မုဒိမ်းမှုနှင့် ဆေးပညာ

Zawgyi

မုဒိမ္းမႈႏွင့္ ေဆးပညာ

မုဒိမ္းမႈ က်ဴးလြန္ခံရသည္ဟု စြပ္စြဲတိုင္တန္းခံရလွ်င္ ေဆးဘက္ဆိုင္ရာ ပညာရွင္မ်ား (အထူးသျဖင့္ ဆရာဝန္မ်ား) ၏ ရႈျမင္ထြက္ဆိုခ်က္သည္ အေရးပါေသာေနရာမွ ပါဝင္စၿမဲ ျဖစ္ေလသည္။ မုဒိမ္းမႈ က်ဴးလြန္ျခင္းသည္ အလိုမတူဘဲ လိင္ဆက္ဆံျခင္းဟု သာမန္ျပည္သူလူထုက နားလည္သေဘာေပါက္ထားၾကပါသည္။ သို႔ေသာ္လည္း ေဆးပညာဆိုင္ရာႏွင့္ တရားဥပေဒ ရႈေထာင့္မ်ားမွ ၾကည့္ရႈသုံးသပ္၍ စြပ္စြဲခံရသူသည္ အမွန္တကယ္ မုဒိမ္းမႈက်ဴးလြန္ျခင္း ဟုတ္/ မဟုတ္ ဆုံးျဖတ္ရာတြင္မူ ပိုမိုက်ယ္ျပန႔္၍ အေသးစိတ္ေသာ သုံးသပ္မႈမ်ား ပါဝင္လာရပါသည္။

ထို႔ေၾကာင့္ မုဒိမ္းမႈႏွင့္ ပတ္သက္၍ ေဆးဘက္ဆိုင္ရာ ပညာရွင္မ်ား မည္သို႔ ရႈျမင္သုံးသပ္ရသည္ကို ဗဟုသုတအျဖစ္ ေဖာ္ျပလိုပါသည္။ ပထမဆုံးအေနျဖင့္ မုဒိမ္းမႈႏွင့္ ဆက္ႏြယ္ပတ္သက္ေနေသာ ပုဒ္မ ၃၇၅ ကို ဦးစြာ ေဖာ္ျပလိုပါသည္။ လူအမ်ားသိေသာ ပုဒ္မ ၃၇၆ သည္ ျပစ္ဒဏ္ဆိုင္ရာ ပုဒ္မ ျဖစ္ပါသည္။ တရားဥပေဒ ပုဒ္မမ်ားတြင္ ပါဝင္ေသာ ေယာက္်ား မိန္းမ ဟူသည့္ အသုံးအႏႈံန္းမ်ားသည္ အရပ္ထဲမွ လင္ေယာက္်ား ၊ ဇနီးခင္ပြန္း စသည္တို႔ကို ရည္ၫႊန္းျခင္း မဟုတ္ဘဲ လူေယာက္်ား (အမ်ိဳးသား) ၊ လူမိန္းမ (အမ်ိဳးသမီး) စသည္တို႔ကို ရည္ၫႊန္းျခင္း ျဖစ္ေပသည္။

