ကလေးမွေးပြီး ဘယ်လောက်အကြာမှာ အမျိုးသားနဲ့ ပြန်ချစ်လို့ရပြီလဲ

ကေလးေမြးျပီး ဘယ္ေလာက္အၾကာမွာ အမ်ိဳးသားနဲ႔ ျပန္ခ်စ္လိုု႔ရျပီလဲ

ဗိုက္ခြဲျပီးပဲေမြးေမြး၊ရိုးရိုးပဲေမြးေမြး ကေလးေမြးျပီးပါက အတူေနလိင္ဆက္ဆံျခင္းကို ၄၅ ရက္ ေရွာင္ရန္ ဆရာ၀န္ေတြ၊ေဆးပညာရွင္မ်ားက အၾကံျပဳေျပာၾကားထားပါတယ္။

ဒီလိုေျပာရတဲ႔အေၾကာင္းကေတာ႔ သားအိမ္ေခါင္း နဲ႔ သားအိမ္တို႔ဟာ ကေလးေမြးျပီးေနာက္ ၄၅ရက္ေလာက္ ၾကာေတာ႔မွသာ အနာေကာင္းေကာင္းက်က္ျပီး မူလအေနအထားအေျခအေနကို ျပန္ေရာက္တာေၾကာင္႔ ျဖစ္ပါတယ္။

မီးဖြားျပီးခါစမွာ သားအိမ္အတြင္းမ်က္နွာျပင္ဟာေရာင္ရမ္းေနျပီး ပိုး၀င္ဖို႔လြယ္ကူပါတယ္။အထူးသျဖင္႔ အခ်င္းတြယ္ကပ္ခဲ႔တဲ႔ သားအိမ္ေနရာက ပိုး၀င္နိုင္ေျခပိုမ်ားပါတယ္။

ဒါေၾကာင့္ အဲ႔လိုအခ်ိန္မွာ လိင္ဆက္ဆံတာက သားအိမ္ကို ပိုး၀င္ေရာက္ကူးစက္ေစနိုင္ပါတယ္။

ကေလးေမြးျပီးေနာက္မွာ မိန္းမကိုယ္ကေန အရည္ၾကည္ သို႔မဟုတ္ ပန္းေရာင္အရည္ ဆင္းတာက နွစ္ပတ္ကေန ရွစ္ ပတ္အထိၾကာတတ္ပါတယ္။

 

အဲ႔လိုအရည္ၾကည္ဆင္းတဲ႔အခါမွာ ရာသီလာရင္ အျဖဴဆင္းရင္ မိန္းမကိုယ္ထဲထည္႔သံုးတဲ႔ Tampons ထည္႔တာတို႔၊Menstrual cup ထည္႔တာတို႔ကိုလည္း ေရွာင္ရပါမယ္။

မီးဖြားျပီးခါစ ၄၅ရက္အတြင္းမွာ မိန္းမကိုယ္ထဲကို Tampons တို႔ Menstrual cup တို႔ထည္႔ျခင္းဟာလည္း လိင္ဆက္ဆံျခင္းလို သားအိမ္ထဲကို ပိုးေတြ၀င္ေရာက္ကူးစက္ေစနိုင္လို႔ပါ။

ကေလးေမြးျပီး၄၅ရက္ျပည္႔ရင္ အတူေနလိင္ဆက္ဆံလို႔ရတယ္လို႔ဆိုေပမယ္႔ တေယာက္နဲ႕တေယာက္ အနာက်က္နႈန္းက မတူနိုင္တာေၾကာင္႔ တခ်ိဳ႕သူေတြမွာ ၄၅ရက္ထက္ပိုျပီးၾကာမွ အနာက်က္တာမ်ိဳးျဖစ္ျပီး အတူေနလိင္ဆက္ဆံလို႔ရတာလည္းျဖစ္နိုင္ပါတယ္။

ဒီအတြက္

၄၅ရက္ျပည္႔ဖို႔ တပတ္ သို႔မဟုတ္ နွစ္ပတ္အလိုေလာက္မွာ အိုဂ်ီနဲ႔ျပန္ျပရပါမယ္။

အဲ႔အခါ အိုဂ်ီက သားအိမ္အေျခအေန၊သားအိမ္ေခါင္းအေျခအေန စတာေတြကိုစမ္းသပ္စစ္ေဆးျပီး ၄၅ရက္ျပည္႔တဲ႔အခါ အတူေနလိင္ဆက္ဆံလို႕ရမရ ကို ဆံုးျဖတ္ေပးပါမယ္။

