ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်ပေါ်တတ်သောရောဂါများ

ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ ျဖစ္ေပၚတတ္ေသာေရာဂါမ်ား

ကိုယ္ဝန္ေဆာင္စဥ္ ကာလအတြင္း ျဖစ္ေပၚေသာ က်န္းမာေရးျပႆနာမ်ားအား ကူညီ အေျဖရွာ ေျဖရွင္းရန္ ျဖစ္ပါသည္။ကိုယ္ဝန္ေၾကာင့္ ေသြးအားနည္းျခင္း။ ထိုေသြးအားနည္းျခင္းေၾကာင့္ ႏွလုံးခုန္ျမန္ျခင္း၊ ပိုဆိုးလွ်င္ ႏွလုံးထိခိုက္ေစျခင္း။ကေလးႏွင့္ ေသြးဓာတ္မတည့္ျခင္းေၾကာင့္ ကေလးေသဆုံးျခင္း။ (ေသြးအမ်ိဳးအစားတြင္ ABO ေသြးအုပ္စုသာမက Rhဟုေခၚေသာ အမ်ိဳးအစားတစ္ခု ထပ္မံရွိေၾကာင္း။ Rh သည္ မ်ားေသာ အားျဖင့္ လူမ်ားတြင္ Positive ျဖစ္ၿပီး negative ေသြးအမ်ိဳးအစား လည္း ရွိပါသည္။ အေရးႀကီးသည္မွာ မိခင္သည္ ထို Rh Negative အမ်ိဳးအစားျဖစ္ပါက ဒုတိယ ကိုယ္ဝန္ေဆာင္သည့္အခါတြင္ အေမ ႏွင့္ ရင္ေသြး ေသြးဓာတ္မတည့္မႈ ျဖစ္ေပၚၿပီး ရင္ေသြးပ်က္က်တတ္ပါသည္။ ထိုကဲ့သို႔ မျဖစ္ေအာင္ ပထမ ကိုယ္ဝန္ကတည္းက ေသြးဓာတ္မတည့္ျခင္းျဖစ္ေအာင္ သားဖြားမီးယပ္ အထူးကု ဆရာဝန္မွ ကုသမႈ ေပးမည္ျဖစ္ပါသည္။ ထိုကဲ့သို႔ ကိုယ္ဝန္ အပ္ျခင္းေနာက္က်ျခင္းမ်ား ျဖစ္ေပၚပါက ေနာက္ကိုယ္ဝန္မ်ားတြင္ ပ်က္က် ရန္ အလားအလာ အလြန္မ်ားသည္ျဖစ္ပါသည္။

မိခင္တြင္ အသည္းေရာင္အသားဝါ B ပိုး၊ C ပိုး၊ HIV ႏွင့္ ကာလသားေရာဂါ ျဖစ္ေပၚေနပါက ကေလးအား ကူးစက္ျခင္းမရွိေစရန္ အတြက္ သားဖြားမီးယပ္ဆရာမ ၏ ကုသမႈ ကာကြယ္မႈအား ႀကိဳတင္ ခံယူသင့္ပါသည္။ကိုယ္ဝန္ေဆာင္စဥ္ အတြင္း ဆီးလမ္းေၾကာင္းထဲ ပိုးဝင္ၿပီး ေစာစီးစြာ မသိရွိပါက မိခင္၏ ေက်ာက္ကပ္တြင္ ျပည္တည္ၿပီး ေက်ာက္ကပ္ ပ်က္စီးကာ မိခင္အား ရင္ေသြးပါ အႏၲရာယ္ ျဖစ္ေစႏိုင္ျခင္း။ အခ်ိဳ႕ေသာ ကေလးမ်ားတြင္ ေမြးရာပါ ေရာဂါမ်ားျဖစ္ေပၚေစျခင္း။ (Down Syndrome ဟုေခၚေသာ ဦးေႏွာက္ဖြံ႕ၿဖိဳး မႈ ေနာက္က်ျခင္း၊ ေက်ာ႐ိုးမႀကီး ေကာင္းစြာ မျဖစ္ေပၚျခင္းႏွင့္ အျခားေသာ ေမြးရာပါ ေရာဂါမ်ားျဖစ္ျခင္း) ၊မိခင္တြင္ Thalassaemia ဟုေခၚေသာ ေသြးအားနည္းေရာဂါ ရွိပါက ကေလးတြင္ပါ ထိုေသြးအားနည္း ေရာဂါ မ်ိဳး႐ိုးလိုက္တတ္ျခင္း။

