ခြောက်တိုင်းမကောင်းတဲ့နေရာ

ေျခာက္တိုုင္းမေကာင္းတဲ့ေနရာ

ပံုမွန္မွာဆိုရင္ မိန္းမကိုယ္မွာရွိတဲ႔ဆဲလ္ေတြက အစိုဓါတ္ကိုထုတ္ေပးျပီး မိန္းမကိုယ္နံရံကို စိုစြတ္မႈအလႊာပါးေလးနဲ႔ လႊမ္းျခံဳထားပါတယ္။

ဒီစိုစြတ္မႈအလႊာပါးေလးရွိျခင္းေၾကာင္႔ လိင္ဆက္ဆံရာမွာ ပြတ္တိုက္မႈအားကို ေလွ်ာ႔ခ်ေပးျပီး သက္ေတာင္႔သက္သာခံစားမႈကိုရေစပါတယ္။

ဒါ႔အျပင္ သုတ္ေကာင္ေတြမိန္းမကိုယ္ထဲမွာ သက္တမ္းၾကာရွည္ဖို႔နဲ႔ မိန္းမကိုယ္ကေန သားအိမ္၊သားဥျပြန္ေတြဆီတက္ျပီး မမ်ိဳးဥနဲ႔ေပါင္းနိုင္ဖို႔အတြက္လည္း ဒီစိုစြတ္မႈအလႊာပါးေလးက ကူညီေပးပါတယ္။

အေၾကာင္းတခုခုေၾကာင္႔ အီစတိုဂ်င္ေဟာ္မုန္းပမာဏ နည္းလာတဲ႔အခါမွာ မိန္းမကိုယ္မွာရွိတဲ႔ဆဲလ္ေတြကလည္း အစိုဓါတ္ထုတ္ေပးနိုင္ေျခနည္းလာျပီး စိုစြတ္မႈအလႊာပါးေလးလည္းပ်က္စီးလာပါတယ္။အဲ႔အခါမွာ မိန္းမကိုယ္ေျခာက္ေသြ႔ျခင္းျဖစ္လာပါတယ္။

အမ်ားအားျဖင္႔ေတာ႔ အသက္ၾကီးလာတဲ႔အခါမွာ ေသြးဆံုးခါနီးနဲ႔ ေသြးဆံုးျပီးေနာက္ပိုင္းမွာ အီစတိုဂ်င္ေဟာ္မုန္းပမာဏ နည္းလာတတ္ပါတယ္။

အသက္ၾကီးလို႔ အီစတိုဂ်င္ေဟာ္မုန္းနည္းလာျပီး မိန္းမကိုယ္ေျခာက္ေသြ႔တာအျပင္

ကေလးေမြးတာ

ကေလးနို႔တိုက္ေနတာ

ေဆးလိပ္ေသာက္တာ

စိတ္ဖိစီးစရာမ်ားတာ

စိတ္ဓါတ္က်ေ၀ဒနာခံစားေနရတာ

ခႏၶာကိုယ္ပင္ပန္းမႈမ်ားတာ

ကင္ဆာေရာဂါအတြက္ ေဟာ္မုန္းေဆးေတြေသာက္ေနရတာ၊ကင္ဆာေဆးသြင္းကုသေနရတာ၊ဓါတ္ေရာင္ျခည္နဲ႔ကုသေနရတာ

ကိုယ္ခံအားစနစ္နဲ႔ဆိုင္တဲ႔ေရာဂါတခုခုျဖစ္ေနတာ(ဥပမာ Sjogren’s Syndrome)

သားဥအိမ္ကို ျဖတ္ထုတ္လိုက္ရတာ ေတြေၾကာင္႔လည္း အီစတိုဂ်င္ေဟာ္မုန္းနည္းလာျပီး မိန္းမကိုယ္ေျခာက္ေသြ႔တတ္ပါတယ္။

