိုင္ ပါတယ္။

ဘာ့ေၾကာင့္ ေျခစြယ္ငုပ္ရသလဲ

        ေျခစြယ္ငုပ္တာ အမ်ားဆံုးျဖစ္ရတဲ့ ေျခေခ်ာင္းကေတာ့ အားလံုး သိၿပီးျဖစ္တဲ့ အတိုင္း ေျခမပဲျဖစ္ေသာ္လည္း အျခားေျခေခ်ာင္းေတြမွာလည္း ျဖစ္ပြား ခံစားရႏိုင္ ပါတယ္။ အဓိကအားျဖင့္ တကိုယ္ရည္သန္႔ရွင္းမႈ အားနည္းျခင္းႏွင့္ ေျခသည္းညႇပ္ရာမွာ သန္႔သန္႔ရွင္းရွင္းနဲ႔ ပံုစံတက် မညႇပ္တာေၾကာင့္ ျဖစ္ပြား ရျခင္းျဖစ္ေပမယ့္ အျခားေသာ အေၾကာင္းအရင္းမ်ားလည္း မ်ားစြာရွိပါတယ္။

– ေျခသည္းကို တိုလြန္းသည္အထိ ညႇပ္ျခင္း

– ေျခသည္းထိပ္ကို တိတိရိရိ ျဖတ္မထားပဲ ဝိုင္း၍ထားျခင္း

– ေျခသည္းေထာင့္မ်ားကို မသန္႔ရွင္းေသာ အခၽြန္ျဖင့္ လွန္ျခင္း၊ ဆြျခင္း

– ၾကပ္လြန္းေသာ ရႈးဖိနပ္စီးျခင္းေၾကာင့္ ေျခသည္းကို ဖိမိထားျခင္း

– ေျခအိတ္မ်ားကို ပံုမွန္မေလွ်ာ္ျခင္း၊ မသန္႔ေသာ ေျခအိတ္မ်ား ဝတ္ဆင္ျခင္း

– ခလုတ္တိုက္မိျခင္းႏွင့္ အျခားေသာအေၾကာင္းမ်ားေၾကာင့္ ေျခသည္းကို မၾကာခဏ ထိခိုက္မိျခင္း

– ပံုမွန္မဟုတ္ေသာ ခံုးလြန္းသည့္ ေျခသည္း ပိုင္ရွင္မ်ား စသည့္ အေျခအေနမ်ားမွာ ေျခစြယ္ငုပ္ျခင္း ျဖစ္ပြားႏိုင္ပါတယ္။

ေျခစြယ္ငုပ္ျခင္း မျဖစ္ရေအာင္ ဘယ္လိုေနရမလဲ

        အဓိကအားျဖင့္ ေျခသည္းညႇပ္ရာတြင္ စနစ္တက် ညႇပ္တတ္ရန္ လိုမည္ျဖစ္သလို  ေျခသည္းမ်ား၏ သန္႔ရွင္းေရးကိုလည္း ဂရုစိုက္ဖို႔ လိုသည္။

– ေျခသည္းကို တိုလြန္းသည္အထိ မညႇပ္ရပါ။ ေဘးဘက္ေထာင့္မ်ားကို ျမင္ရသည့္ အေနအထား ျဖစ္ေနေစရမည္။

– ေျခသည္းထိပ္မ်ားကို အေျဖာင့္အတိုင္း ရွိေနေအာင္ ညႇပ္ရမည္ျဖစ္ၿပီး ဝုိင္း၍ ထားျခင္းႏွင့္ ေျခစြယ္မ်ား ေဖာ္ျခင္းကို ေရွာင္က်ဥ္ရမည္။

– ေျခသည္းမညႇပ္မီ ေျခေထာက္ကို ဆပ္ျပာျဖင့္ ေသခ်ာေဆးျခင္း (သို႔မဟုတ္) ေရခ်ိဳးၿပီးမွ ညႇပ္ေပးသည့္ အက်င့္ကို ျပဳလုပ္ေပးသင့္သည္။

