အိပ်ခန်းအတွင်း မီးနီဖြတ်ခြင်း

အိပ္ခန္းအတြင္း မီးနီျဖတ္ျခင္း

          အိမ္ႏွင့္ခြဲြ၍ ရပ္ေဝးတြင္ တကြဲတျပားစီ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကသည့္ အိမ္ေထာင္သည္မ်ားႏွင့္ ရံုးဖြင့္ရက္မ်ားတြင္ မအားလပ္ႏိုင္ၾကသည့္ အိမ္ေထာင္သည္မ်ား အေနႏွင့္ ရံုးပိတ္ရက္အလုပ္နားခ်ိန္မ်ားတြင္ အိပ္ခန္းအတြင္း ႏွစ္ေယာက္တည္း အခ်ိန္ကုန္ဆံုးမည္ဟု စဥ္းစားထားေသာ္လည္း မီးနီျပေနသည့္ (အမ်ိဳးသမီး ရာသီလာေနသည့္) အခါမ်ိဳး ရံဖန္ရံခါ ႀကံဳလာတတ္ၾကသည္။ အိမ္ေထာင္သည္ အမ်ားစု (အထူးသျဖင့္ အမ်ိဳးသမီးမ်ား) အေနႏွင့္ အဆိုပါရက္မ်ားကို ေရွာင္၍ ေနာက္တပတ္ခန္႔ ထပ္ေစာင့္ လိုၾကၿပီး ထိုကာလမ်ားကို စိတ္မသက္သာစြာျဖင့္ ျဖတ္သန္းေလ့ ရွိၾကေၾကာင္းလည္း သိရွိရသည္။

ရာသီေပၚျခင္း

          မီးနီျဖတ္ျခင္း (ရာသီေပၚစဥ္ လိင္ဆက္ဆံမႈျပဳျခင္း) ႏွင့္ပတ္သတ္၍ ေျပာရမည္ ဆိုိလွ်င္ ရာသီေပၚျခင္းအေၾကာင္း ဦးစြာသိရွိရန္လိုသည္။ က်န္းမာေသာ အမ်ိဳးသမီး တဦးတြင္ တလလွ်င္ တႀကိမ္ခန္႔ မ်ိဳးဥေႂကြျခင္းျဖစ္ၿပီး အဆိုပါမ်ိဳးဥသည္ မ်ိဳးဥေႂကြၿပီး ၁၄ရက္ အတြင္း အမ်ိဳးသားထံမွ သုတ္ပိုးႏွင့္ထိေတြ႕၍ သေႏၶေအာင္ျခင္း ျဖစ္ပြားမႈ မရွိလွ်င္ (ကိုယ္ဝန္ရရွိျခင္း မရွိလွ်င္) ကိုယ္ဝန္ရရွိခ်ိန္အတြက္ ျပင္ဆင္ထားသည့္ သားအိမ္ အတြင္းနံရံမ်ား ကြာက်လာျခင္းကို ရာသီေပၚျခင္းဟု အၾကမ္းအားျဖင့္ သိရွိထားႏိုင္သည္။

          အမ်ားစု စိတ္ပူတတ္ေသာ အရာမွာ လိင္မွတဆင့္ ကူးစက္တတ္ေသာ ေရာဂါပိုးမႊားမ်ားႏွင့္ ရာသီေပၚစဥ္အတြင္း လိင္ဆက္ဆံမႈေၾကာင့္ ျဖစ္ပြားႏိုင္သည့္ ေနာက္ဆက္တြဲ ျပႆနာမ်ား ရွိ/မရွိပင္ျဖစ္သည္။

