မနီလာ ကိုယ်ဝန်မရသေးတာ ဘာကြောင့်လဲ

မနီလာ ကိုုယ္ဝန္မရေသးတာ ဘာေၾကာင့္လဲ

ေမာင္ေက်ာ္ႏွင့္ နီလာတိုု႔ မဂၤလာႏွစ္ပတ္လည္ ၁၀ ႏွစ္ျပည့္သို႔ ေရာက္ခဲ့ျပီ။  သို႔ေသာ္ သားသမီး ရတာနာ မထြန္းကားသည့္အတြက္ နွစ္ဦးသား၏ ဘ၀မွာ မျပည့္စံုသလို ခံစားရသည္။ ေမာင္ေက်ာ္သည္ ကေလး ျမင္တိုင္း နီလာကို သားသမီး ေမြးေပးရန္ တိုက္တြန္းမိသည္။ သစ္ေတာ အရာရွိျဖစ္ေသာ ေမာင္ေက်ာ္ ေျပာင္းရာ သို႔သာ နီလာ လိုက္ေနရသျဖင့္ ျမိဳ႔ၾကီးျပၾကီးမ်ားႏွင့္ လည္း အလွမ္းေ၀းလွသည္။

“ဒီတစ္ေခါက္ ခြင့္ရရင္ ရန္ကုန္သြားျပီး ေဆးခန္း ျပရမယ္   ” နီလာ တစ္ေယာက္ ေမာင္ေက်ာ္ ခြင့္ ရမည့္ရက္ကို ေစာင့္ေနမိသည္။ သၾကၤန္တြင္းခြင့္ရသည္ ဆိုေတာ့ နီလာတို႔လင္မယား ရန္ကုန္ျမိဳ႔ၾကီးဆီသို႔ ေရာက္ခဲ့သည္။ သားဖြားမီးယပ္ဆရာ၀န္ႏွင့္ ျပၾကည့္သည္။

” အိမ္ေထာင္က်ျပီးေတာ့ ဘာတားေဆးေတြ သံုးဖူးလဲ၊ အခုေရာ ဘာတားေဆးေတြ သံုးေနလဲ”

” အိမ္ေထာင္က်ျပီးေတာ့ သံုးလခံေဆး သံုးပါတယ္။ ကေလး ယူေတာ့မယ္ဆိုေတာ့ သံုးလခံ ေဆးကို ျဖတ္လိုက္တယ္။ ”

”  အိမ္ေထာင္က်ျပီးကတည္းက တစ္ခါမွ ကိုယ္၀န္မေဆာင္ဖူးတာေနာ္”

” အိမ္ေထာင္က်ျပီး တစ္ခါေတာ့ ကိုယ္၀န္ရဖူးတယ္။ သံုးလခံ ေဆး ျဖတ္ျပီး တစ္နွစ္ေလာက္အၾကာမွာ ကေလး ရတာပါ။ ျပီးေတာ့ ပ်က္က်သြားတယ္။ အဲဒီတုန္းက နယ္မွာဆိုေတာ့ ဆရာ၀န္ေတြနဲ႔လည္း မျပျဖစ္ပါဘူး။ ရိုးရိုးသားဖြားဆရာမနဲ႔႔ပဲ ျပျဖစ္တယ္။  ”

” ကေလး ပ်က္ၾကျပီးေတာ့ေရာ ဘာတားေဆး သံုးေသးလဲ။  ”

” ဘာတာားေဆးမွ မသံုးျဖစ္ဘူး ဆရာမ။ ကိုယ္၀န္ပ်က္က်ျပီးကတည္း က ဘာတားေဆးမွ မသံုးပဲနဲ႔ ကိုယ္၀န္မရေတာ့တာပါ ”

” ကိုယ္၀န္ပ်က္က်တာ ဘယ္ေလာက္ၾကာျပီလဲ ”

” ငါးနွစ္ေလာက္ရွိပါျပီ ”

“ကိုယ္၀န္ပ်က္က်ျပီး ရာသီလာတာေရာ မွန္ပါသလား။ ပံုမွန္လာ သလား ။ ရက္ေက်ာ္တာေတြမ်ားျဖစ္တတ္သလား ”

