အမေရောကလေးပါ အသက်အန္တရာယ်ရှိနိုင်တဲ့ ရေမွှာရေပိုးဝင်ခြင်း

အေမေရာကေလးပါ အသက္အႏၱရာယ္ရိွနိုုင္တဲ့ ေရမႊာေရပိုး၀င္ျခင္း

ေရမႊာရည္ဆိုတာ သေႏၶသားေလးအသက္ရွင္ဖြံ႕ျဖိဳးၾကီးထြားဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ႔အရာပါ။

ေရမႊာရည္ဟာ သေႏၶသားျပင္ပထိခိုက္မႈဒဏ္ေတြကေနကာကြယ္ေပးပါတယ္။(ဥပမာ ကိုယ္၀န္ေဆာင္မိခင္ဗိုက္ကို မေတာ္တဆ တခုခုနဲ႔ထိခိုက္မိတဲ႔အခါမွာ ျဖစ္လာတဲ႔သက္ေရာက္မႈအားကို အတတ္နိုင္ဆံုး သေႏၶသားဆီမသက္ေရာက္ေအာင္ကာကြယ္ေပးပါတယ္။)

လရင္႔လာတာနဲ႔အမွ် ဗိုက္ထဲမွာ သေႏၶသားေလးဟာ တျဖည္းျဖည္းၾကီးလာေပမယ္႔ ေရမႊာရည္ေၾကာင္႔ လြယ္ကူလြတ္လပ္စြာ လွည္႔လည္လႈပ္ရွားနိုင္ပါတယ္။

ဒါ႔အျပင္ သေႏၶသားရဲ႕ေျခလက္ေတြၾကြက္သားေတြအဆုတ္ေတြနဲ႔အစာေျခစနစ္ ဖြံ႕ျဖိဳးဖို႔အတြက္လည္း မရွိမျဖစ္အေရးပါပါတယ္။

သေႏၶစတည္ျပီးေနာက္ ၁၂ရက္ေလာက္အၾကာမွာ ေရမႊာအိတ္စျဖစ္လာပါတယ္။ေရမႊာအိတ္စျဖစ္တာနဲ႔ ေရမႊာရည္ကိုစထုတ္ေပးပါတယ္။

အေၾကာင္းတခုခုေၾကာင္႔ ေရမႊာရည္ထဲကို ဘက္တီးရီးယားပိုးေတြဟာ မိခင္ေသြးထဲမွတဆင္႔ သို႔မဟုတ္ မိန္းမကိုယ္၊သားအိမ္ေခါင္း၊ေမြးလမ္းေၾကာင္း၊စအိုမွတဆင္႔ ၀င္ေရာက္ကူးစက္တဲ႔အခါမွာ ေရမႊာရည္ပိုး၀င္ျခင္း ျဖစ္လာပါတယ္။

ေဆးပညာအရေတာ႔ Chorioamnionitis သို႔မဟုတ္ Amnionitis သို႔မဟုတ္ Intra-amniotic infection လို႔ ေခၚၾကပါတယ္။

ေရမႊာရည္ပိုး၀င္ျခင္းကို ျဖစ္ေစတဲ႔အေၾကာင္းေတြကေတာ႔

တကိုယ္ေရသန္႔ရွင္းမႈအားနည္းတာ

လိင္မွတဆင္႔ကူးစက္တတ္တဲ႔ေရာဂါရွိတာ

ကေလးေမြးခ်ိန္ၾကာတာ၊ေရမႊာရည္ေပါက္ျပီး ကေလးခ်က္ခ်င္းမေမြးနိုင္တာ

ေဆးလိပ္ေသာက္တာ၊အရက္ေသာက္တာ၊မူးယစ္ေဆးသံုးတာ

မိန္းမကိုယ္ထဲကို စမ္းသပ္တဲ႔အခါမွာ လက္ သို႔မဟုတ္ ကိရိယာက သန္႔ရွင္းမႈမရွိတာ

စသျဖင္႔ျဖစ္ပါတယ္။

ေရမႊာရည္ပိုး၀င္တဲ႔အခါမွာ ျဖစ္နိုင္တဲ႔လကၡဏာေတြကေတာ႔

ဖ်ားတာ

မိန္းမကိုယ္ကေန အနံ႔မေကာင္းတဲ႔အရည္ေတြဆင္းတာ

ဗိုက္၊ဆီးစပ္ေတြကိုက္တာနာတာ

စသျဖင့္ခံစားရနိုင္ပါတယ္။

ဒီလိုေတြခံစားရျပီဆိုရင္ ေရမႊာရည္ပိုး၀င္တာ ဟုတ္မဟုတ္ေသခ်ာသိရေအာင္ ဆရာ၀န္နဲ႔ျပသစမ္းသပ္ဖို႔လိုပါတယ္။