ပုဒ္မ ၃၇၅ ။ ။ ဤမွေနာက္တြင္ ကင္းလြတ္ခ်က္ ျပဳထားသည္မွတပါး ၊ ေအာက္ေဖာ္ျပပါ အေၾကာင္းငါးရပ္တြင္သက္ဝင္ေသာ အေၾကာင္းတရပ္ရပ္ျဖင့္ ေယာက်ာ္းသည္ မိန္းမႏွင့္ ကာမစပ္ယွက္လွ်င္ ထိုသူသည္ မုဒိမ္းမႈ ကို က်ဴးလြန္သည္မည္၏။
ပထမ ။ ။ မိန္းမက အလိုမတူ ျငင္းဆန္ျခင္း။
ဒုတိယ ။ ။ မိန္းမက ခြင့္မျပဳျခင္း။
တတိယ ။ ။ မိန္းမက ခြင့္ျပဳေသာ္လည္း ထိုသို႔ခြင့္ျပဳရျခင္းမွာ ထိုမိန္းမအား ေသေစသည္ဟုေသာ္၎ ၊ နာက်င္ေစမည္ဟုေသာ္၎ ၊ ေၾကာက္႐ြံ႕ေအာင္ျပဳသျဖင့္ ခြင့္ျပဳရျခင္း။
စတုတၳ ။ ။ မိန္းမက ခြင့္ျပဳေသာ္လည္း၊ ေယာက္်ားက မိမိသည္ ထိုမိန္းမလင္ မဟုတ္ေၾကာင္း သိသည့္ျပင္ ထိုမိန္းမက ခြင့္ျပဳျခင္းမွာလည္း မိမိကို ဥပေဒႏွင့္အညီလက္ထပ္ထားေသာ၊ သို႔တည္းမဟုတ္ ထိုသို႔လက္ထပ္ထားသည္ဟု ယုံၾကည္ေသာ အျခားေယာက္်ားျဖစ္သည္ဟု ယုံၾကည္၍သာ ခြင့္ျပဳေၾကာင္းကို ထိုေယာက္်ားက သိျခင္း။
ပၪၥမ ။ ။ မိန္းမက ခြင့္ျပဳသည္ျဖစ္ေစ၊ ခြင့္မျပဳသည္ျဖစ္ေစ ထိုမိန္းမသည္ အသက္ဆယ့္ေလးႏွစ္ေအာက္ အ႐ြယ္ရွိသူျဖစ္ျခင္း။
ရွင္းလင္းခ်က္ ။ ။ ေယာက္်ား၏ အဂၤါဇာတ္သည္ မိန္းမ၏အဂၤါဇာတ္တြင္ သြင္းဝင္မိလွ်င္၊ မုဒိမ္းမႈက်ဴးလြန္ျခင္းအတြက္ လိုအပ္ေသာ ကာမစပ္ယွက္မႈေျမာက္ရန္ လုံေလာက္သည္။
ကင္းလြတ္ခ်က္ ။ ။ ေယာက္်ားသည္ အသက္ဆယ့္သုံးႏွစ္ေအာက္ မဟုတ္ေသာ မိမိ၏မယားႏွင့္ ကာမစပ္ယွက္ျခင္းမွာ မုဒိမ္းမႈမဟုတ္။

အထက္ေဖာ္ျပပါအတိုင္း ပုဒ္မ ၃၇၅ မွ မုဒိမ္းမႈႏွင့္ ပတ္သက္၍ အဓိပၸာယ္ ဖြင့္ဆိုထားေလရာ မုဒိမ္းမႈ ေျမာက္/မေျမာက္ ဆုံးျဖတ္ရာတြင္ အဆိုပါ အခ်က္ ၅ ခ်က္အေပၚတြင္ မူတည္၍ သုံးသပ္ဆုံးျဖတ္ရေလသည္။

ပထမဆုံးအေနျဖင့္ မိန္းမက အလိုမတူ ျငင္းဆန္ျခင္း (Against her will) ကို ေပၚလြင္ေစရန္အတြက္ မုဒိမ္းမႈ က်ဴးလြန္ခံရသူ အမ်ိဳးသမီးသည္ အဆုံးစြန္ေသာ ျငင္းဆန္ျခင္းႏွင့္ ခုခံျခင္းကိုျပဳရမည္ ျဖစ္ပါသည္။ ထိုသို႔ ခုခံျငင္းဆန္ေနခ်ိန္အတြင္း မုဒိမ္းမႈက်ဴးလြန္ရန္ အားထုတ္သူသည္ မေတာ္တဆ ေသဆုံးသြားလွ်င္ပင္ ျပစ္မႈမေျမာက္ေပ။
A woman even has the right to kill the person who attempts to rape her. အမ်ိဳးသမီးအေနျဖင့္ အဆုံးစြန္ေသာ ျငင္းဆန္ျခင္းႏွင့္ ခုခံျခင္း ျပဳလုပ္ခဲ့ေၾကာင္း ထင္ရွားေစေသာ သက္ေသအေထာက္အထားမ်ား ရွိရမည္ ျဖစ္ပါသည္။ ေအာ္ဟစ္႐ုန္းကန္ အကူအညီေတာင္းျခင္း ၊ ႐ုန္းကန္၍ ရရွိေသာ ဒဏ္ရာမ်ား ရွိေစျခင္း ၊ ခြန္အားမမွ်မႈ ထင္ရွားျခင္း (က်ဴးလြန္သူဟု စြပ္စြဲခံရသူႏွင့္ စြပ္စြဲသူ ႏွစ္ဦးႏွစ္ဘက္ ခြန္အားဗလ အလုံးအရပ္ မတိမ္းမယိမ္း ျဖစ္ေနလွ်င္ အမွန္တကယ္ ႐ုန္းကန္၍ ရရွိေသာ ဒဏ္ရာမ်ားမွာ ထင္ရွားေလ့ရွိပါသည္။) စသည္တို႔ကို မုဒိမ္းမႈ က်ဴးလြန္ခံရသူမွ အားထုတ္ခဲ့ကာ ျငင္းဆန္ခဲ့ပါေၾကာင္း ထင္ရွားျပေပးရန္ လိုအပ္ပါသည္။ အခ်ိဳ႕ေသာ ဒဏ္ရာတို႔မွာ ရက္ပိုင္းအတြင္း ေပ်ာက္ကြယ္ကာ ျပန္ေကာင္းသြားျခင္း ရွိသျဖင့္ အခင္းျဖစ္ပြားၿပီးသည္ႏွင့္ ေစာႏိုင္သမွ် အေစာဆုံး တိုင္ၾကား၍ သက္ေသအေထာက္အထားမ်ား ရရွိရန္ ျပဳလုပ္သင့္ပါသည္။ အခ်ိန္ၾကာသြားပါက ေဆးပညာအရ မွတ္ခ်က္မေပးႏိုင္ပါက က်ဴးလြန္ခံရသူအတြက္ နစ္နာမႈမ်ား ျဖစ္ေပၚေစႏိုင္ပါသည္။