စပ္ေဆးမ်ားေသာက္သုံးၿပီး ကိုယ္ဝန္ေဆာင္တြင္ မေသာက္သုံးရေသာ ကိုယ္ဝန္ထိခိုက္ေစေသာ ေဆးမ်ားအား ေသာက္သုံးသျဖင့္ ကိုယ္ဝန္ထိခိုက္ျခင္း။ေသြးခ်ိဳ ဆီးခ်ိဳမရွိေသာ က်န္းမာသန္စြမ္းေသာ မိခင္သည္ ကိုယ္ဝန္ေဆာင္စဥ္ အတြင္း ေသြးခ်ိဳဆီးခ်ိဳျဖစ္ၿပီး ကေလးႀကီးထြားမႈႏႈန္း ပုံမွန္ မျဖစ္ျခင္း၊ ကေလးအား ထိခိုက္ေစျခင္း။ကိုယ္ဝန္ဆိပ္တက္ျခင္း ၊ ကိုယ္ဝန္ဖြံ႕ၿဖိဳးမႈ ေႏွးျခင္း (Intrauterine Fetal Growth Restriction) အား ႀကိဳတင္မသိပါက ကေလး ေပါင္မျပည့္ျခင္း၊ ေမြးသည့္အခါတြင္ ျပာႏွမ္းျခင္း၊ အသက္မရွဴျခင္း စေသာ ဆိုးက်ိဳးမ်ား ျဖစ္ေပၚေစႏိုင္ပါသည္) ။မိခင္တြင္ အစကတည္းက ေရာဂါ အခံတစ္ခုခုရွိျခင္း (ဥပမာ ႏွလုံးေရာဂါ၊ ဆီးခ်ိဳေသြးခ်ိဳေရာဂါ၊ လည္ပင္းႀကီးေရာဂါ )

ကေလးေရႁမႊာနည္းေနျခင္း၊ အခ်င္းေနရာမမွန္ျခင္း ၊ ေမြးရာပါ ကိုယ္အဂၤါ အစိတ္အပိုင္းမ်ား ခ်ိဳ႕တဲ့ျခင္းႏွင့္ အျခားေသာ ေမြးရာပါ ေရာဂါမ်ားျဖစ္ျခင္း။ ကေလးႏွလုံးခုန္ေႏွးျခင္း၊ ပုံစံမမွန္ျခင္း (သားဖြားမီးယပ္အထူးကု ဆရာမ မွ စမ္းသပ္လိုက္ေသာ အခါတြင္ ကေလး ႏွလုံးခုန္ျခင္း သည္ ပုံမွန္ မဟုတ္ပါက ကေလးသည္ တစ္ခုခုျဖစ္ေနေၾကာင္း ေစာလ်င္စြာ သိရွိမည္ျဖစ္ၿပီး ကုသမႈ ခံယူရမည္ျဖစ္ပါသည္။ကိုယ္ဝန္လမေစ့ပဲ ေစာေမြးျခင္း။ကိုယ္ဝန္ လေစ့ေသာ္လည္း မေမြးေသးပဲ ေနာက္က်မွေမြးျခင္း။ ထိုကဲ့သို႔ ေနာက္က်မွ ေမြးပါက ကေလးတြင္ ေအာက္ဆီဂ်င္ေကာင္းစြာမရေတာ့ပဲ ေမြးဖြားသည့္ အခါ အသက္မရွဴျခင္း၊ ကိုယ္ဝန္ေဆာင္မိခင္မ်ား ကိုယ္ဝန္ေၾကာင့္ျဖစ္ေပၚေစတတ္ေသာ ဝမ္းခ်ဳပ္ျခင္း၊ အလြန္အမင္းအန္ျခင္း စေသာ ေရာဂါေဝဒနာမ်ားအား ကုသမႈ မခံယူျခင္းေၾကာင့္ အျခားေသာ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား ျဖစ္ေပၚျခင္း။ (ဥပမာ – လိပ္ေခါင္းျဖစ္ျခင္း)။သားအိမ္အတြင္း အလုံးရွိျခင္း၊ သားဥအိမ္တြင္ အေရအိတ္ျဖစ္ေနျခင္း အား မသိေသာေၾကာင့္ ကိုယ္ဝန္ေဆာင္သည့္အခါတြင္ ကေလးႀကီးထြားမႈ အား အေႏွာက္အယွက္ျဖစ္ျခင္း။သားအိမ္အတြင္း သေႏၶတည္ရမည့္အစား သားဥႁပြန္ထဲတြင္ သားေႏၶတည္ၿပီး ကိုယ္ဝန္လအနည္းငယ္အတြင္း သားဥႁပြန္ေပါက္ထြက္ၿပီး မိခင္ေရာ ကေလးပါ အသက္ဆုံးရွဴံးႏိုင္ျခင္း။ကိုယ္ဝန္ေဆာင္ေနစဥ္တြင္ ေသြးခဲေစတတ္ေသာ ဓာတ္ပစၥည္းမ်ား အလုပ္လုပ္ေဆာင္မႈ ပိုအားေကာင္းသျဖင့္ ေသြးခဲမႈမ်ားတတ္ပါသည္။ အထိုင္မ်ားေသာ မိခင္မ်ားတြင္ ေျခေထာက္၊ ေျခသလုံးေသြးေၾကာတြင္ ေသြးခဲျဖစ္တတ္ပါသည္။ ထိုေသြးခဲသည္ ျပဳတ္ထြက္ပါက အဆုတ္ေသြးေၾကာတြင္ သြားပိတ္တတ္ၿပီး အသက္အႏၲရာယ္ ျဖစ္တတ္သည္ အထိ ျဖစ္ေပၚတတ္ပါသည္။

