စပျစ်သီးသန္ဓေတည်ဖူးရင် ကင်ဆာဖြစ်နိုင်သလား

စပ်စ္သီးသေႏၶတည္ဖူးရင္ ကင္ဆာျဖစ္နိုုင္သလား

ရာသီေသြး မလာ လို႔ ဆီးစစ္ၾကည့္လိုက္ေတာ့ ကိုယ္၀န္ရွိေနျပီ။ နီလာတို႔လင္မယား ၏ အေပ်ာ္ကား  အတိုင္းမသိ။ သက္ဦးအရူးဆိုသည့္အတိုင္း ကိုယ္၀န္အေပၚတြင္  အာရံုစိုက္လွ်က္ရွိသည္။ စားသတိ သြားသတိနွင့္ကိုယ္၀န္လနုစဥ္ကတည္း က ကိုယ္၀န္အေပၚတြင္ ေစာင့္ေရွာက္ေနၾကျပီ။ မိခင္တို႔၏ ေမတၱာကား အံမခန္းေပ။ သားေလးလား သမီးေလးလား မသိခငိကတည္းက အစားအေသာက္ အေနအထိုင္ကို ဆင္ျခင္လွ်က္ရွိျပီ။ မိဘတို႔ ၏ ေမတၱာကိုကား နားလည္ သိတတ္လာျပီ။ ကိုယ္၀န္ေလးလေက်ာ္ေတာ့ ၀က္ဆီဖတ္လိုမ်ိဳးေတြ အတြင္းခံ ေဘာင္းဘီထဲတြင္ ေတြ႔ရသည္။ ဘာေတြမွန္းလည္း နီလာမသိ။ ဘယ္ကေနေရာက္လာတာမွန္းလည္းမသိ။ စအိုကက်တာလား။ ေမြးလမ္းေၾကာင္းက က်တာလားမသိ။ ကိုယ္၀န္ႏွင့္မို႔ OG ဆရာ၀န္ဆီကိုပဲ အေျပးအလြား သြားရသည္။ စိုးရိမ္စိတ္က အျပည့္။

” ၀က္ဆီဖတ္ေတြလိုမ်ိဳးဆရာမေရ။ ” နီလာ အေျပာေၾကာင့္ ဆရာ၀န္ မ်က္နွာပ်က္သြားသည္။

“ေသခ်ာေအာင္ USG ရိုက္လိုက္ပါ။ စပ်စ္သီး သေႏၶ တည္တာ ျဖစ္နိုင္ပါတယ္  ”

ဆရာ၀န္ စကားေၾကာင့္ နီလာ ၀မ္းနည္းသြားသည္။ သားဦး ကိုယ္၀န္မို႔ မိမိတို႔ လင္မယားႏွစ္ေယာက္ ဒီကိုယ္၀န္ေပၚတြင္ ေမွ်ာ္လင့္ခ်က္ေတြ ထားခဲ့ၾကသည္။ USG ရိုက္ျပီးေတာ့ အေျဖက ပိုေသခ်ာသြားသည္။ စပ်စ္သီး သေႏၶ တည္ေနျခင္းျဖစ္သည္။ ျခစ္ခ်ရမည္ဆို၍ သားအိမ္ျခစ္လိုက္ရသည္။ ေမြးခန္းထဲတြင္ နီလာတစ္ေယာက္ ၀မ္းနည္းပက္လက္ ငိုေနမိသည္။ ေမွ်ာ္လင့္ထားသလိုမ်ားျဖစ္မေန၍ ကံၾကမၼာကိုလည္း အျပစ္တင္မိသည္။  မိမိတို႔တြင္သာ ကံဆိုးေနသည္ဟု ကံကိုပင္ အျပစ္ပံုခ်မိသည္။