မိန္းမက ခြင့္မျပဳျခင္း (Without her consent)။ မိန္းမမွ ခြင့္ျပဳျခင္း မျပဳျခင္းတြင္ အဓိကအခ်က္မွာ မိန္းမဘက္မွ စိတ္လိုလက္ရ ခြင့္ျပဳခ်က္ေပးမႈ (active will) ရွိ မရွိကို အဓိကထား သုံးသပ္ပါသည္။ အသက္ ၁၄ ႏွစ္ေအာက္ ေကာင္းဆိုးမဆုံးျဖတ္ႏိုင္ေသးေသာ မရင့္က်က္ေသးေသာ အ႐ြယ္မေရာက္ေသးေသာ သူတစ္ေယာက္၏ ခြင့္ျပဳခ်က္ေပးမႈကို တရားမဝင္ဟု ဆုံးျဖတ္ပါသည္။ ထို႔အျပင္ အေယာင္ေဆာင္ လိမ္လည္လွည့္ဖ်ား၍ ခြင့္ျပဳခ်က္ရယူျခင္းကိုလည္း တရားမဝင္ဟု ဆုံးျဖတ္ပါသည္။ စိတ္ပုံမွန္မရွိသူ ဆုံးျဖတ္ခ်က္ခ်ႏိုင္စြမ္း မရွိသူ၏ ခြင့္ျပဳခ်က္ ေပးျခင္းကိုလည္း တရားမဝင္ဟု ဆုံးျဖတ္ပါသည္။ ဤအခ်က္သည္ တရားခြင္တြင္ အဓိက အေျခအတင္သက္ေသျပရေသာ အပိုင္းျဖစ္ကာ အထူးအေရးႀကီးပါသည္။ မုဒိမ္းမႈ က်ဴးလြန္ခံရသူမွ အလိုတူကာ စိတ္လိုလက္ရ ခြင့္ျပဳခ်က္ေပးသည္ဟု ထင္ရွားလွ်င္ ကြင္းလုံးကြၽတ္ လြတ္ေျမာက္ပါသည္။ ထို႔ေၾကာင့္ ဥပေဒပညာရွင္မ်ားႏွင့္ တိုင္ပင္ေဆြးေႏြး အကူအညီရယူသင့္ပါသည္။

