အမျိုးသမီးများအတွက် သားသမီးလွယ်ကူစွာ ရနိုင်ရန် နည်းလမ်းများ

အမ်ဳိးသမီးမ်ားအတြက္ သားသမီးလြယ္ကူစြာ ရႏိုင္ရန္ နည္းလမ္းမ်ား

အိမ္ေထာင္တစ္ခုတြင္ သားသမီးရိွျခင္းသည္လည္း ျပည့္စံုျခင္းတစ္ခုပါ။ သားသမီးရလြယ္ေသာ အိမ္ေထာင္ရွင္မ်ား ရိွသကဲ့သို႔ သားသမီးရဖို႔ အမ်ဳိးသားဘက္ေကာ အမ်ဳိးသမီးဘက္ကပါ ႀကိဳးစားေနရတဲ့အေနအထားေလးေတြလည္း ရိွတတ္ပါတယ္။ ဒါ့ေၾကာင့္ အမ်ဳိးသမီးမ်ားအတြက္ သဘာဝအတိုင္း သားသမီးရေစဖို႔ နည္းလမ္းေကာင္းေလးမ်ားကို ေျပာျပေပးလိုပါတယ္။ အမ်ဳိးသမီးမ်ားအေနျဖင့္ မိမိတို႔၏ရာသီစက္ဝန္းကို ေသခ်ာမွတ္ထားျခင္း၊ နည္းလမ္းမွန္ျဖင့္ အမ်ဳိးသားႏွင့္ အတူတူေနျခင္း စသည့္နည္းလမ္းမ်ားကို ေသခ်ာနားလည္ထားပါက သားသမီးလြယ္ကူစြာ ရရိွႏိုင္ပါတယ္။

ပထမဆံုးအေနျဖင့္ အေနအထိုင္ အစားအေသာက္မွန္ကန္ဖို႔လိုအပ္ပါတယ္။

– caffeineဓာတ္ပါဝင္ေသာ ေကာ္ဖီမ်ားကို ေသာက္သံုးျခင္းမွေရွာင္ၾကဥ္ပါ။ တစ္ေန႔ကို caffeineဓာတ္ 500mgထက္မပိုရဘူးလို႔ ဆိုပါတယ္။ အိမ္မွာေကာ္ဖီကို ကိုယ္တို္င္ ႏွပ္ေသာက္ပါက ၅ခြက္ထက္မပိုရပါဘူး။ ဆိုင္မွာ Latte or Americanoေသာက္ပါက 16ounces(၂ခြက္)ထက္ပိုမေသာက္သင့္ပါဘူး။ caffeineဓာတ္သည္ ခႏၶာကိုယ္ထဲမွာ မ်ားေနပါက သေႏၶမ်ဳိးေအာင္ႏိုင္ေျခႏႈန္းကို ေလ်ာ့နည္းေစပါတယ္။

– အာဟာရျပည့္ဝေသာ အစားအစာမ်ားကို ေရြးခ်ယ္စားသံုးပါ။ အစားအစာမ်ားေရြးခ်ယ္ရာတြင္ သံဓာတ္၊ ကယ္လ္စီယမ္ဓာတ္၊ ပ႐ိုတင္းဓာတ္စသည္တို႔ျပည့္ဝစြာပါဝင္ေသာ အစားအစာမ်ားကို ေရြးခ်ယ္စားသံုးသင့္ပါတယ္။ ၎အာဟာရဓာတ္မ်ားပါဝင္ေသာ အစားအစာမ်ားမွာ အစိမ္းရင့္ေရာင္ရိွေသာ ဟင္းသီးဟင္းရြက္မ်ား၊ ပဲေတာင့္ရွည္ႏွင့္ ပဲအမ်ဳိးမ်ဳိး၊ ပန္းမုန္လာ၊ စပ်စ္သီးေျခာက္စသည္တို႔ျဖစ္ပါတယ္။ ဒါ့အျပင္ Omega-3 ပါဝင္ေသာ အ႐ိုးပါဝါးစားလို႔ရတဲ့ ငါးေသးေသးေလးမ်ားကို စားသံုးေပးပါ။ အကယ္၍ သင္ဟာ အသားမစားတဲ့သူျဖစ္ပါက Omega-3ကို သစ္ၾကားသီး၊ႏွမ္းေစ့စသည့္ အေစ့အဆံမ်ားမွရရိွႏိုင္ပါတယ္။ အခ်ဳိဓာတ္မ်ားေသာ အစားအစာမ်ား၊ ျပည့္ဝဆီပါဝင္ေသာ အစားအစာမ်ားကို စားျခင္းမွေရွာင္ၾကဥ္ပါ။