အမ်ားအားျဖင္႔ေတာ႔ ၄၅ရက္ျပည္႔တာနဲ႔ အတူေနလိင္ဆက္ဆံလို႔ရတာမ်ားပါတယ္။

အိုဂ်ီနဲ႔ျပသစမ္းသပ္ျပီး အိုဂ်ီဆီက မီးဖြားျပီး၄၅ရက္ျပည္႔တဲ႔အခါအတူေနလိင္ဆက္ဆံလို႔ရတယ္ဆိုတဲ႔ ေထာက္ခံခ်က္ရျပီးသည္႔တိုင္ေအာင္ အတူေနတဲ႔အခါမွာ သတိထားလိုက္နာရမယ္႔အခ်က္ေတြရွိပါတယ္။

အဲ႔ဒါေတြကေတာ႔ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၄၅ရက္ျပည္႔လို႔စျပီးအတူေနလိင္ဆက္ဆံရာမွာ ၾကမ္းတမ္းတဲ႔လိင္ဆက္ဆံပံု၊ဆက္ဆံနည္းေတြကိုေရွာင္ရပါမယ္။

ဘာလို႔လဲဆိုေတာ႔ ခ်ဳပ္ေၾကာင္းေနရာေတြမွာ အနည္းငယ္ေရာင္ရမ္းမႈေတြက်န္ေနနိုင္ေသးလို႔ပါ။ ခုမွခ်ဳပ္ရိုးက်က္ခါစအေျခအေနမွာ ခ်ဳပ္ထားတဲ႔ေနရာတ၀ိုက္နားက အေရျပားကလည္း တင္းတင္းၾကီးျဖစ္ေနတတ္ျပီး အားတအားသံုးျပီးလိင္ဆက္ဆံပါက ခ်ဳပ္ထားတဲ႔ေနရာကျပဲတာျဖစ္နိုင္ပါတယ္။

ဒါ႔အျပင္ ကေလးေမြးဖြားျပီးေနာက္မွာ ေဟာ္မုန္းအေျပာင္းအလဲေတြျဖစ္တာေၾကာင္႔ အတူေနလိင္ဆက္ဆံတဲ႔အခါ မိန္းမကိုယ္က လံုေလာက္ေအာင္စိုစြတ္မႈမရွိဘဲ ေျခာက္ေသြ႔ေနတာမ်ိဳးျဖစ္ကာ နာက်င္မႈကိုခံစားရနိုင္ပါတယ္။

အဲ႔ဒီအတြက္ မိန္းမကိုယ္ေမြးလမ္းေၾကာင္းကိုေခ်ာေမြ႔စိုစြတ္ေစေသာ ဂ်ယ္လ္မ်ား၊အဆီမ်ားကို သံုးဖို႔လိုပါတယ္။

ဒီလိုမ်ိဳးသံုးေသာ္လည္း အတူေနလိင္ဆက္ဆံတဲ႔အခါ နာက်င္မႈကရွိေနျပီး အခ်ိန္အေတာ္ၾကာသည္႔တိုင္ေအာင္ ေပ်ာက္မသြားဘူးဆိုပါက အိုဂ်ီနဲ႔ျပန္လည္ျပသဖို႔လိုပါတယ္။

Dr 528

Unicode Version

ကလေးမွေးပြီး ဘယ်လောက်အကြာမှာ အမျိုးသားနဲ့ ပြန်ချစ်လို့ရပြီလဲ

ဗိုက်ခွဲပြီးပဲမွေးမွေး၊ရိုးရိုးပဲမွေးမွေး ကလေးမွေးပြီးပါက အတူနေလိင်ဆက်ဆံခြင်းကို ၄၅ ရက် ရှောင်ရန် ဆရာဝန်တွေ၊ဆေးပညာရှင်များက အကြံပြုပြောကြားထားပါတယ်။

ဒီလိုပြောရတဲ့အကြောင်းကတော့ သားအိမ်ခေါင်း နဲ့ သားအိမ်တို့ဟာ ကလေးမွေးပြီးနောက် ၄၅ရက်လောက် ကြာတော့မှသာ အနာကောင်းကောင်းကျက်ပြီး မူလအနေအထားအခြေအနေကို ပြန်ရောက်တာကြောင့် ဖြစ်ပါတယ်။

မီးဖွားပြီးခါစမှာ သားအိမ်အတွင်းမျက်နှာပြင်ဟာရောင်ရမ်းနေပြီး ပိုးဝင်ဖို့လွယ်ကူပါတယ်။အထူးသဖြင့် အချင်းတွယ်ကပ်ခဲ့တဲ့ သားအိမ်နေရာက ပိုးဝင်နိုင်ခြေပိုများပါတယ်။

ဒါကြောင့် အဲ့လိုအချိန်မှာ လိင်ဆက်ဆံတာက သားအိမ်ကို ပိုးဝင်ရောက်ကူးစက်စေနိုင်ပါတယ်။

ကလေးမွေးပြီးနောက်မှာ မိန်းမကိုယ်ကနေ အရည်ကြည် သို့မဟုတ် ပန်းရောင်အရည် ဆင်းတာက နှစ်ပတ်ကနေ ရှစ် ပတ်အထိကြာတတ်ပါတယ်။