ေဆးပညာအရ မုဒိမ္းမႈ က်ဴးလြန္ခံရသူကို စစ္ေဆးသည္မွာ အလြန္အေသးစိတ္ဆန္ပါသည္။ ၿခဳံေျပာရလွ်င္ ခႏၶာကိုယ္တြင္ ႐ုန္းကန္ထားေသာ ဒဏ္ရာမ်ား ရွိ/မရွိ ၊ လိင္အဂၤါတစ္ဝိုက္ႏွင့္ အတြင္းဘက္တြင္ ကာမစပ္ယွက္ထားေသာ အေထာက္အထားမ်ား ဒဏ္ရာမ်ား ရွိ/မရွိ ၊ အခင္းျဖစ္ပြားစဥ္ ဝတ္ဆင္ထားေသာ အဝတ္အစားမ်ားတြင္ သုက္ရည္မ်ား ရွိ/မရွိ စသည္တို႔ကို စစ္ေဆးေပးရပါသည္။ အသက္အ႐ြယ္ အတည္ျပဳေပးရျခင္းမ်ိဳးကိုလည္း ဓာတ္မွန္နည္းပညာ အကူအညီရယူ၍ ျပဳလုပ္ေပးရတတ္ပါသည္။ မုဒိမ္းမႈ က်ဴးလြန္ခံရသူကို အခ်က္ (၂၈) ခ်က္ပါဝင္ေသာ ေမးခြန္းမ်ား ေမးျမန္း၍ အခင္းျဖစ္ပြားပုံ ရာဇဝင္ကို အေသးစိတ္ မွတ္တမ္းတင္ထားရပါသည္။ ထိုေမးခြန္း (၂၈) ခ်က္ ေျဖဆိုရာတြင္ ေရွ႕ေနာက္ညီၫြတ္ျခင္း မရွိျခင္း ၊ သံသယျဖစ္ဖြယ္ အခ်က္မ်ားေတြ႕ရွိျခင္းမ်ားကို တရားသူႀကီးမွ ဆုံးျဖတ္ႏိုင္ရန္ တရားခြင္သို႔ တင္ေပးရပါသည္။ ဆရာဝန္၏ တာဝန္မွာ ျပည့္စုံတိက်စြာ ေမးျမန္းမွတ္တမ္းတင္ျခင္းသာ ျဖစ္ပါသည္။

မုဒိမ္းမႈဟု ဆိုရာတြင္ အမွန္တကယ္ မုဒိမ္းမႈ က်ဴးလြန္ျဖစ္ပြားသည္ထက္ လူမႈေရးႏွင့္ အျခားေသာ အေၾကာင္းျခင္းရာမ်ားေၾကာင့္ အလိုတူ ကာမစပ္ယွက္ အတူေနၿပီးကာမွ မုဒိမ္းမႈဟု ေျပာင္းလဲစြပ္စြဲတိုင္ၾကားမႈမ်ား ရွိတတ္ေၾကာင္း အထူးသတိျပဳရန္ အစဥ္အဆက္ေသာ မႈခင္းေဆးပညာ ဆရာဝန္ႀကီးမ်ားမွ ဥပေဒေရးရာေဆးပညာ ဘာသာရပ္တြင္ အတိအလင္းျပ႒ာန္းထားပါေသးသည္။ ဥပမာအားျဖင့္ သမီးရည္းစား ႏွစ္ဦးသေဘာတူ အခ်စ္နယ္ကြၽံၿပီးမွ မိဘမ်ား သိရွိသြားမည္ကို စိုးရိမ္သျဖင့္ တိုင္တန္းျခင္း ၊ အိမ္ေထာင္ေရး ေဖာက္ျပန္သည္ကို ရိပ္မိ သိရွိသြားမည္စိုးရိမ္၍ တိုင္တန္းျခင္း ၊ ေငြညႇစ္လို၍ လုပ္ႀကံလီဆယ္ လိမ္လည္တိုင္တန္းျခင္း ၊ လူမႈေရးအရ အရွက္ရ၍ ဂုဏ္သိကၡာ ထိခိုက္ ပ်က္စီးေစလိုေသာေၾကာင့္ လုပ္ႀကံလီဆယ္ လိမ္လည္တိုင္ၾကားျခင္း အစရွိသည္တို႔ကို အထူးသတိျပဳရန္ လိုအပ္ေၾကာင္း ေဆးပညာရွင္မ်ားကို သမားစဥ္ဆက္ လက္ဆင့္ကမ္း သင္ၾကားပို႔ခ်ေပးလ်က္ ရွိပါသည္။

သို႔ျဖစ္ေပရာ ျပည္သူလူထုအေနျဖင့္ မုဒိမ္းမႈဟု ဆိုလိုက္သည္ႏွင့္ စြပ္စြဲသူႏွင့္ စြပ္စြဲခံရသူ ႏွစ္ဦးႏွစ္ဘက္၏ ဂုဏ္သိကၡာ ထိခိုက္ပ်က္စီးျခင္း မရွိေစရန္အတြက္ တရား႐ုံးမွ တရားဝင္အတိအလင္း ဆုံးျဖတ္ခ်က္ မခ်ေသးမီတြင္ အလ်င္စလိုမွတ္ခ်က္ခ်ျခင္းမ်ား မျပဳလုပ္မိၾကေစရန္ လိုအပ္ပါေၾကာင္းႏွင့္ ထိုသို႔ေဝဖန္မွတ္ခ်က္ခ်ျခင္းသည္ တရား႐ုံး၏ စီရင္ပိုင္ခြင့္ကို ေက်ာ္လႊားစြက္ဖက္ ဖိအားေပးရာေရာက္သျဖင့္ ဥပေဒေၾကာင္းအရ ၿငိစြန္းမႈရွိပါေၾကာင္း အမ်ားျပည္သူအတြက္ ဗဟုသုတ ရရွိရန္ အသိေပးေရးသား ေဖာ္ျပအပ္ပါသည္။