“ရက္ မွန္ပါတယ္။ ရက္ေက်ာ္တာမ်ိဳးေတြ မရွိပါဘူး။ ဒါေပမဲ့ ရာသီလာတာေတာ့ မ်ားလာတယ္။ အရင္ အပ်ိဳတုန္းက ဆိုရင္ နည္းတယ္လို႔ေျပာလို႔ရတယ္။ သံုးလခံေဆးထိုးျပီးေတာ့ ရာသီမလာေတာ့ ဘူး။ ကိုယ္၀န္ပ်က္က်ျပီးကတည္း က ရာသီေသြးလာတာ အရမ္းမ်ားပါတယ္။ သိသိသာသာကို မ်ားလာတာပါ။   ”

” အားနည္းသလိုခံစားရလား ”

“ေသြးဆင္းတာ မ်ားလို႔ ေသြးအားနည္းတယ္ဆိုျပီး ဆရာမေတြက ေျပာလို႔   သံဓာတ္အားေဆးေတြ အျမဲ ျပန္ေသာက္ေနရတယ္။  ” ဆရာ၀န္သည္ လူနာ မွတ္တမ္းကို ေရးမွတ္ေနသည္။

” ကိုယ္၀န္လည္းတစ္ခါေဆာင္ဖူးတယ္ဆိုေတာ့  ကို္ယ္၀န္ရႏိုင္ပါတယ္။   ” ဆရာ၀န္၏ စကားသည္ နီလာတို႔လင္မယားကို အားတက္ေစသည္။  ဒီလိုစကားမ်ိဳးသာ ၾကားခ်င္သည္။

”  နယ္ကလာတယ္ဆိုေတာ့ လင္မယားႏွစ္ေယာက္ လံုးတခါတည္း စစ္သြားလိုက္ပါ။ ခဏခဏ သြားလိုက္လာလိုက္နဲ႔ဆိုရင္ လူပင္ပန္းမယ္။ အခ်ိန္ကုန္ပါမယ္။  ”

ဆရာ၀န္သည္ လိုအပ္သည္မ်ားကို စစ္ေဆး၏။ ထို႔အျပင္ နီလာ တစ္ေယာက္ သားဥ ေၾကြမေၾကြလည္း စစ္ေဆးၾကည့္ခိုင္းသည္။ သားဥေၾကြသည့္ ရက္ တြင္ လင္မယားႏွစ္ေယာက္အတူေနပါဟုလည္း သင္ၾကားလိုက္သည္။ သားဥေၾကြမေၾကြ စမ္းသပ္ရသည္ကလည္း ကိုယ္၀န္ရွိမရွိ စစ္ေဆးရသလိုမ်ိဳး လြယ္ကူသည္။ ဆီးစစ္ၾကည့္ရံုႏွင့္ သိနိုင္သည္။

သားဥေၾကြမေၾကြ ဆီးစစ္သံႏွင့္ စစ္ၾကည့္ျပီး ႏွစ္ေၾကာင္းေပၚသည့္ေန႔က နီလာတို႔လင္မယား ေပ်ာ္လိုက္ၾကတာ။ သားဥေၾကြသည္ဆိုလွ်င္ နီလာတြင္ အျပစ္မရွိေတာ့။  သားဥေၾကြလွ်င္ ကို္ယ္၀န္ေဆာင္နိုင္မည္ျဖစ္သည္။

သို႔ေသာ္ လကုန္ရာသီေသြးဆင္းေသာ္ အခါ နီလာတစ္ေယက္၀မ္းနည္းရသည္။  ေမာင္ေက်ာ္ ေၾကာင့္မ်ားလား ဟု သံသယ ျဖစ္မိသည္။