– ကိုယ္အေလးခ်ိန္ထိန္းသိမ္းပါ။ ကိုယ္အေလးခ်ိန္မ်ားေနလွ်င္ ကေလးရႏိုင္ေခ် နည္းႏိုင္ပါတယ္။

– အရက္ေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ။ အမ်ဳိးသမီးတစ္ေယာက္သည္ တစ္ေန႔ကို အရက္ ၂ခြက္ထက္ေသာက္သံုးပါက သားသမီးရႏိုင္ေခ် နည္းပါးႏိုင္ပါတယ္။ အမ်ဳိးသားမ်ားသည္လည္း အရက္အလြန္အကြၽံေသာက္ပါက သုတ္ေကာင္အေရအတြက္ ေလ်ာ့နည္းေစပါတယ္။

– ေဆးလိပ္ေသာက္ျခင္း ေရွာင္ၾကဥ္ပါ။ ေဆးလိပ္ေသာက္ျခင္းျဖင့္ သားသမီးရရိွႏိုင္မႈကိုေလ်ာ့နည္းေစသည့္အျပင္ သားအိမ္ျပင္ပ၌သေႏၶတည္ျခင္း၊ ကိုယ္ဝန္ပ်က္က်ျခင္း၊ ေပါင္မျပည့္ လမေစ့ေသာ ကေလးေမြးဖြားႏိုင္ျခင္း၊ ေမြးရာပါေရာဂါမ်ားပါလာႏိုင္ျခင္းစသည့္ဆိုးက်ဳိးမ်ားလည္း ရရိွႏိုင္ပါတယ္။ သင္၏အမ်ဳိးသားအပါအဝင္ ပတ္ဝန္းက်င္အနီးအနားတြင္ ေဆးလိပ္ေသာက္တဲ့သူမ်ားရိွေနပါက ေဆးလိပ္ျဖတ္ဖို႔ တိုက္တြန္းပါ။ေဆးလိပ္အေငြ႕႐ႉသူမ်ားသည္လည္း ေဆးလိပ္ေသာက္သံုးသူမ်ားကဲ့သို႔ပင္ အႏၲရာယ္ရိွပါတယ္။

– ကိုယ္ဝန္မေဆာင္ခင္အခ်ိန္ကတည္းက အားေဆးေသာက္သံုးသင့္ပါတယ္။ သံဓာတ္အားေဆးႏွင့္ ဗီတာမင္အီးႂကြယ္ဝစြာပါဝင္ေသာ အားေဆးမ်ားသည္ သားသမီးရရိွရန္ မ်ားစြာအေထာက္အကူျပဳပါတယ္။ သို႔ေသာ္ မေသာက္သံုးမီဆရာဝန္ႏွင့္ ေသခ်ာတိုင္ပင္ေဆြးေႏြးၿပီးမွသာ ေသာက္သံုးသင့္ပါတယ္။

– အိမ္ေထာင္ရွင္မ်ားအေနျဖင့္ သားသမီးမယူခင္ ႏွစ္ေယာက္လံုးသည္ ဆရာဝန္ႏွင့္ ေသခ်ာျပသ၍ စစ္ေဆးမႈမ်ားခံယူသင့္ပါတယ္။ ႏွစ္ဦးႏွစ္ဖက္ မည္သူ႕တြင္ ခ်ဳိ႕ယြင္းခ်က္ ရိွမရိွကို ေသခ်ာစစ္ေဆးဖို႔လိုအပ္ပါတယ္။ ဒါ့အျပင္လိုအပ္ေသာ ေဆးဝါးမ်ားကိုလည္း ဆရာဝန္မ်ားက ၫႊန္ၾကားေပးပါလိမ့္မယ္။

– အိမ္ေထာင္ရွင္အမ်ဳိးသမီးမ်ားသည္ ကေလးယူဖို႔ အစီအစဥ္ရိွပါက လက္ရိွသံုးစြဲေနေသာ သေႏၶတားေဆးမ်ားကို ျဖတ္ထားဖို႔လိုအပ္ပါတယ္။ သေႏၶတားေသာက္ေဆး၊ ထိုးေဆးအစရိွသည္တို႔သည္ သင့္ရဲ႕ ရာသီစက္ဝန္းကို ေျပာင္းလဲေစပါတယ္။ ကေလးယူရန္ ရာသီလာတဲ့ရက္ကို ေသခ်ာသိဖို႔လိုအပ္တဲ့အတြက္ တားေဆးမ်ားကို ႀကိဳျဖတ္ထားတာ အေကာင္းဆံုးပါ။ တစ္ခ်ဳိ႕က ေဆးျဖတ္လိုက္တာနဲ႔ ခ်က္ခ်င္းကိုယ္ဝန္ရႏိုင္သလို တစ္ခ်ဳိ႕ကလည္း ေဆးျဖတ္ၿပီး ၁ႏွစ္အထိေစာင့္ရတာမ်ဳိးလည္း ရိွတတ္ပါတယ္။