အဲ့လိုအရည်ကြည်ဆင်းတဲ့အခါမှာ ရာသီလာရင် အဖြူဆင်းရင် မိန်းမကိုယ်ထဲထည့်သုံးတဲ့ Tampons ထည့်တာတို့၊Menstrual cup ထည့်တာတို့ကိုလည်း ရှောင်ရပါမယ်။

မီးဖွားပြီးခါစ ၄၅ရက်အတွင်းမှာ မိန်းမကိုယ်ထဲကို Tampons တို့ Menstrual cup တို့ထည့်ခြင်းဟာလည်း လိင်ဆက်ဆံခြင်းလို သားအိမ်ထဲကို ပိုးတွေဝင်ရောက်ကူးစက်စေနိုင်လို့ပါ။

ကလေးမွေးပြီး၄၅ရက်ပြည့်ရင် အတူနေလိင်ဆက်ဆံလို့ရတယ်လို့ဆိုပေမယ့် တယောက်နဲ့တယောက် အနာကျက်နှုန်းက မတူနိုင်တာကြောင့် တချို့သူတွေမှာ ၄၅ရက်ထက်ပိုပြီးကြာမှ အနာကျက်တာမျိုးဖြစ်ပြီး အတူနေလိင်ဆက်ဆံလို့ရတာလည်းဖြစ်နိုင်ပါတယ်။

ဒီအတွက်

၄၅ရက်ပြည့်ဖို့ တပတ် သို့မဟုတ် နှစ်ပတ်အလိုလောက်မှာ အိုဂျီနဲ့ပြန်ပြရပါမယ်။

အဲ့အခါ အိုဂျီက သားအိမ်အခြေအနေ၊သားအိမ်ခေါင်းအခြေအနေ စတာတွေကိုစမ်းသပ်စစ်ဆေးပြီး ၄၅ရက်ပြည့်တဲ့အခါ အတူနေလိင်ဆက်ဆံလို့ရမရ ကို ဆုံးဖြတ်ပေးပါမယ်။

အများအားဖြင့်တော့ ၄၅ရက်ပြည့်တာနဲ့ အတူနေလိင်ဆက်ဆံလို့ရတာများပါတယ်။

အိုဂျီနဲ့ပြသစမ်းသပ်ပြီး အိုဂျီဆီက မီးဖွားပြီး၄၅ရက်ပြည့်တဲ့အခါအတူနေလိင်ဆက်ဆံလို့ရတယ်ဆိုတဲ့ ထောက်ခံချက်ရပြီးသည့်တိုင်အောင် အတူနေတဲ့အခါမှာ သတိထားလိုက်နာရမယ့်အချက်တွေရှိပါတယ်။

အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၄၅ရက်ပြည့်လို့စပြီးအတူနေလိင်ဆက်ဆံရာမှာ ကြမ်းတမ်းတဲ့လိင်ဆက်ဆံပုံ၊ဆက်ဆံနည်းတွေကိုရှောင်ရပါမယ်။

ဘာလို့လဲဆိုတော့ ချုပ်ကြောင်းနေရာတွေမှာ အနည်းငယ်ရောင်ရမ်းမှုတွေကျန်နေနိုင်သေးလို့ပါ။ ခုမှချုပ်ရိုးကျက်ခါစအခြေအနေမှာ ချုပ်ထားတဲ့နေရာတဝိုက်နားက အရေပြားကလည်း တင်းတင်းကြီးဖြစ်နေတတ်ပြီး အားတအားသုံးပြီးလိင်ဆက်ဆံပါက ချုပ်ထားတဲ့နေရာကပြဲတာဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ကလေးမွေးဖွားပြီးနောက်မှာ ဟော်မုန်းအပြောင်းအလဲတွေဖြစ်တာကြောင့် အတူနေလိင်ဆက်ဆံတဲ့အခါ မိန်းမကိုယ်က လုံလောက်အောင်စိုစွတ်မှုမရှိဘဲ ခြောက်သွေ့နေတာမျိုးဖြစ်ကာ နာကျင်မှုကိုခံစားရနိုင်ပါတယ်။

အဲ့ဒီအတွက် မိန်းမကိုယ်မွေးလမ်းကြောင်းကိုချောမွေ့စိုစွတ်စေသော ဂျယ်လ်များ၊အဆီများကို သုံးဖို့လိုပါတယ်။

ဒီလိုမျိုးသုံးသော်လည်း အတူနေလိင်ဆက်ဆံတဲ့အခါ နာကျင်မှုကရှိနေပြီး အချိန်အတော်ကြာသည့်တိုင်အောင် ပျောက်မသွားဘူးဆိုပါက အိုဂျီနဲ့ပြန်လည်ပြသဖို့လိုပါတယ်။

Dr 528