အရက္ေသာက္ျခင္း၊ ေဆးလိပ္ေငြ႕ရွဴျခင္း (အိမ္တြင္ ေဆးလိပ္ေသာက္ေသာ အမ်ိဳးသားရွိပါက) သည္ ကေလးဖြံ႕ၿဖိဳးမႈအား ေနာက္က်ေစသည့္အျပင္ ကေလးအား ထိခိုက္ေစတတ္ပါသည္။ကေလးေမြးခါနီးတြင္ ကေလးေနရာအေနအထားမမွန္ျခင္း။ ကေလးသည္ ေခါင္းျဖင့္ ဆင္းရမည္ျဖစ္ၿပီး အခ်ိဳ႕ေသာ ကေလးမ်ားတြင္ တင္ပါးျဖင့္ ဆင္းလာသျဖင့္ ထို ကေလးအေနအထားမမွန္ျခင္းမ်ား ႀကိဳတင္သိရွိမွသာ ေမြးဖြားစဥ္ အခက္အခဲမျဖစ္ေအာင္ ႀကိဳတင္ျပင္ဆင္၍ ရမည္ျဖစ္ပါသည္။ကိုယ္ဝန္ ၂၄ ပတ္မွ ေမြးဖြားခ်ိန္ မတိုင္မီ အထိ ေသြးဆင္းတတ္ျခင္း။ ထိုကဲ့သို႔ ေသြးဆင္းေစေသာ အျဖစ္မ်ားေသာ အေရးႀကီးေသာ အေၾကာင္းအရင္းမွာ အခ်င္းကြာျခင္းျဖစ္ပါသည္။

ကိုယ္ဝန္ေဆာင္ျခင္းေၾကာင့္ တခ်ိဳ႕ေသာ ကိုယ္ဝန္ေဆာင္မိခင္တြင္ အျခားေသာ ေရာဂါမ်ားျဖစ္ေပၚျခင္း။ တက္ျခင္း၊ ေခါင္းတျခမ္းကိုက္ျခင္း၊ ရင္ၾကပ္ေရာဂါ ရွိကပိုဆိုးလာျခင္း၊ အဆုတ္ေရာင္ျခင္း၊ ေသြးတိုးျခင္း၊ ေသြးအားနည္းျခင္းေၾကာင့္ ႏွလုံးေရာဂါျဖစ္ျခင္း၊ အျခားေသာ နဂိုျဖစ္ေနေသာ ႏွလုံးေရာဂါမ်ားရွိက ပိုဆိုးလာျခင္း၊ ဆီးခ်ိဳေသြးခ်ိဳ ရွိပါက ေသြးခ်ိဳမထိန္းႏိုင္ပါက ကိုယ္ဝန္ေဆာင္မိခင္ႏွင့္ ကေလးအား ထိခိုက္ေစျခင္း၊ လည္ပင္းႀကီးေရာဂါရွိပါက ပိုဆိုးေစျခင္း အစရွိေသာ သည္တို႔ ျဖစ္ပြားတတ္ပါသည္။