– လက္သည္းညႇပ္၊ သံခၽြန္စသည္တို႔ျဖင့္ ေျခေထာက္ကို ဆြျခင္းမ်ိဳး ေရွာင္က်ဥ္ရမည္။

– ႐ႈးဖိနပ္၊ ေျခအိတ္ အခ်ိန္ၾကာျမင့္စြာ ဝတ္ရသူမ်ားအေနႏွင့္ အခ်ိန္ရလွ်င္ရသလို ဖိနပ္၊ ေျခအိတ္ ခၽြတ္ေပးထားရန္ လိုအပ္သလို ေျခအိတ္၊ ဖိနပ္မ်ား၏ သန္႔ရွင္းေရးကိုလည္း ပံုမွန္ျပဳလုပ္ေပးသင့္သည္။

– ၾကပ္လြန္းသည့္ ႐ႈးဖိနပ္မ်ား ဝတ္ဆင္ျခင္းကို ေရွာင္က်ဥ္ရမည္။

ေျခစြယ္ငုပ္ရင္ ဘာေတြလုပ္ရမလဲ

– စတင္သတိထားမိခ်ိန္တြင္ တကိုယ္ရည္သန္႔ရွင္းေရး ဂရုစိုက္ရန္ လိုအပ္သလို ေျခေထာက္ကိုလည္း  ေရသန္႔သန္႔ျဖင့္ တေန႔လွ်င္ ၂ႀကိမ္၊ ၃ႀကိမ္ခန္႔ (သို႔) မၾကာခဏ ေဆးေၾကာ ေပးသင့္သည္။

– ညမအိပ္မီတြင္ ၅မိနစ္ခန္႔ ေရေႏြးေႏြးတြင္ ဆားအနည္းငယ္ ထည့္၍ စိမ္ထားေပးျခင္းျဖင့္လည္း သက္သာႏိုင္သည္။

– ေရာင္ေနသည့္ ေျခသည္းေထာင့္အား ဂြမ္းပါသည့္ နားက်ပ္တံျဖင့္ ဖိကာ ေျခသည္း ေဖာ္ေပးျခင္းမ်ိဳး ျပဳလုပ္ေပးႏိုင္သည္။

– ေျခစြယ္ငုပ္ခ်ိန္တြင္ လက္သည္းၫႇပ္၊ သံခၽြန္စသည္တို႔ျဖင့္ ေျခသည္းေဖာ္ျခင္းကို အထူးေရွာင္က်ဥ္သင့္သည္။

– ေျခစြယ္ငုပ္ေနစဥ္အတြင္း ေျခအိတ္ႏွင့္႐ႈးဖိနပ္မ်ား ဝတ္ဆင္ျခင္းကို ေရွာင္က်ဥ္ရမည္။

– ျပည္တည္လာျခင္း၊ ေရာင္ရမ္းလာျခင္းႏွင့္ မခံႏိုင္ေအာင္ နာက်င္ျခင္းမ်ိဳးရွိလွ်င္ ပိုးဝင္ ျခင္းေၾကာင့္ျဖစ္သည့္ လကၡဏာမ်ားျဖစ္သည့္အတြက္ နီးစပ္ရာ ေဆးခန္းတြင္ အျမန္ဆံုး သြားေရာက္ ျပသၿပီး လိုအပ္ေသာ ကုသမႈမ်ား ခံယူရန္လိုသည္။

ေျခစြယ္ငုပ္ျခင္း ျပႆနာမွ ကင္းေဝးၾကပါေစ။

Dr.Tint Tal

Unicode Version

ခြေစွယ်ငုပ်ပြန်ပြီလား

ခြေစွယ်ငုပ်ခြင်း ပြဿနာဟာ အသက်အရွယ် ကြီးငယ်မရွေး တွေ့ကြုံခံစား ရနိုင်ပြီး ဖိနပ်မစီးနိုင်တာ၊ ကောင်းကောင်းလမ်းမလျှောက်နိုင်တာမျိုးတွေ ဖြစ်နိုင်ကာ အလွန်ပင် ခံရခက်တဲ့ ပြဿနာတရပ် ဖြစ်သလို စနစ်တကျ ကုသမှုမခံယူသူများ အနေနဲ့လည်း မကြာခဏ ပြန်ဖြစ်နေတတ်တဲ့ ပြဿနာ တရပ်လည်း ဖြစ်ပါတယ်။  ဖြစ်ပွားခဲ့လျှင်လည်း မသန့်ရှင်းသော လက်သည်းညှပ်၊ သံချွန် စသည်တို့နဲ့ ထိုးစွ မိခြင်းကြောင့် ပိုးမွှားများ ဝင်ရောက်နိုင်ခြင်းမှသည် မေးခိုင်ပိုးဝင်ကာ အသက်သေဆုံး သည်အထိ ဖြစ်စေတတ်တဲ့ ပြဿနာတရပ်လည်း ဖြစ်ပါတယ်။ ဒါဆိုရင် ခြေစွယ်ငုပ်ခြင်း ဘယ်က စဖြစ်ပါသလဲ။ ခြေစွယ်ငုပ်ခြင်း မဖြစ်ရအောင် ဘယ်လိုတွေ လုပ်နိုင်ပါသလဲ။ ဖြစ်လာခဲ့ရင်လည်း ဘာတွေ လုပ်သင့် ပါသလဲစသည်ဖြင့် သိသင့် တာတွေ ဖော်ပြပေးထားပါမယ်။