” သမီးက စပ်စ္သီး သေႏၶမို႔ေတာ္ေသးတာေပါ့။ တစ္ခ်ိဳ႔ဆိုရင္ choriocarcinoma ဆိုတဲ့ သားအိမ္ ကင္ဆာ တစ္မ်ိဳးျဖစ္တတ္တယ္။ သားအိမ္ေခါင္းကင္ဆာကို ေျပာတာ မဟုတ္ဘူးေနာ္။  စပ်စ္သီး သေႏၶ ျဖစ္ဖူးတဲ့သူေတြဟာ choriocarcinoma ဆိုတဲ့ ကင္ဆာ ျဖစ္တတ္တယ္။ စပ်စ္သီး သေႏၶမျဖစ္ပဲ Choriocarcinoma တန္းျဖစ္တဲ႔သူေတြလည္း ရွိတယ္။

” ဟုတ္လား”

နီလာတစ္ေယာက္ ဆရာ၀န္ေျပာျပသည္မ်ားကို ေခါင္းေလး ျငိမ့္ကာ နားေထာင္ေနမိသည္။ အမ်ိဳးသားကေတာ့ ဆရာ၀န္ကို သူသိခ်င္သည္မ်ားကို ေမးေနသည္။

” လကၡဏာေတြလည္း မျပဘူးေနာ္။ ”

”  စပ်စ္သီး သေႏၶတည္တဲ့သူေတြမွာ အလြန္အမင္း အန္တာေတြ ျဖစ္တတ္ပါတယ္။”

”  အန္ခ်င္တာေတြ ပ်ိဳ႔ခ်င္တာေတြ ေတာ့ရွိပါတယ္။ ဒါတျခားကိုယ္၀န္ေဆာင္ေတြမွာလည္း ျဖစ္တတ္တယ္ဆိုျပီး ယူဆေနလို႔ပါ။” နီလာ ျခားျဖတ္ ၀င္ေျပာလိုက္သည္။ အေစာပိုင္းေတြမွာ အန္တာေတြ ျဖစ္ပါသည္။ ဒါ လူတိုင္းျဖစ္တတ္တာပဲဟု ေပါ့ေပါ့ပင္ ေတြးမိလိုက္သည္။

”  တစ္ခ်ိဳ႔ ေသြးေပါင္တတ္ တယ္။ တစ္ခ်ိဳ႔ ဆီးထဲမွာ protein ဓာတ္ေတြ မ်ားေနတတ္ပါတယ္။ တစ္ခ်ိဳ႔ေသြးဆင္းတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ တစ္ခ်ိဳ႔လည္း နီလာလိုမ်ိဳး အခုေျပာတဲ့ လကၡဏာေတြ မျပပဲနဲ႔ ၀က္ဆီဖတ္လိုမ်ိဳးေတြပဲ ဆင္းတာမ်ိဳး ရွိတတ္ပါတယ္။   ”

” ဟုတ္ကဲ့ ပါ”

အမ်ိဴးသားကား ဆရာ၀န္ေျပာသည္မ်ားကို ဂရုတစိုက္နားေထာင္ေနသည္။

” ျပန္ျဖစ္နိုင္လား ဆရာမ ”

“သားအိမ္ျခစ္ထားတဲ့အတြက္  ေရာဂါကေတာ့ ေပ်ာက္ပါတယ္။ ျပန္ျဖစ္တတ္လားဆိုရင္ တစ္ခ်ိဳ႔ လူနည္းစုေတြ ျပန္ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေသြးထဲမွာ hCG ဆိုတဲ့ hormone နည္း သြားျပီး ေျခာက္လ ၾကာသည္အထိ ကိုယ္၀န္ ယူလို႔မရပါဘူး။ တစ္ခါ စပ်စ္သီး သေႏၶ ျဖစ္ဖူးရင္ ေနာက္တစ္ၾကိမ္ထပ္ျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္ ေနာက္တစ္ၾကိမ္ ကေလး ရွိခဲ႔ရင္ ဆရာ၀န္နဲ႔ေစာစီးစြာ ျပန္ျပရပါမယ္။ USG ကိုလည္း ေစာေစာရိုက္ရပါမယ္။  ”

” ဟုတ္ကဲ့ပါဆရာမ”