စမ္းသပ္စစ္ေဆးမႈေတြအေနနဲ႔ကေတာ႔ အေမ႔ရဲ႕ေသြးကိုစစ္တာ၊ေရမႊာရည္ကိုယူစစ္တာ၊အာထရာေဆာင္းရိုက္တာစတာေတြလုပ္ရနိုင္ပါတယ္။

စမ္းသပ္စစ္ေဆးၾကည္႔လို႕ ေရမႊာရည္ပိုး၀င္တာဆိုရင္ ဆရာ၀န္နဲ႔ျပသျပီးေသခ်ာကုဖို႔လိုပါတယ္။

ဘာလို႔လဲဆိုေတာ႔ ေရမႊာရည္ပိုး၀င္တာဟာ ကေလးေရာ အေမေရာကိုပါ ထိခိုက္ေစနိုင္ျပီး အသက္အႏၱရာယ္စိုးရိမ္ရနိုင္ပါတယ္။

အေမအေနနဲ႔ဆိုရင္ သားအိမ္နံရံပိုး၀င္ေရာင္ရမ္းတာ၊အဆုတ္နဲ႔တင္ပဆံုမွာေသြးခဲျခင္းျဖစ္တာ၊မီးဖြားခ်ိန္မွာ ေသြးအလြန္အကြ်ံဆင္းတာ၊ေသြးဆိပ္သင္႔တာေတြျဖစ္ျပီး အသက္အႏၱရာယ္ထိခိုက္နိုင္သလို

ကေလးအေနနဲ႔ဆိုရင္လည္း

လမေစ႔ဘဲေမြးတာ၊ဦးေနွာက္အေျမွးေရာင္တာ၊အသက္ရႈလမ္းေၾကာင္းနဲ႔ဆိုင္တဲ႔ေရာဂါေတြပါလာတာ၊ေသြးဆိပ္သင္႔တာ ေတြျဖစ္ျပီး အသက္အႏၱရာယ္ထိခိုက္နိုင္ပါတယ္။

ကုသမႈအေနနဲ႔ကေတာ႔ ပိုးသတ္ေဆး(Antibiotics)ေတြေသာက္တာ၊ထိုးတာေတြ လုပ္ရနိုင္ပါတယ္။ဒီလိုေတြလုပ္လို႔မသက္သာဘူးဆိုရင္ ေဆးရံုတက္ရတာ၊ ကေလးကိုလေစ႔တဲ႔အထိမေစာင္႔ဘဲ ေစာေမြးရတာ မ်ိဳးေတြလည္းလုပ္ရနိုင္ပါတယ္။

ေမြးလာတဲ႔ကေလးကိုလည္း ပိုးသတ္ေဆးေပးျပီး ကုသရတာမ်ိဳးလည္းရွိတတ္ပါတယ္။

Dr 528

Unicode Version

အမေရောကလေးပါ အသက်အန္တရာယ်ရှိနိုင်တဲ့ ရေမွှာရေပိုးဝင်ခြင်း

ရေမွှာရည်ဆိုတာ သန္ဓေသားလေးအသက်ရှင်ဖွံ့ဖြိုးကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။

ရေမွှာရည်ဟာ သန္ဓေသားပြင်ပထိခိုက်မှုဒဏ်တွေကနေကာကွယ်ပေးပါတယ်။(ဥပမာ ကိုယ်ဝန်ဆောင်မိခင်ဗိုက်ကို မတော်တဆ တခုခုနဲ့ထိခိုက်မိတဲ့အခါမှာ ဖြစ်လာတဲ့သက်ရောက်မှုအားကို အတတ်နိုင်ဆုံး သန္ဓေသားဆီမသက်ရောက်အောင်ကာကွယ်ပေးပါတယ်။)

လရင့်လာတာနဲ့အမျှ ဗိုက်ထဲမှာ သန္ဓေသားလေးဟာ တဖြည်းဖြည်းကြီးလာပေမယ့် ရေမွှာရည်ကြောင့် လွယ်ကူလွပ်လပ်စွာ လှည့်လည်လှုပ်ရှားနိုင်ပါတယ်။

ဒါ့အပြင် သန္ဓေသားရဲ့ခြေလက်တွေကြွက်သားတွေအဆုတ်တွေနဲ့အစာခြေစနစ် ဖွံ့ဖြိုးဖို့အတွက်လည်း မရှိမဖြစ်အရေးပါပါတယ်။

