ရင်သားကင်ဆာဖြစ်နိုင်ချေများစေတဲ့ အချက် ၁၀ ချက်

ရင္သားကင္ဆာျဖစ္နိုုင္ေခ်မ်ားေစတဲ့ အခ်က္ ၁၀ ခ်က္

ရင္သားကင္ဆာဟာ ရင္သားရဲ႕နို႔ရည္အိတ္ နဲ႔ နို႔ရည္ျပန္ေခ်ာင္းေလးေတြမွာရွိတဲ႔ ဆဲလ္ေတြမူမမွန္အထိန္းအကြပ္မဲ႔ပြားမ်ားလာျခင္းေၾကာင္႔ျဖစ္ပါတယ္။ရင္သားကင္ဆာဟာ ကြ်န္ေတာ္တို႔ျမန္မာအမ်ိဳးသမီးေတြမွာ သားအိမ္ေခါင္းကင္ဆာ ျပီးရင္ ဒုတိယအျဖစ္မ်ားဆံုးေသာ ကင္ဆာအမ်ိဳးအစားျဖစ္ပါတယ္။ဒါေၾကာင္႔ ဒီတပတ္မွာ ရင္သားကင္ဆာျဖစ္ေစရန္တြန္းအားေပးတဲ႔အခ်က္၁၀ခ်က္ကိုုေရးသားတင္ျပပါမယ္။

၁။အသက္အရြယ္ၾကီးျခင္း

အသက္အရြယ္ၾကီးလာတာနဲ႔အမွ် ရင္သားကင္ဆာျဖစ္ပြားနိုင္ေျခဟာတျဖည္းျဖည္းမ်ားလာပါတယ္။အမ်ားအားျဖင္႔ အသက္၇၀ နဲ႔၈၀ ၾကားမွာ ရင္သားကင္ဆာျဖစ္နိုင္ေျခဟာအမ်ားဆံုးျဖစ္ျပီး အသက္၂၅နွစ္မတိုင္ခင္ျဖစ္တာေတာ႔ အလြန္ရွားပါတယ္။

၂။အပ်ိဳေဖာ္၀င္ခ်ိန္ေစာျခင္း

အပ်ိဳေဖာ္၀င္ခ်ိန္ေစာေလ ရင္သားကင္ဆာျဖစ္နိုင္ေျခမ်ားေလပါ။အသက္၁၁နွစ္မွာ အပ်ိဳေဖာ္၀င္တဲ႔အမ်ိဳးသမီးေတြဟာ အသက္၁၄နွစ္မွာအပ်ိဳေဖာ္၀င္တဲ႔အမ်ိဳးသမီးေတြနဲ႔စာရင္ ရင္သားကင္ဆာျဖစ္နိုင္ေျခ ၂၀ရာခိုင္နႈန္းပိုမ်ားပါတယ္။

၃။ပထမဆံုးကေလးေမြးခိ်န္မွာရွိတဲ႔မိမိအသက္ဟာ၃၅နွစ္ေက်ာ္ျခင္း

အသက္၃၅နွစ္ေက်ာ္မွ ပထမဆံုးကေလးေမြးတဲ႔သူေတြဟာ အသက္နွစ္ဆယ္မတိုင္ခင္ ပထမဆံုးကေလးေမြးတဲ႔သူေတြထက္စာရင္ ရင္သားကင္ဆာျဖစ္နိုင္ေျခပိုမ်ားပါတယ္။

၄။မ်ိဳးရိုးရာဇ၀င္ရွိျခင္း

မိမိရဲ႕အေမ၊အေဒၚ၊အမ၊ညီမ တေယာက္ေယာက္မွာ ရင္သားကင္ဆာျဖစ္ဖူးရင္ မိမိမွာရင္သားကင္ဆာျဖစ္နိုင္ေျခဟာ တျခားမိ်ဳးရိုးရာဇ၀င္မရွိသူေတြထက္စာရင္ ပိုမ်ားပါတယ္။

