ရာသီမလာရင် အပူအပုပ်တွေ ကိုယ်ထဲမှာကျန်နေတတ်တယ်ဆိုတာ ဟုတ်သလား         

ရာသီမလာရင္ အပူအပုုပ္ေတြ ကိုုယ္ထဲမွာက်န္ေနတတ္တယ္ဆိုုတာ ဟုုတ္သလား         

အမ်ဳိးသမီးမ်ားရာသီပံုမွန္ေသြးမဆင္းျခင္းသည္ အပူအပုပ္မ်ားျပီ ေသြးမသန့္ေသာေၾကာင့္ဟုု ေျပာေလ့ရွိပါတယ္။ရာသီမလာမီနွင့္ ရာသီလံုးဝလာျခင္းမရွိပါက အမ်ဳိးသမီးမ်ားတြင္ အသားအေရေျခာက္ေသြ႔ကာ ယားယံျခင္း၊အနီကြက္ထျခင္းစသည့္အေျခအေနျဖစ္ေလ့ရွိေသာေျကာင့္ စိုးရိမ္မူလြန္ကဲတတ္ျကပါတယ္။ေလ့လာေတြ႔ရွိမူအသစ္အရ အမ်ဳိးသမီးမ်ား အဆုတ္ရင္က်ပ္ေရာဂါနွင့္ဓာတ္မတည့္မူျပႆနာမ်ားသည္ ရာသီပံုမွန္မလာျခင္းနွင့္ ဆက္စပ္မူရွိေနနိုင္ေျကာင္းေတြ႔ရွိရပါတယ္။
ေလ့လာသူမ်ားသည္ေရွးဦးစြာ ရာသီပံုမွန္မလာျခင္းသည္ ဓာတ္မတည့္ျခင္းနွင့္ရင္ျကပ္ျခင္းကိုဆက္စပ္ေျကာင္း ေလ့လာခဲ႔ျကပါတယ္။အမ်ဳိးသမီးမ်ားရဲ႔ေဟာ္မုန္းသည္ ၄င္းတ္ူ့ရဲ႔ အသက္ရႈလမ္းေျကာင္းဆိုင္ရာျပႆနာမ်ားနွင့္ ပန္းနာရင္ျကပ္ေရာဂါနွင့္ဓာတ္မတည့္မူေရာဂါမ်ားတြင္အဓိကအေရးျကီးေသာအခ်က္အေနျဖင့္ပါဝင္ပါတယ္။

ရာသီပံုမွန္မလာျခင္းအတြက္ အႏၱရာယ္ရွိေသာအခ်က္

ေျမာက္ဥေရာပနိုင္ငံ၅နိုင္ငံရွိ အမ်ဳိူသမီး၆၀၀၀ေက်ာ္ကို ရာသီစက္ဝန္းႏွင့္ ပန္းနာရင္က်ပ္၊ဓာတ္မတည့္မူနွင့္အျခားေသာရင္က်ပ္ပန္းနာျပႆနာမ်ားအတြက္ ၁၉၉၉ မွ ၂၀၀၁ ခုနွစ္အတြင္းသုေတသနျပုခဲ႔ျကပါတယ္။အဆိုပါအမ်ဳိးသမီးမ်ားတြင္ ကိုယ္ဝန္ရွိသူ။တားနည္းသံုးသူ။ေဟာ္မုန္းသံုးသူမ်ားကို အက်ဳံးမဝင္ပါ။ေနာက္ဆံုးေတြ႔ရွိခ်က္အရ ေလ့လာခ်က္သည္ အမ်ဳိးသမီးေလးေယာက္တြင္တစ္ေယာက္သည္ ရာသီမူမမွန္ေသာအေျခအေနနွင့္ရင္ဆိုင္ေနရေျကာင္းေတြ႔ရွိရပါတယ္။ အျခားရာသီပံုမွန္မလာေစေသာအခ်က္မ်ားပါ ထည့္သြင္းစဥ္းစားျပီးေနာက္ ရာသီပံုမွန္မလာေသာသူမ်ားသည္ ရာသီပံုမွန္လာသူမ်ားထက္ ဓာတ္မတည့္ျခင္းႏွင့္ပန္းနာရင္ျကပ္ျဖစ္ျခင္းသည္သိသာထင္ရွားစြာျဖစ္ေစနိုင္ေျကာင္းေတြ႔ရွိရပါတယ္။