– အမ်ဳိးသမီးမ်ားအေနနဲ႔ မိမိ ဓမၼတာလာတဲ့ရက္ကို ေသခ်ာသိဖို႔လိုအပ္ပါတယ္။ ဒါမွသာ ကေလးရႏိုင္ရန္ အတူတူေနရမယ့္ရက္ကို တြက္ႏိုင္မွာပါ။ အကယ္၍ သင္ဟာ ၂၈ရက္ဝန္းက်င္မွာ ဓမၼတာလာလွ်င္ သင္ရဲ႕ မ်ဳိးဥေႂကြတဲ့ရက္မွာ ၁၂ရက္နဲ႔ ၁၄ရက္ဝန္းက်င္ျဖစ္ပါလိမ့္မယ္။ မွတ္ရခက္ေနလွ်င္ ေနာက္တစ္ႀကိမ္ဓမၼတာလာမယ့္ပထမဆံုးရက္မွစၿပီးအေရွ႕ကို ၁၆ရက္ႏႈတ္သြားလွ်င္လည္း သင္၏ မ်ဳိးဥေႂကြရက္ကို အတိအက်သိႏိုင္ပါလိမ့္မယ္။

– ဒါေၾကာင့္ ကေလးယူဖို႔ ေသခ်ာအစီအစဥ္ရိွလွ်င္ အိမ္ေထာင္ရွင္ အမ်ဳိးသမီးမ်ားသည္ မိမိတို႔၏ မ်ဳိးဥေႂကြတဲ့ရက္မတိုင္ခင္ ၂ရက္ ၃ရက္အလိုတြင္ မိမိအိမ္ေထာင္ဖက္ႏွင့္ အတူတူေနပါက သားသမီးရႏိုင္ေခ်ပိုမ်ားပါတယ္။ အမ်ဳိးသားမ်ား၏သုတ္ေကာင္သည္မိန္းမကိုယ္ထဲတြင္ ၅ရက္အထိ ရွင္သန္ႏိုင္ပါတယ္။ အကယ္၍ ေသခ်ာခ်င္လွ်င္ မ်ဳိးဥမေႂကြခင္ ၂ရက္ ၃ရက္ အလိုမွစၿပီး ေန႔တိုင္း အတူတူေနႏိုင္ပါတယ္။

– အမ်ဳိးသမီးမ်ားအေနျဖင့္ မိမိအိမ္ေထာင္ဖက္ကို အတူတူေနစဥ္အတြင္း ေခ်ာဆီသံုးျခင္းမွ ေရွာင္ခိုင္းပါ။ အခ်ဳိ႕ေသာ ေခ်ာဆီမ်ားမွာ သုတ္ေကာင္အေရအတြက္နည္းေစသည့္အျပင္ သုတ္ေကာင္မ်ားကို ေသေစပါတယ္။ အကယ္၍ အသံုးျပဳလိုပါက သဘာဝမွရေသာ ဟင္းသီးဟင္းရြက္ အဆီတစ္ခုခုကို အသံုးျပဳႏိုင္ပါတယ္။

– အမ်ဳိးသမီးမ်ား၏ ဓမၼတာသည္ စိတ္ဖိစီးမႈမ်ားျခင္းနဲ႔လည္း သက္ဆိုင္ပါတယ္။ စိတ္ဖိစီးမႈအလြန္မ်ားလွ်င္ ဓမၼတာမလာေတာ့သည္အထိ ဆိုးက်ဳိးရိွႏိုင္ပါတယ္။ ဒါ့ေၾကာင့္ မိမိတြင္ စိတ္ဖိစီးမႈမ်ား ရိွေနပါက တတ္ႏိုင္သမွ် စိတ္အပန္းေျဖပါ။ တရားထိုင္ျခင္း၊ ေယာဂက်င့္ျခင္း စသည္တို႔ကိုျပဳလုပ္ေပးႏိုင္ပါတယ္။ တစ္ေန႔ကို ၁၅မိနစ္မွ် စိတ္အပန္းေျဖေပးျခင္းျဖင့္ က်န္းမာေရးေကာင္းမြန္ၿပီး ဓမၼတာမွန္ေစပါတယ္။ ဒါလည္း ျပဳလုပ္ေပးသင့္သည့္အခ်က္တစ္ခ်က္ပါ။