အထက္တြင္ေဖာ္ျပထားေသာ ျဖစ္တတ္ေသာ ေရာဂါမ်ားသည္ အျဖစ္မ်ားေသာ ေရာဂါမ်ားျဖစ္ၿပီး ကိုယ္ဝန္အပ္စဥ္တြင္ ေစာလ်င္စြာ သိရွိၿပီး ႀကိဳတင္ကုသမႈ ခံယူမွသာ မိမိရင္ေသြးေလးအား က်န္းမာသန္စြမ္းစြာ ေမြးဖြားႏိုင္မည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္တိုင္း ေစာလ်င္စြာ ကိုယ္ဝန္အပ္ၿပီး ႀကိဳတင္ျပင္ဆင္ကာ က်န္းမာသန္စြမ္းေသာ ရင္ေသြးေလးမ်ား ေမြးဖြားႏိုင္ၾကပါေစေၾကာင္း
Dr Lynn

(Unicode)

ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်ပေါ်တတ်သောရောဂါများ
ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ဖြစ်ပေါ်သော ကျန်းမာရေးပြဿနာများအား ကူညီ အဖြေရှာ ဖြေရှင်းရန် ဖြစ်ပါသည်။ကိုယ်ဝန်ကြောင့် သွေးအားနည်းခြင်း။ ထိုသွေးအားနည်းခြင်းကြောင့် နှလုံးခုန်မြန်ခြင်း၊ ပိုဆိုးလျှင် နှလုံးထိခိုက်စေခြင်း။ကလေးနှင့် သွေးဓာတ်မတည့်ခြင်းကြောင့် ကလေးသေဆုံးခြင်း။ (သွေးအမျိုးအစားတွင် ABO သွေးအုပ်စုသာမက Rhဟုခေါ်သော အမျိုးအစားတစ်ခု ထပ်မံရှိကြောင်း။ Rh သည် များသော အားဖြင့် လူများတွင် Positive ဖြစ်ပြီး negative သွေးအမျိုးအစား လည်း ရှိပါသည်။ အရေးကြီးသည်မှာ မိခင်သည် ထို Rh Negative အမျိုးအစားဖြစ်ပါက ဒုတိယ ကိုယ်ဝန်ဆောင်သည့်အခါတွင် အမေ နှင့် ရင်သွေး သွေးဓာတ်မတည့်မှု ဖြစ်ပေါ်ပြီး ရင်သွေးပျက်ကျတတ်ပါသည်။ ထိုကဲ့သို့ မဖြစ်အောင် ပထမ ကိုယ်ဝန်ကတည်းက သွေးဓာတ်မတည့်ခြင်းဖြစ်အောင် သားဖွားမီးယပ် အထူးကု ဆရာဝန်မှ ကုသမှု ပေးမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ကိုယ်ဝန် အပ်ခြင်းနောက်ကျခြင်းများ ဖြစ်ပေါ်ပါက နောက်ကိုယ်ဝန်များတွင် ပျက်ကျ ရန် အလားအလာ အလွန်များသည်ဖြစ်ပါသည်။

မိခင်တွင် အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ HIV နှင့် ကာလသားရောဂါ ဖြစ်ပေါ်နေပါက ကလေးအား ကူးစက်ခြင်းမရှိစေရန် အတွက် သားဖွားမီးယပ်ဆရာမ ၏ ကုသမှု ကာကွယ်မှုအား ကြိုတင် ခံယူသင့်ပါသည်။ကိုယ်ဝန်ဆောင်စဉ် အတွင်း ဆီးလမ်းကြောင်းထဲ ပိုးဝင်ပြီး စောစီးစွာ မသိရှိပါက မိခင်၏ ကျောက်ကပ်တွင် ပြည်တည်ပြီး ကျောက်ကပ် ပျက်စီးကာ မိခင်အား ရင်သွေးပါ အန္တရာယ် ဖြစ်စေနိုင်ခြင်း။ အချို့သော ကလေးများတွင် မွေးရာပါ ရောဂါများဖြစ်ပေါ်စေခြင်း။ (Down Syndrome ဟုခေါ်သော ဦးနှောက်ဖွံ့ဖြိုး မှု နောက်ကျခြင်း၊ ကျောရိုးမကြီး ကောင်းစွာ မဖြစ်ပေါ်ခြင်းနှင့် အခြားသော မွေးရာပါ ရောဂါများဖြစ်ခြင်း) ၊မိခင်တွင် Thalassaemia ဟုခေါ်သော သွေးအားနည်းရောဂါ ရှိပါက ကလေးတွင်ပါ ထိုသွေးအားနည်း ရောဂါ မျိုးရိုးလိုက်တတ်ခြင်း။