ဥပမာအားျဖင့္အသက္၄၃နွစ္ေအာက္ရာသီပံုမွန္မလာေသာအမ်ဳိးသမီးမ်ားတြင္

-50%ခန့္သည္ ရင္ျကပ္ပန္းနာရွိနိုင္
-30%ခန့္သည္ နွာေစး ေခ်ာင္းဆိုးဓာတ္မတည့္ျခင္းျဖစ္နိုင္ေျကာင္းေတြ႔ရွိရပါတယ္။
ပန္းနာရင္ျကပ္ကုသမူသည္ အမ်ဳိးသမီးတိုင္းအတြက္ အထူးတလည္မကြာျခားပါ။ကုသမူသည္ အတူတူပါ။ေဆးကုသမူေျကာင့္လည္း ရာသီမမွန္တာပိုမဆိုးေစပါ။အသက္၄၃နွစ္အထက္အမ်ဳိးသမီးမ်ားတြင္ ပန္းနာရင္ျကပ္စျဖစ္လ်ွင္မူမမွန္ရာသီမလာတာနဲ႔ဆက္စပ္မူမရွိပါ။ ေလ့လာေတြ႔ရွိခ်က္အရ ရာသီမူမမွန္ျခင္းေျကာင့္ျဖစ္ရုံသာမက ဓာတ္မတည့္ျခင္းနွင့္ပန္းနာရင္ျကပ္ျဖစ္ေစျခင္းသည္အျခားေသာ ေရာဂါမ်ားနွင့္လည္းျဖစ္ေစနိုင္ပါတယ္။ အသားအေရေျခာက္ေသြ႔ယားယံမူအစရွိေသာလကၡဏာမ်ားသည္ ရာသီမလာခင္ ဆယ္ရက္အလိုတြင္ျဖစ္တတ္ျပီး ရာသီလာျပီးေနာက္ တစ္ရက္ ႏွစ္ရက္တြင္ျပန္လည္ေကာင္းမြန္တတ္ပါတယ္။

ရာသီလာစဥ္ယားယံမူျဖစ္ေစေသာအေျကာင္းရင္းမ်ားမွာ
ကိုယ္ခႏၶာေဟာ္မုန္းအေျပာင္းအလဲမ်ားသည္ ကိုယ္တြင္းခုခံမူစနစ္အေပါ္သက္ေရာက္ေသာေျကာင့္ အသားအေရယားယံမူ။အနီကြက္ထျခင္းစသည့္တို့ကိုပိုဆိုးေစပါတယ္။ေဟာ္မုန္းမ်ားေျကာင့္ ကိုယ္တြင္းခုခံမူသည္ ပံုမွန္ေဟာ္မုန္းမ်ားရဲ႔လုပ္ေဆာင္မူကိုထိခိုက္ေစနိုင္ပါတယ္။ထို့ေျကာင့္ ရာသီစက္ဝန္းရဲ႔ အေျပာင္းအလဲေပါ္မ်ားစြာသက္ေရာက္ပါတယ္။အခ်ဳိ့အမ်ဳိးသမီးမ်ားသည္ ရာသီမလာခင္ ယားယံျခင္း။ဓာတ္မတည့္ျခင္းကို ခံစားရနိုင္ပါတယ္။

ကုသမူ
ပန္းနာရင္ျကပ္ကုသမူသည္ အမ်ဳိးသမီးတိုင္းအတြက္ အထူးတလည္မကြာျခားပါ။ကုသမူသည္ အတူတူပါ။ေဆးကုသမူေျကာင့္လည္း ရာသီမမွန္တာပိုမဆိုးေစပါ။ ယားယံမူအတြက္ မဆိုးရြားေသာအေျခအေနတြင္ antihistamineနွင့္ steroidပါေသာေဆးမ်ားျဖင့္သက္သာေစနိုင္ပါတယ္။မသက္သာပါက ရာသီစက္ဝန္းေျပာင္းလဲေစေသာေဟာ္မုန္းေဆးမ်ားျဖင့္ ကုသမူခံယူရပါတယ္။အလြန္ဆိုးရြားေသာအေျခအေနျဖစ္ပါက ခြဲစိတ္ကုသမူအေနျဖင့္ သားဥအိမ္ထုတ္ပစ္ျခင္းကိုျပုလုပ္ရပါတယ္။