ရန္ကုန္ထိေတာ့ သြားမျပေသးပဲ ျမိဳ႔ရွိ ဆရာ၀န္ေလးဆီသာ သြားျပခဲ့သည္။

” ဒီတစ္လ မေအာင္ျမင္ ေနာက္တစ္လေပါ့  ” ဟု ဆရာ၀န္ေလးက အားေပးစကားဆိုသည္။

သားဥေၾကြမေၾကြ စစ္ျမဲ စစ္ၾကသည္။ သားဥသည္ ေၾကြပါသည္။ သားဥ ေၾကြသည့္ ရက္တြင္ လည္း လင္မယားႏွစ္ေယာက္အတူေနၾကသည္ပင္။ သို႔ေသာ္ လကုန္ ရာသီေသြးဆင္းေသာ္အခါ လင္မယားနွစ္ေယာက္ ေမွ်ာင္လင့္ခ်က္တို႔ကင္းမဲ့ကုန္၏ ” ေမာင္ေက်ာ္သည္လည္း သူ႔အျပစ္လားဟု သံသယ၀င္လာသည္။

“ရန္ကုန္ကို ေနာက္တစ္ေခါက္ေလာက္သြားျပၾကည့္ပါလား  ” ဟု ဆရာ၀န္ေလးက အၾကံဥာဏ္ေပး၏။

ရန္ကုန္သို႔ ေနာက္တစ္ခါ ထပ္မံသြားရျပန္သည္။ ဆရာ၀န္မၾကီးသည္ ေဆးစစ္ထားေသာ စာရြက္မ်ားကို ျပန္ဖတ္သည္။ အေခါက္ေခါက္ အခါခါ ဖတ္ၾကည့္သည္။

” အမ်ိဳးသားကို စစ္ေဆးၾကည့္တာလည္း အားလံုးအဆင္ေျပတယ္။ အမ်ိဳးသားမွာလည္း ဘာ ခ်ိဳ႔ယြင္းခ်က္မွ မရွိဘူး။ အမ်ိဳးသမီးမွာလည္း တစ္လ တစ္ခါ မ်ိဳးဥ ေၾကြတယ္  ”

“ေသခ်ာပါတယ္ဆရာမရယ္။ မ်ိဳးဥ ေၾကြမေၾကြ ဆီးစစ္ၾကည့္တာ သံုးရက္ေလာက္ကို ေပၚေနတတ္ပါတယ္။  ”

” အမ်ိဳးသမီး သားအိမ္ကို တစ္ခ်က္ စမ္းၾကည့္ပါမယ္ ” ဆရာ၀န္မၾကီးသည္ သားအိမ္ကို စမ္းသပ္ၾကည့္သည္။

“ေတြ႔ပါျပီ။ တရားခံကို ေတြ႔ပါျပီ။  ” ဆရာ၀န္မၾကီးသည္ ၀မ္းသာ အားရႏွင့္ ေျပာလိုက္သည္။

”  ဘာေတြ႔တာလဲဟင္ ဆရာမၾကီး ဘာေတြ႔တာလဲ” ေမာင္ေက်ာ္ အေလာတၾကီးေမးလိုက္သည္။

” ေတြ႔ျပီ။ ကေလးမရေအာင္ သားအိမ္ထဲမွာ ကေလး မရေအာင္ ထည့္ထားတဲ့ ပစၥည္းေတြ႔ျပီ။  ”

” ေဟာဗ်ာ။ ဘယ္သူက လာထည့္ထားတာလဲ ” ေမာင္ေက်ာ္ ဆရာ၀န္မၾကီးကို ေမးလိုက္သည္။

”  နီလာ ဘယ္တုန္းကထည့္ထားတာလဲ ” ဆရာ၀န္မၾကီးသည္ လည္း နီလာကို ေမးလိုက္သည္။

” နီလာမထည့္ထားပါဘူး။ သူ႔ဘာသာ ဘာလို႔ သားအိမ္ထဲေရာက္ေနလဲ နီလာလည္း မသိဘူး  ” နီလာလည္း အေၾကာက္အကန္ ျငင္းသည္။  ဆရာ၀န္မၾကီးႏွင့္ ေမာင္ေက်ာ္ မ်က္လံုးျပဴးရသည္။

”  တစ္ေယာက္ေယာက္ မထည့္ပဲနဲ႔ေတာ့ သားအိမ္ထဲမွာ ဒီပစၥည္းေရာက္ေနစရာ အေၾကာင္းမရွိဘူး။ တစ္ေယာက္ေယာက္ထည့္လို႔ ဒီပစၥည္းေရာက္ေနတာ ”