၅။ကေလးအားမိမိနို႔မတိုက္ျခင္း

ကေလးေမြးေသာ္လည္း ကေလးကို မိခင္နို႔မတိုက္တဲ႔ အမ်ိဳးသမီးေတြမွာဆိုရင္ ရင္သားကင္ဆာျဖစ္ပြားနိုင္ေျခဟာ မိခင္နို႔တိုက္တဲ႔အမ်ိဳးသမီးေတြနဲ႔ယွဥ္ရင္ သိသာစြာျမင္႔တက္ေနတတ္ပါတယ္။

 

၆။အီစတိုဂ်င္ေဟာ္မုန္းေဆးေတြေသာက္ျခင္း

ေသြးဆံုးတဲ႔ခ်ိန္မွာျဖစ္တဲ႔ေ၀ဒနာေတြကိုသက္သာေစရန္ အီစတိုဂ်င္ေဟာ္မုန္းပါေဆးမ်ားေသာက္ေနတဲ႔အမ်ိဳးသမီးေတြမွာဆိုရင္ ရင္သားကင္ဆာျဖစ္ပြားနိုင္ေျခဟာပိုမ်ားပါတယ္။

၇။ရင္သားသိပ္သည္းဆမ်ားျခင္း(ရင္သားၾကီးျခင္းကိုမဆိုလိုပါ)

ရင္သားသိပ္သည္းဆမ်ားတဲ႔အမ်ိဳးသမီးေတြဟာ ရင္သားသိပ္သည္းဆနည္းတဲ႔အမ်ိဳးသမီးေတြထက္ ရင္သားကင္ဆာျဖစ္နိုင္ေျခ တအားပိုမ်ားပါတယ္။ရင္သားသိပ္သည္းဆမ်ားမမ်ားက ရင္သားဓါတ္မွန္(Mammogram)ရိုက္ၾကည္႔မွသိမွာပါ။

၈။ဓါတ္ေရာင္ျခည္ထိေတြ႔မႈမ်ားျခင္း

ေရာဂါတခုခုေၾကာင္႔ဓါတ္ကင္ရတာ၊သဘာ၀ေဘးအႏၱရာယ္ေၾကာင္႔နူကလီးယားဓါတ္ေရာင္ျခည္ယိုစိမ္႔မႈနဲ႔ၾကံဳခဲ႔ရတာ စတဲ႔ အေၾကာင္းေၾကာင္းေၾကာင္႔ ဓါတ္ေရာင္ျခည္ထိေတြ႔မႈမ်ားရွိခဲ႔တဲ႔အမ်ိဳးသမီးေတြမွာဆိုရင္ ရင္သားကင္ဆာျဖစ္ပြားနိုင္ေျခဟာ တျခားအမ်ိဳးသမီးေတြထက္စာရင္ပိုမ်ားေနပါတယ္။

၉။အရက္ေသာက္ျခင္း၊ေဆးလိပ္ေသာက္ျခင္း

အယ္လ္ကိုေဟာဓါတ္နဲ႔နီကိုတင္းဓါတ္ ဟာ ရင္သားကင္ဆာျဖစ္ပြားနိုင္ေျခကိုသိသိသာသာ မ်ားေစတဲ႔အတြက္ အရက္၊ေဆးလိပ္ေသာက္တဲ႔အမ်ိဳးသမီးေတြမွာ ဆိုရင္ ရင္သားကင္ဆာျဖစ္နိုင္ေျခဟာ သိသိသာသာျမင္႔တက္ေနနိုင္ပါတယ္။

၁၀။ကိုယ္လက္လႈပ္ရွားမႈနည္းျပီး အ၀လြန္ျခင္း

ကိုယ္လက္လႈပ္ရွားမႈနည္းျပီး အ၀လြန္တဲ႔အခါ ခႏၶာကို္ယ္မွာအဆီေတြစုလာျပီး အီစတိုဂ်င္ေဟာ္မုန္းေတြမ်ားလာတတ္ပါတယ္။အဲ႔အခါမွာ ရင္သားကင္ဆာျဖစ္နိုင္ေျခဟာ သာမန္ကို္ယ္အေလးခ်ိန္ရွိသူေတြထက္စာရင္ မ်ားလာနိုင္ပါတယ္။