Dr.ျပည့္ရွင္း

Unicode Version

ရာသီမလာရင် အပူအပုပ်တွေ ကိုယ်ထဲမှာကျန်နေတတ်တယ်ဆိုတာ ဟုတ်သလား

အမျိုးသမီးများရာသီပုံမှန်သွေးမဆင်းခြင်းသည် အပူအပုပ်များပြီ သွေးမသန့်သောကြောင့်ဟု ပြောလေ့ရှိပါတယ်။ရာသီမလာမီနှင့် ရာသီလုံးဝလာခြင်းမရှိပါက အမျိုးသမီးများတွင် အသားအရေခြောက်သွေ့ကာ ယားယံခြင်း၊အနီကွက်ထခြင်းစသည့်အခြေအနေဖြစ်လေ့ရှိသောကြောင့် စိုးရိမ်မူလွန်ကဲတတ်ကြပါတယ်။လေ့လာတွေ့ရှိမူအသစ်အရ အမျိုးသမီးများ အဆုတ်ရင်ကျပ်ရောဂါနှင့်ဓာတ်မတည့်မူပြဿနာများသည် ရာသီပုံမှန်မလာခြင်းနှင့် ဆက်စပ်မူရှိနေနိုင်ကြောင်းတွေ့ရှိရပါတယ်။
လေ့လာသူများသည်ရှေးဦးစွာ ရာသီပုံမှန်မလာခြင်းသည် ဓာတ်မတည့်ခြင်းနှင့်ရင်ကြပ်ခြင်းကိုဆက်စပ်ကြောင်း လေ့လာခဲ့ကြပါတယ်။အမျိုးသမီးများရဲ့ဟော်မုန်းသည် ၎င်းတ်ူ့ရဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများနှင့် ပန်းနာရင်ကြပ်ရောဂါနှင့်ဓာတ်မတည့်မူရောဂါများတွင်အဓိကအရေးကြီးသောအချက်အနေဖြင့်ပါဝင်ပါတယ်။

ရာသီပုံမှန်မလာခြင်းအတွက် အန္တရာယ်ရှိသောအချက်

မြောက်ဥရောပနိုင်ငံ၅နိုင်ငံရှိ အမျိုူသမီး၆၀၀၀ကျော်ကို ရာသီစက်ဝန်းနှင့် ပန်းနာရင်ကျပ်၊ဓာတ်မတည့်မူနှင့်အခြားသောရင်ကျပ်ပန်းနာပြဿနာများအတွက် ၁၉၉၉ မှ ၂၀၀၁ ခုနှစ်အတွင်းသုတေသနပြုခဲ့ကြပါတယ်။အဆိုပါအမျိုးသမီးများတွင် ကိုယ်ဝန်ရှိသူ။တားနည်းသုံးသူ။ဟော်မုန်းသုံးသူများကို အကျုံးမဝင်ပါ။နောက်ဆုံးတွေ့ရှိချက်အရ လေ့လာချက်သည် အမျိုးသမီးလေးယောက်တွင်တစ်ယောက်သည် ရာသီမူမမှန်သောအခြေအနေနှင့်ရင်ဆိုင်နေရကြောင်းတွေ့ရှိရပါတယ်။ အခြားရာသီပုံမှန်မလာစေသောအချက်များပါ ထည့်သွင်းစဉ်းစားပြီးနောက် ရာသီပုံမှန်မလာသောသူများသည် ရာသီပုံမှန်လာသူများထက် ဓာတ်မတည့်ခြင်းနှင့်ပန်းနာရင်ကြပ်ဖြစ်ခြင်းသည်သိသာထင်ရှားစွာဖြစ်စေနိုင်ကြောင်းတွေ့ရှိရပါတယ်။