နီလာသည္ ေခါင္းကုတ္၏။ ေမာင္ေက်ာ္သည္ မ်က္ေမွာင္က်ဳတ္၏။ ဆရာ၀န္သည္ စဥ္းစား ျခင့္ခ်ိန္ၾကည့္ေနသည္။

“ကေလး ပ်က္က်သြားတုန္းက သားဖြားဆရာမနဲ႔ သားအိမ္အတြင္းပိုင္းစမ္းသပ္တာေတြရွိေသးလား။ ဘယ္တုန္းက ေနာက္ဆံုးသားအိမ္အတြင္းပိုင္း စမ္းသပ္ခဲ့သလဲ   ” နီလာသည္ စဥ္းစားရက်ပ္ေနသည္။

” ကိုယ္၀န္ပ်က္က်သြားတုန္းက ထင္တာပါပဲ ဆရာမရယ္  ” နီလာသည္ စဥ္းစားမိပံုမရ။

” သြားဖြားဆရာမက ထည့္ေပးလိုက္တာ ျဖစ္မွာပါ  ” ဆရာ၀န္သည္ အျဖစ္ႏိုင္ဆံုးကို စဥ္းစားျပီး ေျပာလုိက္သည္။

” ကၽြန္မ မမွတ္မိဘူး ဆရာမရယ္  ” နီလာသည္ မ်က္ႏွာငယ္ေလးႏွင့္ ေျပာရွာသည္။ ေမာင္ေက်ာ္သည္ ဆရာ၀န္မၾကီးမ်ား ဆူ မလားလို႔ စုိးရိမ္မိသည္။

”  သားအိမ္ထဲ ပစၥည္းထည့္ထားမွေတာ့ ကိုယ္၀န္ဘယ္လိုလုပ္ရႏိုင္ပါ့မလဲ။ သားအိမ္ထဲ ထည့္ထားလို႔လည္း ရာသီေသြးလာတာက မ်ားေနတာ။ သားအိမ္ထဲ ပစၥည္းထည့္ထားတဲ့သူေတြ ေတာ္ေတာ္မ်ားမ်ားက ေသြးဆင္းတာ မ်ား လွတယ္။  ”

” ဟုတ္ကဲ့ ပါ “နီလာသည္ ေခါင္းညိမ့္လိုက္သည္။

” ဒီပစၥည္းထည့္ထားလို႔ ကိုယ္၀န္မရတာပါ။ လူနာကိုယ္တိုင္ေတာင္ မသိလိုက္တဲ့ အခ်ိန္မွာ သားဖြားဆရာမ ကထည့္ေပးလုိက္တယ္ဆိုရင္ ေတာ့ ေတာ္ေတာ္ဆိုးတဲ့သားဖြားဆရာမပဲ။   ” ဆရာ၀န္သည္ သားဖြားဆရာမကို စိတ္ဆိုးေနပံုရသည္။

ေမာင္ေက်ာ္သည္ နီလာကို စိတ္ဆိုးသည္။ ကိုယ့္သားအိမ္ထဲကို ကိုယ္၀န္တားပစၥည္း တစ္ခု ထည့္ထားသည္ကို မသိသည္ကို ေဒါသထြက္သည္။ သို႔ေသာ္ ဆရာ၀န္ေရွ့တြင္ေတာ့ စကား တစ္ခြန္းမွ ၀င္မေျပာ။ နီလာ သည္  ၀မ္းနည္း ေဒါသ ထြက္သည္။ ၀မ္းနည္းသည္ကား မိမိ၏ အျဖစ္။ ေဒါသထြက္သည္က မိမိကို္ယ္ကို။ ကုိယ္၀န္တား ပစၥည္းတစ္ခုကို ထည့္လိုက္သည္ကို မသိသည့္ မိမိ အျဖစ္။