အထက္ေဖာ္ျပပါ နည္းလမ္းအခ်ဳိ႕မွာ အသံုးဝင္ႏိုင္ေသာ အခ်က္အလက္အခ်ဳိ႕သာျဖစ္ပါတယ္။ အကယ္၍ ဒီလိုနည္းလမ္းမ်ားနဲ႔ ႀကိဳးစားၾကည့္တာမွ သားသမီးရဖို႔ခက္ေနလွ်င္ သားဖြားမီးယပ္အထူးကုဆရာဝန္ႀကီးမ်ားနဲ႔ ထပ္မံျပသဖို႔ လိုအပ္ေၾကာင္း ေနာက္ဆံုးအေနနဲ႔ အႀကံေပးပါရေစ….

က်န္းမာ၍ သာယာေပ်ာ္ရႊင္ေသာ မိသားစုဘဝေလးမ်ား ပိုင္ဆိုင္ၾကပါေစ….

Dr.သီတာလိႈင္(ေဆး-၂)

(Zawgyi)

အမျိုးသမီးများအတွက် သားသမီးလွယ်ကူစွာ ရနိုင်ရန် နည်းလမ်းများ

အိမ်ထောင်တစ်ခုတွင် သားသမီးရှိခြင်းသည်လည်း ပြည့်စုံခြင်းတစ်ခုပါ။ သားသမီးရလွယ်သော အိမ်ထောင်ရှင်များ ရှိသကဲ့သို့ သားသမီးရဖို့ အမျိုးသားဘက်ကော အမျိုးသမီးဘက်ကပါ ကြိုးစားနေရတဲ့အနေအထားလေးတွေလည်း ရှိတတ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးများအတွက် သဘာဝအတိုင်း သားသမီးရစေဖို့ နည်းလမ်းကောင်းလေးများကို ပြောပြပေးလိုပါတယ်။ အမျိုးသမီးများအနေဖြင့် မိမိတို့၏ရာသီစက်ဝန်းကို သေချာမှတ်ထားခြင်း၊ နည်းလမ်းမှန်ဖြင့် အမျိုးသားနှင့် အတူတူနေခြင်း စသည့်နည်းလမ်းများကို သေချာနားလည်ထားပါက သားသမီးလွယ်ကူစွာ ရရှိနိုင်ပါတယ်။

ပထမဆုံးအနေဖြင့် အနေအထိုင် အစားအသောက်မှန်ကန်ဖို့လိုအပ်ပါတယ်။

– caffeineဓာတ်ပါဝင်သော ကော်ဖီများကို သောက်သုံးခြင်းမှရှောင်ကြဉ်ပါ။ တစ်နေ့ကို caffeineဓာတ် 500mgထက်မပိုရဘူးလို့ ဆိုပါတယ်။ အိမ်မှာကော်ဖီကို ကိုယ်တိုင် နှပ်သောက်ပါက ၅ခွက်ထက်မပိုရပါဘူး။ ဆိုင်မှာ Latte or Americanoသောက်ပါက 16ounces(၂ခွက်)ထက်ပိုမသောက်သင့်ပါဘူး။ caffeineဓာတ်သည် ခန္ဓာကိုယ်ထဲမှာ များနေပါက သန္ဓေမျိုးအောင်နိုင်ခြေနှုန်းကို လျော့နည်းစေပါတယ်။

– အာဟာရပြည့်ဝသော အစားအစာများကို ရွေးချယ်စားသုံးပါ။ အစားအစာများရွေးချယ်ရာတွင် သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ ပရိုတင်းဓာတ်စသည်တို့ပြည့်ဝစွာပါဝင်သော အစားအစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။ ၎င်းအာဟာရဓာတ်များပါဝင်သော အစားအစာများမှာ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ ပဲတောင့်ရှည်နှင့် ပဲအမျိုးမျိုး၊ ပန်းမုန်လာ၊ စပျစ်သီးခြောက်စသည်တို့ဖြစ်ပါတယ်။ ဒါ့အပြင် Omega-3 ပါဝင်သော အရိုးပါဝါးစားလို့ရတဲ့ ငါးသေးသေးလေးများကို စားသုံးပေးပါ။ အကယ်၍ သင်ဟာ အသားမစားတဲ့သူဖြစ်ပါက Omega-3ကို သစ်ကြားသီး၊နှမ်းစေ့စသည့် အစေ့အဆံများမှရရှိနိုင်ပါတယ်။ အချိုဓာတ်များသော အစားအစာများ၊ ပြည့်ဝဆီပါဝင်သော အစားအစာများကို စားခြင်းမှရှောင်ကြဉ်ပါ။