ဒါေတြကေတာ႔ ရင္သားကင္ဆာျဖစ္ေစဖို႔ရန္ တြန္းအားေပးတဲ႔အခ်က္၁၀ခ်က္ျဖစ္ပါတယ္။ တခ်ိဳ႕အခ်က္ေတြကက် ျပဳျပင္လို႔ရေပမယ္႔ တခ်ိဳ႕အခ်က္ေတြကက် ျပင္လို႔မရပါ။ျပင္လို႔ရတဲ႔အခ်က္ေတြကို ျပင္ျခင္းျဖင္႔ရင္သားကင္ဆာျဖစ္ပြားနိုင္ေျခေလ်ာ႔နည္းေအာင္ ေနထိုင္ပါလို႔အၾကံျပဳခ်င္ပါတယ္။(ဥပမာေဆးလိပ္အရက္ျဖတ္တာ၊ကိုယ္အေလးခ်ိန္ကိုရွိသင္႔တဲ႔ပမာဏအတြင္းမွာထိန္းတာ၊ကိုယ္လက္လႈပ္ရွားမႈပံုမွန္လုပ္တာေတြပါ)

Dr 528

Unicode Version

ရင်သားကင်ဆာဖြစ်နိုင်ချေများစေတဲ့ အချက် ၁၀ ချက်

ရင်သားကင်ဆာဟာ ရင်သားရဲ့နို့ရည်အိတ် နဲ့ နို့ရည်ပြန်ချောင်းလေးတွေမှာရှိတဲ့ ဆဲလ်တွေမူမမှန်အထိန်းအကွပ်မဲ့ပွားများလာခြင်းကြောင့်ဖြစ်ပါတယ်။ရင်သားကင်ဆာဟာ ကျွန်တော်တို့မြန်မာအမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ပြီးရင် ဒုတိယအဖြစ်များဆုံးသော ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ဒါကြောင့် ဒီတပတ်မှာ ရင်သားကင်ဆာဖြစ်စေရန်တွန်းအားပေးတဲ့အချက်၁၀ချက်ကိုရေးသားတင်ပြပါမယ်။

၁။အသက်အရွယ်ကြီးခြင်း

အသက်အရွယ်ကြီးလာတာနဲ့အမျှ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေဟာတဖြည်းဖြည်းများလာပါတယ်။အများအားဖြင့် အသက်၇၀ နဲ့၈၀ ကြားမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေဟာအများဆုံးဖြစ်ပြီး အသက်၂၅နှစ်မတိုင်ခင်ဖြစ်တာတော့ အလွန်ရှားပါတယ်။

၂။အပျိုဖော်ဝင်ချိန်စောခြင်း

အပျိုဖော်ဝင်ချိန်စောလေ ရင်သားကင်ဆာဖြစ်နိုင်ခြေများလေပါ။အသက်၁၁နှစ်မှာ အပျိုဖော်ဝင်တဲ့အမျိုးသမီးတွေဟာ အသက်၁၄နှစ်မှာအပျိုဖော်ဝင်တဲ့အမျိုးသမီးတွေနဲ့စာရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၀ရာခိုင်နှုန်းပိုများပါတယ်။

၃။ပထမဆုံးကလေးမွေးချိန်မှာရှိတဲ့မိမိအသက်ဟာ၃၅နှစ်ကျော်ခြင်း

အသက်၃၅နှစ်ကျော်မှ ပထမဆုံးကလေးမွေးတဲ့သူတွေဟာ အသက်နှစ်ဆယ်မတိုင်ခင် ပထမဆုံးကလေးမွေးတဲ့သူတွေထက်စာရင် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။

