တားဆေးသောက်ဖို့မေ့သွားရင် ဘယ်လိုလုပ်ရမလဲ? 

ဤေ​ဆာင်းပါးသည်ေ​​​ဟာ်​မုန်းနှစ်​မျိုး​ပေါင်း​ဆေး(combined oral contraceptive pill)များ  အတွက်​ ဖြစ်​ပါသည်​။ထိုဆေးများကို လတစ်လ၏ ပထမဆုံးသုံးပတ်တွင် တနေ့တလုံး အချိန်မှန်မှန်သောက်သုံးရမည်ဖြစ်ပါသည်။အကယ်၍ ဆေးသောက်ရန်မေ့နေခဲ့လျှင် အောက်ပါနည်းလမ်းများအတိုင်း သေချာပြန်လည်သောက်သုံးပေးရန် လိုအပ်ပါသည်။
Dr.Wutyi
Unicode Version

တားဆေးသောက်ဖို့မေ့သွားရင် ဘယ်လိုလုပ်ရမလဲ?

ဤဆောင်းပါးသည် ဟော်မုန်းနှစ်မျိုးပေါင်းဆေး(combined oral contraceptive pill)များ  အတွက် ဖြစ်ပါသည်။

ဆေးတစ်လုံးသောက်ရန်မေ့လျင် သို့ ဆေးကဒ်သစ်စသောက်ရန် တစ်ရက်နောက်ကျလျင်

-သောက်၇န်မေ့နေသော ဆေးတစ်လုံးအား သတိရ၇ခြင်း ချက်ချင်း သောက်ပါ။ ကျန်ဆေးများအား ပုံမှန်သောက်နေကျအချိန်အတိုင်း ဆက်သောက်ပါ။ ထို့ကြောင့် ထိုနေ့တွင် ဆေးနှစ်လုံး သောက်မိသွားပါလိမ့်မည်။
-အထက်ပါအတိုင်း သောက်ပါက ကိုယ်ဝန်ရနိုင်ခြေနည်းပါသည်။ လိင်ဆက်ဆံရာတွင် ကွန်ဒုံးသုံး၇န် မလိုပါ။

ဆေးနှစ်လုံး သို့ နှစ်လုံးထပ်ပိုပြီး သောက်၇န်မေ့နေလျင်

-သောက်ရန်မေ့နေသော ဆေးများထဲမှ နောက်ဆုံးဆေးတစ်လုံးအား သတိရ၇ခြင်း ချက်ချင်း သောက်ပါ။ ကျန်သောက်ရန်မေ့ဆေးများအား လွင့်ပစ်ပါ။ဥပမာ 10.12.18, 11.12.18, 12.12.18 တို့တွင် ဆေးသောက်၇န် မေ့လျင် 12.12.18 တွင် သောက်၇မည့်ဆေးအား သတိရရခြင်း ချက်ချင်း သောက်ပါ။ 10.12.18, 11.12.18 တို့တွင် သောက်၇မည့်ဆေးများအား လွင့်ပစ်ပါ။  ပုံမှန်ဆေးများအား ပုံမှန်သောက်နေကျအချိန်အတိုင်း ဆက်သောက်ပါ။ ထို့ကြောင့် ထိုနေ့တွင် ဆေးနှစ်လုံး သောက်မိသွားပါလိမ့်မည်။
– ဆေးနှစ်လုံးနှင့်အထက် သောက်ရန်မေ့လျင် ဆေး၏ ကိုယ်ဝန်တားသော အာနိသင်ကျပါသည်။ ထို့ကြောင့် လိင်ဆက်ဆံမှုကို ၇ ၇က်တိတိရှောင်ပါ။ မရှောင်နိုင်ပါက condom သုံးပါ။