စပ်ဆေးများသောက်သုံးပြီး ကိုယ်ဝန်ဆောင်တွင် မသောက်သုံးရသော ကိုယ်ဝန်ထိခိုက်စေသော ဆေးများအား သောက်သုံးသဖြင့် ကိုယ်ဝန်ထိခိုက်ခြင်း။သွေးချို ဆီးချိုမရှိသော ကျန်းမာသန်စွမ်းသော မိခင်သည် ကိုယ်ဝန်ဆောင်စဉ် အတွင်း သွေးချိုဆီးချိုဖြစ်ပြီး ကလေးကြီးထွားမှုနှုန်း ပုံမှန် မဖြစ်ခြင်း၊ ကလေးအား ထိခိုက်စေခြင်း။ကိုယ်ဝန်ဆိပ်တက်ခြင်း ၊ ကိုယ်ဝန်ဖွံ့ဖြိုးမှု နှေးခြင်း (Intrauterine Fetal Growth Restriction) အား ကြိုတင်မသိပါက ကလေး ပေါင်မပြည့်ခြင်း၊ မွေးသည့်အခါတွင် ပြာနှမ်းခြင်း၊ အသက်မရှူခြင်း စသော ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်) ။မိခင်တွင် အစကတည်းက ရောဂါ အခံတစ်ခုခုရှိခြင်း (ဥပမာ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ လည်ပင်းကြီးရောဂါ )

ကလေးရေမြွှာနည်းနေခြင်း၊ အချင်းနေရာမမှန်ခြင်း ၊ မွေးရာပါ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ချို့တဲ့ခြင်းနှင့် အခြားသော မွေးရာပါ ရောဂါများဖြစ်ခြင်း။ ကလေးနှလုံးခုန်နှေးခြင်း၊ ပုံစံမမှန်ခြင်း (သားဖွားမီးယပ်အထူးကု ဆရာမ မှ စမ်းသပ်လိုက်သော အခါတွင် ကလေး နှလုံးခုန်ခြင်း သည် ပုံမှန် မဟုတ်ပါက ကလေးသည် တစ်ခုခုဖြစ်နေကြောင်း စောလျင်စွာ သိရှိမည်ဖြစ်ပြီး ကုသမှု ခံယူရမည်ဖြစ်ပါသည်။ကိုယ်ဝန်လမစေ့ပဲ စောမွေးခြင်း။ကိုယ်ဝန် လစေ့သော်လည်း မမွေးသေးပဲ နောက်ကျမှမွေးခြင်း။ ထိုကဲ့သို့ နောက်ကျမှ မွေးပါက ကလေးတွင် အောက်ဆီဂျင်ကောင်းစွာမရတော့ပဲ မွေးဖွားသည့် အခါ အသက်မရှူခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ကြောင့်ဖြစ်ပေါ်စေတတ်သော ဝမ်းချုပ်ခြင်း၊ အလွန်အမင်းအန်ခြင်း စသော ရောဂါဝေဒနာများအား ကုသမှု မခံယူခြင်းကြောင့် အခြားသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်ခြင်း။ (ဥပမာ – လိပ်ခေါင်းဖြစ်ခြင်း)။သားအိမ်အတွင်း အလုံးရှိခြင်း၊ သားဥအိမ်တွင် အရေအိတ်ဖြစ်နေခြင်း အား မသိသောကြောင့် ကိုယ်ဝန်ဆောင်သည့်အခါတွင် ကလေးကြီးထွားမှု အား အနှောက်အယှက်ဖြစ်ခြင်း။သားအိမ်အတွင်း သန္ဓေတည်ရမည့်အစား သားဥပြွန်ထဲတွင် သားန္ဓေတည်ပြီး ကိုယ်ဝန်လအနည်းငယ်အတွင်း သားဥပြွန်ပေါက်ထွက်ပြီး မိခင်ရော ကလေးပါ အသက်ဆုံးရှူံးနိုင်ခြင်း။ကိုယ်ဝန်ဆောင်နေစဉ်တွင် သွေးခဲစေတတ်သော ဓာတ်ပစ္စည်းများ အလုပ်လုပ်ဆောင်မှု ပိုအားကောင်းသဖြင့် သွေးခဲမှုများတတ်ပါသည်။ အထိုင်များသော မိခင်များတွင် ခြေထောက်၊ ခြေသလုံးသွေးကြောတွင် သွေးခဲဖြစ်တတ်ပါသည်။ ထိုသွေးခဲသည် ပြုတ်ထွက်ပါက အဆုတ်သွေးကြောတွင် သွားပိတ်တတ်ပြီး အသက်အန္တရာယ် ဖြစ်တတ်သည် အထိ ဖြစ်ပေါ်တတ်ပါသည်။