– ကိုယ်အလေးချိန်ထိန်းသိမ်းပါ။ ကိုယ်အလေးချိန်များနေလျှင် ကလေးရနိုင်ချေ နည်းနိုင်ပါတယ်။

– အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ အမျိုးသမီးတစ်ယောက်သည် တစ်နေ့ကို အရက် ၂ခွက်ထက်သောက်သုံးပါက သားသမီးရနိုင်ချေ နည်းပါးနိုင်ပါတယ်။ အမျိုးသားများသည်လည်း အရက်အလွန်အကျွံသောက်ပါက သုတ်ကောင်အရေအတွက် လျော့နည်းစေပါတယ်။

– ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ။ ဆေးလိပ်သောက်ခြင်းဖြင့် သားသမီးရရှိနိုင်မှုကိုလျော့နည်းစေသည့်အပြင် သားအိမ်ပြင်ပ၌သန္ဓေတည်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ပေါင်မပြည့် လမစေ့သော ကလေးမွေးဖွားနိုင်ခြင်း၊ မွေးရာပါရောဂါများပါလာနိုင်ခြင်းစသည့်ဆိုးကျိုးများလည်း ရရှိနိုင်ပါတယ်။ သင်၏အမျိုးသားအပါအဝင် ပတ်ဝန်းကျင်အနီးအနားတွင် ဆေးလိပ်သောက်တဲ့သူများရှိနေပါက ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းပါ။ဆေးလိပ်အငွေ့ရှူသူများသည်လည်း ဆေးလိပ်သောက်သုံးသူများကဲ့သို့ပင် အန္တရာယ်ရှိပါတယ်။

– ကိုယ်ဝန်မဆောင်ခင်အချိန်ကတည်းက အားဆေးသောက်သုံးသင့်ပါတယ်။ သံဓာတ်အားဆေးနှင့် ဗီတာမင်အီးကြွယ်ဝစွာပါဝင်သော အားဆေးများသည် သားသမီးရရှိရန် များစွာအထောက်အကူပြုပါတယ်။ သို့သော် မသောက်သုံးမီဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ပါတယ်။

– အိမ်ထောင်ရှင်များအနေဖြင့် သားသမီးမယူခင် နှစ်ယောက်လုံးသည် ဆရာဝန်နှင့် သေချာပြသ၍ စစ်ဆေးမှုများခံယူသင့်ပါတယ်။ နှစ်ဦးနှစ်ဖက် မည်သူ့တွင် ချို့ယွင်းချက် ရှိမရှိကို သေချာစစ်ဆေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင်လိုအပ်သော ဆေးဝါးများကိုလည်း ဆရာဝန်များက ညွှန်ကြားပေးပါလိမ့်မယ်။

– အိမ်ထောင်ရှင်အမျိုးသမီးများသည် ကလေးယူဖို့ အစီအစဉ်ရှိပါက လက်ရှိသုံးစွဲနေသော သန္ဓေတားဆေးများကို ဖြတ်ထားဖို့လိုအပ်ပါတယ်။ သန္ဓေတားသောက်ဆေး၊ ထိုးဆေးအစရှိသည်တို့သည် သင့်ရဲ့ ရာသီစက်ဝန်းကို ပြောင်းလဲစေပါတယ်။ ကလေးယူရန် ရာသီလာတဲ့ရက်ကို သေချာသိဖို့လိုအပ်တဲ့အတွက် တားဆေးများကို ကြိုဖြတ်ထားတာ အကောင်းဆုံးပါ။ တစ်ချို့က ဆေးဖြတ်လိုက်တာနဲ့ ချက်ချင်းကိုယ်ဝန်ရနိုင်သလို တစ်ချို့ကလည်း ဆေးဖြတ်ပြီး ၁နှစ်အထိစောင့်ရတာမျိုးလည်း ရှိတတ်ပါတယ်။