‘ ကိုယ္၀န္တား ပစၥည္းထုတ္လိုက္ျပီဆိုေတာ့ ကေလး ရနိုင္ပါတယ္။ ၾကိဳးစားၾကည့္ပါဦး  ” လုိ႔ ဆရာ၀န္ေျပာသည္ႏွင့္ ျပန္လာၾကသည္။ ေမာင္ေက်ာ္သည္ နီလာကို အျပစ္ေျပာလို စိတ္မရွိေတာ့ပါ။ နီလာကိုယ္တိုင္လည္း ၀မ္းနည္းေနမည္ကို သိသည္။ လင္မယားႏွစ္ေယာက္ လက္တြဲကာ ေဆးခန္းထဲမွ ထြက္လာခဲ့သည္။ သို႔ေသာ္ ရင္ထဲတြင္ ဟာတာတာႏွင့္ ႏွဳံးခ်ိလွ်က္။

Dr.ေအးခ်မ္းမိုုး

Unicode Version

မနီလာ ကိုယ်ဝန်မရသေးတာ ဘာကြောင့်လဲ

မောင်ကျော်နှင့် နီလာတို့ မင်္ဂလာနှစ်ပတ်လည် ၁၀ နှစ်ပြည့်သို့ ရောက်ခဲ့ပြီ။  သို့သော် သားသမီး ရတာနာ မထွန်းကားသည့်အတွက် နှစ်ဦးသား၏ ဘဝမှာ မပြည့်စုံသလို ခံစားရသည်။ မောင်ကျော်သည် ကလေး မြင်တိုင်း နီလာကို သားသမီး မွေးပေးရန် တိုက်တွန်းမိသည်။ သစ်တော အရာရှိဖြစ်သော မောင်ကျော် ပြောင်းရာ သို့သာ နီလာ လိုက်နေရသဖြင့် မြို့ကြီးပြကြီးများနှင့် လည်း အလှမ်းဝေးလှသည်။

“ဒီတစ်ခေါက် ခွင့်ရရင် ရန်ကုန်သွားပြီး ဆေးခန်း ပြရမယ်   ” နီလာ တစ်ယောက် မောင်ကျော် ခွင့် ရမည့်ရက်ကို စောင့်နေမိသည်။ သြင်္ကန်တွင်းခွင့်ရသည် ဆိုတော့ နီလာတို့လင်မယား ရန်ကုန်မြို့ကြီးဆီသို့ ရောက်ခဲ့သည်။ သားဖွားမီးယပ်ဆရာဝန်နှင့် ပြကြည့်သည်။

” အိမ်ထောင်ကျပြီးတော့ ဘာတားဆေးတွေ သုံးဖူးလဲ၊ အခုရော ဘာတားဆေးတွေ သုံးနေလဲ”

” အိမ်ထောင်ကျပြီးတော့ သုံးလခံဆေး သုံးပါတယ်။ ကလေး ယူတော့မယ်ဆိုတော့ သုံးလခံ ဆေးကို ဖြတ်လိုက်တယ်။ ”

”  အိမ်ထောင်ကျပြီးကတည်းက တစ်ခါမှ ကိုယ်ဝန်မဆောင်ဖူးတာနော်”

” အိမ်ထောင်ကျပြီး တစ်ခါတော့ ကိုယ်ဝန်ရဖူးတယ်။ သုံးလခံ ဆေး ဖြတ်ပြီး တစ်နှစ်လောက်အကြာမှာ ကလေး ရတာပါ။ ပြီးတော့ ပျက်ကျသွားတယ်။ အဲဒီတုန်းက နယ်မှာဆိုတော့ ဆရာဝန်တွေနဲ့လည်း မပြဖြစ်ပါဘူး။ ရိုးရိုးသားဖွားဆရာမနဲ့ပဲ ပြဖြစ်တယ်။  ”

” ကလေး ပျက်ကြပြီးတော့ရော ဘာတားဆေး သုံးသေးလဲ။  ”

” ဘာတာားဆေးမှ မသုံးဖြစ်ဘူး ဆရာမ။ ကိုယ်ဝန်ပျက်ကျပြီးကတည်း က ဘာတားဆေးမှ မသုံးပဲနဲ့ ကိုယ်ဝန်မရတော့တာပါ ”