ဥပမာအားဖြင့်အသက်၄၃နှစ်အောက်ရာသီပုံမှန်မလာသောအမျိုးသမီးများတွင်

-50%ခန့်သည် ရင်ကြပ်ပန်းနာရှိနိုင်
-30%ခန့်သည် နှာစေး ချောင်းဆိုးဓာတ်မတည့်ခြင်းဖြစ်နိုင်ကြောင်းတွေ့ရှိရပါတယ်။
ပန်းနာရင်ကြပ်ကုသမူသည် အမျိုးသမီးတိုင်းအတွက် အထူးတလည်မကွာခြားပါ။ကုသမူသည် အတူတူပါ။ဆေးကုသမူကြောင့်လည်း ရာသီမမှန်တာပိုမဆိုးစေပါ။အသက်၄၃နှစ်အထက်အမျိုးသမီးများတွင် ပန်းနာရင်ကြပ်စဖြစ်လျှင်မူမမှန်ရာသီမလာတာနဲ့ဆက်စပ်မူမရှိပါ။ လေ့လာတွေ့ရှိချက်အရ ရာသီမူမမှန်ခြင်းကြောင့်ဖြစ်ရုံသာမက ဓာတ်မတည့်ခြင်းနှင့်ပန်းနာရင်ကြပ်ဖြစ်စေခြင်းသည်အခြားသော ရောဂါများနှင့်လည်းဖြစ်စေနိုင်ပါတယ်။ အသားအရေခြောက်သွေ့ယားယံမူအစရှိသောလက္ခဏာများသည် ရာသီမလာခင် ဆယ်ရက်အလိုတွင်ဖြစ်တတ်ပြီး ရာသီလာပြီးနောက် တစ်ရက် နှစ်ရက်တွင်ပြန်လည်ကောင်းမွန်တတ်ပါတယ်။

ရာသီလာစဉ်ယားယံမူဖြစ်စေသောအကြောင်းရင်းများမှာ
ကိုယ်ခန္ဓာဟော်မုန်းအပြောင်းအလဲများသည် ကိုယ်တွင်းခုခံမူစနစ်အပေါ်သက်ရောက်သောကြောင့် အသားအရေယားယံမူ။အနီကွက်ထခြင်းစသည့်တို့ကိုပိုဆိုးစေပါတယ်။ဟော်မုန်းများကြောင့် ကိုယ်တွင်းခုခံမူသည် ပုံမှန်ဟော်မုန်းများရဲ့လုပ်ဆောင်မူကိုထိခိုက်စေနိုင်ပါတယ်။ထို့ကြောင့် ရာသီစက်ဝန်းရဲ့ အပြောင်းအလဲပေါ်များစွာသက်ရောက်ပါတယ်။အချို့အမျိုးသမီးများသည် ရာသီမလာခင် ယားယံခြင်း။ဓာတ်မတည့်ခြင်းကို ခံစားရနိုင်ပါတယ်။

ကုသမူ
ပန်းနာရင်ကြပ်ကုသမူသည် အမျိုးသမီးတိုင်းအတွက် အထူးတလည်မကွာခြားပါ။ကုသမူသည် အတူတူပါ။ဆေးကုသမူကြောင့်လည်း ရာသီမမှန်တာပိုမဆိုးစေပါ။ ယားယံမူအတွက် မဆိုးရွားသောအခြေအနေတွင် antihistamineနှင့် steroidပါသောဆေးများဖြင့်သက်သာစေနိုင်ပါတယ်။မသက်သာပါက ရာသီစက်ဝန်းပြောင်းလဲစေသောဟော်မုန်းဆေးများဖြင့် ကုသမူခံယူရပါတယ်။အလွန်ဆိုးရွားသောအခြေအနေဖြစ်ပါက ခွဲစိတ်ကုသမူအနေဖြင့် သားဥအိမ်ထုတ်ပစ်ခြင်းကိုပြုလုပ်ရပါတယ်။

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image