ခြေစွယ်ငုပ်ခြင်း

ခြေစွယ်ငုပ်ခြင်းဆိုတာကတော့ အသစ်ထွက်လာတဲ့ခြေသည်းရဲ့  ဘေးအစွန်  ထောင့်များဟာ ခြေချောင်းရဲ့ အရေပြားအထဲကို စိုက်ဝင်သွားပြီး အသားကို ထိုးခွဲမိချိန် ဖြစ်ရတဲ့ ခံစားမှုကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ စဖြစ်ကာစမှာ အရမ်းမနာတတ်ပေမယ့်  ခြေထောက်ဆိုတဲ့အတိုင်း ခြေဆီ၊ ဖုန်၊ သဲ၊ အညစ်အကြေးတွေနဲ့ အမြဲ ထိတွေ့နေတဲ့ အစိတ်အပိုင်း ဖြစ်တာကြောင့် ထိုးခွဲမိတဲ့ နေရာမှာ အနှေးနဲ့ အမြန် ပိုးဝင်ရောက် နိုင်ပါတယ်။ ပိုးဝင်ရောက်လာခြင်းကြောင့် ရောင်လာခြင်း၊ နာလာခြင်း၊ နီရဲလာခြင်းနှင့် တဖြည်းဖြည်း ပြည်တည်လာပြီး လမ်းမလျှောက်နိုင်တော့သည်  အထိ ဖြစ်လာနိုင် ပါတယ်။

ဘာ့ကြောင့် ခြေစွယ်ငုပ်ရသလဲ

ခြေစွယ်ငုပ်တာ အများဆုံးဖြစ်ရတဲ့ ခြေချောင်းကတော့ အားလုံး သိပြီးဖြစ်တဲ့ အတိုင်း ခြေမပဲဖြစ်သော်လည်း အခြားခြေချောင်းတွေမှာလည်း ဖြစ်ပွား ခံစားရနိုင် ပါတယ်။ အဓိကအားဖြင့် တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းနှင့် ခြေသည်းညှပ်ရာမှာ သန့်သန့်ရှင်းရှင်းနဲ့ ပုံစံတကျ မညှပ်တာကြောင့် ဖြစ်ပွား ရခြင်းဖြစ်ပေမယ့် အခြားသော အကြောင်းအရင်းများလည်း များစွာရှိပါတယ်။

– ခြေသည်းကို တိုလွန်းသည်အထိ ညှပ်ခြင်း

– ခြေသည်းထိပ်ကို တိတိရိရိ ဖြတ်မထားပဲ ဝိုင်း၍ထားခြင်း

– ခြေသည်းထောင့်များကို မသန့်ရှင်းသော အချွန်ဖြင့် လှန်ခြင်း၊ ဆွခြင်း

– ကြပ်လွန်းသော ရှုးဖိနပ်စီးခြင်းကြောင့် ခြေသည်းကို ဖိမိထားခြင်း

– ခြေအိတ်များကို ပုံမှန်မလျှော်ခြင်း၊ မသန့်သော ခြေအိတ်များ ဝတ်ဆင်ခြင်း

– ခလုတ်တိုက်မိခြင်းနှင့် အခြားသောအကြောင်းများကြောင့် ခြေသည်းကို မကြာခဏ ထိခိုက်မိခြင်း

– ပုံမှန်မဟုတ်သော ခုံးလွန်းသည့် ခြေသည်း ပိုင်ရှင်များ စသည့် အခြေအနေများမှာ ခြေစွယ်ငုပ်ခြင်း ဖြစ်ပွားနိုင်ပါတယ်။