၄။မျိုးရိုးရာဇဝင်ရှိခြင်း

မိမိရဲ့အမေ၊အဒေါ်၊အမ၊ညီမ တယောက်ယောက်မှာ ရင်သားကင်ဆာဖြစ်ဖူးရင် မိမိမှာရင်သားကင်ဆာဖြစ်နိုင်ခြေဟာ တခြားမျိုးရိုးရာဇဝင်မရှိသူတွေထက်စာရင် ပိုများပါတယ်။

၅။ကလေးအားမိမိနို့မတိုက်ခြင်း

ကလေးမွေးသော်လည်း ကလေးကို မိခင်နို့မတိုက်တဲ့ အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေဟာ မိခင်နို့တိုက်တဲ့အမျိုးသမီးတွေနဲ့ယှဉ်ရင် သိသာစွာမြင့်တက်နေတတ်ပါတယ်။

၆။အီစတိုဂျင်ဟော်မုန်းဆေးတွေသောက်ခြင်း

သွေးဆုံးတဲ့ချိန်မှာဖြစ်တဲ့ဝေဒနာတွေကိုသက်သာစေရန် အီစတိုဂျင်ဟော်မုန်းပါဆေးများသောက်နေတဲ့အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေဟာပိုများပါတယ်။

၇။ရင်သားသိပ်သည်းဆများခြင်း(ရင်သားကြီးခြင်းကိုမဆိုလိုပါ)

ရင်သားသိပ်သည်းဆများတဲ့အမျိုးသမီးတွေဟာ ရင်သားသိပ်သည်းဆနည်းတဲ့အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ တအားပိုများပါတယ်။ရင်သားသိပ်သည်းဆများမများက ရင်သားဓါတ်မှန်(Mammogram)ရိုက်ကြည့်မှသိမှာပါ။

၈။ဓါတ်ရောင်ခြည်ထိတွေ့မှုများခြင်း

ရောဂါတခုခုကြောင့်ဓါတ်ကင်ရတာ၊သဘာဝဘေးအန္တရာယ်ကြောင့်နူကလီးယားဓါတ်ရောင်ခြည်ယိုစိမ့်မှုနဲ့ကြုံခဲ့ရတာ စတဲ့ အကြောင်းကြောင်းကြောင့် ဓါတ်ရောင်ခြည်ထိတွေ့မှုများရှိခဲ့တဲ့အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေဟာ တခြားအမျိုးသမီးတွေထက်စာရင်ပိုများနေပါတယ်။

၉။အရက်သောက်ခြင်း၊ဆေးလိပ်သောက်ခြင်း

အယ်လ်ကိုဟောဓါတ်နဲ့နီကိုတင်းဓါတ် ဟာ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကိုသိသိသာသာ များစေတဲ့အတွက် အရက်၊ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေဟာ သိသိသာသာမြင့်တက်နေနိုင်ပါတယ်။

၁၀။ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အဝလွန်ခြင်း

ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အဝလွန်တဲ့အခါ ခန္ဓာကိုယ်မှာအဆီတွေစုလာပြီး အီစတိုဂျင်ဟော်မုန်းတွေများလာတတ်ပါတယ်။အဲ့အခါမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေဟာ သာမန်ကိုယ်အလေးချိန်ရှိသူတွေထက်စာရင် များလာနိုင်ပါတယ်။

ဒါတွေကတော့ ရင်သားကင်ဆာဖြစ်စေဖို့ရန် တွန်းအားပေးတဲ့အချက်၁၀ချက်ဖြစ်ပါတယ်။ တချို့အချက်တွေကကျ ပြုပြင်လို့ရပေမယ့် တချို့အချက်တွေကကျ ပြင်လို့မရပါ။ပြင်လို့ရတဲ့အချက်တွေကို ပြင်ခြင်းဖြင့်ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေလျော့နည်းအောင် နေထိုင်ပါလို့အကြံပြုချင်ပါတယ်။(ဥပမာဆေးလိပ်အရက်ဖြတ်တာ၊ကိုယ်အလေးချိန်ကိုရှိသင့်တဲ့ပမာဏအတွင်းမှာထိန်းတာ၊ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်တာတွေပါ)

Dr 528

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image