ေရာဂါပိုးမႊားမ်ား ကူးစက္ႏိုင္ေျခရွိ/မရွိ

          သာမန္အားျဖင့္ က်န္းမာလ်က္ရွိေသာ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားတြင္ လိင္မွ တဆင့္ ကူးစက္ႏိုင္ေသာ ေရာဂါပိုးမႊားမ်ား ရွိ၊ မရွိ အလြယ္တကူ မသိရွိႏိုင္ေသာ္လည္း အကာအကြယ္မဲ့ လိင္ဆက္ဆံသူမ်ားအေနႏွင့္ တလတာ၏ မည္သည့္ အခ်ိန္တြင္ လိင္ ဆက္ဆံသည္ျဖစ္ေစ ကူးစက္ႏိုင္ေျခ အတူတူပင္ျဖစ္သည္။ အထူးသျဖင့္ ေသြးမွတဆင့္ ကူးစက္ႏိုင္ေသာ ေရာဂါပိုးမႊားမ်ားျဖစ္သည့္ အသည္းေရာင္အသားဝါ (ဘီ)ပိုးႏွင့္ ခုခံအားက်ဆင္းမႈေရာဂါ ခံစားေနရသူမ်ားအေနႏွင့္ ရာသီေပၚစဥ္ အကာအကြယ္မဲ့ လိင္ဆက္ဆံမိပါက ေရာဂါကူးစက္ႏိုင္ေျခ ပိုမိုျမင့္မားသျဖင့္ အဆိုပါ ကာလအတြင္း လိင္ဆက္ဆံလိုလွ်င္ တကိုယ္ရည္သန္႔ရွင္းမႈကို အထူးဂရုစိုက္ရန္ လိုသလို အကာအကြယ္ကို မျဖစ္မေန အသံုးျပဳၾကရန္လည္း လိုသည္။

ကိုယ္ဝန္ရႏိုင္ေျခ ရွိ/မရွိ

          မည္သည့္ သေႏၶတားနည္းမွ အသံုးျပဳထားျခင္းမရွိသည့္ အိမ္ေထာင္သည္/ စံုတြဲမ်ားအေနႏွင့္ တလတာ၏ မည္သည့္ရက္တြင္လိင္ဆက္ဆံသည္ျဖစ္ေစ ကိုယ္ဝန္ ရသြားႏိုင္ေျခရွိေသာ္လည္း ရာသီေပၚေနစဥ္တြင္မူ ကိုယ္ဝန္ရႏိုင္ေျခ အလြန္ နည္းသည္။ သို႔ရာတြင္လည္း ကူးစက္ေရာဂါမ်ား ခံစားေနရျခင္း ရွိ/မရွိ မေသခ်ာသူ မ်ားအေနႏွင့္ လိင္ဆက္ဆံတိုင္း အကာအကြယ္ အသံုးျပဳသင့္သည္။

မီးနီျဖတ္ျခင္း၏ ေကာင္းက်ိဳးမ်ား

          အျခားတဖက္က စိုးရိမ္ပူပန္မႈမ်ား ရွိေနေသာလည္း မီးနီျဖတ္ျခင္းေၾကာင့္ပင္ ရရွိႏိုင္သည့္ ေကာင္းက်ိဳးမ်ားလည္း ရွိေနသည္။ ၎တို႔မွာ

– ရာသီေပၚေနစဥ္္ ျဖစ္တတ္သည့္ စိတ္ဓာတ္က်လြယ္ျခင္းျပႆနာမွ သက္သာႏိုင္ျခင္း

– ရာသီေပၚစဥ္ျဖစ္တတ္သည့္ ဝမ္းဗိုက္ကိုက္ခဲျခင္းမွ သက္သာေစႏိုင္္ျခင္း

– ရာသီေပၚရက္ၾကာတတ္သည့္ အမ်ိဳးသမီးမ်ား ရက္တိုေတာင္းေစတတ္ျခင္း

– ေကာင္းမြန္စြာ အိ္ပ္ေပ်ာ္ေစႏိုင္ျခင္း

– သာမန္အခ်ိန္မ်ားထက္ စိတ္ေက်နပ္မႈ ရလြယ္ႏိုင္ျခင္း

– ေခါင္းတျခမ္းကိုက္ျခင္းျပႆနာမွလည္း သက္သာေစႏိုင္ျခင္း စသည့္ အက်ိဳးမ်ား ခံစားရေစႏိုင္သည္။