ဒါ႔အျပင္ မိန္းမကိုယ္ကို ဆပ္ျပာေမႊးေတြနဲ႔ေဆးတာ၊သန္႔စင္ရည္ေတြအလြန္အက်ြံသံုးေဆးတာ၊အေမႊးနံ႔သာLotion ေတြ၊Cream ေတြလိမ္းတာ ေတြေၾကာင္႔လည္း မိန္းမကိုယ္ေျခာက္ေသြ႔ျခင္းကိုျဖစ္ေစနိုင္ပါတယ္။

မိန္းမကို္ယ္ေျခာက္ေသြ႕ျခင္းဟာ မိန္းမကိုယ္နဲ႔တင္ပဆံုတ၀ိုက္မွာ ေနရခက္တဲ႔ခံစားမႈကိုျဖစ္ေစနိုင္ပါတယ္။

မိန္းမကိုယ္ေျခာက္ေသြ႔တဲ႔အခါ

မိန္းမကိုယ္မွာပူစပ္ပူေလာင္ျဖစ္တာ

လိင္ဆက္ဆံခ်င္စိတ္ေလ်ာ႔နည္းလာတာ

အတူေနလိင္ဆက္ဆံတဲ႔အခါမွာနာက်င္မႈကိုခံစားရတာ

အတူေနဆက္ဆံျပီးေနာက္မွာေသြးအနည္းငယ္ဆင္းတာ

မိန္းမကိုယ္ေရာင္ရမ္းတာ

ဆီးပိုးခဏခဏ၀င္တာ

မိန္းမကိုယ္ယားတာ ေတြကို ခံစားရနိုင္ပါတယ္။

မိန္းမကိုယ္ေျခာက္ေသြ႔တဲ႔အခါမွာသက္သာေအာင္ ေခ်ာဆီတမ်ိဳးမ်ိဳးသံုးနိုင္ပါတယ္။

ဒါေပမယ္႔ေတြ႔ကရာေခ်ာဆီသံုးလို႔မရပါဘူး။

တခ်ိဳ႕ေတြကေခ်ာဆီဆိုရင္ အလြယ္တကူအုန္းဆီသံုးတာရွိသလို၊ေနေလာင္ကာလိမ္းေဆးခရင္မ္ေတြလိမ္းတာမ်ိဳးေတြလည္းရွိပါတယ္။

အဲ႔လိုေတြမလုပ္ရပါ။

သံုးတဲ႔ေခ်ာဆီအမ်ိဳးအစားက ေရကိုအေျခခံထုတ္တားတဲ႔ေခ်ာဆီေတြ(Water based Lubricants) ျဖစ္ရပါမယ္။

အေမႊးနံသာေတြ၊အေရာင္ေတြ၊သစ္သီးသစ္ဥကေနထုတ္တဲ႔ပစၥည္းေတြပါတဲ႔ေခ်ာဆီအမ်ိဳးအစားကိုေရွာင္ဖို႔လိုပါတယ္။

ေရနံကိုအေျခခံထုတ္ထားတဲ႔ Petroleum jelly,Mineral oil ေတြလည္းသံုးနိုင္ေပမယ္႔ ကိုယ္၀န္တားဖို႔ ကြန္ဒံုး(Condom)သံုးတဲ႔သူေတြ၊Diaphragms သံုးတဲ႔သူေတြ အေနနဲ႔ဆိုရင္ေတာ႔ အဲ႔ဒါေတြကမသင္႔ေတာ္ပါဘူး။

ဘာလို႔လဲဆိုေတာ႔ Petroleum jelly,Mineral oil ေတြက ရာဘာနဲ႔လုပ္ထားတဲ႔ ကြန္ဒံုး၊Diaphragms ေတြကိုပ်က္စီးေစျပီး ကိုယ္၀န္ရသြားေစနိုင္လို႔ပါ။

အမ်ားအားျဖင္႔ေတာ႔ မိန္းမကိုယ္ေျခာက္ေသြ႔ျခင္းေၾကာင္႔ က်န္းမာေရးျပသာနာၾကီးၾကီးမားျဖစ္တာရွားပါတယ္။