သန္ဓေစတည်ပြီးနောက် ၁၂ရက်လောက်အကြာမှာ ရေမွှာအိတ်စဖြစ်လာပါတယ်။ရေမွှာအိတ်စဖြစ်တာနဲ့ ရေမွှာရည်ကိုစထုတ်ပေးပါတယ်။

အကြောင်းတခုခုကြောင့် ရေမွှာရည်ထဲကို ဘက်တီးရီးယားပိုးတွေဟာ မိခင်သွေးထဲမှတဆင့် သို့မဟုတ် မိန်းမကိုယ်၊သားအိမ်ခေါင်း၊မွေးလမ်းကြောင်း၊စအိုမှတဆင့် ဝင်ရောက်ကူးစက်တဲ့အခါမှာ ရေမွှာရည်ပိုးဝင်ခြင်း ဖြစ်လာပါတယ်။

ဆေးပညာအရတော့ Chorioamnionitis သို့မဟုတ် Amnionitis သို့မဟုတ် Intra-amniotic infection လို့ ခေါ်ကြပါတယ်။

ရေမွှာရည်ပိုးဝင်ခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကတော့

တကိုယ်ရေသန့်ရှင်းမှုအားနည်းတာ

လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါရှိတာ

ကလေးမွေးချိန်ကြာတာ၊ရေမွှာရည်ပေါက်ပြီး ကလေးချက်ချင်းမမွေးနိုင်တာ

ဆေးလိပ်သောက်တာ၊အရက်သောက်တာ၊မူးယစ်ဆေးသုံးတာ

မိန်းမကိုယ်ထဲကို စမ်းသပ်တဲ့အခါမှာ လက် သို့မဟုတ် ကိရိယာက သန့်ရှင်းမှုမရှိတာ

စသဖြင့်ဖြစ်ပါတယ်။

ရေမွှာရည်ပိုးဝင်တဲ့အခါမှာ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့

ဖျားတာ

မိန်းမကိုယ်ကနေ အနံ့မကောင်းတဲ့အရည်တွေဆင်းတာ

ဗိုက်၊ဆီးစပ်တွေကိုက်တာနာတာ

စသဖြင့်ခံစားရနိုင်ပါတယ်။

ဒီလိုတွေခံစားရပြီဆိုရင် ရေမွှာရည်ပိုးဝင်တာ ဟုတ်မဟုတ်သေချာသိရအောင် ဆရာဝန်နဲ့ပြသစမ်းသပ်ဖို့လိုပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ အမေ့ရဲ့သွေးကိုစစ်တာ၊ရေမွှာရည်ကိုယူစစ်တာ၊အာထရာဆောင်းရိုက်တာစတာတွေလုပ်ရနိုင်ပါတယ်။

စမ်းသပ်စစ်ဆေးကြည့်လို့ ရေမွှာရည်ပိုးဝင်တာဆိုရင် ဆရာဝန်နဲ့ပြသပြီးသေချာကုဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ ရေမွှာရည်ပိုးဝင်တာဟာ ကလေးရော အမေရောကိုပါ ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။

အမေအနေနဲ့ဆိုရင် သားအိမ်နံရံပိုးဝင်ရောင်ရမ်းတာ၊အဆုတ်နဲ့တင်ပဆုံမှာသွေးခဲခြင်းဖြစ်တာ၊မီးဖွားချိန်မှာ သွေးအလွန်အကျွံဆင်းတာ၊သွေးဆိပ်သင့်တာတွေဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သလို

ကလေးအနေနဲ့ဆိုရင်လည်း

လမစေ့ဘဲမွေးတာ၊ဦးနှောက်အမြှေးရောင်တာ၊အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေပါလာတာ၊သွေးဆိပ်သင့်တာ တွေဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ပိုးသတ်ဆေး(Antibiotics)တွေသောက်တာ၊ထိုးတာတွေ လုပ်ရနိုင်ပါတယ်။ဒီလိုတွေလုပ်လို့မသက်သာဘူးဆိုရင် ဆေးရုံတက်ရတာ၊ ကလေးကိုလစေ့တဲ့အထိမစောင့်ဘဲ စောမွေးရတာ မျိုးတွေလည်းလုပ်ရနိုင်ပါတယ်။

မွေးလာတဲ့ကလေးကိုလည်း ပိုးသတ်ဆေးပေးပြီး ကုသရတာမျိုးလည်းရှိတတ်ပါတယ်။

Dr 528