” ကိုယ်ဝန်ပျက်ကျတာ ဘယ်လောက်ကြာပြီလဲ ”

” ငါးနှစ်လောက်ရှိပါပြီ ”

“ကိုယ်ဝန်ပျက်ကျပြီး ရာသီလာတာရော မှန်ပါသလား။ ပုံမှန်လာ သလား ။ ရက်ကျော်တာတွေများဖြစ်တတ်သလား ”

“ရက် မှန်ပါတယ်။ ရက်ကျော်တာမျိုးတွေ မရှိပါဘူး။ ဒါပေမဲ့ ရာသီလာတာတော့ များလာတယ်။ အရင် အပျိုတုန်းက ဆိုရင် နည်းတယ်လို့ပြောလို့ရတယ်။ သုံးလခံဆေးထိုးပြီးတော့ ရာသီမလာတော့ ဘူး။ ကိုယ်ဝန်ပျက်ကျပြီးကတည်း က ရာသီသွေးလာတာ အရမ်းများပါတယ်။ သိသိသာသာကို များလာတာပါ။   ”

” အားနည်းသလိုခံစားရလား ”

“သွေးဆင်းတာ များလို့ သွေးအားနည်းတယ်ဆိုပြီး ဆရာမတွေက ပြောလို့   သံဓာတ်အားဆေးတွေ အမြဲ ပြန်သောက်နေရတယ်။  ” ဆရာဝန်သည် လူနာ မှတ်တမ်းကို ရေးမှတ်နေသည်။

” ကိုယ်ဝန်လည်းတစ်ခါဆောင်ဖူးတယ်ဆိုတော့  ကိုယ်ဝန်ရနိုင်ပါတယ်။   ” ဆရာဝန်၏ စကားသည် နီလာတို့လင်မယားကို အားတက်စေသည်။  ဒီလိုစကားမျိုးသာ ကြားချင်သည်။

”  နယ်ကလာတယ်ဆိုတော့ လင်မယားနှစ်ယောက် လုံးတခါတည်း စစ်သွားလိုက်ပါ။ ခဏခဏ သွားလိုက်လာလိုက်နဲ့ဆိုရင် လူပင်ပန်းမယ်။ အချိန်ကုန်ပါမယ်။  ”

ဆရာဝန်သည် လိုအပ်သည်များကို စစ်ဆေး၏။ ထို့အပြင် နီလာ တစ်ယောက် သားဥ ကြွေမကြွေလည်း စစ်ဆေးကြည့်ခိုင်းသည်။ သားဥကြွေသည့် ရက် တွင် လင်မယားနှစ်ယောက်အတူနေပါဟုလည်း သင်ကြားလိုက်သည်။ သားဥကြွေမကြွေ စမ်းသပ်ရသည်ကလည်း ကိုယ်ဝန်ရှိမရှိ စစ်ဆေးရသလိုမျိုး လွယ်ကူသည်။ ဆီးစစ်ကြည့်ရုံနှင့် သိနိုင်သည်။

သားဥကြွေမကြွေ ဆီးစစ်သံနှင့် စစ်ကြည့်ပြီး နှစ်ကြောင်းပေါ်သည့်နေ့က နီလာတို့လင်မယား ပျော်လိုက်ကြတာ။ သားဥကြွေသည်ဆိုလျှင် နီလာတွင် အပြစ်မရှိတော့။  သားဥကြွေလျှင် ကိုယ်ဝန်ဆောင်နိုင်မည်ဖြစ်သည်။

သို့သော် လကုန်ရာသီသွေးဆင်းသော် အခါ နီလာတစ်ယေက်ဝမ်းနည်းရသည်။  မောင်ကျော် ကြောင့်များလား ဟု သံသယ ဖြစ်မိသည်။