သို႔ေသာ္ ေခ်ာဆီသံုးၾကည္႔လို႔မွ မသက္သာဘူးဆိုရင္ သို႔မဟုတ္ အတူေနျပီးေနာက္ေသြးဆင္းတာကလည္း တအားအမ်ားၾကီးဆင္းတယ္ဆိုရင္ေတာ႔ ေဆးခန္းေဆးရံုခ်က္ခ်င္းျပသဖို႔လိုပါတယ္။

Dr 528

Unicode Version

ခြောက်တိုင်းမကောင်းတဲ့နေရာ

ပုံမှန်မှာဆိုရင် မိန်းမကိုယ်မှာရှိတဲ့ဆဲလ်တွေက အစိုဓါတ်ကိုထုတ်ပေးပြီး မိန်းမကိုယ်နံရံကို စိုစွတ်မှုအလွှာပါးလေးနဲ့ လွှမ်းခြုံထားပါတယ်။

ဒီစိုစွတ်မှုအလွှာပါးလေးရှိခြင်းကြောင့် လိင်ဆက်ဆံရာမှာ ပွတ်တိုက်မှုအားကို လျှော့ချပေးပြီး သက်တောင့်သက်သာခံစားမှုကိုရစေပါတယ်။

ဒါ့အပြင် သုတ်ကောင်တွေမိန်းမကိုယ်ထဲမှာ သက်တမ်းကြာရှည်ဖို့နဲ့ မိန်းမကိုယ်ကနေ သားအိမ်၊သားဥပြွန်တွေဆီတက်ပြီး မမျိုးဥနဲ့ပေါင်းနိုင်ဖို့အတွက်လည်း ဒီစိုစွတ်မှုအလွှာပါးလေးက ကူညီပေးပါတယ်။

အကြောင်းတခုခုကြောင့် အီစတိုဂျင်ဟော်မုန်းပမာဏ နည်းလာတဲ့အခါမှာ မိန်းမကိုယ်မှာရှိတဲ့ဆဲလ်တွေကလည်း အစိုဓါတ်ထုတ်ပေးနိုင်ခြေနည်းလာပြီး စိုစွတ်မှုအလွှာပါးလေးလည်းပျက်စီးလာပါတယ်။အဲ့အခါမှာ မိန်းမကိုယ်ခြောက်သွေ့ခြင်းဖြစ်လာပါတယ်။

အများအားဖြင့်တော့ အသက်ကြီးလာတဲ့အခါမှာ သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးနောက်ပိုင်းမှာ အီစတိုဂျင်ဟော်မုန်းပမာဏ နည်းလာတတ်ပါတယ်။

အသက်ကြီးလို့ အီစတိုဂျင်ဟော်မုန်းနည်းလာပြီး မိန်းမကိုယ်ခြောက်သွေ့တာအပြင်

ကလေးမွေးတာ

ကလေးနို့တိုက်နေတာ

ဆေးလိပ်သောက်တာ

စိတ်ဖိစီးစရာများတာ

စိတ်ဓါတ်ကျဝေဒနာခံစားနေရတာ

ခန္ဓာကိုယ်ပင်ပန်းမှုများတာ

ကင်ဆာရောဂါအတွက် ဟော်မုန်းဆေးတွေသောက်နေရတာ၊ကင်ဆာဆေးသွင်းကုသနေရတာ၊ဓါတ်ရောင်ခြည်နဲ့ကုသနေရတာ

ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါတခုခုဖြစ်နေတာ(ဥပမာ Sjogren’s Syndrome)

သားဥအိမ်ကို ဖြတ်ထုတ်လိုက်ရတာ တွေကြောင့်လည်း အီစတိုဂျင်ဟော်မုန်းနည်းလာပြီး မိန်းမကိုယ်ခြောက်သွေ့တတ်ပါတယ်။