ေဆးတကၠသိုလ္ ၊ ေနာက္ဆုံးႏွစ္ အပိုင္း (က) ၊ ဥပေဒေရးရာေဆးပညာ ျပ႒ာန္းခ်က္မ်ားမွ ကိုးကားေဖာ္ျပပါသည္။

Author: Dr. ေက်ာ္သက္စိုး
အေထြေထြေရာဂါကု ဆရာဝန္
(၁၉ ၊ ၇ ၊ ၂၀၁၈)

Unicode

မုဒိမ်းမှုနှင့် ဆေးပညာ

မုဒိမ်းမှု ကျူးလွန်ခံရသည်ဟု စွပ်စွဲတိုင်တန်းခံရလျှင် ဆေးဘက်ဆိုင်ရာ ပညာရှင်များ (အထူးသဖြင့် ဆရာဝန်များ) ၏ ရှုမြင်ထွက်ဆိုချက်သည် အရေးပါသောနေရာမှ ပါဝင်စမြဲ ဖြစ်လေသည်။ မုဒိမ်းမှု ကျူးလွန်ခြင်းသည် အလိုမတူဘဲ လိင်ဆက်ဆံခြင်းဟု သာမန်ပြည်သူလူထုက နားလည်သဘောပေါက်ထားကြပါသည်။ သို့သော်လည်း ဆေးပညာဆိုင်ရာနှင့် တရားဥပဒေ ရှုထောင့်များမှ ကြည့်ရှုသုံးသပ်၍ စွပ်စွဲခံရသူသည် အမှန်တကယ် မုဒိမ်းမှုကျူးလွန်ခြင်း ဟုတ်/ မဟုတ် ဆုံးဖြတ်ရာတွင်မူ ပိုမိုကျယ်ပြန့်၍ အသေးစိတ်သော သုံးသပ်မှုများ ပါဝင်လာရပါသည်။

ထို့ကြောင့် မုဒိမ်းမှုနှင့် ပတ်သက်၍ ဆေးဘက်ဆိုင်ရာ ပညာရှင်များ မည်သို့ ရှုမြင်သုံးသပ်ရသည်ကို ဗဟုသုတအဖြစ် ဖော်ပြလိုပါသည်။ ပထမဆုံးအနေဖြင့် မုဒိမ်းမှုနှင့် ဆက်နွယ်ပတ်သက်နေသော ပုဒ်မ ၃၇၅ ကို ဦးစွာ ဖော်ပြလိုပါသည်။ လူအများသိသော ပုဒ်မ ၃၇၆ သည် ပြစ်ဒဏ်ဆိုင်ရာ ပုဒ်မ ဖြစ်ပါသည်။ တရားဥပဒေ ပုဒ်မများတွင် ပါဝင်သော ယောက်ျား မိန်းမ ဟူသည့် အသုံးအနှုံန်းများသည် အရပ်ထဲမှ လင်ယောက်ျား ၊ ဇနီးခင်ပွန်း စသည်တို့ကို ရည်ညွှန်းခြင်း မဟုတ်ဘဲ လူယောက်ျား (အမျိုးသား) ၊ လူမိန်းမ (အမျိုးသမီး) စသည်တို့ကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။