      မည္သည့္အခ်ိန္တြင္ျဖစ္ေစ လိင္ဆက္ဆံျခင္းသည္ အိမ္ေထာင္ဖက္ႏွစ္ဦး သေဘာတူ တိုင္ပင္ျပဳလုပ္ရမည့္ကိစၥ   ျဖစ္သည့္အတြက္ က်န္းမာေရးရႈေထာင့္မွေန၍ စနစ္တက် တိုင္ပင္ေဆြးေႏြးႏိုင္ေရး အိပ္ခန္အတြင္း မီးနီျဖတ္ျခင္းႏွင့္ ပတ္သတ္၍ သိသင့္သည္မ်ား ေဖာ္ျပေပးလိုက္ပါသည္။

          အိမ္ေထာင္သည္တိုင္း အဆင္ေျပၾကပါေစ။

Dr.Tint Tal

Unicode Version

အိပ်ခန်းအတွင်း မီးနီဖြတ်ခြင်း

အိမ်နှင့်ခွဲ၍ ရပ်ဝေးတွင် တကွဲတပြားစီ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် အိမ်ထောင်သည်များနှင့် ရုံးဖွင့်ရက်များတွင် မအားလပ်နိုင်ကြသည့် အိမ်ထောင်သည်များ အနေနှင့် ရုံးပိတ်ရက်အလုပ်နားချိန်များတွင် အိပ်ခန်းအတွင်း နှစ်ယောက်တည်း အချိန်ကုန်ဆုံးမည်ဟု စဉ်းစားထားသော်လည်း မီးနီပြနေသည့် (အမျိုးသမီး ရာသီလာနေသည့်) အခါမျိုး ရံဖန်ရံခါ ကြုံလာတတ်ကြသည်။ အိမ်ထောင်သည် အများစု (အထူးသဖြင့် အမျိုးသမီးများ) အနေနှင့် အဆိုပါရက်များကို ရှောင်၍ နောက်တပတ်ခန့် ထပ်စောင့် လိုကြပြီး ထိုကာလများကို စိတ်မသက်သာစွာဖြင့် ဖြတ်သန်းလေ့ ရှိကြကြောင်းလည်း သိရှိရသည်။

ရာသီပေါ်ခြင်း

မီးနီဖြတ်ခြင်း (ရာသီပေါ်စဉ် လိင်ဆက်ဆံမှုပြုခြင်း) နှင့်ပတ်သတ်၍ ပြောရမည် ဆိုလျှင် ရာသီပေါ်ခြင်းအကြောင်း ဦးစွာသိရှိရန်လိုသည်။ ကျန်းမာသော အမျိုးသမီး တဦးတွင် တလလျှင် တကြိမ်ခန့် မျိုးဥကြွေခြင်းဖြစ်ပြီး အဆိုပါမျိုးဥသည် မျိုးဥကြွေပြီး ၁၄ရက် အတွင်း အမျိုးသားထံမှ သုတ်ပိုးနှင့်ထိတွေ့၍ သန္ဓေအောင်ခြင်း ဖြစ်ပွားမှု မရှိလျှင် (ကိုယ်ဝန်ရရှိခြင်း မရှိလျှင်) ကိုယ်ဝန်ရရှိချိန်အတွက် ပြင်ဆင်ထားသည့် သားအိမ် အတွင်းနံရံများ ကွာကျလာခြင်းကို ရာသီပေါ်ခြင်းဟု အကြမ်းအားဖြင့် သိရှိထားနိုင်သည်။

အများစု စိတ်ပူတတ်သော အရာမှာ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါပိုးမွှားများနှင့် ရာသီပေါ်စဉ်အတွင်း လိင်ဆက်ဆံမှုကြောင့် ဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲ ပြဿနာများ ရှိ/မရှိပင်ဖြစ်သည်။