အရက်သောက်ခြင်း၊ ဆေးလိပ်ငွေ့ရှူခြင်း (အိမ်တွင် ဆေးလိပ်သောက်သော အမျိုးသားရှိပါက) သည် ကလေးဖွံ့ဖြိုးမှုအား နောက်ကျစေသည့်အပြင် ကလေးအား ထိခိုက်စေတတ်ပါသည်။ကလေးမွေးခါနီးတွင် ကလေးနေရာအနေအထားမမှန်ခြင်း။ ကလေးသည် ခေါင်းဖြင့် ဆင်းရမည်ဖြစ်ပြီး အချို့သော ကလေးများတွင် တင်ပါးဖြင့် ဆင်းလာသဖြင့် ထို ကလေးအနေအထားမမှန်ခြင်းများ ကြိုတင်သိရှိမှသာ မွေးဖွားစဉ် အခက်အခဲမဖြစ်အောင် ကြိုတင်ပြင်ဆင်၍ ရမည်ဖြစ်ပါသည်။ကိုယ်ဝန် ၂၄ ပတ်မှ မွေးဖွားချိန် မတိုင်မီ အထိ သွေးဆင်းတတ်ခြင်း။ ထိုကဲ့သို့ သွေးဆင်းစေသော အဖြစ်များသော အရေးကြီးသော အကြောင်းအရင်းမှာ အချင်းကွာခြင်းဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်ခြင်းကြောင့် တချို့သော ကိုယ်ဝန်ဆောင်မိခင်တွင် အခြားသော ရောဂါများဖြစ်ပေါ်ခြင်း။ တက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း၊ ရင်ကြပ်ရောဂါ ရှိကပိုဆိုးလာခြင်း၊ အဆုတ်ရောင်ခြင်း၊ သွေးတိုးခြင်း၊ သွေးအားနည်းခြင်းကြောင့် နှလုံးရောဂါဖြစ်ခြင်း၊ အခြားသော နဂိုဖြစ်နေသော နှလုံးရောဂါများရှိက ပိုဆိုးလာခြင်း၊ ဆီးချိုသွေးချို ရှိပါက သွေးချိုမထိန်းနိုင်ပါက ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအား ထိခိုက်စေခြင်း၊ လည်ပင်းကြီးရောဂါရှိပါက ပိုဆိုးစေခြင်း အစရှိသော သည်တို့ ဖြစ်ပွားတတ်ပါသည်။

အထက်တွင်ဖော်ပြထားသော ဖြစ်တတ်သော ရောဂါများသည် အဖြစ်များသော ရောဂါများဖြစ်ပြီး ကိုယ်ဝန်အပ်စဉ်တွင် စောလျင်စွာ သိရှိပြီး ကြိုတင်ကုသမှု ခံယူမှသာ မိမိရင်သွေးလေးအား ကျန်းမာသန်စွမ်းစွာ မွေးဖွားနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တိုင်း စောလျင်စွာ ကိုယ်ဝန်အပ်ပြီး ကြိုတင်ပြင်ဆင်ကာ ကျန်းမာသန်စွမ်းသော ရင်သွေးလေးများ မွေးဖွားနိုင်ကြပါစေကြောင်း
Dr Lynn

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image