ပုဒ်မ ၃၇၅ ။ ။ ဤမှနောက်တွင် ကင်းလွတ်ချက် ပြုထားသည်မှတပါး ၊ အောက်ဖော်ပြပါ အကြောင်းငါးရပ်တွင်သက်ဝင်သော အကြောင်းတရပ်ရပ်ဖြင့် ယောကျာ်းသည် မိန်းမနှင့် ကာမစပ်ယှက်လျှင် ထိုသူသည် မုဒိမ်းမှု ကို ကျူးလွန်သည်မည်၏။
ပထမ ။ ။ မိန်းမက အလိုမတူ ငြင်းဆန်ခြင်း။
ဒုတိယ ။ ။ မိန်းမက ခွင့်မပြုခြင်း။
တတိယ ။ ။ မိန်းမက ခွင့်ပြုသော်လည်း ထိုသို့ခွင့်ပြုရခြင်းမှာ ထိုမိန်းမအား သေစေသည်ဟုသော်၎င်း ၊ နာကျင်စေမည်ဟုသော်၎င်း ၊ ကြောက်ရွံ့အောင်ပြုသဖြင့် ခွင့်ပြုရခြင်း။
စတုတ္ထ ။ ။ မိန်းမက ခွင့်ပြုသော်လည်း၊ ယောက်ျားက မိမိသည် ထိုမိန်းမလင် မဟုတ်ကြောင်း သိသည့်ပြင် ထိုမိန်းမက ခွင့်ပြုခြင်းမှာလည်း မိမိကို ဥပဒေနှင့်အညီလက်ထပ်ထားသော၊ သို့တည်းမဟုတ် ထိုသို့လက်ထပ်ထားသည်ဟု ယုံကြည်သော အခြားယောက်ျားဖြစ်သည်ဟု ယုံကြည်၍သာ ခွင့်ပြုကြောင်းကို ထိုယောက်ျားက သိခြင်း။
ပဉ္စမ ။ ။ မိန်းမက ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ ထိုမိန်းမသည် အသက်ဆယ့်လေးနှစ်အောက် အရွယ်ရှိသူဖြစ်ခြင်း။
ရှင်းလင်းချက် ။ ။ ယောက်ျား၏ အင်္ဂါဇာတ်သည် မိန်းမ၏အင်္ဂါဇာတ်တွင် သွင်းဝင်မိလျှင်၊ မုဒိမ်းမှုကျူးလွန်ခြင်းအတွက် လိုအပ်သော ကာမစပ်ယှက်မှုမြောက်ရန် လုံလောက်သည်။
ကင်းလွတ်ချက် ။ ။ ယောက်ျားသည် အသက်ဆယ့်သုံးနှစ်အောက် မဟုတ်သော မိမိ၏မယားနှင့် ကာမစပ်ယှက်ခြင်းမှာ မုဒိမ်းမှုမဟုတ်။

အထက်ဖော်ပြပါအတိုင်း ပုဒ်မ ၃၇၅ မှ မုဒိမ်းမှုနှင့် ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ဆိုထားလေရာ မုဒိမ်းမှု မြောက်/မမြောက် ဆုံးဖြတ်ရာတွင် အဆိုပါ အချက် ၅ ချက်အပေါ်တွင် မူတည်၍ သုံးသပ်ဆုံးဖြတ်ရလေသည်။

ပထမဆုံးအနေဖြင့် မိန်းမက အလိုမတူ ငြင်းဆန်ခြင်း (Against her will) ကို ပေါ်လွင်စေရန်အတွက် မုဒိမ်းမှု ကျူးလွန်ခံရသူ အမျိုးသမီးသည် အဆုံးစွန်သော ငြင်းဆန်ခြင်းနှင့် ခုခံခြင်းကိုပြုရမည် ဖြစ်ပါသည်။ ထိုသို့ ခုခံငြင်းဆန်နေချိန်အတွင်း မုဒိမ်းမှုကျူးလွန်ရန် အားထုတ်သူသည် မတော်တဆ သေဆုံးသွားလျှင်ပင် ပြစ်မှုမမြောက်ပေ။
A woman even has the right to kill the person who attempts to rape her. အမျိုးသမီးအနေဖြင့် အဆုံးစွန်သော ငြင်းဆန်ခြင်းနှင့် ခုခံခြင်း ပြုလုပ်ခဲ့ကြောင်း ထင်ရှားစေသော သက်သေအထောက်အထားများ ရှိရမည် ဖြစ်ပါသည်။ အော်ဟစ်ရုန်းကန် အကူအညီတောင်းခြင်း ၊ ရုန်းကန်၍ ရရှိသော ဒဏ်ရာများ ရှိစေခြင်း ၊ ခွန်အားမမျှမှု ထင်ရှားခြင်း (ကျူးလွန်သူဟု စွပ်စွဲခံရသူနှင့် စွပ်စွဲသူ နှစ်ဦးနှစ်ဘက် ခွန်အားဗလ အလုံးအရပ် မတိမ်းမယိမ်း ဖြစ်နေလျှင် အမှန်တကယ် ရုန်းကန်၍ ရရှိသော ဒဏ်ရာများမှာ ထင်ရှားလေ့ရှိပါသည်။) စသည်တို့ကို မုဒိမ်းမှု ကျူးလွန်ခံရသူမှ အားထုတ်ခဲ့ကာ ငြင်းဆန်ခဲ့ပါကြောင်း ထင်ရှားပြပေးရန် လိုအပ်ပါသည်။ အချို့သော ဒဏ်ရာတို့မှာ ရက်ပိုင်းအတွင်း ပျောက်ကွယ်ကာ ပြန်ကောင်းသွားခြင်း ရှိသဖြင့် အခင်းဖြစ်ပွားပြီးသည်နှင့် စောနိုင်သမျှ အစောဆုံး တိုင်ကြား၍ သက်သေအထောက်အထားများ ရရှိရန် ပြုလုပ်သင့်ပါသည်။ အချိန်ကြာသွားပါက ဆေးပညာအရ မှတ်ချက်မပေးနိုင်ပါက ကျူးလွန်ခံရသူအတွက် နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