နီလာတစ္ေယာက္ ေဆးခန္းထဲမွ ထြက္လာခဲ့သည္။

အမ်ိဳးသားကား နီလာကို အားေပးသည္။ ကံေကာင္းလို႔ ကင္ဆာ မျဖစ္တာ။ စပ်စ္သီး သေႏၶေလာက္ျဖစ္တာကိုပဲ ကံေကာင္းတယ္လို႔ ေျပာရမည္ ဟု အားေပးသည္။ သို႔ေသာ္ နီလာ တစ္ေယာက္ မ်က္ရည္မ်ား က်လွ်က္သာ။ ေနာက္တစ္ၾကိမ္ ထပ္မျဖစ္ပါႏွင့္ ဟု ဆုေတာင္းလွ်က္သာ။

Dr.ေအးခ်မ္းမိုုး

Unicode Version

စပျစ်သီးသန္ဓေတည်ဖူးရင် ကင်ဆာဖြစ်နိုင်သလား

ရာသီသွေး မလာ လို့ ဆီးစစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိနေပြီ။ နီလာတို့လင်မယား ၏ အပျော်ကား  အတိုင်းမသိ။ သက်ဦးအရူးဆိုသည့်အတိုင်း ကိုယ်ဝန်အပေါ်တွင်  အာရုံစိုက်လျှက်ရှိသည်။ စားသတိ သွားသတိနှင့်ကိုယ်ဝန်လနုစဉ်ကတည်း က ကိုယ်ဝန်အပေါ်တွင် စောင့်ရှောက်နေကြပြီ။ မိခင်တို့၏ မေတ္တာကား အံမခန်းပေ။ သားလေးလား သမီးလေးလား မသိခငိကတည်းက အစားအသောက် အနေအထိုင်ကို ဆင်ခြင်လျှက်ရှိပြီ။ မိဘတို့ ၏ မေတ္တာကိုကား နားလည် သိတတ်လာပြီ။ ကိုယ်ဝန်လေးလကျော်တော့ ဝက်ဆီဖတ်လိုမျိုးတွေ အတွင်းခံ ဘောင်းဘီထဲတွင် တွေ့ရသည်။ ဘာတွေမှန်းလည်း နီလာမသိ။ ဘယ်ကနေရောက်လာတာမှန်းလည်းမသိ။ စအိုကကျတာလား။ မွေးလမ်းကြောင်းက ကျတာလားမသိ။ ကိုယ်ဝန်နှင့်မို့ OG ဆရာဝန်ဆီကိုပဲ အပြေးအလွား သွားရသည်။ စိုးရိမ်စိတ်က အပြည့်။

” ဝက်ဆီဖတ်တွေလိုမျိုးဆရာမရေ။ ” နီလာ အပြောကြောင့် ဆရာဝန် မျက်နှာပျက်သွားသည်။

“သေချာအောင် USG ရိုက်လိုက်ပါ။ စပျစ်သီး သန္ဓေ တည်တာ ဖြစ်နိုင်ပါတယ်  ”

ဆရာဝန် စကားကြောင့် နီလာ ဝမ်းနည်းသွားသည်။ သားဦး ကိုယ်ဝန်မို့ မိမိတို့ လင်မယားနှစ်ယောက် ဒီကိုယ်ဝန်ပေါ်တွင် မျှော်လင့်ချက်တွေ ထားခဲ့ကြသည်။ USG ရိုက်ပြီးတော့ အဖြေက ပိုသေချာသွားသည်။ စပျစ်သီး သန္ဓေ တည်နေခြင်းဖြစ်သည်။ ခြစ်ချရမည်ဆို၍ သားအိမ်ခြစ်လိုက်ရသည်။ မွေးခန်းထဲတွင် နီလာတစ်ယောက် ဝမ်းနည်းပက်လက် ငိုနေမိသည်။ မျှော်လင့်ထားသလိုများဖြစ်မနေ၍ ကံကြမ္မာကိုလည်း အပြစ်တင်မိသည်။  မိမိတို့တွင်သာ ကံဆိုးနေသည်ဟု ကံကိုပင် အပြစ်ပုံချမိသည်။