ခြေစွယ်ငုပ်ခြင်း မဖြစ်ရအောင် ဘယ်လိုနေရမလဲ

အဓိကအားဖြင့် ခြေသည်းညှပ်ရာတွင် စနစ်တကျ ညှပ်တတ်ရန် လိုမည်ဖြစ်သလို  ခြေသည်းများ၏ သန့်ရှင်းရေးကိုလည်း ဂရုစိုက်ဖို့ လိုသည်။

– ခြေသည်းကို တိုလွန်းသည်အထိ မညှပ်ရပါ။ ဘေးဘက်ထောင့်များကို မြင်ရသည့် အနေအထား ဖြစ်နေစေရမည်။

– ခြေသည်းထိပ်များကို အဖြောင့်အတိုင်း ရှိနေအောင် ညှပ်ရမည်ဖြစ်ပြီး ဝိုင်း၍ ထားခြင်းနှင့် ခြေစွယ်များ ဖော်ခြင်းကို ရှောင်ကျဉ်ရမည်။

– ခြေသည်းမညှပ်မီ ခြေထောက်ကို ဆပ်ပြာဖြင့် သေချာဆေးခြင်း (သို့မဟုတ်) ရေချိုးပြီးမှ ညှပ်ပေးသည့် အကျင့်ကို ပြုလုပ်ပေးသင့်သည်။

– လက်သည်းညှပ်၊ သံချွန်စသည်တို့ဖြင့် ခြေထောက်ကို ဆွခြင်းမျိုး ရှောင်ကျဉ်ရမည်။

– ရှုးဖိနပ်၊ ခြေအိတ် အချိန်ကြာမြင့်စွာ ဝတ်ရသူများအနေနှင့် အချိန်ရလျှင်ရသလို ဖိနပ်၊ ခြေအိတ် ချွတ်ပေးထားရန် လိုအပ်သလို ခြေအိတ်၊ ဖိနပ်များ၏ သန့်ရှင်းရေးကိုလည်း ပုံမှန်ပြုလုပ်ပေးသင့်သည်။

– ကြပ်လွန်းသည့် ရှုးဖိနပ်များ ဝတ်ဆင်ခြင်းကို ရှောင်ကျဉ်ရမည်။

ခြေစွယ်ငုပ်ရင် ဘာတွေလုပ်ရမလဲ

– စတင်သတိထားမိချိန်တွင် တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ရန် လိုအပ်သလို ခြေထောက်ကိုလည်း  ရေသန့်သန့်ဖြင့် တနေ့လျှင် ၂ကြိမ်၊ ၃ကြိမ်ခန့် (သို့) မကြာခဏ ဆေးကြော ပေးသင့်သည်။

– ညမအိပ်မီတွင် ၅မိနစ်ခန့် ရေနွေးနွေးတွင် ဆားအနည်းငယ် ထည့်၍ စိမ်ထားပေးခြင်းဖြင့်လည်း သက်သာနိုင်သည်။

– ရောင်နေသည့် ခြေသည်းထောင့်အား ဂွမ်းပါသည့် နားကျပ်တံဖြင့် ဖိကာ ခြေသည်း ဖော်ပေးခြင်းမျိုး ပြုလုပ်ပေးနိုင်သည်။

– ခြေစွယ်ငုပ်ချိန်တွင် လက်သည်းညှပ်၊ သံချွန်စသည်တို့ဖြင့် ခြေသည်းဖော်ခြင်းကို အထူးရှောင်ကျဉ်သင့်သည်။

– ခြေစွယ်ငုပ်နေစဉ်အတွင်း ခြေအိတ်နှင့်ရှုးဖိနပ်များ ဝတ်ဆင်ခြင်းကို ရှောင်ကျဉ်ရမည်။

– ပြည်တည်လာခြင်း၊ ရောင်ရမ်းလာခြင်းနှင့် မခံနိုင်အောင် နာကျင်ခြင်းမျိုးရှိလျှင် ပိုးဝင် ခြင်းကြောင့်ဖြစ်သည့် လက္ခဏာများဖြစ်သည့်အတွက် နီးစပ်ရာ ဆေးခန်းတွင် အမြန်ဆုံး သွားရောက် ပြသပြီး လိုအပ်သော ကုသမှုများ ခံယူရန်လိုသည်။

ခြေစွယ်ငုပ်ခြင်း ပြဿနာမှ ကင်းဝေးကြပါစေ။