ဒါ့အပြင် မိန်းမကိုယ်ကို ဆပ်ပြာမွှေးတွေနဲ့ဆေးတာ၊သန့်စင်ရည်တွေအလွန်အကျွံသုံးဆေးတာ၊အမွှေးနံ့သာLotion တွေ၊Cream တွေလိမ်းတာ တွေကြောင့်လည်း မိန်းမကိုယ်ခြောက်သွေ့ခြင်းကိုဖြစ်စေနိုင်ပါတယ်။

မိန်းမကိုယ်ခြောက်သွေ့ခြင်းဟာ မိန်းမကိုယ်နဲ့တင်ပဆုံတဝိုက်မှာ နေရခက်တဲ့ခံစားမှုကိုဖြစ်စေနိုင်ပါတယ်။

မိန်းမကိုယ်ခြောက်သွေ့တဲ့အခါ

မိန်းမကိုယ်မှာပူစပ်ပူလောင်ဖြစ်တာ

လိင်ဆက်ဆံချင်စိတ်လျော့နည်းလာတာ

အတူနေလိင်ဆက်ဆံတဲ့အခါမှာနာကျင်မှုကိုခံစားရတာ

အတူနေဆက်ဆံပြီးနောက်မှာသွေးအနည်းငယ်ဆင်းတာ

မိန်းမကိုယ်ရောင်ရမ်းတာ

ဆီးပိုးခဏခဏဝင်တာ

မိန်းမကိုယ်ယားတာ တွေကို ခံစားရနိုင်ပါတယ်။

မိန်းမကိုယ်ခြောက်သွေ့တဲ့အခါမှာသက်သာအောင် ချောဆီတမျိုးမျိုးသုံးနိုင်ပါတယ်။

ဒါပေမယ့်တွေ့ကရာချောဆီသုံးလို့မရပါဘူး။

တချို့တွေကချောဆီဆိုရင် အလွယ်တကူအုန်းဆီသုံးတာရှိသလို၊နေလောင်ကာလိမ်းဆေးခရင်မ်တွေလိမ်းတာမျိုးတွေလည်းရှိပါတယ်။

အဲ့လိုတွေမလုပ်ရပါ။

သုံးတဲ့ချောဆီအမျိုးအစားက ရေကိုအခြေခံထုတ်တားတဲ့ချောဆီတွေ(Water based Lubricants) ဖြစ်ရပါမယ်။

အမွှေးနံသာတွေ၊အရောင်တွေ၊သစ်သီးသစ်ဥကနေထုတ်တဲ့ပစ္စည်းတွေပါတဲ့ချောဆီအမျိုးအစားကိုရှောင်ဖို့လိုပါတယ်။

ရေနံကိုအခြေခံထုတ်ထားတဲ့ Petroleum jelly,Mineral oil တွေလည်းသုံးနိုင်ပေမယ့် ကိုယ်ဝန်တားဖို့ ကွန်ဒုံး(Condom)သုံးတဲ့သူတွေ၊Diaphragms သုံးတဲ့သူတွေ အနေနဲ့ဆိုရင်တော့ အဲ့ဒါတွေကမသင့်တော်ပါဘူး။

ဘာလို့လဲဆိုတော့ Petroleum jelly,Mineral oil တွေက ရာဘာနဲ့လုပ်ထားတဲ့ ကွန်ဒုံး၊Diaphragms တွေကိုပျက်စီးစေပြီး ကိုယ်ဝန်ရသွားစေနိုင်လို့ပါ။

အများအားဖြင့်တော့ မိန်းမကိုယ်ခြောက်သွေ့ခြင်းကြောင့် ကျန်းမာရေးပြသာနာကြီးကြီးမားဖြစ်တာရှားပါတယ်။

သို့သော် ချောဆီသုံးကြည့်လို့မှ မသက်သာဘူးဆိုရင် သို့မဟုတ် အတူနေပြီးနောက်သွေးဆင်းတာကလည်း တအားအများကြီးဆင်းတယ်ဆိုရင်တော့ ဆေးခန်းဆေးရုံချက်ချင်းပြသဖို့လိုပါတယ်။

Dr 528