မိန်းမက ခွင့်မပြုခြင်း (Without her consent)။ မိန်းမမှ ခွင့်ပြုခြင်း မပြုခြင်းတွင် အဓိကအချက်မှာ မိန်းမဘက်မှ စိတ်လိုလက်ရ ခွင့်ပြုချက်ပေးမှု (active will) ရှိ မရှိကို အဓိကထား သုံးသပ်ပါသည်။ အသက် ၁၄ နှစ်အောက် ကောင်းဆိုးမဆုံးဖြတ်နိုင်သေးသော မရင့်ကျက်သေးသော အရွယ်မရောက်သေးသော သူတစ်ယောက်၏ ခွင့်ပြုချက်ပေးမှုကို တရားမဝင်ဟု ဆုံးဖြတ်ပါသည်။ ထို့အပြင် အယောင်ဆောင် လိမ်လည်လှည့်ဖျား၍ ခွင့်ပြုချက်ရယူခြင်းကိုလည်း တရားမဝင်ဟု ဆုံးဖြတ်ပါသည်။ စိတ်ပုံမှန်မရှိသူ ဆုံးဖြတ်ချက်ချနိုင်စွမ်း မရှိသူ၏ ခွင့်ပြုချက် ပေးခြင်းကိုလည်း တရားမဝင်ဟု ဆုံးဖြတ်ပါသည်။ ဤအချက်သည် တရားခွင်တွင် အဓိက အခြေအတင်သက်သေပြရသော အပိုင်းဖြစ်ကာ အထူးအရေးကြီးပါသည်။ မုဒိမ်းမှု ကျူးလွန်ခံရသူမှ အလိုတူကာ စိတ်လိုလက်ရ ခွင့်ပြုချက်ပေးသည်ဟု ထင်ရှားလျှင် ကွင်းလုံးကျွတ် လွတ်မြောက်ပါသည်။ ထို့ကြောင့် ဥပဒေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး အကူအညီရယူသင့်ပါသည်။

ဆေးပညာအရ မုဒိမ်းမှု ကျူးလွန်ခံရသူကို စစ်ဆေးသည်မှာ အလွန်အသေးစိတ်ဆန်ပါသည်။ ခြုံပြောရလျှင် ခန္ဓာကိုယ်တွင် ရုန်းကန်ထားသော ဒဏ်ရာများ ရှိ/မရှိ ၊ လိင်အင်္ဂါတစ်ဝိုက်နှင့် အတွင်းဘက်တွင် ကာမစပ်ယှက်ထားသော အထောက်အထားများ ဒဏ်ရာများ ရှိ/မရှိ ၊ အခင်းဖြစ်ပွားစဉ် ဝတ်ဆင်ထားသော အဝတ်အစားများတွင် သုက်ရည်များ ရှိ/မရှိ စသည်တို့ကို စစ်ဆေးပေးရပါသည်။ အသက်အရွယ် အတည်ပြုပေးရခြင်းမျိုးကိုလည်း ဓာတ်မှန်နည်းပညာ အကူအညီရယူ၍ ပြုလုပ်ပေးရတတ်ပါသည်။ မုဒိမ်းမှု ကျူးလွန်ခံရသူကို အချက် (၂၈) ချက်ပါဝင်သော မေးခွန်းများ မေးမြန်း၍ အခင်းဖြစ်ပွားပုံ ရာဇဝင်ကို အသေးစိတ် မှတ်တမ်းတင်ထားရပါသည်။ ထိုမေးခွန်း (၂၈) ချက် ဖြေဆိုရာတွင် ရှေ့နောက်ညီညွတ်ခြင်း မရှိခြင်း ၊ သံသယဖြစ်ဖွယ် အချက်များတွေ့ရှိခြင်းများကို တရားသူကြီးမှ ဆုံးဖြတ်နိုင်ရန် တရားခွင်သို့ တင်ပေးရပါသည်။ ဆရာဝန်၏ တာဝန်မှာ ပြည့်စုံတိကျစွာ မေးမြန်းမှတ်တမ်းတင်ခြင်းသာ ဖြစ်ပါသည်။