ရောဂါပိုးမွှားများ ကူးစက်နိုင်ခြေရှိ/မရှိ

သာမန်အားဖြင့် ကျန်းမာလျက်ရှိသော အမျိုးသား၊ အမျိုးသမီးများတွင် လိင်မှ တဆင့် ကူးစက်နိုင်သော ရောဂါပိုးမွှားများ ရှိ၊ မရှိ အလွယ်တကူ မသိရှိနိုင်သော်လည်း အကာအကွယ်မဲ့ လိင်ဆက်ဆံသူများအနေနှင့် တလတာ၏ မည်သည့် အချိန်တွင် လိင် ဆက်ဆံသည်ဖြစ်စေ ကူးစက်နိုင်ခြေ အတူတူပင်ဖြစ်သည်။ အထူးသဖြင့် သွေးမှတဆင့် ကူးစက်နိုင်သော ရောဂါပိုးမွှားများဖြစ်သည့် အသည်းရောင်အသားဝါ (ဘီ)ပိုးနှင့် ခုခံအားကျဆင်းမှုရောဂါ ခံစားနေရသူများအနေနှင့် ရာသီပေါ်စဉ် အကာအကွယ်မဲ့ လိင်ဆက်ဆံမိပါက ရောဂါကူးစက်နိုင်ခြေ ပိုမိုမြင့်မားသဖြင့် အဆိုပါ ကာလအတွင်း လိင်ဆက်ဆံလိုလျှင် တကိုယ်ရည်သန့်ရှင်းမှုကို အထူးဂရုစိုက်ရန် လိုသလို အကာအကွယ်ကို မဖြစ်မနေ အသုံးပြုကြရန်လည်း လိုသည်။

ကိုယ်ဝန်ရနိုင်ခြေ ရှိ/မရှိ

မည်သည့် သန္ဓေတားနည်းမှ အသုံးပြုထားခြင်းမရှိသည့် အိမ်ထောင်သည်/ စုံတွဲများအနေနှင့် တလတာ၏ မည်သည့်ရက်တွင်လိင်ဆက်ဆံသည်ဖြစ်စေ ကိုယ်ဝန် ရသွားနိုင်ခြေရှိသော်လည်း ရာသီပေါ်နေစဉ်တွင်မူ ကိုယ်ဝန်ရနိုင်ခြေ အလွန် နည်းသည်။ သို့ရာတွင်လည်း ကူးစက်ရောဂါများ ခံစားနေရခြင်း ရှိ/မရှိ မသေချာသူ များအနေနှင့် လိင်ဆက်ဆံတိုင်း အကာအကွယ် အသုံးပြုသင့်သည်။

မီးနီဖြတ်ခြင်း၏ ကောင်းကျိုးများ

အခြားတဖက်က စိုးရိမ်ပူပန်မှုများ ရှိနေသောလည်း မီးနီဖြတ်ခြင်းကြောင့်ပင် ရရှိနိုင်သည့် ကောင်းကျိုးများလည်း ရှိနေသည်။ ၎င်းတို့မှာ

– ရာသီပေါ်နေစဉ် ဖြစ်တတ်သည့် စိတ်ဓာတ်ကျလွယ်ခြင်းပြဿနာမှ သက်သာနိုင်ခြင်း

– ရာသီပေါ်စဉ်ဖြစ်တတ်သည့် ဝမ်းဗိုက်ကိုက်ခဲခြင်းမှ သက်သာစေနိုင်ခြင်း

– ရာသီပေါ်ရက်ကြာတတ်သည့် အမျိုးသမီးများ ရက်တိုတောင်းစေတတ်ခြင်း

– ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ခြင်း

– သာမန်အချိန်များထက် စိတ်ကျေနပ်မှု ရလွယ်နိုင်ခြင်း

– ခေါင်းတခြမ်းကိုက်ခြင်းပြဿနာမှလည်း သက်သာစေနိုင်ခြင်း စသည့် အကျိုးများ ခံစားရစေနိုင်သည်။

မည်သည့်အချိန်တွင်ဖြစ်စေ လိင်ဆက်ဆံခြင်းသည် အိမ်ထောင်ဖက်နှစ်ဦး သဘောတူ တိုင်ပင်ပြုလုပ်ရမည့်ကိစ္စ   ဖြစ်သည့်အတွက် ကျန်းမာရေးရှုထောင့်မှနေ၍ စနစ်တကျ တိုင်ပင်ဆွေးနွေးနိုင်ရေး အိပ်ခန်အတွင်း မီးနီဖြတ်ခြင်းနှင့် ပတ်သတ်၍ သိသင့်သည်များ ဖော်ပြပေးလိုက်ပါသည်။

အိမ်ထောင်သည်တိုင်း အဆင်ပြေကြပါစေ။