– အမျိုးသမီးများအနေနဲ့ မိမိ ဓမ္မတာလာတဲ့ရက်ကို သေချာသိဖို့လိုအပ်ပါတယ်။ ဒါမှသာ ကလေးရနိုင်ရန် အတူတူနေရမယ့်ရက်ကို တွက်နိုင်မှာပါ။ အကယ်၍ သင်ဟာ ၂၈ရက်ဝန်းကျင်မှာ ဓမ္မတာလာလျှင် သင်ရဲ့ မျိုးဥကြွေတဲ့ရက်မှာ ၁၂ရက်နဲ့ ၁၄ရက်ဝန်းကျင်ဖြစ်ပါလိမ့်မယ်။ မှတ်ရခက်နေလျှင် နောက်တစ်ကြိမ်ဓမ္မတာလာမယ့်ပထမဆုံးရက်မှစပြီးအရှေ့ကို ၁၆ရက်နှုတ်သွားလျှင်လည်း သင်၏ မျိုးဥကြွေရက်ကို အတိအကျသိနိုင်ပါလိမ့်မယ်။

– ဒါကြောင့် ကလေးယူဖို့ သေချာအစီအစဉ်ရှိလျှင် အိမ်ထောင်ရှင် အမျိုးသမီးများသည် မိမိတို့၏ မျိုးဥကြွေတဲ့ရက်မတိုင်ခင် ၂ရက် ၃ရက်အလိုတွင် မိမိအိမ်ထောင်ဖက်နှင့် အတူတူနေပါက သားသမီးရနိုင်ချေပိုများပါတယ်။ အမျိုးသားများ၏သုတ်ကောင်သည်မိန်းမကိုယ်ထဲတွင် ၅ရက်အထိ ရှင်သန်နိုင်ပါတယ်။ အကယ်၍ သေချာချင်လျှင် မျိုးဥမကြွေခင် ၂ရက် ၃ရက် အလိုမှစပြီး နေ့တိုင်း အတူတူနေနိုင်ပါတယ်။

– အမျိုးသမီးများအနေဖြင့် မိမိအိမ်ထောင်ဖက်ကို အတူတူနေစဉ်အတွင်း ချောဆီသုံးခြင်းမှ ရှောင်ခိုင်းပါ။ အချို့သော ချောဆီများမှာ သုတ်ကောင်အရေအတွက်နည်းစေသည့်အပြင် သုတ်ကောင်များကို သေစေပါတယ်။ အကယ်၍ အသုံးပြုလိုပါက သဘာဝမှရသော ဟင်းသီးဟင်းရွက် အဆီတစ်ခုခုကို အသုံးပြုနိုင်ပါတယ်။

– အမျိုးသမီးများ၏ ဓမ္မတာသည် စိတ်ဖိစီးမှုများခြင်းနဲ့လည်း သက်ဆိုင်ပါတယ်။ စိတ်ဖိစီးမှုအလွန်များလျှင် ဓမ္မတာမလာတော့သည်အထိ ဆိုးကျိုးရှိနိုင်ပါတယ်။ ဒါ့ကြောင့် မိမိတွင် စိတ်ဖိစီးမှုများ ရှိနေပါက တတ်နိုင်သမျှ စိတ်အပန်းဖြေပါ။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း စသည်တို့ကိုပြုလုပ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၁၅မိနစ်မျှ စိတ်အပန်းဖြေပေးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ပြီး ဓမ္မတာမှန်စေပါတယ်။ ဒါလည်း ပြုလုပ်ပေးသင့်သည့်အချက်တစ်ချက်ပါ။

အထက်ဖော်ပြပါ နည်းလမ်းအချို့မှာ အသုံးဝင်နိုင်သော အချက်အလက်အချို့သာဖြစ်ပါတယ်။ အကယ်၍ ဒီလိုနည်းလမ်းများနဲ့ ကြိုးစားကြည့်တာမှ သားသမီးရဖို့ခက်နေလျှင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနဲ့ ထပ်မံပြသဖို့ လိုအပ်ကြောင်း နောက်ဆုံးအနေနဲ့ အကြံပေးပါရစေ….

ကျန်းမာ၍ သာယာပျော်ရွှင်သော မိသားစုဘဝလေးများ ပိုင်ဆိုင်ကြပါစေ….

Dr.သီတာလှိုင်(ဆေး-၂)

OnDoctor App ကိုဒေါင်းလုဒ်ရယူပြီး ဆရာဝန်နှင့် အခမဲ့တိုင်ပင်လိုက်ပါ
Download Now
close-image