ရန်ကုန်ထိတော့ သွားမပြသေးပဲ မြို့ရှိ ဆရာဝန်လေးဆီသာ သွားပြခဲ့သည်။

” ဒီတစ်လ မအောင်မြင် နောက်တစ်လပေါ့  ” ဟု ဆရာဝန်လေးက အားပေးစကားဆိုသည်။

သားဥကြွေမကြွေ စစ်မြဲ စစ်ကြသည်။ သားဥသည် ကြွေပါသည်။ သားဥ ကြွေသည့် ရက်တွင် လည်း လင်မယားနှစ်ယောက်အတူနေကြသည်ပင်။ သို့သော် လကုန် ရာသီသွေးဆင်းသော်အခါ လင်မယားနှစ်ယောက် မျှောင်လင့်ချက်တို့ကင်းမဲ့ကုန်၏ ” မောင်ကျော်သည်လည်း သူ့အပြစ်လားဟု သံသယဝင်လာသည်။

“ရန်ကုန်ကို နောက်တစ်ခေါက်လောက်သွားပြကြည့်ပါလား  ” ဟု ဆရာဝန်လေးက အကြံဉာဏ်ပေး၏။

ရန်ကုန်သို့ နောက်တစ်ခါ ထပ်မံသွားရပြန်သည်။ ဆရာဝန်မကြီးသည် ဆေးစစ်ထားသော စာရွက်များကို ပြန်ဖတ်သည်။ အခေါက်ခေါက် အခါခါ ဖတ်ကြည့်သည်။

” အမျိုးသားကို စစ်ဆေးကြည့်တာလည်း အားလုံးအဆင်ပြေတယ်။ အမျိုးသားမှာလည်း ဘာ ချို့ယွင်းချက်မှ မရှိဘူး။ အမျိုးသမီးမှာလည်း တစ်လ တစ်ခါ မျိုးဥ ကြွေတယ်  ”

“သေချာပါတယ်ဆရာမရယ်။ မျိုးဥ ကြွေမကြွေ ဆီးစစ်ကြည့်တာ သုံးရက်လောက်ကို ပေါ်နေတတ်ပါတယ်။  ”

” အမျိုးသမီး သားအိမ်ကို တစ်ချက် စမ်းကြည့်ပါမယ် ” ဆရာဝန်မကြီးသည် သားအိမ်ကို စမ်းသပ်ကြည့်သည်။

“တွေ့ပါပြီ။ တရားခံကို တွေ့ပါပြီ။  ” ဆရာဝန်မကြီးသည် ဝမ်းသာ အားရနှင့် ပြောလိုက်သည်။

”  ဘာတွေ့တာလဲဟင် ဆရာမကြီး ဘာတွေ့တာလဲ” မောင်ကျော် အလောတကြီးမေးလိုက်သည်။

” တွေ့ပြီ။ ကလေးမရအောင် သားအိမ်ထဲမှာ ကလေး မရအောင် ထည့်ထားတဲ့ ပစ္စည်းတွေ့ပြီ။  ”

” ဟောဗျာ။ ဘယ်သူက လာထည့်ထားတာလဲ ” မောင်ကျော် ဆရာဝန်မကြီးကို မေးလိုက်သည်။

”  နီလာ ဘယ်တုန်းကထည့်ထားတာလဲ ” ဆရာဝန်မကြီးသည် လည်း နီလာကို မေးလိုက်သည်။

” နီလာမထည့်ထားပါဘူး။ သူ့ဘာသာ ဘာလို့ သားအိမ်ထဲရောက်နေလဲ နီလာလည်း မသိဘူး  ” နီလာလည်း အကြောက်အကန် ငြင်းသည်။  ဆရာဝန်မကြီးနှင့် မောင်ကျော် မျက်လုံးပြူးရသည်။

”  တစ်ယောက်ယောက် မထည့်ပဲနဲ့တော့ သားအိမ်ထဲမှာ ဒီပစ္စည်းရောက်နေစရာ အကြောင်းမရှိဘူး။ တစ်ယောက်ယောက်ထည့်လို့ ဒီပစ္စည်းရောက်နေတာ ”

နီလာသည် ခေါင်းကုတ်၏။ မောင်ကျော်သည် မျက်မှောင်ကျုတ်၏။ ဆရာဝန်သည် စဉ်းစား ခြင့်ချိန်ကြည့်နေသည်။