” သမီးက စပျစ်သီး သန္ဓေမို့တော်သေးတာပေါ့။ တစ်ချို့ဆိုရင် choriocarcinoma ဆိုတဲ့ သားအိမ် ကင်ဆာ တစ်မျိုးဖြစ်တတ်တယ်။ သားအိမ်ခေါင်းကင်ဆာကို ပြောတာ မဟုတ်ဘူးနော်။  စပျစ်သီး သန္ဓေ ဖြစ်ဖူးတဲ့သူတွေဟာ choriocarcinoma ဆိုတဲ့ ကင်ဆာ ဖြစ်တတ်တယ်။ စပျစ်သီး သန္ဓေမဖြစ်ပဲ Choriocarcinoma တန်းဖြစ်တဲ့သူတွေလည်း ရှိတယ်။

” ဟုတ်လား”

နီလာတစ်ယောက် ဆရာဝန်ပြောပြသည်များကို ခေါင်းလေး ငြိမ့်ကာ နားထောင်နေမိသည်။ အမျိုးသားကတော့ ဆရာဝန်ကို သူသိချင်သည်များကို မေးနေသည်။

” လက္ခဏာတွေလည်း မပြဘူးနော်။ ”

”  စပျစ်သီး သန္ဓေတည်တဲ့သူတွေမှာ အလွန်အမင်း အန်တာတွေ ဖြစ်တတ်ပါတယ်။”

”  အန်ချင်တာတွေ ပျို့ချင်တာတွေ တော့ရှိပါတယ်။ ဒါတခြားကိုယ်ဝန်ဆောင်တွေမှာလည်း ဖြစ်တတ်တယ်ဆိုပြီး ယူဆနေလို့ပါ။” နီလာ ခြားဖြတ် ဝင်ပြောလိုက်သည်။ အစောပိုင်းတွေမှာ အန်တာတွေ ဖြစ်ပါသည်။ ဒါ လူတိုင်းဖြစ်တတ်တာပဲဟု ပေါ့ပေါ့ပင် တွေးမိလိုက်သည်။

”  တစ်ချို့ သွေးပေါင်တတ် တယ်။ တစ်ချို့ ဆီးထဲမှာ protein ဓာတ်တွေ များနေတတ်ပါတယ်။ တစ်ချို့သွေးဆင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တစ်ချို့လည်း နီလာလိုမျိုး အခုပြောတဲ့ လက္ခဏာတွေ မပြပဲနဲ့ ဝက်ဆီဖတ်လိုမျိုးတွေပဲ ဆင်းတာမျိုး ရှိတတ်ပါတယ်။   ”

” ဟုတ်ကဲ့ ပါ”

အမျိူးသားကား ဆရာဝန်ပြောသည်များကို ဂရုတစိုက်နားထောင်နေသည်။

” ပြန်ဖြစ်နိုင်လား ဆရာမ ”

“သားအိမ်ခြစ်ထားတဲ့အတွက်  ရောဂါကတော့ ပျောက်ပါတယ်။ ပြန်ဖြစ်တတ်လားဆိုရင် တစ်ချို့ လူနည်းစုတွေ ပြန်ဖြစ်တတ်ပါတယ်။ ဒါကြောင့် သွေးထဲမှာ hCG ဆိုတဲ့ hormone နည်း သွားပြီး ခြောက်လ ကြာသည်အထိ ကိုယ်ဝန် ယူလို့မရပါဘူး။ တစ်ခါ စပျစ်သီး သန္ဓေ ဖြစ်ဖူးရင် နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် ကလေး ရှိခဲ့ရင် ဆရာဝန်နဲ့စောစီးစွာ ပြန်ပြရပါမယ်။ USG ကိုလည်း စောစောရိုက်ရပါမယ်။  ”

” ဟုတ်ကဲ့ပါဆရာမ”

နီလာတစ်ယောက် ဆေးခန်းထဲမှ ထွက်လာခဲ့သည်။

အမျိုးသားကား နီလာကို အားပေးသည်။ ကံကောင်းလို့ ကင်ဆာ မဖြစ်တာ။ စပျစ်သီး သန္ဓေလောက်ဖြစ်တာကိုပဲ ကံကောင်းတယ်လို့ ပြောရမည် ဟု အားပေးသည်။ သို့သော် နီလာ တစ်ယောက် မျက်ရည်များ ကျလျှက်သာ။ နောက်တစ်ကြိမ် ထပ်မဖြစ်ပါနှင့် ဟု ဆုတောင်းလျှက်သာ။