မုဒိမ်းမှုဟု ဆိုရာတွင် အမှန်တကယ် မုဒိမ်းမှု ကျူးလွန်ဖြစ်ပွားသည်ထက် လူမှုရေးနှင့် အခြားသော အကြောင်းခြင်းရာများကြောင့် အလိုတူ ကာမစပ်ယှက် အတူနေပြီးကာမှ မုဒိမ်းမှုဟု ပြောင်းလဲစွပ်စွဲတိုင်ကြားမှုများ ရှိတတ်ကြောင်း အထူးသတိပြုရန် အစဉ်အဆက်သော မှုခင်းဆေးပညာ ဆရာဝန်ကြီးများမှ ဥပဒေရေးရာဆေးပညာ ဘာသာရပ်တွင် အတိအလင်းပြဋ္ဌာန်းထားပါသေးသည်။ ဥပမာအားဖြင့် သမီးရည်းစား နှစ်ဦးသဘောတူ အချစ်နယ်ကျွံပြီးမှ မိဘများ သိရှိသွားမည်ကို စိုးရိမ်သဖြင့် တိုင်တန်းခြင်း ၊ အိမ်ထောင်ရေး ဖောက်ပြန်သည်ကို ရိပ်မိ သိရှိသွားမည်စိုးရိမ်၍ တိုင်တန်းခြင်း ၊ ငွေညှစ်လို၍ လုပ်ကြံလီဆယ် လိမ်လည်တိုင်တန်းခြင်း ၊ လူမှုရေးအရ အရှက်ရ၍ ဂုဏ်သိက္ခာ ထိခိုက် ပျက်စီးစေလိုသောကြောင့် လုပ်ကြံလီဆယ် လိမ်လည်တိုင်ကြားခြင်း အစရှိသည်တို့ကို အထူးသတိပြုရန် လိုအပ်ကြောင်း ဆေးပညာရှင်များကို သမားစဉ်ဆက် လက်ဆင့်ကမ်း သင်ကြားပို့ချပေးလျက် ရှိပါသည်။

သို့ဖြစ်ပေရာ ပြည်သူလူထုအနေဖြင့် မုဒိမ်းမှုဟု ဆိုလိုက်သည်နှင့် စွပ်စွဲသူနှင့် စွပ်စွဲခံရသူ နှစ်ဦးနှစ်ဘက်၏ ဂုဏ်သိက္ခာ ထိခိုက်ပျက်စီးခြင်း မရှိစေရန်အတွက် တရားရုံးမှ တရားဝင်အတိအလင်း ဆုံးဖြတ်ချက် မချသေးမီတွင် အလျင်စလိုမှတ်ချက်ချခြင်းများ မပြုလုပ်မိကြစေရန် လိုအပ်ပါကြောင်းနှင့် ထိုသို့ဝေဖန်မှတ်ချက်ချခြင်းသည် တရားရုံး၏ စီရင်ပိုင်ခွင့်ကို ကျော်လွှားစွက်ဖက် ဖိအားပေးရာရောက်သဖြင့် ဥပဒေကြောင်းအရ ငြိစွန်းမှုရှိပါကြောင်း အများပြည်သူအတွက် ဗဟုသုတ ရရှိရန် အသိပေးရေးသား ဖော်ပြအပ်ပါသည်။

ဆေးတက္ကသိုလ် ၊ နောက်ဆုံးနှစ် အပိုင်း (က) ၊ ဥပဒေရေးရာဆေးပညာ ပြဋ္ဌာန်းချက်များမှ ကိုးကားဖော်ပြပါသည်။

Author: Dr. ကျော်သက်စိုး
အထွေထွေရောဂါကု ဆရာဝန်
(၁၉ ၊ ၇ ၊ ၂၀၁၈)