“ကလေး ပျက်ကျသွားတုန်းက သားဖွားဆရာမနဲ့ သားအိမ်အတွင်းပိုင်းစမ်းသပ်တာတွေရှိသေးလား။ ဘယ်တုန်းက နောက်ဆုံးသားအိမ်အတွင်းပိုင်း စမ်းသပ်ခဲ့သလဲ   ” နီလာသည် စဉ်းစားရကျပ်နေသည်။

” ကိုယ်ဝန်ပျက်ကျသွားတုန်းက ထင်တာပါပဲ ဆရာမရယ်  ” နီလာသည် စဉ်းစားမိပုံမရ။

” သွားဖွားဆရာမက ထည့်ပေးလိုက်တာ ဖြစ်မှာပါ  ” ဆရာဝန်သည် အဖြစ်နိုင်ဆုံးကို စဉ်းစားပြီး ပြောလိုက်သည်။

” ကျွန်မ မမှတ်မိဘူး ဆရာမရယ်  ” နီလာသည် မျက်နှာငယ်လေးနှင့် ပြောရှာသည်။ မောင်ကျော်သည် ဆရာဝန်မကြီးများ ဆူ မလားလို့ စိုးရိမ်မိသည်။

”  သားအိမ်ထဲ ပစ္စည်းထည့်ထားမှတော့ ကိုယ်ဝန်ဘယ်လိုလုပ်ရနိုင်ပါ့မလဲ။ သားအိမ်ထဲ ထည့်ထားလို့လည်း ရာသီသွေးလာတာက များနေတာ။ သားအိမ်ထဲ ပစ္စည်းထည့်ထားတဲ့သူတွေ တော်တော်များများက သွေးဆင်းတာ များ လှတယ်။  ”

” ဟုတ်ကဲ့ ပါ “နီလာသည် ခေါင်းညိမ့်လိုက်သည်။

” ဒီပစ္စည်းထည့်ထားလို့ ကိုယ်ဝန်မရတာပါ။ လူနာကိုယ်တိုင်တောင် မသိလိုက်တဲ့ အချိန်မှာ သားဖွားဆရာမ ကထည့်ပေးလိုက်တယ်ဆိုရင် တော့ တော်တော်ဆိုးတဲ့သားဖွားဆရာမပဲ။   ” ဆရာဝန်သည် သားဖွားဆရာမကို စိတ်ဆိုးနေပုံရသည်။

မောင်ကျော်သည် နီလာကို စိတ်ဆိုးသည်။ ကိုယ့်သားအိမ်ထဲကို ကိုယ်ဝန်တားပစ္စည်း တစ်ခု ထည့်ထားသည်ကို မသိသည်ကို ဒေါသထွက်သည်။ သို့သော် ဆရာဝန်ရှေ့တွင်တော့ စကား တစ်ခွန်းမှ ဝင်မပြော။ နီလာ သည်  ဝမ်းနည်း ဒေါသ ထွက်သည်။ ဝမ်းနည်းသည်ကား မိမိ၏ အဖြစ်။ ဒေါသထွက်သည်က မိမိကိုယ်ကို။ ကိုယ်ဝန်တား ပစ္စည်းတစ်ခုကို ထည့်လိုက်သည်ကို မသိသည့် မိမိ အဖြစ်။

‘ ကိုယ်ဝန်တား ပစ္စည်းထုတ်လိုက်ပြီဆိုတော့ ကလေး ရနိုင်ပါတယ်။ ကြိုးစားကြည့်ပါဦး  ” လို့ ဆရာဝန်ပြောသည်နှင့် ပြန်လာကြသည်။ မောင်ကျော်သည် နီလာကို အပြစ်ပြောလို စိတ်မရှိတော့ပါ။ နီလာကိုယ်တိုင်လည်း ဝမ်းနည်းနေမည်ကို သိသည်။ လင်မယားနှစ်ယောက် လက်တွဲကာ ဆေးခန်းထဲမှ ထွက်လာခဲ့သည်။ သို့သော် ရင်ထဲတွင် ဟာတာတာနှင့် နှုံးချိလျှက်။

Dr.အေးချမ်းမိုး